သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယင္းမာပင္မွာ PDF နဲ႔ စစ္ေကာင္စီတပ္ တိုက္ပဲြျဖစ္ (ေဒသခံ အမ်ိဳးသမီးတဦး)


ယင္းမာပင္ခ႐ိုင္က စစ္ေရွာင္ဒုကၡသည္မ်ား (Photo - Citizen Journalist)

[ Zawgyi ]

စစ္ကိုင္းတိုင္း ယင္းမာပင္ခ႐ိုင္ နတ္ေထာက္အုပ္စု အုန္းစုံ ေတာျပင္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး PDF အဖြဲ႔ၾကား ဇူလိုင္(၂၅) တနဂၤေႏြေန႔ညအထိ တိုက္ပဲြျဖစ္ပြားခဲ့တယ္လို႔ လုံျခဳံေရးအရ အမည္မေဖၚလိုတဲ့ ေဒသခံအမ်ဳိးသမီးတဦးက VOA ကို ေျပာပါတယ္။

" တိုက္ပဲြက နတ္ေထာက္အုပ္စု အုန္းစံုေတာျပင္မွာ တိုက္ပဲြျဖစ္ေနတာပါ။ အခု က်မတို႔ မိုးခ်ဳပ္အထိ ျဖစ္ေနတုန္းပဲ RPG ေတြနဲ႔ ထုတယ္တဲ့။ က်မတို႔ PDF ေတြ မကပ္ႏိုင္ဘူး။ အခုဟာက ရြာထဲက ႏြားေတြလည္း သတ္စားတယ္၊ လူေတြကိုလည္း ပစ္တယ္ခတ္တယ္။ ဘုန္းႀကီးတပါး ထိမွန္တယ္လို႔ ေျပာတယ္။ "

အဲဒီေဒသမွာ အိမ္ေျခ (၅၀)ေက်ာ္ရွိၿပီး ရြားသား(၁၅၀)ေက်ာ္ ထြက္ေျပး တိမ္ေရွာင္ေနရတယ္လို႔ သိရၿပီး ၊ ဒီတိုက္ပဲြသတင္း အေသးစိတ္ကို အတည္ျပဳႏိုင္ဖို႔ VOA က ဆက္လက္ စုံစမ္းေနဆဲ ျဖစ္ပါတယ္။

ဒီအေတာတြင္း ယင္းမာပင္ခ႐ိုင္ ဆားလင္းႀကီးျမဳိ႕မွာ ေန႔စဥ္ဆိုသလို စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ခ်ီတက္ဆႏၵျပပဲြေတြ ရွိၿပီး၊ စစ္ေကာင္စီတပ္ေတြက လာေရာက္ျဖဳိခဲြရာမွာ စေနေန႔က ရြာသားတခ်ဳိ႕အဖမ္းခံရသလို ၊ ကိုဗစ္ေၾကာင့္ ဆားလင္းႀကီးျမဳိ႕အဝင္ စာသင္ေက်ာင္းမွာ ကြာရမ္တင္း ဝင္ေနတဲ့ လူ(၅)ဦးကိုလည္း ဖမ္းဆီးသြားတယ္လို႔ ေဒသခံက ေျပာပါတယ္။

တခ်ိန္ထဲမွာပဲ စစ္ကိုင္းတိုင္း ကနီျမဳိ႕နယ္ အေရွ႕ဖက္ျခမ္း နတ္ႀကီး ၊ စဖိုႀကီး ရြာေတြဖက္မွာ စစ္ေကာင္စီတပ္ေတြက ခ်င္းတြင္းျမစ္ထဲကေန လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ခတ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အလားတူ ခ်င္းျပည္နယ္ မင္းတပ္ျမဳိ႕မွာလည္း ေဒသခံ PDF တပ္ေတြနဲ႔ စစ္ေကာင္စီတပ္ၾကား မေန႔က တေက်ာ့ျပန္ တိုက္ပဲြ ျဖစ္ပြားေနပါတယ္။

[ Unicode ]

ယင်းမာပင်မှာ PDF နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ် (ဒေသခံ အမျိုးသမီးတဦး)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် နတ်ထောက်အုပ်စု အုန်းစုံ တောပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ကြား ဇူလိုင်(၂၅) တနင်္ဂနွေနေ့ညအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ဒေသခံအမျိုးသမီးတဦးက VOA ကို ပြောပါတယ်။

" တိုက်ပွဲက နတ်ထောက်အုပ်စု အုန်းစုံတောပြင်မှာ တိုက်ပွဲဖြစ်နေတာပါ။ အခု ကျမတို့ မိုးချုပ်အထိ ဖြစ်နေတုန်းပဲ RPG တွေနဲ့ ထုတယ်တဲ့။ ကျမတို့ PDF တွေ မကပ်နိုင်ဘူး။ အခုဟာက ရွာထဲက နွားတွေလည်း သတ်စားတယ်၊ လူတွေကိုလည်း ပစ်တယ်ခတ်တယ်။ ဘုန်းကြီးတပါး ထိမှန်တယ်လို့ ပြောတယ်။ "

အဲဒီဒေသမှာ အိမ်ခြေ (၅၀)ကျော်ရှိပြီး ရွားသား(၁၅၀)ကျော် ထွက်ပြေး တိမ်ရှောင်နေရတယ်လို့ သိရပြီး ၊ ဒီတိုက်ပွဲသတင်း အသေးစိတ်ကို အတည်ပြုနိုင်ဖို့ VOA က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီအတောတွင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့မှာ နေ့စဉ်ဆိုသလို စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲတွေ ရှိပြီး၊ စစ်ကောင်စီတပ်တွေက လာရောက်ဖြိုခွဲရာမှာ စနေနေ့က ရွာသားတချို့အဖမ်းခံရသလို ၊ ကိုဗစ်ကြောင့် ဆားလင်းကြီးမြို့အဝင် စာသင်ကျောင်းမှာ ကွာရမ်တင်း ဝင်နေတဲ့ လူ(၅)ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။

တချိန်ထဲမှာပဲ စစ်ကိုင်းတိုင်း ကနီမြို့နယ် အရှေ့ဖက်ခြမ်း နတ်ကြီး ၊ စဖိုကြီး ရွာတွေဖက်မှာ စစ်ကောင်စီတပ်တွေက ချင်းတွင်းမြစ်ထဲကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ချင်းပြည်နယ် မင်းတပ်မြို့မှာလည်း ဒေသခံ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်ကြား မနေ့က တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG