သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္ တုိက္ခိုက္မႈမ်ား ထိုင္းစိုးရိမ္ပူပန္


ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Tanee Sangrat။ (Reuters)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံ ေနရာအေတာ္မ်ားမ်ား အၾကမ္းဖက္ တုိက္ခုိက္မႈေတြ ျဖစ္ေပၚေနတဲ့အေပၚ ထုိင္းႏုိင္ငံအေနနဲ႔ စုိးရိမ္ပူပန္ေၾကာင္းနဲ႔ ျမန္မာစစ္ေခါင္းေဆာင္ေတြ အေနနဲ႔ အာဆီယံနဲ႔ ရရွိထားတဲ့ အခ်က္ ၅ ခ်က္ပါ သေဘာတူညီခ်က္ အေကာင္အထည္ေဖာ္ေရးကုိ လုိလားေၾကာင္း ထုိင္းႏုိင္ငံက ဒီကေန႔ ေျပာၾကားလုိက္ပါတယ္။

အင္ဒုိနီးရွားႏုိင္ငံ၊ ဂ်ကာတာၿမိဳ႕မွာ ဧၿပီလ ၂၄ ရက္ေန႔က က်င္းပခဲ့တဲ့ ျမန္မာ့အေရး အာဆီယံ အေရးေပၚစည္းေဝးပြဲအတြင္း ရရွိခဲ့တဲ့ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရး၊ ႏုိင္ငံေရးေဆြးေႏြးမႈေတြ လုပ္ေဆာင္ေရးနဲ႔ ျမန္မာႏုိင္ငံဆုိင္ရာ အာဆီယံ အထူးကုိယ္စားလွယ္ ေရြးခ်ယ္ခန္႔အပ္ေရး စတဲ့အခ်က္ေတြပါဝင္တဲ့ အဲဒီ သေဘာတူညီခ်က္ ၅ ခုကုိ ျမန္မာဘက္က အေကာင္အထည္ ေဖာ္လုိတဲ့ဆႏၵ ရွိတယ္ဆုိတာ မေတြ႔ရေၾကာင္း ထုိင္းႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Tanee Sangrat ရဲ႕ ဒီကေန႔ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ျမန္မာစစ္တပ္အေနနဲ႔ အာဆီယံ သေဘာတူညီခ်က္ေတြကုိ အျမန္ဆုံး အေကာင္အထည္ေဖာ္ဖုိ႔လည္း သူက ေတာင္းဆုိထားပါတယ္။

ထုိင္းႏုိင္ငံအေနနဲ႔ ျမန္မာႏုိင္ငံအတြင္း ျဖစ္ေပၚေနတဲ့ အေျခအေနေတြကုိ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစလုိ႔ အနီးကပ္ ေစာင့္ၾကည့္ေနခဲ့ေၾကာင္း၊ ျမန္မာ့အေရးနဲ႔ ပတ္သက္လုိ႔ ႏုိင္ငံတကာ အသုိင္းအဝုိင္းက ထုိင္းႏုိင္ငံအေပၚ ေမွ်ာ္လင့္ခ်က္ထားၾကတယ္ဆုိတာ သူတုိ႔အေနနဲ႔ သေဘာေပါက္ေၾကာင္း Tanee Sangrat က ေျပာပါတယ္။

အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ ညႇိႏႈိင္းတုိင္ပင္ၿပီး ျမန္မာႏုိင္ငံကိစၥကုိ သံတမန္ေရး နည္းလမ္းအရ တိတ္တဆိတ္ ေဆာင္ရြက္တဲ့နည္းလမ္းက ပုိၿပီး ထိေရာက္မယ္လုိ႔ ယုံၾကည္တဲ့အတြက္ အဲဒီနည္းလမ္းအတုိင္း ေဆာင္ရြက္လ်က္ရွိေၾကာင္းလည္း ထုိင္းႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Tanee Sangrat ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အာဆီယံ ႏုိင္ငံျခားေရးဝန္ႀကီးေတြနဲ႔ တ႐ုတ္ႏုိင္ငံတုိ႔ လာမယ့္ရက္ပုိင္းအတြင္း တ႐ုတ္ႏုိင္ငံမွာ ေတြ႔ဆုံဖုိ႔ရွိေနတဲ့အခ်ိန္မွာ ျမန္မာ့အေရးနဲ႔ ပတ္သက္လုိ႔ ထုိင္းႏုိင္ငံျခားေရးဌာနက သူတုိ႔ရဲ႕သေဘာထားကုိ အခုလုိ ထုတ္ေဖာ္ ေျပာဆုိလုိက္တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မြန်မာနိုင်ငံတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ထိုင်းစိုးရိမ်ပူပန်

မြန်မာနိုင်ငံ နေရာအတော်များများ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်ပူပန်ကြောင်းနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ အာဆီယံနဲ့ ရရှိထားတဲ့ အချက် ၅ ချက်ပါ သဘောတူညီချက် အကောင်အထည်ဖော်ရေးကို လိုလားကြောင်း ထိုင်းနိုင်ငံက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံ အရေးပေါ်စည်းဝေးပွဲအတွင်း ရရှိခဲ့တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်ရေးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ရွေးချယ်ခန့်အပ်ရေး စတဲ့အချက်တွေပါဝင်တဲ့ အဲဒီ သဘောတူညီချက် ၅ ခုကို မြန်မာဘက်က အကောင်အထည် ဖော်လိုတဲ့ဆန္ဒ ရှိတယ်ဆိုတာ မတွေ့ရကြောင်း ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အာဆီယံ သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့လည်း သူက တောင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အနီးကပ် စောင့်ကြည့်နေခဲ့ကြောင်း၊ မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိုင်းနိုင်ငံအပေါ် မျှော်လင့်ချက်ထားကြတယ်ဆိုတာ သူတို့အနေနဲ့ သဘောပေါက်ကြောင်း Tanee Sangrat က ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြန်မာနိုင်ငံကိစ္စကို သံတမန်ရေး နည်းလမ်းအရ တိတ်တဆိတ် ဆောင်ရွက်တဲ့နည်းလမ်းက ပိုပြီး ထိရောက်မယ်လို့ ယုံကြည်တဲ့အတွက် အဲဒီနည်းလမ်းအတိုင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံတို့ လာမယ့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှာ တွေ့ဆုံဖို့ရှိနေတဲ့အချိန်မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဌာနက သူတို့ရဲ့သဘောထားကို အခုလို ထုတ်ဖော် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG