သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းျပည္တြင္းထုတ္ ကိုဗစ္ကာကြယ္ေဆး စမ္းသပ္ေန


ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ကိုဗစ္ကာကြယ္ေဆး ထုိးႏွံေပးေနတဲ့ျမင္ကြင္း။ (ဇြန္ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံမွာ ျပည္တြင္းထုတ္ ကိုဗစ္ကာကြယ္ေဆးကို လူေတြမွာ စစမ္းသပ္ေနပါၿပီ။

ႏိုင္ငံထဲ COVID-19 ကူးစက္မႈလိႈင္း အဆိုးဆံုး စခံေနရၿပီး ႏိုင္ငံျခားကေန ကိုဗစ္ကာကြယ္ေဆး အျမန္မွာယူ တင္သြင္းေနခ်ိန္မွာပဲ ထိုင္းသိပၸံပညာရွင္ေတြ ႀကိဳးပမ္းထုတ္လုပ္ေနတဲ့ ကာကြယ္ေဆး ၄ မ်ိဳးထဲက ၂ မ်ိဳးကို စစမ္းသပ္ေတာ့မွာပါ။ ၿဗိတိန္ AstraZeneca ကုမၸဏီခြင့္ျပဳခ်က္နဲ႔ အခုလို ထုတ္ေနတာပါ။

လက္ရွိ ကိုဗစ္လိႈင္းဒဏ္ ခံေနရခ်ိန္အတြက္ေတာ့ ျပည္တြင္းျဖစ္ ကာကြယ္ေဆးေတြကို အေျမာက္အျမားထုတ္ဖို႔ မမီေတာ့ေပမယ့္ အိႏိၵယမ်ိဳးကြဲသစ္အတြက္ ပစ္မွတ္ထားၿပီး ေနာက္ႏွစ္မွာ ျဖည့္စြက္ကာကြယ္ေဆး အလံုအေလာက္ ထုတ္ႏုိင္ဖို႔အျပင္ ျမန္မာအပါအဝင္ အိမ္နီးခ်င္းေတြကိုပါ ကူေပးဖို႔ေတာ့ ေမွ်ာ္လင့္ထားပါတယ္။

ထိုင္းကာကြယ္ေဆးထုတ္လုပ္ေရးကို ဦးေဆာင္ေနတဲ့ ခ်ဴလာေလာင္ကြန္းတကၠသိုလ္ ကာကြယ္ေဆး သုေတသနဌာနက ေဒါက္တာ Kiat Ruxungtham က အခုကာကြယ္ေဆးေတြကို အိႏိၵယနဲ႔ ေတာင္အာဖရိကလို ဗီဇေျပာင္း ပိုးမ်ိဳးကြဲသစ္ေတြ ဆက္ကာကြယ္ႏိုင္ေရးအတြက္ ထုတ္သြားႏုိင္ဖို႔ မဟာဗ်ဴဟာ ခ်ထားတယ္လို႔ ဆုိပါတယ္။

ေလာေလာဆယ္မွာေတာ့ ထိုင္းအေနနဲ႔ ကိုဗစ္ခံႏုိင္ရည္ ျပည္သူအမ်ားၾကား ေပၚလာႏိုင္ေရးအတြက္ ႏိုင္ငံျခားက ကာကြယ္ေဆးေတြကို အားကိုးတင္သြင္းေနၿပီး တ႐ုတ္က Sinovac ကာကြယ္ေဆး သန္းအနည္းငယ္ ဝယ္ယူကာ အေမရိကန္ထုတ္ Pfizer၊ Moderna နဲ႔ Johnson & Johnson၊ ေနာက္ တ႐ုတ္ရဲ႕ Sinopharm ကာကြယ္ေဆးေတြကို ဝယ္ယူဖို႔လုပ္ေနပါတယ္။

တကယ္ေတာ့ ထိုင္းႏိုင္ငံအေနနဲ႔ မႏွစ္ ၂၀၂၀ တေလွ်ာက္လံုး နယ္စပ္ပိတ္တာနဲ႔ လူခ်င္းခပ္ခြာခြာေနတာေတြကို တင္းတင္းက်ပ္က်ပ္ လုပ္ေဆာင္ၿပီး ကိုဗစ္ အမ်ားႀကီးမတက္ေအာင္ ထိန္းထားႏိုင္ခဲ့ကာ ကာကြယ္ေဆး အမ်ားႀကီး ႀကိဳမမွာခဲ့ေပမယ့္ ဒီႏွစ္ ဧၿပီမွာေတာ့ ပိုးေတြ႔မႈ ျမင့္တက္လာခဲ့ရတာပါ။

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

ထိုင်းပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်နေ

ထိုင်းနိုင်ငံမှာ ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို လူတွေမှာ စစမ်းသပ်နေပါပြီ။

နိုင်ငံထဲ COVID-19 ကူးစက်မှုလှိုင်း အဆိုးဆုံး စခံနေရပြီး နိုင်ငံခြားကနေ ကိုဗစ်ကာကွယ်ဆေး အမြန်မှာယူ တင်သွင်းနေချိန်မှာပဲ ထိုင်းသိပ္ပံပညာရှင်တွေ ကြိုးပမ်းထုတ်လုပ်နေတဲ့ ကာကွယ်ဆေး ၄ မျိုးထဲက ၂ မျိုးကို စစမ်းသပ်တော့မှာပါ။ ဗြိတိန် AstraZeneca ကုမ္ပဏီခွင့်ပြုချက်နဲ့ အခုလို ထုတ်နေတာပါ။

လက်ရှိ ကိုဗစ်လှိုင်းဒဏ် ခံနေရချိန်အတွက်တော့ ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို အမြောက်အမြားထုတ်ဖို့ မမီတော့ပေမယ့် အိန္ဒိယမျိုးကွဲသစ်အတွက် ပစ်မှတ်ထားပြီး နောက်နှစ်မှာ ဖြည့်စွက်ကာကွယ်ဆေး အလုံအလောက် ထုတ်နိုင်ဖို့အပြင် မြန်မာအပါအဝင် အိမ်နီးချင်းတွေကိုပါ ကူပေးဖို့တော့ မျှော်လင့်ထားပါတယ်။

ထိုင်းကာကွယ်ဆေးထုတ်လုပ်ရေးကို ဦးဆောင်နေတဲ့ ချူလာလောင်ကွန်းတက္ကသိုလ် ကာကွယ်ဆေး သုတေသနဌာနက ဒေါက်တာ Kiat Ruxungtham က အခုကာကွယ်ဆေးတွေကို အိန္ဒိယနဲ့ တောင်အာဖရိကလို ဗီဇပြောင်း ပိုးမျိုးကွဲသစ်တွေ ဆက်ကာကွယ်နိုင်ရေးအတွက် ထုတ်သွားနိုင်ဖို့ မဟာဗျူဟာ ချထားတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ ထိုင်းအနေနဲ့ ကိုဗစ်ခံနိုင်ရည် ပြည်သူအများကြား ပေါ်လာနိုင်ရေးအတွက် နိုင်ငံခြားက ကာကွယ်ဆေးတွေကို အားကိုးတင်သွင်းနေပြီး တရုတ်က Sinovac ကာကွယ်ဆေး သန်းအနည်းငယ် ဝယ်ယူကာ အမေရိကန်ထုတ် Pfizer၊ Moderna နဲ့ Johnson & Johnson၊ နောက် တရုတ်ရဲ့ Sinopharm ကာကွယ်ဆေးတွေကို ဝယ်ယူဖို့လုပ်နေပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံအနေနဲ့ မနှစ် ၂၀၂၀ တလျှောက်လုံး နယ်စပ်ပိတ်တာနဲ့ လူချင်းခပ်ခွာခွာနေတာတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ပြီး ကိုဗစ် အများကြီးမတက်အောင် ထိန်းထားနိုင်ခဲ့ကာ ကာကွယ်ဆေး အများကြီး ကြိုမမှာခဲ့ပေမယ့် ဒီနှစ် ဧပြီမှာတော့ ပိုးတွေ့မှု မြင့်တက်လာခဲ့ရတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG