သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊႀတိဂံက မူးယစ္ေဆးနဲ႔ လက္နက္အမ်ားအျပား ထိုင္းဘက္မွာဖမ္းမိ


ေရႊႀတိဂံက မူးယစ္ေဆးနဲ႔ လက္နက္အမ်ားအျပား ထိုင္းဘက္မွာဖမ္းမိ (Photo- Thai Police)

ထိုင္းျမန္မာနယ္စပ္ခ်င္းရိုင္ျပည္နယ္ထဲမွာထုိင္းနယ္ျခားေစာင့္တပ္ေတြနဲ့မူးယစ္ေမွာင္ခိုသမားေတြပစ္ခတ္မူ့ျဖစ္ျပီးေရြျတိဂံေဒသထုတ္မူးယစ္ေဆး၀ါး၁၃သန္းေက်ာ္နဲ့အတူထိုင္းျမန္မာနယ္စပ္ေက်းရြာေတြကေနတရားမ၀င္လက္နက္ေပါင္း၆၀၀ေက်ာ္ကုိဖမ္းမိခဲ့ေႀကာင္း ဇြန္လ ၂၉ရက္ေန့က ထုိင္းအာဏာပိုင္ေတြကသတင္းစာရွင္းလင္းပဲြလုပ္ခဲ့ပါတယ္။

ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးမွာပါ။

ျမန္မာနဲ႔ နယ္စပ္ ထိုင္းဘက္ျခမ္း ခ်င္းရိုင္ ခရိုင္ထဲမွာ စိတ္ၾကြေဆးျပား ၁၃ သန္းေက်ာ္နဲ႔ လက္နက္မ်ိဳးစုံ ၆၀၀ ေက်ာ္ကို ဇြန္လ ၂၈ ရက္ေန႔ တနလာၤေန႔မွာ ဖမ္းဆီး ရမိေၾကာင္း ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။

”မူးယစ္ေဆး၀ါးက အဓိက ျပသနာ ျဖစ္လာပါၿပီ။ နယ္စပ္က နယ္ေျမေတြထဲမွာ မူးယစ္ေဆး၀ါး ဒုစရိုက္ဂိုဏ္းေတြ မ်ားလာရင္ လူထုလံုၿခံဳေရးကို ထိခိုက္လာေတာ့မွာေၾကာင့္ အခုလို နယ္စပ္ တေလ ွ်ာက္ နယ္ေျမရွင္းလင္းေရး လုပ္ရတာ ျဖစ္ေၾကာင္း” အမွတ္ ၅ ေဒသ ရဲဗိုလ္ခ်ဳပ္ ပရာေခ်ာ့ ၀ုန္စြတ္ က ဇြန္လ ၂၉ ရက္ေန႔ အဂၤါေန႔က လုပ္တဲ႔ သတင္းစာ ရွင္းလငး္ပြဲမွာ ေျပာခဲ႔တာပါ။

ဇြန္လ ၂၈ ရက္ေန႔က ခ်င္းရိုင္နဲ႔ ျပည္နယ္ခ်င္း ဆက္ေနတဲ႔ လန္ပန္းျပည္နယ္ထဲမွာ စိတ္ၾကြေဆးျပား ၁ သန္းေက်ာ္ တင္ေဆာင္လာတဲ႔ မူးယစ္ ေမွာင္ခိုကူးလာသူ တဦးနဲ႔ ထိုင္း ရဲတပ္ဖြဲ႔တို႔ၾကား ပစ္ခတ္မႈ ျဖစ္ခဲ႔ၿပီးေနာက္ မူးယစ္ေမွာင္ခိုကူးသူကို အရွင္ ဖမ္းမိခဲ႔တာပါ။ ဖမ္းမိသူကို ထပ္မံ စစ္ေဆး ေတြ႔ရွိခ်က္ အရ တျခား ျပည္နယ္ေတြကိုပါ စိတ္ၾကြေဆးျပားေတြ ျဖန္႔ေနတဲ႔ ခ်င္းရိုင္ ျပည္နယ္ထဲက ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းကို ၀င္ေရာက္ စီးနင္းခဲ႔တာပါ။ အဲဒီကေန ထိုင္းဘတ္ေငြ သန္း ၂၀၀၀ ေက်ာ္ တန္ဖိုးရွိတဲ႔ စိတ္ၾကြေဆးျပညား ၁၃ သန္းေက်ာ္ကို ဖမ္းဆီး ရမိတာ ျဖစ္ပါတယ္။ မူးယစ္ေမွာင္ခိုကူးသူေတြရဲ႕ လက္နက္ မ်ိဳးစံု ၆၀၀ ေက်ာ္ကိုပါ ဖမ္းဆီးရမိခဲ႔တာပါ။ ၿပီးခဲ႔တဲ႔ ၆ လအတြင္း ထိုင္းႏုိင္ငံတြင္း စိတ္ၾကြေဆးျပား အလံုးေရ သန္း ၇၀ ေက်ာ္ ဖမ္းဆီး ရမိၿပီး ျဖစ္ေၾကာင္းလညး္ ထိုင္း မူးယစ္ႏွိမ္နင္းေရး ဗ်ဴရိုက ထုတ္ျပန္ထားပါတယ္။

===================

တိုက္႐ိုက္ လင့္ခ္


ရွှေတြိဂံက မူးယစ်ဆေးနဲ့ လက်နက်အများအပြား ထိုင်းဘက်မှာဖမ်းမိ

ထိုင်းမြန်မာနယ်စပ်ချင်းရိုင်ပြည်နယ်ထဲမှာထိုင်းနယ်ခြားစောင့်တပ်တွေနဲ့မူးယစ်မှောင်ခိုသမားတွေပစ်ခတ်မူ့ဖြစ်ပြီးရွေတြိဂံဒေသထုတ်မူးယစ်ဆေးဝါး၁၃သန်းကျော်နဲ့အတူထိုင်းမြန်မာနယ်စပ်ကျေးရွာတွေကနေတရားမဝင်လက်နက်ပေါင်း၆၀၀ကျော်ကိုဖမ်းမိခဲ့ကြောင်း ဇွန်လ ၂၉ရက်နေ့က ထိုင်းအာဏာပိုင်တွေကသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ။

မြန်မာနဲ့ နယ်စပ် ထိုင်းဘက်ခြမ်း ချင်းရိုင် ခရိုင်ထဲမှာ စိတ်ကြွဆေးပြား ၁၃ သန်းကျော်နဲ့ လက်နက်မျိုးစုံ ၆၀၀ ကျော်ကို ဇွန်လ ၂၈ ရက်နေ့ တနလာၤနေ့မှာ ဖမ်းဆီး ရမိကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

”မူးယစ်ဆေးဝါးက အဓိက ပြသနာ ဖြစ်လာပါပြီ။ နယ်စပ်က နယ်မြေတွေထဲမှာ မူးယစ်ဆေးဝါး ဒုစရိုက်ဂိုဏ်းတွေ များလာရင် လူထုလုံခြုံရေးကို ထိခိုက်လာတော့မှာကြောင့် အခုလို နယ်စပ် တလေ ျှာက် နယ်မြေရှင်းလင်းရေး လုပ်ရတာ ဖြစ်ကြောင်း” အမှတ် ၅ ဒေသ ရဲဗိုလ်ချုပ် ပရာချော့ ဝုန်စွတ် က ဇွန်လ ၂၉ ရက်နေ့ အင်္ဂါနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဇွန်လ ၂၈ ရက်နေ့က ချင်းရိုင်နဲ့ ပြည်နယ်ချင်း ဆက်နေတဲ့ လန်ပန်းပြည်နယ်ထဲမှာ စိတ်ကြွဆေးပြား ၁ သန်းကျော် တင်ဆောင်လာတဲ့ မူးယစ် မှောင်ခိုကူးလာသူ တဦးနဲ့ ထိုင်း ရဲတပ်ဖွဲ့တို့ကြား ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် မူးယစ်မှောင်ခိုကူးသူကို အရှင် ဖမ်းမိခဲ့တာပါ။ ဖမ်းမိသူကို ထပ်မံ စစ်ဆေး တွေ့ရှိချက် အရ တခြား ပြည်နယ်တွေကိုပါ စိတ်ကြွဆေးပြားတွေ ဖြန့်နေတဲ့ ချင်းရိုင် ပြည်နယ်ထဲက ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို ဝင်ရောက် စီးနင်းခဲ့တာပါ။ အဲဒီကနေ ထိုင်းဘတ်ငွေ သန်း ၂၀၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြညား ၁၃ သန်းကျော်ကို ဖမ်းဆီး ရမိတာ ဖြစ်ပါတယ်။ မူးယစ်မှောင်ခိုကူးသူတွေရဲ့ လက်နက် မျိုးစုံ ၆၀၀ ကျော်ကိုပါ ဖမ်းဆီးရမိခဲ့တာပါ။ ပြီးခဲ့တဲ့ ၆ လအတွင်း ထိုင်းနိုင်ငံတွင်း စိတ်ကြွဆေးပြား အလုံးရေ သန်း ၇၀ ကျော် ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်းလည်း ထိုင်း မူးယစ်နှိမ်နင်းရေး ဗျူရိုက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG