သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေတာင္ပိုင္း ငါးေသတၱာစက္႐ံု အလုပ္သမား ၄၀၀ ေက်ာ္ ကိုဗစ္ကူး


၂၃-၀၆-၂၀၂၁ ဓါတ္ပံု - ဆံုခလာျပည္နယ္ထဲက စက္ရံုအလုပ္သမားမ်ား ကုိဗစ္ေစာင့္ႀကည့္ေရးစင္တာသြားဖို့ ေစာင့္ေနႀကပံု (ဆံုခလာျပည္နယ္ေျမက်န္းမာေရး)

(Zawgyi/Unicode)

ထိုင္းနိုင္ငံေတာင္ပိုင္း၊ ဆုန္ခလာျပည္နယ္ထဲက ျမန္မာနိုင္ငံသား အလုပ္သမားအမ်ားစု အလုပ္လုပ္ေနတဲ့ ငါးေသတၱာစက္ရံုမွာ ဇြန္လ ၂၄ ရက္ေန႔အထိ ကိုဗစ္အတည္ျပဳလူနာ ၄၀၀ ေက်ာ္ ေတြ ့ရွိခဲ့ရပါတယ္။ စုစုေပါင္း အတည္ျပဳလူနာ ၁,၀၀၀ ေက်ာ္႐ွိေနၿပီျဖစ္တဲ့ ဆုန္ခလာျပည္နယ္၊ ၿမိဳ႕နယ္ ၁၆ ၿမိဳ႕နယ္ထဲက စက္႐ံု၊ အလုပ္႐ံုေတြ၊ စာသင္ေက်ာင္းေတြကိုလည္း ပိတ္ထားပါတယ္။ ဒီအေျခအေနကို ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထုိင္းႏိုင္ငံ ဆုန္ခလာျပည္နယ္ထဲမွာ ျမန္မာအလုပ္သမား အမ်ားအျပား အလုပ္လုပ္ေနၾကတဲ့ ငါးေသတၱာစက္႐ံုမွာ ဇြန္ ၂၂ ရက္နဲ႔ ၂၃ ရက္ ကိုဗစ္စစ္ေဆးတာမွာ အလုပ္သမား ၄၀၀ နီးပါး ကိုဗစ္ေရာဂါ ကူးစက္ေနတာ ေတ႔ြ႐ွိခဲ့ပါတယ္။ အဲဒီအတည္ျပဳလူနာ အမ်ားစုက ျမန္မာႏိုင္ငံသားေတြျဖစ္တယ္လို႔ ေ႐ႊ႕ေျပာင္းအလုပ္သမားအခြင့္အေရး ကြန္ရက္ရဲ႕ ဟတ္႐ိုင္ၿမိဳ႕တာဝန္ခံ ဦးဘရီက အခုလို ေျပာပါတယ္။

"၃၉၁ ေယာက္ျဖစ္သြားျပီး တရက္ထက္တရက္ တိုးလာေနတယ္။ ေရာဂါကူးစက္တဲ့သူေတြက ထုိင္းယူနီယံအုပ္စုက ဆံုခလာမွာစက္ရံု ၂ ရံုရွိတယ္။ ငါးေသတၱာစက္ရံုရယ္ ပုဇြန္စက္ရံုရယ္ရွိတယ္။ လက္ရွိမွာက်ေနာ္တို့ဘက္မွာအေတာ္ဆိုး၀ါးေနတယ္။ တခ်ိဳ႕ ေဆးရံုမွာလည္း ကုတင္မလံုေလာက္လို႔ ကုတင္ေတြအားလပ္မွသာ ေဆးရံုေတြေခၚရတဲ့ဟာျဖစ္ေနတယ္။"

ကိုဗစ္ေရာဂါကူးစက္တယ္လို႔ အတည္ျပဳသူေတြကို ေစာင့္ၾကည့္စင္တာေတြကို ပို႔ေဆာင္ထားပါတယ္။ ဇြန္လ ၂၄ ရက္ေန႔အတြက္ အတည္ျပဳလူနာ ၂၄၀ ထက္ မနည္း႐ွိၿပီး စုစုေပါင္းကူးစက္သူ ၁ ေထာင္ေက်ာ္႐ွိတဲ့ ဆံုခလာျပည္နယ္ထဲမွာ ႐ွိတဲ့ ၿမိဳ႕နယ္ ၁၆ ခုကစက္႐ံု၊ အလုပ္႐ံုေတြ၊ စာသင္ေက်ာင္းေတြကိုလည္း ပိတ္ထားပါတယ္။

ထုိင္းႏို္င္ငံေတာင္ပုိင္း ဆုန္ခလာ ျပည္နယ္ ကပ္ေရာဂါထိမ္းခ်ဳပ္ေရးအဖြဲ ့ေျပာေရးဆိုခြင့္ရွိသူက ကိုဗစ္ထိန္းခ်ဳပ္ေရးလုပ္ေနတာနဲ႔ပါတ္သက္လို႔ ထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

သူ ေျပာသြားတာကေတာ့ ခုခ်ိန္မွာ ကိုဗစ္လူနာေတြကို သံုးသုတ္ခြဲထားပါတယ္။ နံပါတ္(၁) ျမန္မာအလုပ္သမားအုပ္စု ျမန္မာနိုင္ငံသား ၁၁၀၀ ေက်ာ္ရွိေနပါတယ္။အဲဒီထဲကပုိးေတြလူနာ (၆၀) ေက်ာ္ကို ေဆးကုသေပးေနပါတယ္။ (၂) အုပ္စု က ထိုင္းနိုင္ငံသားအလုပ္သမားေတြျဖစ္ပါတယ္(၃) အုပ္စုကေတာ့ အလုပ္သမား မိသားစု၀င္ေတြ ျဖစ္လို့ သူတို့ကိုခဲြျပီး ေနရာအသီးသီးပို့ေဆာင္ေပးေနပါတယ္။. ျမန္မာနိုင္ငံသားေတြအားလံုး တစုတည္း ထားထားပါတယ္လို ့ေျပာသြားပါတယ္။ ဒီေန႔ ဇြန္လ ၂၄ ရက္ေန႔မွာေတာ့ ထိုင္းတႏိုင္ငံလံုးမွာ ကိုဗစ္အတည္ျပဳလူနာသစ္ ေလး ေထာင့္ တ ရာ ေက်ာ္႐ွိေနတယ္လို႔ ထိုင္းက်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။ စုစုေပါင္း ကိုဗစ္အတည္ျပဳလူနာက ၂ သိန္း ၃ ေသာင္း ၂ ေထာင္ေက်ာ္႐ွိၿပီး ေသဆံုးလူနာ စုစုေပါင္း ၁၇၇၅ ဦးထက္မနည္း ႐ွိေနပါတယ္။

...............................................................................................

တိုက္႐ိုက္ လင့္ခ္


ထိုင်းတောင်ပိုင်း ငါးသေတ္တာစက်ရုံ အလုပ်သမား ၄၀၀ ကျော် ကိုဗစ်ကူး

(Unicode)

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာပြည်နယ်ထဲက မြန်မာနိုင်ငံသား အလုပ်သမားအများစု အလုပ်လုပ်နေတဲ့ ငါးသေတ္တာစက်ရုံမှာ ဇွန်လ ၂၄ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၀၀ ကျော် တွေ ့ရှိခဲ့ရပါတယ်။ စုစုပေါင်း အတည်ပြုလူနာ ၁,၀၀၀ ကျော်ရှိနေပြီဖြစ်တဲ့ ဆုန်ခလာပြည်နယ်၊ မြို့နယ် ၁၆ မြို့နယ်ထဲက စက်ရုံ၊ အလုပ်ရုံတွေ၊ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။ ဒီအခြေအနေကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ်ထဲမှာ မြန်မာအလုပ်သမား အများအပြား အလုပ်လုပ်နေကြတဲ့ ငါးသေတ္တာစက်ရုံမှာ ဇွန် ၂၂ ရက်နဲ့ ၂၃ ရက် ကိုဗစ်စစ်ဆေးတာမှာ အလုပ်သမား ၄၀၀ နီးပါး ကိုဗစ်ရောဂါ ကူးစက်နေတာ တေ့ွရှိခဲ့ပါတယ်။ အဲဒီအတည်ပြုလူနာ အများစုက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်ရဲ့ ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီက အခုလို ပြောပါတယ်။

"၃၉၁ ယောက်ဖြစ်သွားပြီး တရက်ထက်တရက် တိုးလာနေတယ်။ ရောဂါကူးစက်တဲ့သူတွေက ထိုင်းယူနီယံအုပ်စုက ဆုံခလာမှာစက်ရုံ ၂ ရုံရှိတယ်။ ငါးသေတ္တာစက်ရုံရယ် ပုဇွန်စက်ရုံရယ်ရှိတယ်။ လက်ရှိမှာကျနော်တို့ဘက်မှာအတော်ဆိုးဝါးနေတယ်။ တချို့ ဆေးရုံမှာလည်း ကုတင်မလုံလောက်လို့ ကုတင်တွေအားလပ်မှသာ ဆေးရုံတွေခေါ်ရတဲ့ဟာဖြစ်နေတယ်။"

ကိုဗစ်ရောဂါကူးစက်တယ်လို့ အတည်ပြုသူတွေကို စောင့်ကြည့်စင်တာတွေကို ပို့ဆောင်ထားပါတယ်။ ဇွန်လ ၂၄ ရက်နေ့အတွက် အတည်ပြုလူနာ ၂၄၀ ထက် မနည်းရှိပြီး စုစုပေါင်းကူးစက်သူ ၁ ထောင်ကျော်ရှိတဲ့ ဆုံခလာပြည်နယ်ထဲမှာ ရှိတဲ့ မြို့နယ် ၁၆ ခုကစက်ရုံ၊ အလုပ်ရုံတွေ၊ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာ ပြည်နယ် ကပ်ရောဂါထိမ်းချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ကိုဗစ်ထိန်းချုပ်ရေးလုပ်နေတာနဲ့ပါတ်သက်လို့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

သူ ပြောသွားတာကတော့ ခုချိန်မှာ ကိုဗစ်လူနာတွေကို သုံးသုတ်ခွဲထားပါတယ်။ နံပါတ်(၁) မြန်မာအလုပ်သမားအုပ်စု မြန်မာနိုင်ငံသား ၁၁၀၀ ကျော်ရှိနေပါတယ်။အဲဒီထဲကပိုးတွေလူနာ (၆၀) ကျော်ကို ဆေးကုသပေးနေပါတယ်။ (၂) အုပ်စု က ထိုင်းနိုင်ငံသားအလုပ်သမားတွေဖြစ်ပါတယ်(၃) အုပ်စုကတော့ အလုပ်သမား မိသားစုဝင်တွေ ဖြစ်လို့ သူတို့ကိုခွဲပြီး နေရာအသီးသီးပို့ဆောင်ပေးနေပါတယ်။. မြန်မာနိုင်ငံသားတွေအားလုံး တစုတည်း ထားထားပါတယ်လို့ပြောသွားပါတယ်။ ဒီနေ့ ဇွန်လ ၂၄ ရက်နေ့မှာတော့ ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာသစ် လေး ထောင့် တ ရာ ကျော်ရှိနေတယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ စုစုပေါင်း ကိုဗစ်အတည်ပြုလူနာက ၂ သိန်း ၃ သောင်း ၂ ထောင်ကျော်ရှိပြီး သေဆုံးလူနာ စုစုပေါင်း ၁၇၇၅ ဦးထက်မနည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG