သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္ မင္းတပ္ကို UNHCR ကုလေထာက္ပံ့ေရးေရာက္ရွိ


ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) က ေပးပို႔တဲ့ ေထာက္ပံ့ေရး ပစၥည္းေတြကို ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ ေရာက္ရွိေနပါတယ္။ COVID-19 ကာကြယ္ေရးအတြက္ တကိုယ္ေရသုံး အကာအကြယ္ ပစၥည္းကိရိယာမ်ားအပါအဝင္ ကူညီေထာက္ပံ့ေရးပစၥည္းေတြကို နက္ျဖန္က စတင္ေဝေပးမယ္လို႔ UNHCR က သတင္းထုတ္ျပန္ထားပါတယ္။ ၿမိဳ႕ေပၚမွာ ရွိေနသူေတြတင္မဟုတ္ဘဲ မင္းတပ္ၿမိဳ႕ျပင္မွာ စစ္ေဘးတိမ္းေရွာင္ေနသူေတြကိုလည္း အကူအညီေပးဖို႔ ဒုကၡသည္ေတြ ေမ ွ်ာ္လင့္ေနၾကပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ ရန္ကုန္ကလာတဲ့ သတင္း ကိုသားၫြန႔္ဦးေျပာျပပါမယ္။

စစ္တပ္နဲ႔ ခ်င္းျပည္ကာကြယ္ေရးအဖဲြ႔ေတြၾကား တုိက္ပြဲေတြ ရပ္ထားၿပီး စစ္ေဘးဒုကၡသည္ေတြ ေနရပ္ျပန္လာႏိုင္ဖုိ႔ သေဘာတူထားခ်ိန္မွာ ကုလသမဂၢ ဒုကၡသည္မ်ား ဆိုင္ရာ မဟာမင္းႀကီးရံုး (UNHCR) ရဲ႕ အကူအညီပစၥည္းေတြ ပါတဲ့ ယာဥ္တန္း မင္းတပ္ၿမိဳ႕ကို ဇူလိုင္လ ၁၈ ရက္ေန႔က ေရာက္လာခဲ့ပါတယ္။ ဒီေန႔မွာေတာ့ UNHCR ရဲ႕ တာ၀န္ခံေတြက ဒုကၡသည္စခန္းေတြဆီကို လာေရာက္ၿပီး အကူအညီေတြ မနက္ျဖန္က စတင္ ျဖန္႔ေ၀ေပးမယ့္ အစီအစဥ္ေတြကို ေျပာၾကားခဲ့ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ မင္းတပ္ၿမိဳ႕ ဒုကၡသည္ေတြကို လက္ခံထားတဲ့ ၿမိဳ႕မ ကတ္သလစ္ ဘုရားေက်ာင္းက ဖာသာ ဦးရွယ္ထန္းက အခုလိုေျပာပါတယ္။

“ေလာေလာဆယ္က သူတို႔လက္လွမ္းမီသေလာက္ ၿမိဳ႕ေပၚမွာ က်ေနာ္တို႔ လက္ခံထားတဲ့ မိသားစုေတြကို ကူညီဖို႔ အစမ္းအေနနဲ႔ လာတဲ့သေဘာ ေျပာျပပါတယ္။ အဲ့ဒါေၾကာင့္ ၿမိဳ႕ျပင္မွာ ရြာေတြမွာ ရွိေနတဲ့ ျပန္မလာႏိုင္တဲ့ မိသားစုေတြက လူအမ်ားစုကို ဘယ္လိုကူညီမလည္း ကူညီိအစီအစဥ္ရွိလားလို႔ က်ေနာ္ကိုယ္တိုင္လည္း ေမးပါတယ္။ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္း လာတုန္းက လူ ၅၀၀ စာ မင္းတပ္ ၿမိဳ႕ေပၚအတြက္ အကူညီေပးခဲ့တယ္ဆိုတဲ့ အေၾကာင္း က်ေနာ္တို႔ သိခဲ့လို႔ အဲ့ဒီမင္းတပ္ၿမိဳ႕ေပၚမွာ လက္ခံထားတဲ့ မိသားစုေတြအတြက္ပဲ ေလာေလာဆယ္ ပထမအႀကိမ္အေနနဲ႔လာတယ္တဲ့ ခရိုင္နဲ႔ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕က ခြင့္ျပဳမယ္ဆိုရင္ ေက်းရြာေတြမွာရွိတဲ့လူေတြကို ကူညီခ်င္ပါတယ္၊ ကူညီႏိုင္ေအာင္ ႀကိဳးစားမယ္၊ ကူညီပါမယ္တဲ့။”

COVID-19 ကာကြယ္ေရးအတြက္ တကိုယ္ေရသုံး အကာအကြယ္ ပစၥည္းကိရိယာမ်ားအပါအဝင္၊ အစားအစာမဟုတ္သည့္ ပစၥည္းမ်ားအနက္မွ တာေပၚလင္မ်ား၊ ျခင္ေထာင္မ်ား၊ ဖ်ာမ်ား၊ ေစာင္မ်ား၊ မီးဖိုေခ်ာင္သုံးပစၥည္းမ်ား၊ ေနေရာင္ျခည္စြမ္းအင္သုံး မီးအိမ္မ်ားကို နက္ျဖန္ကစၿပီး ရက္သတၱတပါတ္လံုး ကူညီ ေထာက္ပံ့ျဖန႔္ျဖဴးသြားမယ္လို႔ UNHCR ကထုတ္ျပန္ထားပါတယ္။ လူဦးေရ ၅,၀၀၀ နဲ႔ ညီမွ်တဲ့ အိမ္ေထာင္စု ၁,၀၀၀ အတြက္ အကူအညီပစၥည္းေတြ ေပးႏုိင္မယ္လို႔ ေမ ွ်ာ္လင့္ေၾကာင္းလည္း UNHCR ႐ံုးရဲ႕ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ေထာက္ပံ့ေရး ပစၥည္းေတြ ျဖန္႔ေ၀ေနတဲ့တခ်ိန္တည္းမွာပဲ ဒုကၡသည္ေတြရဲ႕ လိုအပ္ခ်က္ေတြနဲ႔ စိုးရိမ္မႈေတြကို ပိုမိုသိရွိဖို႔ ရပ္ရြာလူထုေတြအျပင္ ဘာသာေရး အုပ္စုက ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆံုသြားမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

မင္းတပ္ၿမိဳ႕ေပၚက ဒုကၡသည္ေတြကို ဇူလိုင္ပထမ အပတ္က ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းက လာေရာက္ေထာက္ပံ့မႈေတြ ႐ွိခဲ့ၿပီးေနာက္ UNHCR က ပထမဆံုးအႀကိမ္ လာေရာက္ အကူအညီေတြေပးတာလည္းျဖစ္ပါတယ္။

အခု မင္းတပ္ၿမိဳ႕မွာရွိတဲ့ ဒုကၡသည္ေတြကို ျဖန္႔ေ၀ဖို႔ကို ျပည္နယ္ အုပ္ခ်ဳပ္ေရး အဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္ရယူၿပီး ကိုဗစ္စည္းကမ္းေတြနဲ႔အညီ ျဖန္႔ေ၀ဖို႔ သေဘာတူညီထားတယ္လို႔ UNHCR ကိုယ္စားေတြနဲ႔ ေတြ႕ဆံုခဲ့သူေတြက ေျပာပါတယ္။

မင္းတပ္ၿမိဳ႕ေပၚမွာ ဒုကၡသည္စခန္း ၁၀ ခု ဖြင့္လွစ္ထားခဲ့ေပမယ့္ လူနည္းစုသာ လာေရာက္ခိုလံႈေနၾကပါတယ္။ အမ်ားစုဟာ မင္းတပ္ၿမိဳ႕ျပင္မွာ ရွိတဲ့ ေက်းရြာေတြမွာ ထြက္ေျပးတိမ္းေ႐ွာင္ ခိုလံႈေနရတာပါ။ အခုလို ေက်းရြာေတြမွာ ခုိလံႈေနရတဲ့ ဒုကၡသည္ေတြကလည္း အကူအညီေတြကို ေမွ်ာ္လင့္ေနၾကပါတယ္။ ဒါနဲ႔ပတ္သက္လို႔ မင္းတပ္ၿမိဳ႕ ဒုကၡသည္စခန္း စီမံခန္႔ခြဲမႈ မိန္းေကာ္မတီ တာ၀န္ရွိသူ တဦးက...

“က်ေနာ္တို႔ သိရသေလာက္က တကယ္တမ္း စစ္ေရွာင္ေတြရွိတဲ့ဘက္ကို လာခ်င္တယ္ ဒါေပမယ့္ခြင့္ျပဳခ်က္ မရဘူးလို႔ တဆင့္စကား ျပန္ၾကားသိရတာေပါ့။ က်ေနာ္တို႔ သိရတာက စကစ ဘက္ကို ခြင့္ျပဳခ်က္တင္တယ္။ စကစဘက္က ခြင့္မျပဳေပးဘူးေပါ့ေနာ္... ရြာေတြကို လာဖို႔ခြင့္မျပဳေပးဘူးလုိ႔ပဲ သိရပါတယ္။ ဒါကလည္း ဒီလို၀င္လာတာကလည္း ဘယ္လိုပဲေျပာေျပာ မ၀င္လာတာထက္ စာရင္ အမ်ားႀကီးေကာင္းတာေပါ့။ တကယ္လိုအပ္တဲ့ေနရာကို က်ေနာ္တို႔က ေရာက္ေစခ်င္တာေပါ့။ တကယ္တမ္းေျပာရမယ္ဆို ၿမိဳ႕ေပၚမွာထက္ ေက်းရြာမွာ ေနတဲ့ လူထုေတြက ပိုခက္ခဲၾကပါတယ္။ စစ္ေရွာင္ေတြကလည္း ေက်းရြာေတြမွာ တခ်ိဳ႕ က်န္ေနဆဲပဲေပါ့ေနာ္။ ဒီလိုေနရာေတြကို ေရာက္ႏိုင္ေအာင္္လို႔ ထပ္မံၿပီးေတာ့မွ ႀကိဳးစားေပးပါလို႔ က်ေနာ္တို႔အေနနဲ႔ ေမတၱာ ရပ္ခံခ်င္ပါတယ္။”

UNHCR ဘက္ကေတာ့ ေက်းရြာေတြမွာ တိမ္းေရွာင္ေနရတဲ့ ဒုကၡသည္ေတြကို အကူညီေပးႏိုင္မယ့္ အေျခအေနကို တိတိပပ မထုတ္ျပန္ေပမဲ့ ခ်င္းျပည္နယ္နဲ႔ ႏိုင္ငံတ၀ွမ္းမွာ ရွိတဲ့ အကူအညီလိုအပ္ေနသူေတြထံ အေထာက္အပံ့ေတြေပးဖို႔ ကတိျပဳတယ္လို႔သာ ထုတ္ျပန္ထားပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ စစ္ေကာင္စီဆန္႔က်င္ေရး ဆႏၵျပသူေတြကို ဧၿပီ ၂၄ ရက္ေန႔က ဖမ္းဆီးခဲ့လို႔ ၿမိဳ႕ခံေတြက ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုရာကေနတဆင့္ စစ္ေကာင္စီတပ္ေတြနဲ႔ CDF မင္းတပ္တို႔ၾကား အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ပါတယ္။ ဧၿပီ ၂၄ ရက္ကေန ဇြန္ ၈ ရက္အထိ ၄၅ ရက္အတြင္း တိုက္ပြဲ အႀကိမ္ ၂၀ ေက်ာ္ ျဖစ္ပြားခဲ့ပါတယ္။ ႏွစ္ ဘက္လံုး ေသဆံုးဒဏ္ရာရမႈေတြ ႐ွိခဲ့ပါတယ္။ မင္းတပ္ CDF တပ္ဖြဲ႕နဲ႔ စစ္ေကာင္စီတပ္တို႔အၾကား ဇြန္ ၂၀ ကေန ဇူလိုင္ ၄ ရက္အထိ ၂ ဘက္အပစ္ခတ္ရပ္ဆဲဖို႔ ပထမဆံုး အႀကိမ္ သေဘာတူေဆြးေႏြးခဲ့ၿပီး အဲဒီသက္တမ္းျပည္ခ်ိန္မွာ ဇူလိုင္ ၂၀ ရက္အထိ အပစ္ရပ္ဖို႔ သက္တမ္း ထပ္တိုးခဲ့ပါတယ္။ ၿမိဳ႕ခံေတြ ေနရပ္ျပန္လာႏိုင္ဖို႔ အပစ္ရပ္ သေဘာတူ ေဆြးေႏြးတာ ျဖစ္ေပမဲ့ လံုၿခံဳေရး စိုးရိမ္တဲ့အတြက္ ၿမိဳ႕ခံ အနည္းစုသာ ေနရပ္ကို ျပန္လာခဲ့ၾကပါတယ္။ မင္းတပ္ၿမိဳ႕မွာ တိုက္ပြဲေတြျပင္းထန္ခဲ့ၿပီးေနာက္ပိုင္း ၿမိဳ႕ခံေတြဟာ နီးစပ္ရာေတာေတာင္ ေက်းရြာေတြမွာ ခိုလံႈေနရသလို မင္းတပ္ၿမိဳ႕နဲ႔ နယ္ေျမနီးစပ္တဲ့ ၿမိဳ႕ေတြအထိပါ စစ္ေဘးေရွာင္ေနရတဲ့ အေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ချင်းပြည်နယ် မင်းတပ်ကို UNHCR ကုလထောက်ပံ့ရေးရောက်ရှိ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပေးပို့တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ချင်းပြည်နယ် မင်းတပ်မြို့မှာ ရောက်ရှိနေပါတယ်။ COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများအပါအဝင် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို နက်ဖြန်က စတင်ဝေပေးမယ်လို့ UNHCR က သတင်းထုတ်ပြန်ထားပါတယ်။ မြို့ပေါ်မှာ ရှိနေသူတွေတင်မဟုတ်ဘဲ မင်းတပ်မြို့ပြင်မှာ စစ်ဘေးတိမ်းရှောင်နေသူတွေကိုလည်း အကူအညီပေးဖို့ ဒုက္ခသည်တွေ မေ ျှာ်လင့်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်း ကိုသားညွန့်ဦးပြောပြပါမယ်။

စစ်တပ်နဲ့ ချင်းပြည်ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ရပ်ထားပြီး စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ဖို့ သဘောတူထားချိန်မှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အကူအညီပစ္စည်းတွေ ပါတဲ့ ယာဉ်တန်း မင်းတပ်မြို့ကို ဇူလိုင်လ ၁၈ ရက်နေ့က ရောက်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ UNHCR ရဲ့ တာဝန်ခံတွေက ဒုက္ခသည်စခန်းတွေဆီကို လာရောက်ပြီး အကူအညီတွေ မနက်ဖြန်က စတင် ဖြန့်ဝေပေးမယ့် အစီအစဉ်တွေကို ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မင်းတပ်မြို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ မြို့မ ကတ်သလစ် ဘုရားကျောင်းက ဖာသာ ဦးရှယ်ထန်းက အခုလိုပြောပါတယ်။

“လောလောဆယ်က သူတို့လက်လှမ်းမီသလောက် မြို့ပေါ်မှာ ကျနော်တို့ လက်ခံထားတဲ့ မိသားစုတွေကို ကူညီဖို့ အစမ်းအနေနဲ့ လာတဲ့သဘော ပြောပြပါတယ်။ အဲ့ဒါကြောင့် မြို့ပြင်မှာ ရွာတွေမှာ ရှိနေတဲ့ ပြန်မလာနိုင်တဲ့ မိသားစုတွေက လူအများစုကို ဘယ်လိုကူညီမလည်း ကူညီအစီအစဉ်ရှိလားလို့ ကျနော်ကိုယ်တိုင်လည်း မေးပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လာတုန်းက လူ ၅၀၀ စာ မင်းတပ် မြို့ပေါ်အတွက် အကူညီပေးခဲ့တယ်ဆိုတဲ့ အကြောင်း ကျနော်တို့ သိခဲ့လို့ အဲ့ဒီမင်းတပ်မြို့ပေါ်မှာ လက်ခံထားတဲ့ မိသားစုတွေအတွက်ပဲ လောလောဆယ် ပထမအကြိမ်အနေနဲ့လာတယ်တဲ့ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုမယ်ဆိုရင် ကျေးရွာတွေမှာရှိတဲ့လူတွေကို ကူညီချင်ပါတယ် ကူညီနိုင်အောင် ကြိုးစားမယ်၊ ကူညီပါမယ်တဲ့။”

COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများအပါအဝင်၊ အစားအစာမဟုတ်သည့် ပစ္စည်းများအနက်မှ တာပေါ်လင်များ၊ ခြင်ထောင်များ၊ ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို နက်ဖြန်ကစပြီး ရက်သတ္တတပါတ်လုံး ကူညီ ထောက်ပံ့ဖြန့်ဖြူးသွားမယ်လို့ UNHCR ကထုတ်ပြန်ထားပါတယ်။ လူဦးရေ ၅,၀၀၀ နဲ့ ညီမျှတဲ့ အိမ်ထောင်စု ၁,၀၀၀ အတွက် အကူအညီပစ္စည်းတွေ ပေးနိုင်မယ်လို့ မေ ျှာ်လင့်ကြောင်းလည်း UNHCR ရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေနေတဲ့တချိန်တည်းမှာပဲ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်မှုတွေကို ပိုမိုသိရှိဖို့ ရပ်ရွာလူထုတွေအပြင် ဘာသာရေး အုပ်စုက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ပေါ်က ဒုက္ခသည်တွေကို ဇူလိုင်ပထမ အပတ်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက လာရောက်ထောက်ပံ့မှုတွေ ရှိခဲ့ပြီးနောက် UNHCR က ပထမဆုံးအကြိမ် လာရောက် အကူအညီတွေပေးတာလည်းဖြစ်ပါတယ်။

အခု မင်းတပ်မြို့မှာရှိတဲ့ ဒုက္ခသည်တွေကို ဖြန့်ဝေဖို့ကို ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ရဲ့ ခွင့်ပြုချက်ရယူပြီး ကိုဗစ်စည်းကမ်းတွေနဲ့အညီ ဖြန့်ဝေဖို့ သဘောတူညီထားတယ်လို့ UNHCR ကိုယ်စားတွေနဲ့ တွေ့ဆုံခဲ့သူတွေက ပြောပါတယ်။

မင်းတပ်မြို့ပေါ်မှာ ဒုက္ခသည်စခန်း ၁၀ ခု ဖွင့်လှစ်ထားခဲ့ပေမယ့် လူနည်းစုသာ လာရောက်ခိုလှုံနေကြပါတယ်။ အများစုဟာ မင်းတပ်မြို့ပြင်မှာ ရှိတဲ့ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရတာပါ။ အခုလို ကျေးရွာတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေကလည်း အကူအညီတွေကို မျှော်လင့်နေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ မင်းတပ်မြို့ ဒုက္ခသည်စခန်း စီမံခန့်ခွဲမှု မိန်းကော်မတီ တာဝန်ရှိသူ တဦးက...

“ကျနော်တို့ သိရသလောက်က တကယ်တမ်း စစ်ရှောင်တွေရှိတဲ့ဘက်ကို လာချင်တယ် ဒါပေမယ့်ခွင့်ပြုချက် မရဘူးလို့ တဆင့်စကား ပြန်ကြားသိရတာပေါ့။ ကျနော်တို့ သိရတာက စကစ ဘက်ကို ခွင့်ပြုချက်တင်တယ်။ စကစဘက်က ခွင့်မပြုပေးဘူးပေါ့နော်... ရွာတွေကို လာဖို့ခွင့်မပြုပေးဘူးလို့ပဲ သိရပါတယ်။ ဒါကလည်း ဒီလိုဝင်လာတာကလည်း ဘယ်လိုပဲပြောပြော မဝင်လာတာထက် စာရင် အများကြီးကောင်းတာပေါ့။ တကယ်လိုအပ်တဲ့နေရာကို ကျနော်တို့က ရောက်စေချင်တာပေါ့။ တကယ်တမ်းပြောရမယ်ဆို မြို့ပေါ်မှာထက် ကျေးရွာမှာ နေတဲ့ လူထုတွေက ပိုခက်ခဲကြပါတယ်။ စစ်ရှောင်တွေကလည်း ကျေးရွာတွေမှာ တချို့ ကျန်နေဆဲပဲပေါ့နော်။ ဒီလိုနေရာတွေကို ရောက်နိုင်အောင်လို့ ထပ်မံပြီးတော့မှ ကြိုးစားပေးပါလို့ ကျနော်တို့အနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်။”

UNHCR ဘက်ကတော့ ကျေးရွာတွေမှာ တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကို အကူညီပေးနိုင်မယ့် အခြေအနေကို တိတိပပ မထုတ်ပြန်ပေမဲ့ ချင်းပြည်နယ်နဲ့ နိုင်ငံတဝှမ်းမှာ ရှိတဲ့ အကူအညီလိုအပ်နေသူတွေထံ အထောက်အပံ့တွေပေးဖို့ ကတိပြုတယ်လို့သာ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဧပြီ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့လို့ မြို့ခံတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုရာကနေတဆင့် စစ်ကောင်စီတပ်တွေနဲ့ CDF မင်းတပ်တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၂၄ ရက်ကနေ ဇွန် ၈ ရက်အထိ ၄၅ ရက်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ နှစ် ဘက်လုံး သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ မင်းတပ် CDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ဇွန် ၂၀ ကနေ ဇူလိုင် ၄ ရက်အထိ ၂ ဘက်အပစ်ခတ်ရပ်ဆဲဖို့ ပထမဆုံး အကြိမ် သဘောတူဆွေးနွေးခဲ့ပြီး အဲဒီသက်တမ်းပြည်ချိန်မှာ ဇူလိုင် ၂၀ ရက်အထိ အပစ်ရပ်ဖို့ သက်တမ်း ထပ်တိုးခဲ့ပါတယ်။ မြို့ခံတွေ နေရပ်ပြန်လာနိုင်ဖို့ အပစ်ရပ် သဘောတူ ဆွေးနွေးတာ ဖြစ်ပေမဲ့ လုံခြုံရေး စိုးရိမ်တဲ့အတွက် မြို့ခံ အနည်းစုသာ နေရပ်ကို ပြန်လာခဲ့ကြပါတယ်။ မင်းတပ်မြို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်း မြို့ခံတွေဟာ နီးစပ်ရာတောတောင် ကျေးရွာတွေမှာ ခိုလှုံနေရသလို မင်းတပ်မြို့နဲ့ နယ်မြေနီးစပ်တဲ့ မြို့တွေအထိပါ စစ်ဘေးရှောင်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG