သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တဦးခ်င္းလုပ္ငန္းရွင္မ်ား ထိုင္းနယ္စပ္ ဆပ္ျပာသြင္းခြင့္ ပိတ္ပင္


ထိုင္း-ျမန္မာ နယ္စပ္မွာေတြ ့ရတဲ့ ကုန္တင္ကားမ်ား ( ဓာတ္ပံု- Courtesy)

(Zawgyi/Unicode)
တဦးခ်င္းကုန္သြယ္မႈ လုပ္ငန္းရွင္ကတ္ ITC ကိုင္ေဆာင္ထားသူေတြအေနနဲ႔ ျမဝတီနယ္စပ္ကေန ထိုင္းႏိုင္ငံထုတ္ ဆပ္ျပာ၊ ဆပ္ျပာမႈန္႔ေတြကို သြင္းခြင့္မရွိေတာ႔ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ေၾကညာလိုက္ပါတယ္။ ဒီလိုတင္သြင္းခြင့္ ပိတ္လိုက္တဲ့အတြက္ စားသံုးသူေတြအေပၚ ဘယ္လို သက္ေရာက္မႈ ႐ွိႏိုင္ပါသလဲ။ ရန္ကုန္ကေပးပို႔လာတဲ႔ သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပေပးမွာပါ။

ထိုင္း- ျမန္မာနယ္စပ္ ျမဝတီ ကုန္သြယ္ေရးဇုန္ကေန ဆပ္ျပာ၊ ဆပ္ျပာမႈန္႔၊ သြားတိုက္ေဆးေတြကို တဦးခ်င္းကုန္သြယ္မႈ လုပ္ငန္းရွင္ကတ္ ITC ကတ္ကိုင္ထားသူေတြ တင္သြင္းခြင့္ မ႐ွိေတာ့ဘူးလို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဇြန္လ ၄ ရက္ေန႔က စာထုတ္ျပန္ခဲ့ပါတယ္။

ႏိုင္ငံျခားသံုးေငြေလွ်ာ့ခ်ဖို႔၊ ျပည္တြင္းက အေသးစား၊ အလတ္စား လုပ္ငန္းေတြကို အကာအကြယ္ေပးဖို႔အတြက္ အခုလို ကန္႔သတ္လိုက္တာ ျဖစ္ေၾကာင္း အဲဒီထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။ ITC ကတ္ ကိုင္ထားသူူ အမ်ားစုက ထိုင္းကုန္ပစၥည္းေတြကို အဓိက တင္သြင္းၾကတာပါ။ ထိုင္းႏုိင္ငံကေန တင္သြင္းေနတဲ့ ကုန္ပစၥည္းေတြထဲမွာ ကိုယ္တိုက္ဆပ္ျပာ၊ အဝတ္ေလ ွ်ာ္ဆပ္ျပာ၊ ေခါင္းေလ ွ်ာ္ရည္၊ သြားတိုက္ေဆး စတဲ့လူသံုးကုန္ပစၥည္းေတြ အဓိကပါဝင္ပါတယ္။ ျမဝတီနယ္စပ္ကေန တသီးပုဂၢလ ကုန္သည္ေတြ ဆပ္ျပာသြင္းခြင့္ မရေတာ့တဲ့အတြက္ သက္ေရာက္မႈနဲ႔ပါတ္သက္လို႔ ျမဝတီၿမိဳ႕က ကုန္မ်ိဳးစံုလက္ကားျဖန္႔ခ်ီေရး လုပ္ငန္းရွင္တဦးက ခုလိုေျပာျပပါတယ္။

“ ညီမက်ေတာ႔ ထပ္မယူေတာ႔ဘူး၊ ရွိတာေလးနဲ႔ ထိန္းေရာင္းတယ္။ မွာဖို႔ေတာင္ လက္မခံေတာ႔ဘူးဆိုေတာ႔ ယူဖို႔ေတာ႔ မေျပာနဲ႔ေတာ႔။ က်မက တဆင့္ခံေပါ႔ supplier ကေနယူတာဆိုေတာ႔ supplier က မပို႔ေတာ႔ဘူး။ ညီမမွာရွိတဲ႔ လက္က်န္ေလးေတြပဲ၊ အသစ္ေတာ႔ ထပ္မမွာေသးဘူး။”

ITC လက္မွတ္ကိုင္ထားတဲ့ ကုန္သည္တေယာက္ခ်င္းသြင္းခြင့္ ပိတ္လိုက္ေပမဲ႔ ကုမၸဏီေတြကိုေတာ႔ ခြင့္ျပဳထားဆဲျဖစ္လို႔ ဒီကုန္ပစၥည္းေတြ အဝင္ လံုးဝရပ္ဆိုင္းသြားမွာမ်ဳိး မဟုတ္ေၾကာင္းျမဝတီ နယ္စပ္ကုန္သြယ္ေရး ကုန္သည္မ်ားအသင္း ဥကၠ႒ ေဒၚသင္းသင္းျမတ္က ေျပာပါတယ္။
“ ထိခိုက္စရာေတာ႔ မရွိဘူးေပါ႔၊ ကုမၸဏီနဲ႔ သြင္းၿပီးေတာ႔မွ အဝင္ရေသးတယ္ေလ။ အဲဒီေတာ႔ သူက နယ္စပ္မွာ တင္သြင္းခြင့္ ရပ္လိုက္တာ မဟုတ္ဘူး၊ ကုမၸဏီနဲ႔သြင္းခ်င္ သြင္းလို႔ရတယ္ ITC ကတ္ကိုပဲ သူတို႔ကပိတ္တာ။”

ဒါေပမဲ့ ဒီတားျမစ္ခ်က္ ထြက္လာခဲ့ၿပီးေနာက္ တခ်ဳိ႕ ကုန္စံုဆိုင္ေတြမွာ ထိုင္းႏိုင္ငံက တင္သြင္းတဲ့ ဆပ္ျပာေတြကို အေရအတြက္ အကန္႔အသတ္နဲ႔သာ ေရာင္းေနတာေတ႔ြရပါတယ္။ ျမန္မာျပည္အတြက္ သြင္းကုန္အမ်ားစုကို ထိုင္း- ျမန္မာနယ္စပ္ ျမဝတီကုန္သြယ္ေရးဇုန္ကေန အဓိက တင္သြင္းေနတာပါ။ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္ (မတ္လထိ) ျမဝတီနယ္စပ္ကေန သြင္းကုန္တန္ဖိုးက အေမရိကန္ေဒၚလာ သန္း ၄၀၀ နီးပါး႐ွိပါတယ္။ ျမန္မာႏိုင္ငံမွာ ေဒၚလာေငြတန္ဖိုး တက္လို႔ ထိုင္းဘတ္ေငြနဲ႔ တ႐ုတ္ယြမ္ေငြလည္း ေစ်းလိုက္တက္ပါတယ္။ ဒါေၾကာင့္ သြင္းကုန္အားလံုးက ျပည္တြင္းမွာ ေစ်းတက္ေနတာပါ။

ျမဝတီနယ္စပ္ကေန ဆပ္ျပာတင္သြင္းမႈ ကန္႔သတ္တာဟာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က ထုတ္ျပန္ထားသလို ႏိုင္ငံျခားသံုးေငြ ေလွ်ာ့ခ်ခ်င္တဲ႔ ရည္ရြယ္ခ်က္က အဓိကျဖစ္ႏိုင္ေၾကာင္း ႏိုင္ငံေရးေလ႔လာသူတခ်ိဳ႕က ျမင္ပါတယ္။ ဒါဟာ အသံုးစရိတ္ ေခြ်တာဖို႔အတြက္ ဘ႑ာေရးေကာ္မရွင္ဘက္က ေယဘုယ စဥ္းစားခ်က္တခု ျဖစ္ႏိုင္ေၾကာင္း ႏိုင္ငံေရးေလ႔လာသူ ေဒါက္တာေအာင္သိန္းျမင့္က ေျပာပါတယ္။

“ဆိုေတာ႔ ဘယ္ဟာေတြကေတာ႔ အျပင္ကို ႏိုင္ငံျခားေငြနဲ႔ေပးဝယ္ရလဲ အဲဒါေတြပိတ္ကြာ ဒီေလာက္ပါပဲ။ လက္ရွိမွာ ႏိုင္ငံျခားေငြကိစၥနဲ႔ ပတ္သက္လာလို႔ အက်ပ္အတည္း ေတြ႕ေနရတယ္လိုု႔ ယူဆရတယ္ေပါ႔ေနာ္။ စစ္ေရးအရ တအားသံုးေနရတယ္ေပါ႔ဗ်ာ။ ဟိုတေလာက ေလတပ္ကာခ်ဳပ္ ႐ုရွားကို သြားတယ္ဆိုတာ စစ္လက္နက္ပစၥည္းျပပြဲကို သြားတာျဖစ္လို႔ တစံုတရာ ေငြသံုးစြဲခဲ႔ရမွာပဲေပါ႔ေနာ္ ပစၥည္းဝယ္ဖို႔၊ ဒါသည္ အသံုးစရိတ္က သိပ္ျမင့္ေနတယ္လို႔ ယူဆလို႔ရတယ္။ ၿပီးေတာ႔ သူတို႔ဝင္ေငြ ရေပါက္ရလမ္းေတြလည္း ေလ်ာ့နည္းေနတာေပါ႔ေနာ္ ခါတိုင္းထက္စာရင္။”

သြင္းခြင့္ပိတ္တဲ႔ ကုန္ပစၥည္းေတြနဲ႔ပတ္သက္လို႔ ကုန္သြယ္ေရးဦးစီးဌာနက ဗြီအိုေအက ဆက္သြယ္ခဲ႔ေပမဲ႔ ဌာနဆိုင္ရာ အစည္းအေဝးေတြေၾကာင့္ ျပန္လည္ ေျဖၾကားျခင္း မရွိခဲ႔ပါဘူး။

တရားမဝင္ကုန္သြယ္မႈေတြ ပေပ်ာက္ေအာင္ရည္ရြယ္ၿပီး တဦးခ်င္းကုန္သြယ္မႈ လုပ္ငန္းရွင္ ITC ကတ္ေတြကို စီးပြားကူးသန္းဝန္ႀကီးဌာနက ၂၀၁၂- ၂၀၁၃ ဘ႑ာႏွစ္မွာ စထုတ္ေပးခဲ႔တာပါ။ ထိုင္းစားေသာက္ကုန္ ၅ မ်ိဳးျဖစ္တဲ႔ အခ်ိဳရည္၊ ေကာ္ဖီမစ္၊ တီးမစ္၊ ႏို႔ဆီနဲ႔ ႏို႔စိမ္း တင္သြင္းခြင့္ကိုလည္း စစ္ေကာင္စီက ေမလအေစာပိုင္းမွာ ပိတ္ပင္ခဲ့ပါတယ္။ ဒီကုန္ပစၥည္းေတြကိုေတာ႔ ထိုင္း၊ တ႐ုတ္၊ အိႏၵိယ စတဲ႔ ဘယ္နယ္စပ္ဂိတ္ကမွ တင္သြင္းခြင့္ မေပးေတာ႔တာပါ။ အခု ဆပ္ျပာ၊ ဆပ္ျပာမႈန္႔နဲ႔ သြားတိုက္ေဆး တင္သြင္းခြင့္ကိုေတာ့ အဓိကတင္သြင္းေနတဲ့ ျမဝတီနယ္စပ္ကေန တင္သြင္းတာကို ကန္႔သတ္လိုက္တာျဖစ္ပါတယ္။

........................................................................

တိုက္႐ိုက္ လင့္ခ္


တဦးချင်းလုပ်ငန်းရှင်များ ထိုင်းနယ်စပ် ဆပ်ပြာသွင်းခွင့် ပိတ်ပင်

(Unicode)
တဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်ကတ် ITC ကိုင်ဆောင်ထားသူတွေအနေနဲ့ မြဝတီနယ်စပ်ကနေ ထိုင်းနိုင်ငံထုတ် ဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေကို သွင်းခွင့်မရှိတော့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ကြေညာလိုက်ပါတယ်။ ဒီလိုတင်သွင်းခွင့် ပိတ်လိုက်တဲ့အတွက် စားသုံးသူတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်ပါသလဲ။ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြပေးမှာပါ။

ထိုင်း- မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးဇုန်ကနေ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေးတွေကို တဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်ကတ် ITC ကတ်ကိုင်ထားသူတွေ တင်သွင်းခွင့် မရှိတော့ဘူးလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန်လ ၄ ရက်နေ့က စာထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံခြားသုံးငွေလျှော့ချဖို့၊ ပြည်တွင်းက အသေးစား၊ အလတ်စား လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့အတွက် အခုလို ကန့်သတ်လိုက်တာ ဖြစ်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ ITC ကတ် ကိုင်ထားသူူ အများစုက ထိုင်းကုန်ပစ္စည်းတွေကို အဓိက တင်သွင်းကြတာပါ။ ထိုင်းနိုင်ငံကနေ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေထဲမှာ ကိုယ်တိုက်ဆပ်ပြာ၊ အဝတ်လေ ျှာ်ဆပ်ပြာ၊ ခေါင်းလေ ျှာ်ရည်၊ သွားတိုက်ဆေး စတဲ့လူသုံးကုန်ပစ္စည်းတွေ အဓိကပါဝင်ပါတယ်။ မြဝတီနယ်စပ်ကနေ တသီးပုဂ္ဂလ ကုန်သည်တွေ ဆပ်ပြာသွင်းခွင့် မရတော့တဲ့အတွက် သက်ရောက်မှုနဲ့ပါတ်သက်လို့ မြဝတီမြို့က ကုန်မျိုးစုံလက်ကားဖြန့်ချီရေး လုပ်ငန်းရှင်တဦးက ခုလိုပြောပြပါတယ်။
“ ညီမကျတော့ ထပ်မယူတော့ဘူး၊ ရှိတာလေးနဲ့ ထိန်းရောင်းတယ်။ မှာဖို့တောင် လက်မခံတော့ဘူးဆိုတော့ ယူဖို့တော့ မပြောနဲ့တော့။ ကျမက တဆင့်ခံပေါ့ supplier ကနေယူတာဆိုတော့ supplier က မပို့တော့ဘူး။ ညီမမှာရှိတဲ့ လက်ကျန်လေးတွေပဲ၊ အသစ်တော့ ထပ်မမှာသေးဘူး။”

ITC လက်မှတ်ကိုင်ထားတဲ့ ကုန်သည်တယောက်ချင်းသွင်းခွင့် ပိတ်လိုက်ပေမဲ့ ကုမ္ပဏီတွေကိုတော့ ခွင့်ပြုထားဆဲဖြစ်လို့ ဒီကုန်ပစ္စည်းတွေ အဝင် လုံးဝရပ်ဆိုင်းသွားမှာမျိုး မဟုတ်ကြောင်းမြဝတီ နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။
“ ထိခိုက်စရာတော့ မရှိဘူးပေါ့၊ ကုမ္ပဏီနဲ့ သွင်းပြီးတော့မှ အဝင်ရသေးတယ်လေ။ အဲဒီတော့ သူက နယ်စပ်မှာ တင်သွင်းခွင့် ရပ်လိုက်တာ မဟုတ်ဘူး၊ ကုမ္ပဏီနဲ့သွင်းချင် သွင်းလို့ရတယ် ITC ကတ်ကိုပဲ သူတို့ကပိတ်တာ။”

ဒါပေမဲ့ ဒီတားမြစ်ချက် ထွက်လာခဲ့ပြီးနောက် တချို့ ကုန်စုံဆိုင်တွေမှာ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ဆပ်ပြာတွေကို အရေအတွက် အကန့်အသတ်နဲ့သာ ရောင်းနေတာတေ့ွရပါတယ်။ မြန်မာပြည်အတွက် သွင်းကုန်အများစုကို ထိုင်း- မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်ကနေ အဓိက တင်သွင်းနေတာပါ။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (မတ်လထိ) မြဝတီနယ်စပ်ကနေ သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာငွေတန်ဖိုး တက်လို့ ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ်ငွေလည်း ဈေးလိုက်တက်ပါတယ်။ ဒါကြောင့် သွင်းကုန်အားလုံးက ပြည်တွင်းမှာ ဈေးတက်နေတာပါ။

မြဝတီနယ်စပ်ကနေ ဆပ်ပြာတင်သွင်းမှု ကန့်သတ်တာဟာ စစ်အုပ်ချုပ်ရေးကောင်စီဘက်က ထုတ်ပြန်ထားသလို နိုင်ငံခြားသုံးငွေ လျှော့ချချင်တဲ့ ရည်ရွယ်ချက်က အဓိကဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူတချို့က မြင်ပါတယ်။ ဒါဟာ အသုံးစရိတ် ချွေတာဖို့အတွက် ဘဏ္ဍာရေးကော်မရှင်ဘက်က ယေဘုယ စဉ်းစားချက်တခု ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်သိန်းမြင့်က ပြောပါတယ်။
“ဆိုတော့ ဘယ်ဟာတွေကတော့ အပြင်ကို နိုင်ငံခြားငွေနဲ့ပေးဝယ်ရလဲ အဲဒါတွေပိတ်ကွာ ဒီလောက်ပါပဲ။ လက်ရှိမှာ နိုင်ငံခြားငွေကိစ္စနဲ့ ပတ်သက်လာလို့ အကျပ်အတည်း တွေ့နေရတယ်လို့ ယူဆရတယ်ပေါ့နော်။ စစ်ရေးအရ တအားသုံးနေရတယ်ပေါ့ဗျာ။ ဟိုတလောက လေတပ်ကာချုပ် ရုရှားကို သွားတယ်ဆိုတာ စစ်လက်နက်ပစ္စည်းပြပွဲကို သွားတာဖြစ်လို့ တစုံတရာ ငွေသုံးစွဲခဲ့ရမှာပဲပေါ့နော် ပစ္စည်းဝယ်ဖို့၊ ဒါသည် အသုံးစရိတ်က သိပ်မြင့်နေတယ်လို့ ယူဆလို့ရတယ်။ ပြီးတော့ သူတို့ဝင်ငွေ ရပေါက်ရလမ်းတွေလည်း လျော့နည်းနေတာပေါ့နော် ခါတိုင်းထက်စာရင်။”

သွင်းခွင့်ပိတ်တဲ့ ကုန်ပစ္စည်းတွေနဲ့ပတ်သက်လို့ ကုန်သွယ်ရေးဦးစီးဌာနက ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဌာနဆိုင်ရာ အစည်းအဝေးတွေကြောင့် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

တရားမဝင်ကုန်သွယ်မှုတွေ ပပျောက်အောင်ရည်ရွယ်ပြီး တဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် ITC ကတ်တွေကို စီးပွားကူးသန်းဝန်ကြီးဌာနက ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်မှာ စထုတ်ပေးခဲ့တာပါ။ ထိုင်းစားသောက်ကုန် ၅ မျိုးဖြစ်တဲ့ အချိုရည်၊ ကော်ဖီမစ်၊ တီးမစ်၊ နို့ဆီနဲ့ နို့စိမ်း တင်သွင်းခွင့်ကိုလည်း စစ်ကောင်စီက မေလအစောပိုင်းမှာ ပိတ်ပင်ခဲ့ပါတယ်။ ဒီကုန်ပစ္စည်းတွေကိုတော့ ထိုင်း၊ တရုတ်၊ အိန္ဒိယ စတဲ့ ဘယ်နယ်စပ်ဂိတ်ကမှ တင်သွင်းခွင့် မပေးတော့တာပါ။ အခု ဆပ်ပြာ၊ ဆပ်ပြာမှုန့်နဲ့ သွားတိုက်ဆေး တင်သွင်းခွင့်ကိုတော့ အဓိကတင်သွင်းနေတဲ့ မြဝတီနယ်စပ်ကနေ တင်သွင်းတာကို ကန့်သတ်လိုက်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG