သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 မဲေဆာက္က ကိုဗစ္ကူးစက္သူေတြထဲ ျမန္မာအမ်ားစုပါ


အသြားအလာက်ဲပါးသြားတဲ့ မဲေဆာက္ေစ်း တနေရာ ( ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ကိုဗစ္အတည္ျပဳလူနာတိုးေနတဲ့ ထိုင္း-ျမန္မာနယ္စပ္က မဲေဆာက္ၿမိဳ႕မွာ မဲေဆာက္ေစ်းႀကီးအပါအဝင္ လူစည္ကားတဲ့ေနရာေတြမွာ အခုအေတာ္ေလး ေျခာက္ကပ္ေနပါတယ္။ ကိုဗစ္ကပ္ေရာဂါ ကူးစက္မွာကို စိုးရိမ္ေနၾကတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ တပါတ္အတြင္း အတည္ျပဳလူနာ ၇၀၀ ေက်ာ္႐ွိတဲ့ထဲမွာ ကိုဗစ္ေရာဂါပိုးကူးေနၾကသူအမ်ားစုက ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြျဖစ္ၾကပါတယ္။ ခုလို မဲေဆာက္ၿမိဳ႕က အေျခအေနကို ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ထိုင္း-ျမန္မာနယ္စပ္၊ တာ့ခ္ျပည္နယ္ မဲေဆာက္ မယ္ေတာင္ရပ္ကြက္က စက္ရံုနဲ႔ လူေနတန္းလ်ားေတြမွာ ကိုဗစ္ကပ္ေရာဂါကူးစက္သူ အေျမာက္အမ်ား ေဆးစစ္ ေတ႔ြခဲ့ၿပီးတဲ့ေနာက္ ပံုမွန္စည္းကားေနေလ့႐ွိတဲ့ မဲေဆာက္ေစ်းမွာ အခု လူမရွိသေလာက္ေျခာက္ကပ္သြားပါတယ္။ စက္႐ံုအလုပ္သမားေတြ ပံုမွန္ ေစ်းလာဝယ္ေနတဲ့ ေစ်းႀကီးမွာ လာဝယ္သူ မ႐ွိသေလာက္ ျဖစ္ေနတယ္လို႔ မဲေဆာက္ေစ်းဆုိင္မွာ ေစ်းေရာင္းသူတဦးကေ ျပာျပပါတယ္။

"တီေကစက္ရံုတို႔ ဆင္ႏွစ္ေကာင္စက္ရံုတို့က ေလာ့ေဒါင္းခ်လိုက္ေတာ့သတင္းကနည္းနည္းျပန့္ႏွံသြားေတာ့ ေစ်းထဲမွာလူလာတာက ေတာ္ေတာ္ကိုက်ဲသြားတာေလ။ ေစ်းထဲမွာ စည္တယ္ဆုိတာစက္ရံုေတြကပဲလာႀကတာမ်ားတယ္။ စက္ရံုေတြကေပးမလာေတာ့ဘာမွကိုအဆင္မေျပတာ ။"

ဇြန္လ ၂၅ ရက္ေန႔က မယ္ေဆာက္ေဆးရံုႀကီးမွာ ျမန္မာအမ်ိဳးသမီးတဦးမွာ ကုိဗစ္ကပ္ျဖစ္ေနတာ စစ္ေဆးေတ႔ြခဲ့ၿပီး တပတ္အတြင္းမွာပဲ အတည္ျပဳလူနာ ၇၀၀ ေက်ာ္ ႐ွိသြားပါၿပီ။ အမ်ားစုက ျမန္မာအလုပ္သမားေတြျဖစ္ၾကတယ္လို႔ ေရာင္ျခည္ဦးအလုပ္သမားအဖဲြ႔ရဲ႕ မဲေဆာက္ရံုးတာ၀န္ခံ ဦးမိုးေက်ာ္က ေျပာျပပါတယ္။

"စျပီးပိုးေတြလူနာတဦးကိုဗစ္စေတြ့တာကေနစျပီးစစ္လိုက္တာ မယ္ေတာင္စီရင္စု ၂ရက္ကြက္ကေန အထည္ခ်ဳပ္စက္ရံုေတြပါတယ္။ အိမ္ရံုေတြပါတယ္ တန္းလ်ားေတြကိုပါထပ္စစ္လိုက္တာ။ ထပ္ျပိီးကုိဗစ္ေတြ့တဲ့သူေတြတိုးလာတယ္အခုဆိုရင္ လူ၇၀၀ေက်ာ္ရွိလာျပီေပါ့ေနာ္။"

ျမန္မာအလုပ္သမားအမ်ားစုလာႀကတဲ့ မဲေဆာက္ေစ်းကိုလည္းက်န္းမာေရးတာ၀န္ရွိသူေတြက ၀င္ေရာက္စစ္ေဆးတာေတြရွိသလို၊ ျမန္မာအေတာ္မ်ားမ်ားကလည္း ကိုဗစ္ကပ္ေရာဂါကူးမွာစိုးလို႔ ေစ်း မသြားၾကေတာ့ဘူးလို႔ ဦးမိုးေက်ာ္ကေျပာပါတယ္။

"ဒီမွာကစက္ရံုေတြနဲ့ စက္ရံုမိသားစုေတြနဲ့ဆက္စပ္ေနတဲ့မဲေဆာက္ေစ်းဆုိ အေတာ္ေလးေျခာက္ကပ္သြားျပီ ျပီးခဲ့တဲ့ရက္မေန့ကတုန္းက မဲေဆာက္ေစ်းက စည္ကားတဲ့ေနရာေတြ၀င္ေရာက္စစ္ေဆးတာရွိတယ္ တခ်ိဳ ့စားေသာက္ဆုိင္ေတြဆို ထမင္းစားလို့ရတဲ့ဆိုင္ေတြဆို ထိုင္စားလို့မ၇ေတာ့ဘူး တခ်ိဳ ့ဆိုပိတ္ထားတယ္ စိုးရိမ္မူေတြရွိတယ္တတိယလိွဳင္းကအေတာ္ေလးကူးစက္မူေတြျဖစ္လာတဲ့အတြက္စိုးရိမ္မူေတြရွိႀကတယ္။"

မဲေဆာက္ျမိဳမွာ တရား၀င္အထည္ခ်ဳပ္စက္ရံုေပါင္း ၂၈၀ ေလာက္ရွိၿပီး၊ ေသာင္းနဲ့ခ်ီတဲ့ေရြေျပာင္းအလုပ္သမားေတြနဲ့ စက္ရံုေတြကို လည္ပတ္ေနႀကတာျဖစ္ပါတယ္။ ဒါ့အျပင္ မဲေဆာက္ျမိဳဟာ နယ္စပ္ၿမိဳ႕ျဖစ္တာေၾကာင့္ တျခားလုပ္ငန္းေတြလုပ္ကိုင္ေနတဲ့ တရားမ၀င္အလုပ္သမားေတြလည္း ေသာင္းနဲ႔ခ်ီရွိေနတာပါ။အခုလိုကုိဗစ္ကူးစက္မူေတြျဖစ္ေနတဲ့အတြက္ ထုိင္အာဏာပုိင္ေတြကေတာ့ ေရြေျပာင္းအလုပ္သမားေတြကို တနယ္ကေန တနယ္ ခရီးသြားလာခြင့္ေတြကိုကန္႔သတ္ထားဆဲျဖစ္ပါတယ္။

ထိုင္းတႏိုင္ငံလံုးမွာ ကိုဗစ္အတည္ျပဳလူနာ ၂သိန္း ၆ေသာင္း ၄ ေထာင့္ ၈ ရာေက်ာ္ရွိေနျပီး၊ ေသဆံုးသူက ၂ ေထာင့္ ၁ ရာနီးပါးျဖစ္ေနပါၿပီ။ ဒီေန႔ဇူလိုင္ ၁ ရက္ေန႔မွ ကိုဗစ္အတည္ျပဳလူနာသစ္ ၅၅၀၀ ေက်ာ္ရွိတယ္လို႔ ထုိင္းက်န္းမာေရး၀န္ႀကီးဌာနကတရား၀င္ထုတ္ျပန္ထားပါတယ္။

.......................................................................................

မဲဆောက်က ကိုဗစ်ကူးစက်သူတွေထဲ မြန်မာအများစုပါ

(Unicode)

ကိုဗစ်အတည်ပြုလူနာတိုးနေတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မဲဆောက်ဈေးကြီးအပါအဝင် လူစည်ကားတဲ့နေရာတွေမှာ အခုအတော်လေး ခြောက်ကပ်နေပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တပါတ်အတွင်း အတည်ပြုလူနာ ၇၀၀ ကျော်ရှိတဲ့ထဲမှာ ကိုဗစ်ရောဂါပိုးကူးနေကြသူအများစုက မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြပါတယ်။ ခုလို မဲဆောက်မြို့က အခြေအနေကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ် မဲဆောက် မယ်တောင်ရပ်ကွက်က စက်ရုံနဲ့ လူနေတန်းလျားတွေမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူ အမြောက်အများ ဆေးစစ် တေ့ွခဲ့ပြီးတဲ့နောက် ပုံမှန်စည်းကားနေလေ့ရှိတဲ့ မဲဆောက်ဈေးမှာ အခု လူမရှိသလောက်ခြောက်ကပ်သွားပါတယ်။ စက်ရုံအလုပ်သမားတွေ ပုံမှန် ဈေးလာဝယ်နေတဲ့ ဈေးကြီးမှာ လာဝယ်သူ မရှိသလောက် ဖြစ်နေတယ်လို့ မဲဆောက်ဈေးဆိုင်မှာ ဈေးရောင်းသူတဦးကေ ပြာပြပါတယ်။

"တီကေစက်ရုံတို့ ဆင်နှစ်ကောင်စက်ရုံတို့က လော့ဒေါင်းချလိုက်တော့သတင်းကနည်းနည်းပြန့်နှံသွားတော့ ဈေးထဲမှာလူလာတာက တော်တော်ကိုကျဲသွားတာလေ။ ဈေးထဲမှာ စည်တယ်ဆိုတာစက်ရုံတွေကပဲလာကြတာများတယ်။ စက်ရုံတွေကပေးမလာတော့ဘာမှကိုအဆင်မပြေတာ ။"

ဇွန်လ ၂၅ ရက်နေ့က မယ်ဆောက်ဆေးရုံကြီးမှာ မြန်မာအမျိုးသမီးတဦးမှာ ကိုဗစ်ကပ်ဖြစ်နေတာ စစ်ဆေးတေ့ွခဲ့ပြီး တပတ်အတွင်းမှာပဲ အတည်ပြုလူနာ ၇၀၀ ကျော် ရှိသွားပါပြီ။ အများစုက မြန်မာအလုပ်သမားတွေဖြစ်ကြတယ်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပြပါတယ်။

"စပြီးပိုးတွေလူနာတဦးကိုဗစ်စတွေ့တာကနေစပြီးစစ်လိုက်တာ မယ်တောင်စီရင်စု ၂ရက်ကွက်ကနေ အထည်ချုပ်စက်ရုံတွေပါတယ်။ အိမ်ရုံတွေပါတယ် တန်းလျားတွေကိုပါထပ်စစ်လိုက်တာ။ ထပ်ပြီးကိုဗစ်တွေ့တဲ့သူတွေတိုးလာတယ်အခုဆိုရင် လူ၇၀၀ကျော်ရှိလာပြီပေါ့နော်။"

မြန်မာအလုပ်သမားအများစုလာကြတဲ့ မဲဆောက်ဈေးကိုလည်းကျန်းမာရေးတာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတာတွေရှိသလို၊ မြန်မာအတော်များများကလည်း ကိုဗစ်ကပ်ရောဂါကူးမှာစိုးလို့ ဈေး မသွားကြတော့ဘူးလို့ ဦးမိုးကျော်ကပြောပါတယ်။

"ဒီမှာကစက်ရုံတွေနဲ့ စက်ရုံမိသားစုတွေနဲ့ဆက်စပ်နေတဲ့မဲဆောက်ဈေးဆို အတော်လေးခြောက်ကပ်သွားပြီ ပြီးခဲ့တဲ့ရက်မနေ့ကတုန်းက မဲဆောက်ဈေးက စည်ကားတဲ့နေရာတွေဝင်ရောက်စစ်ဆေးတာရှိတယ် တချို့စားသောက်ဆိုင်တွေဆို ထမင်းစားလို့ရတဲ့ဆိုင်တွေဆို ထိုင်စားလို့မ၇တော့ဘူး တချို့ဆိုပိတ်ထားတယ် စိုးရိမ်မူတွေရှိတယ်တတိယလှိုင်းကအတော်လေးကူးစက်မူတွေဖြစ်လာတဲ့အတွက်စိုးရိမ်မူတွေရှိကြတယ်။"

မဲဆောက်မြိုမှာ တရားဝင်အထည်ချုပ်စက်ရုံပေါင်း ၂၈၀ လောက်ရှိပြီး၊ သောင်းနဲ့ချီတဲ့ရွေပြောင်းအလုပ်သမားတွေနဲ့ စက်ရုံတွေကို လည်ပတ်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် မဲဆောက်မြိုဟာ နယ်စပ်မြို့ဖြစ်တာကြောင့် တခြားလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရားမဝင်အလုပ်သမားတွေလည်း သောင်းနဲ့ချီရှိနေတာပါ။အခုလိုကိုဗစ်ကူးစက်မူတွေဖြစ်နေတဲ့အတွက် ထိုင်အာဏာပိုင်တွေကတော့ ရွေပြောင်းအလုပ်သမားတွေကို တနယ်ကနေ တနယ် ခရီးသွားလာခွင့်တွေကိုကန့်သတ်ထားဆဲဖြစ်ပါတယ်။

ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၂သိန်း ၆သောင်း ၄ ထောင့် ၈ ရာကျော်ရှိနေပြီး၊ သေဆုံးသူက ၂ ထောင့် ၁ ရာနီးပါးဖြစ်နေပါပြီ။ ဒီနေ့ဇူလိုင် ၁ ရက်နေ့မှ ကိုဗစ်အတည်ပြုလူနာသစ် ၅၅၀၀ ကျော်ရှိတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG