သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းခရီးသြားလုပ္ငန္း ၄လ အတြင္း ျပန္ဖြင္႔ေတာ႔မည္ 


ဘန္ေကာက္ၿမိဳ႕က Siam Paragon ေစ်း၀ယ္စင္တာ

(Zawgyi/Unicode)

ထိုင္းႏိုင္ငံဟာ ေနာက္ ၄ လအတြင္းမွာ ႏိုင္ငံျခားခရီးသည္ေတြကို အျပည့္အ၀ လာေရာက္ခြင့္ျပဳေတာ့မယ္လို႔ ၀န္ႀကီးခ်ဳပ္ ပရာရြတ္ခ်န္အိုခ်ာက ဗုဒၶဟူးေန႔မွာ ေျပာၾကားလိုက္ပါတယ္။ က်ဆင္းေနတဲ့ တိုင္းျပည္ရဲ႕ ခရီးသြားလုပ္ငန္းကို အပူတျပင္း ကယ္တင္ဖို႔ လိုအပ္ေနတယ္ဆိုၿပီး အခုလို တိုင္းျပည္ကို အျပည္အ၀ ျပန္လည္ဖြင့္လစ္ဖို႔ ေျပာသြားတာျဖစ္ပါတယ္။

COVID ကပ္ေရာဂါေၾကာင့္ ကန္႔သတ္မႈေတြခ်မွတ္ခဲ့ရတဲ့အတြက္ ထိုင္းႏိုင္ငံအတြက္အေရးႀကီးတဲ့ ခရီးသြား လုပ္ငန္း ရိုက္ခ်ိဳးခံခဲ့ရတာျဖစ္ၿပီးေတာ့ ဟိုတယ္ေတြ ၊ စားေသာက္ဆိုင္ ဘားဆိုင္ေတြ ျပည္တြင္းသယ္ယူပို႔ေဆာင္ေရးလုပ္ငန္း စတာေတြကိုပါ ရိုက္ခတ္ခဲ့ပါတယ္။ COVID တတိယလိႈင္းကို ရင္ဆိုင္တြန္းလွန္ေနရတဲ့ အခ်ိန္မွာ ျပည္တြင္းစီးပြားေရး လုပ္ငန္းေတြဟာဆိုရင္ အစိုးရအေထာက္အပံ႔ကို တြယ္ဖက္ေနရတာလည္း ျဖစ္ပါတယ္။

အရင္တုန္းကေတာ့ ခရီးသြားလုပ္ငန္းဟာ ထိုင္းႏိုင္ငံရဲ႕ အမ်ိဳးသား၀င္ေငြ ၂၀ ရာခိုင္ႏႈန္းကို ရွာေပးေနခဲ့တာပါ။ ဒါေၾကာင့္ ရက္ေပါင္း ၁၂၀ အတြင္းမွာ ထိုင္းႏိုင္ငံကို အျပည့္အ၀ ျပန္ဖြင့္ႏိုင္ၿပီလို႔ ေၾကညာဖို႔ ရည္မွန္းထားတာပါလို႔ ၀န္ႀကီးခ်ဳပ္ ပရာရြတ္ခ်န္အိုခ်ာက ဗုဒၶဟူးေန႔ည ရုပ္သံမိန္႔ခြန္းမွာ ေျပာၾကားသြားတာျဖစ္ပါတယ္။

အမွန္တကယ္အေရးတႀကီး ျပင္းထန္တဲ့အေျခအေန ႀကံခဲ့ရင္ေတာ့ ဒါကို ျပန္လည္ဖ်က္သိမ္းေၾကာင္း လုပ္ရမယ္လို႔လည္း ဆိုပါတယ္။ ဒီလိုျပန္ဖြင့္ႏိုင္ဖို႔အတြက္ လူတိုင္းလူတိုင္း COVID ကာကြယ္ေဆးတႀကိမ္ အနည္းဆံုးထိုးၿပီးသားျဖစ္ဖို႔လည္း ဦးစားေပး ေဆာင္ရြက္ေနပါတယ္။ ထိုင္းႏိုင္ငံမွာ COVID ကူးစက္မႈ ၂ သိန္း ၅ ေထာင္ရွိခဲ့ၿပီး ၁၅၀၀ ေက်ာ္ေသဆံုးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ထိုင်းခရီးသွားလုပ်ငန်း ၄လအတွင်း ပြန်ဖွင့်တော့မည်

(Unicode)

ထိုင်းနိုင်ငံဟာ နောက် ၄ လအတွင်းမှာ နိုင်ငံခြားခရီးသည်တွေကို အပြည့်အ၀ လာရောက်ခွင့်ပြုတော့မယ်လို့ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ကျဆင်းနေတဲ့ တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းကို အပူတပြင်း ကယ်တင်ဖို့ လိုအပ်နေတယ်ဆိုပြီး အခုလို တိုင်းပြည်ကို အပြည်အ၀ ပြန်လည်ဖွင့်လစ်ဖို့ ပြောသွားတာဖြစ်ပါတယ်။

COVID ကပ်ရောဂါကြောင့် ကန့်သတ်မှုတွေချမှတ်ခဲ့ရတဲ့အတွက် ထိုင်းနိုင်ငံအတွက်အရေးကြီးတဲ့ ခရီးသွား လုပ်ငန်း ရိုက်ချိုးခံခဲ့ရတာဖြစ်ပြီးတော့ ဟိုတယ်တွေ ၊ စားသောက်ဆိုင် ဘားဆိုင်တွေ ပြည်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း စတာတွေကိုပါ ရိုက်ခတ်ခဲ့ပါတယ်။ COVID တတိယလှိုင်းကို ရင်ဆိုင်တွန်းလှန်နေရတဲ့ အချိန်မှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေဟာဆိုရင် အစိုးရအထောက်အပံ့ကို တွယ်ဖက်နေရတာလည်း ဖြစ်ပါတယ်။

အရင်တုန်းကတော့ ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားဝင်ငွေ ၂၀ ရာခိုင်နှုန်းကို ရှာပေးနေခဲ့တာပါ။ ဒါကြောင့် ရက်ပေါင်း ၁၂၀ အတွင်းမှာ ထိုင်းနိုင်ငံကို အပြည့်အ၀ ပြန်ဖွင့်နိုင်ပြီလို့ ကြေညာဖို့ ရည်မှန်းထားတာပါလို့ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဗုဒ္ဓဟူးနေ့ည ရုပ်သံမိန့်ခွန်းမှာ ပြောကြားသွားတာဖြစ်ပါတယ်။

အမှန်တကယ်အရေးတကြီး ပြင်းထန်တဲ့အခြေအနေ ကြံခဲ့ရင်တော့ ဒါကို ပြန်လည်ဖျက်သိမ်းကြောင်း လုပ်ရမယ်လို့လည်း ဆိုပါတယ်။ ဒီလိုပြန်ဖွင့်နိုင်ဖို့အတွက် လူတိုင်းလူတိုင်း COVID ကာကွယ်ဆေးတကြိမ် အနည်းဆုံးထိုးပြီးသားဖြစ်ဖို့လည်း ဦးစားပေး ဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံမှာ COVID ကူးစက်မှု ၂ သိန်း ၅ ထောင်ရှိခဲ့ပြီး ၁၅၀၀ ကျော်သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG