သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္နဲ႔တမူးမွာ ေဒသခံကာကြယ္ေရးအဖြဲ႔နဲ႔စစ္တပ္တို႔တိုက္ပြဲျဖစ္


စစ္အာဏာသိမ္းေကာင္စီတပ္နဲ႔ ေဒသခံခ်င္းကာကြယ္ေရးတပ္တို႔ၾကား တုိက္ပြဲေတြေၾကာင့္ ထြက္ေျပးေနရတဲ့ ေဒသခံျပည္သူမ်ား။ (ေမ၊ ၂၀။ ၂၀၂၁)

Zawgyi/Unicode

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္မွာ ေဒသခံကာကြယ္ေရး CDF အဖြဲ႔နဲ႔ စစ္ေကာင္စီတို႔အၾကား (၄) ရက္ဆက္တိုက္ပြဲျဖစ္ပြားေနသလို စစ္ေရးတင္းမာမႈအတြင္း စစ္ေကာင္စီေရွ႕တန္းစခန္းက လုံၿခဳံေရးအဖြဲ႔ဝင္တခ်ိဳ႕ CDF အဖြဲ႔နဲ႔ပူးေပါင္းလာတယ္လို႔ ကာကြယ္ေရး ေခါင္းေဆာင္ေတြကေျပာပါတယ္။ စစ္ကိုင္းတိုင္းတမူးၿမိဳ႕နယ္မွာလည္း တမူးလုံၿခဳံေရးအဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္တို႔အၾကား အိႏၵိယနယ္စပ္မွာ တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ႏိုင္ကြန္းအိန္ကေန ဆက္သြယ္ေမးျမန္း သတင္းေပးပို႔ ထားပါတယ္။

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္နဲ႔ စစ္ကိုင္းတိုင္းတမူးၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔တို႔အၾကား တိုက္ပြဲျဖစ္ပြါးေနတာပါ။

ၿပီးခဲ့တဲ့ ေသာၾကာေန႔ကေန မေန႔ကတနဂၤေႏြေန႔အထိ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ နယ္မွာ ေဒသခံကာကြယ္ေရးCDFအဖြဲ႔ေတြရွိတဲ့ မင္းတပ္ေတာင္ပိုင္းနဲ႔ေျမာက္ပိုင္းေဒသေတြမွာ စစ္ေကာင္စီတပ္ဘက္ကေန ထိုးစစ္ဆင္ခဲ့လို႔ တိုက္ပြဲျပင္းထန္ျဖစ္ ပြားခဲ့တယ္လို႔ မင္းတပ္ကာကြယ္ေရး CDF အဖြဲ႔ေခါင္းေဆာင္တဦးက ေျပာပါတယ္။

“အခုေလာေလာဆယ္မွာ က်ေနာ္တို႔ မင္းတပ္ကို စစ္ေၾကာင္း (၆) ေၾကာင္း ေလာက္ သူတို႔လာတယ္လို႔ ၾကားရတယ္။ အဲဒီအထဲမွာမွ ေျမာက္ပိုင္းဌာနခ်ဳပ္ရွိတဲ့ေနရာဘက္ဆီမွာ တိုက္ပြဲေတာ္ေတာ္ျပင္းထန္ပါတယ္။ က်ေနာ္တို႔ ထိုးစစ္ခံေနရတယ္။ ဆုတ္ေပးေနရတယ္။ ျဖစ္တာက ရန္းေခ်ာင္းတိုက္ပြဲရွိတယ္။ ေလးအိမ္စုတိုက္ပြဲရွိမယ္။ ေ႐ႊေအာင္သာတိုက္ပြဲရွိမယ္။ ေနာက္ေတာင္ဘက္ပိုင္းျခမ္းမွာေတာ့ မင္းတပ္ မတူပီ လမ္းေၾကာင္းအတိုင္း ဆင္းလာတဲ့စကစ (စစ္ေကာင္စီ) နဲ႔ က်ေနာ္တို႔ရဲေဘာ္ေတြနဲ႔ထိေတြ႔မႈရွိတယ္။”

ဒါ့အျပင္ ၿပီးခဲ့တဲ့စေနေန႔မွာ မင္းတပ္ၿမိဳ႕နယ္က စစ္ေကာင္စီအဖြဲ႔ရဲ႕ မေကြအိမ္ႏူးၿမိဳ႕လုံၿခဳံေရးစခန္းကို ေဒသခံျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ေတြက တိုက္ခိုက္ဖို႔လုပ္ေဆာင္ရာမွာ စခန္းေနတပ္ဖြဲ႔တခ်ိဳ႕ CDF အဖြဲ႔ေတြနဲ႔ပူးေပါင္းလာတယ္လို႔ CDF အဖြဲ႔ ေခါင္းေဆာင္ကပဲ ဆက္ေျပာပါတယ္။

“ဝင္စီးမယ္ဆိုၿပီးလုပ္ေတာ့ သူတို႔ကလည္း CDM လုပ္ဖို႔အစီစဥ္ရွိတယ္ဆိုၿပီးေတာ့ က်ေနာ္တို႔နဲ႔ပူးေပါင္း ေဆာင္႐ြက္ၾကတယ္။ ရဲနဲ႔ဒီစကစနဲ႔ဆိုရင္ (၇) ဦးေလာက္ပါပဲ။ စခမ္းမွာလူက (၁၁) ဦးေလာက္ရွိတယ္။ (၁၁) ဦးထဲက (၄) ဦး ထြက္ေျပးတယ္လို႔ က်ေနာ္တို႔သိရတယ္။ အခု က်ေနာ္တို႔ရဲေဘာ္ေတြနဲ႔ပူးေပါင္းသြားတာက (၇) ဦးေလာက္ရွိတယ္။ ”

ပူးေပါင္းလာတဲ့ (၇) ဦးအထဲ စစ္တပ္အရာရွိတဦးနဲ႔ရဲအရာရွိတဦးပါဝင္ၿပီး လက္နက္ အင္အားဘယ္ေလာက္နဲ႔ ပူးေပါင္းလာတာကိုေတာ့ CDF အဖြဲ႔ ေခါင္းေဆာင္ကေျပာဆိုျခင္းမရွိခဲ့ပါဘူး။

မေကြအိမ္ႏူးၿမိဳ႕ဟာ မင္းတပ္ၿမိဳ႕ကေန မိုင္ ၇၀ ခန႔္ကြာေဝးၿပီး ေဆာ-ကန္ပက္လက္-ပလက္ဝ ဆက္သြယ္တဲ့လမ္းေပၚ မွာတည္ရွိပါတယ္။

ဒါ့အျပင္ ဒီကေန႔မွာ ကန္ပက္လက္ဘက္ကေန စစ္ေကာင္စီတပ္ဖြဲ႔ စစ္ေၾကာင္းတခု မင္းတပ္ဘက္ကို အင္အားျဖည့္ဖို႔စစ္ခ်ီလာၿပီးျဖစ္လို႔ တိုက္ပြဲ ဆက္လက္ျပင္းထန္မယ့္ အလားလာရွိဦးမယ္လို႔သူကေျပာပါတယ္။

မင္းတပ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ဧၿပီလ ၂၆ ရက္ေန႔ေလာက္ကစၿပီး ခ်င္းကာကြယ္ေရးအဖြဲ႔ (CDF) နဲ႔ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲေတြစတင္ျဖစ္ပြားခဲ့တာပါ။ ဇြန္လ ၂၀ ရက္ေန႔ကစလို႔ မင္းတပ္ CDF အဖြဲ႔နဲ႔စစ္ေကာင္စီတပ္တို႔ၾကား (၁၄) ရက္အၾကာ ယာယီအပစ္ခတ္ရပ္စဲခဲ့ၿပီး ဇူလိုင္ (၂၁) ေလာက္မွာ တိုက္ပြဲတဖန္ျဖစ္ပြါးလာခဲ့ပါတယ္။

စစ္ေရးပဋိပကၡအတြင္း မင္းတပ္ ၿမိဳ႕ေပၚနဲ႔ေက်း႐ြာေတြက စစ္ေဘးေရွာင္ဦးေရေသာင္းေက်ာ္ဟာ ေတာေတာင္ေတြထဲကို ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႔နဲ႔စစ္ေရးတင္းမာေနဆဲ စစ္ကိုင္းတိုင္းတမူးၿမိဳ႕နယ္မွာလည္း ဇူလိုင္ ၂၄ ရက္က တမူးလုံၿခဳံေရးအဖြဲ႔ (TSG) နဲ႔စစ္တပ္အၾကား ႏွစ္ဖက္ ရင္ဆိုင္တိုက္ပြဲ ျဖစ္ပြါးခဲ့တယ္လို႔ တမူး TSG အဖြဲ႔ဝင္တဦးကေျပာပါတယ္။

“စစ္ေကာင္စီနဲ႔ပ်ဴေစာထီးတို႔ကေနၿပီးေတာ့မွ နယ္ေျမသြားရွင္းတာ အဲဒီမွာတမူး Security Groupsနဲ႔ ထိတ္တိုက္ေတြ႔လို႔ အဲဒီမွာပစ္ခတ္ၾကတာ။ တမူးနဲ႔အိႏၵိယ ေတာထဲမွာ။ ပစ္ခတ္ၾကတဲ့အခါက်ေတာ့ စစ္ေကာင္စီဘက္က (၉) ဦးက်သြားတယ္။ ကသည္းတေယာက္လည္း ပါတယ္။ TSG ဘက္ကေတာ့မက်ဘူး။”

ဒီတိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဘက္က ၉ ေယာက္ က်ဆုံးခဲ့တယ္လို႔ တမူးလုံၿခဳံေရးအဖြဲ႔ (TSG) က သတင္းထုတ္ျပန္ထားၿပီး ဗြီအိုေအအေနနဲ႔သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

မင္းတပ္နဲ႔တမူးတိုက္ပြဲအေျခအေနကိုသိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကိုဆက္သြယ္ခဲ့ေပမဲ့မရခဲ့ပါဘူး။

တမူးၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ဧၿပီလကတည္းက စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသကာကြယ္ေရးတပ္ေတြၾကား မၾကာခဏ တိုက္ပြဲေတြ ျဖစ္ပြားေနသလို ေဒသခံေတြ အိႏၵိယနယ္စပ္ဘက္က တိမ္းေရွာင္ေနမႈေတြလည္း ရွိေနပါတယ္။

စစ္တပ္ကေန အာဏာထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္းျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြနဲ႔တိုက္ပြဲေၾကာင့္ ေဒသခံျပည္သူ (၁၇၀,၀၀၀)ေက်ာ္ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ရေၾကာင္းဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံး (UNHCR) က ခန႔္မွန္းထားပါတယ္။

စစ္ေကာင္စီျပန္ၾကားေရးဌာနက ေပးပို႔တဲ့ တုံ႔ျပန္ခ်က္ထဲမွာေတာ့ မင္းတပ္ၿမိဳ႕နယ္တြင္း မကြီအိမ္ႏူးစခန္းမွာ လုံၿခဳံေရးေနတဲ့ စစ္တပ္နဲ႔ရဲ ၆ ဦး ဇူလႈိင္လ ၂၂ ရက္ေန႔က ဖမ္းဆီးခံရတဲ့ေနာက္ CDM လုပ္ေနတဲ့ရဲတပ္ၾကပ္ႀကီးတဦး ဦးေဆာင္တဲ့ လူ ၅၀ ခန႔္ မကြီအိမ္ႏူးစခန္းကို ဝိုင္းၿပီး လက္နက္ခ်ဖို႔ ညႇိဳႏႈိင္းခဲ့တယ္လို႔ ဆိုပါတယ္။ စခန္းက လုံၿခဳံေရးပူးေပါင္းတပ္ဖြဲ႔ေတြဘက္က လက္မခံခဲ့ေပမယ့္ လုံၿခဳံေရးကိစၥေဆာင္႐ြက္ေနစဥ္မွာပဲ ဇူလႈိင္ ၂၃ရက္ ညေန ၃ နာရီကစလို႔ သူတို႔နဲ႔ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့တယ္လို႔ စစ္ေကာင္စီျပန္ၾကားေရးဌာနက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

xxxxxxxxxxxxxx

Unicode

မင်းတပ်နဲ့တမူးမှာ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့စစ်တပ်တို့တိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဒေသခံကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား (၄) ရက်ဆက်တိုက်ပွဲဖြစ်ပွားနေသလို စစ်ရေးတင်းမာမှုအတွင်း စစ်ကောင်စီရှေ့တန်းစခန်းက လုံခြုံရေးအဖွဲ့ဝင်တချို့ CDF အဖွဲ့နဲ့ပူးပေါင်းလာတယ်လို့ ကာကွယ်ရေး ခေါင်းဆောင်တွေကပြောပါတယ်။ စစ်ကိုင်းတိုင်းတမူးမြို့နယ်မှာလည်း တမူးလုံခြုံရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား အိန္ဒိယနယ်စပ်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ ထားပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းတမူးမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွါးနေတာပါ။

ပြီးခဲ့တဲ့ သောကြာနေ့ကနေ မနေ့ကတနင်္ဂနွေနေ့အထိ ချင်းပြည်နယ် မင်းတပ်မြို့ နယ်မှာ ဒေသခံကာကွယ်ရေးCDFအဖွဲ့တွေရှိတဲ့ မင်းတပ်တောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာ စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်ခဲ့လို့ တိုက်ပွဲပြင်းထန်ဖြစ် ပွားခဲ့တယ်လို့ မင်းတပ်ကာကွယ်ရေး CDF အဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

“အခုလောလောဆယ်မှာ ကျနော်တို့ မင်းတပ်ကို စစ်ကြောင်း (၆) ကြောင်း လောက် သူတို့လာတယ်လို့ ကြားရတယ်။ အဲဒီအထဲမှာမှ မြောက်ပိုင်းဌာနချုပ်ရှိတဲ့နေရာဘက်ဆီမှာ တိုက်ပွဲတော်တော်ပြင်းထန်ပါတယ်။ ကျနော်တို့ ထိုးစစ်ခံနေရတယ်။ ဆုတ်ပေးနေရတယ်။ ဖြစ်တာက ရန်းချောင်းတိုက်ပွဲရှိတယ်။ လေးအိမ်စုတိုက်ပွဲရှိမယ်။ ရွှေအောင်သာတိုက်ပွဲရှိမယ်။ နောက်တောင်ဘက်ပိုင်းခြမ်းမှာတော့ မင်းတပ် မတူပီ လမ်းကြောင်းအတိုင်း ဆင်းလာတဲ့စကစ (စစ်ကောင်စီ) နဲ့ ကျနော်တို့ရဲဘော်တွေနဲ့ထိတွေ့မှုရှိတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့စနေနေ့မှာ မင်းတပ်မြို့နယ်က စစ်ကောင်စီအဖွဲ့ရဲ့ မကွေအိမ်နူးမြို့လုံခြုံရေးစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ဖို့လုပ်ဆောင်ရာမှာ စခန်းနေတပ်ဖွဲ့တချို့ CDF အဖွဲ့တွေနဲ့ပူးပေါင်းလာတယ်လို့ CDF အဖွဲ့ ခေါင်းဆောင်ကပဲ ဆက်ပြောပါတယ်။

“ဝင်စီးမယ်ဆိုပြီးလုပ်တော့ သူတို့ကလည်း CDM လုပ်ဖို့အစီစဉ်ရှိတယ်ဆိုပြီးတော့ ကျနော်တို့နဲ့ပူးပေါင်း ဆောင်ရွက်ကြတယ်။ ရဲနဲ့ဒီစကစနဲ့ဆိုရင် (၇) ဦးလောက်ပါပဲ။ စခမ်းမှာလူက (၁၁) ဦးလောက်ရှိတယ်။ (၁၁) ဦးထဲက (၄) ဦး ထွက်ပြေးတယ်လို့ ကျနော်တို့သိရတယ်။ အခု ကျနော်တို့ရဲဘော်တွေနဲ့ပူးပေါင်းသွားတာက (၇) ဦးလောက်ရှိတယ်။ ”

ပူးပေါင်းလာတဲ့ (၇) ဦးအထဲ စစ်တပ်အရာရှိတဦးနဲ့ရဲအရာရှိတဦးပါဝင်ပြီး လက်နက် အင်အားဘယ်လောက်နဲ့ ပူးပေါင်းလာတာကိုတော့ CDF အဖွဲ့ ခေါင်းဆောင်ကပြောဆိုခြင်းမရှိခဲ့ပါဘူး။

မကွေအိမ်နူးမြို့ဟာ မင်းတပ်မြို့ကနေ မိုင် ၇၀ ခန့်ကွာဝေးပြီး ဆော-ကန်ပက်လက်-ပလက်ဝ ဆက်သွယ်တဲ့လမ်းပေါ် မှာတည်ရှိပါတယ်။

ဒါ့အပြင် ဒီကနေ့မှာ ကန်ပက်လက်ဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတခု မင်းတပ်ဘက်ကို အင်အားဖြည့်ဖို့စစ်ချီလာပြီးဖြစ်လို့ တိုက်ပွဲ ဆက်လက်ပြင်းထန်မယ့် အလားလာရှိဦးမယ်လို့သူကပြောပါတယ်။

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့လောက်ကစပြီး ချင်းကာကွယ်ရေးအဖွဲ့ (CDF) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါ။ ဇွန်လ ၂၀ ရက်နေ့ကစလို့ မင်းတပ် CDF အဖွဲ့နဲ့စစ်ကောင်စီတပ်တို့ကြား (၁၄) ရက်အကြာ ယာယီအပစ်ခတ်ရပ်စဲခဲ့ပြီး ဇူလိုင် (၂၁) လောက်မှာ တိုက်ပွဲတဖန်ဖြစ်ပွါးလာခဲ့ပါတယ်။

စစ်ရေးပဋိပက္ခအတွင်း မင်းတပ် မြို့ပေါ်နဲ့ကျေးရွာတွေက စစ်ဘေးရှောင်ဦးရေသောင်းကျော်ဟာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့စစ်ရေးတင်းမာနေဆဲ စစ်ကိုင်းတိုင်းတမူးမြို့နယ်မှာလည်း ဇူလိုင် ၂၄ ရက်က တမူးလုံခြုံရေးအဖွဲ့ (TSG) နဲ့စစ်တပ်အကြား နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ တမူး TSG အဖွဲ့ဝင်တဦးကပြောပါတယ်။

“စစ်ကောင်စီနဲ့ပျူစောထီးတို့ကနေပြီးတော့မှ နယ်မြေသွားရှင်းတာ အဲဒီမှာတမူး Security Groupsနဲ့ ထိတ်တိုက်တွေ့လို့ အဲဒီမှာပစ်ခတ်ကြတာ။ တမူးနဲ့အိန္ဒိယ တောထဲမှာ။ ပစ်ခတ်ကြတဲ့အခါကျတော့ စစ်ကောင်စီဘက်က (၉) ဦးကျသွားတယ်။ ကသည်းတယောက်လည်း ပါတယ်။ TSG ဘက်ကတော့မကျဘူး။”

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၉ ယောက် ကျဆုံးခဲ့တယ်လို့ တမူးလုံခြုံရေးအဖွဲ့ (TSG) က သတင်းထုတ်ပြန်ထားပြီး ဗွီအိုအေအနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

မင်းတပ်နဲ့တမူးတိုက်ပွဲအခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။

တမူးမြို့နယ်မှာ ပြီးခဲ့တဲ့ဧပြီလကတည်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ဒေသခံတွေ အိန္ဒိယနယ်စပ်ဘက်က တိမ်းရှောင်နေမှုတွေလည်း ရှိနေပါတယ်။

စစ်တပ်ကနေ အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်းမြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့တိုက်ပွဲကြောင့် ဒေသခံပြည်သူ (၁၇၀,၀၀၀)ကျော်နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) က ခန့်မှန်းထားပါတယ်။

စစ်ကောင်စီပြန်ကြားရေးဌာနက ပေးပို့တဲ့ တုံ့ပြန်ချက်ထဲမှာတော့ မင်းတပ်မြို့နယ်တွင်း မကွီအိမ်နူးစခန်းမှာ လုံခြုံရေးနေတဲ့ စစ်တပ်နဲ့ရဲ ၆ ဦး ဇူလှိုင်လ ၂၂ ရက်နေ့က ဖမ်းဆီးခံရတဲ့နောက် CDM လုပ်နေတဲ့ရဲတပ်ကြပ်ကြီးတဦး ဦးဆောင်တဲ့ လူ ၅၀ ခန့် မကွီအိမ်နူးစခန်းကို ဝိုင်းပြီး လက်နက်ချဖို့ ညှိုနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။ စခန်းက လုံခြုံရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်မခံခဲ့ပေမယ့် လုံခြုံရေးကိစ္စဆောင်ရွက်နေစဉ်မှာပဲ ဇူလှိုင် ၂၃ရက် ညနေ ၃ နာရီကစလို့ သူတို့နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

#MyanmarMilitaryCoup #MyanmarViolence #ChinDefenseForce #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG