သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္နဲ႔မုံ႐ြာ အေသးစားေပါက္ကြဲမႈမ်ားျဖစ္ပြား 


Explosion in Yangon

Zawgyi/Unicode

စစ္အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ဆႏၵျပသပိတ္ေတြႏိုင္ငံတဝန္း ဆက္ျဖစ္ေနခ်ိန္ မွာပဲ ရန္ကုန္နဲ႔မုံ႐ြာၿမိဳ႕ေတြမွာ ဒီေန႔ မနက္ပိုင္းက ဗုံးေပါက္ကြဲမႈေတြ ဆက္တိုက္ျဖစ္ပြားခဲ့ပါတယ္။ အဲဒီဗုံးေပါက္ကြဲမႈေၾကာင့္ ထိခိုက္ေသဆုံးမႈေတြ မရွိေပမယ့္ အာဏာပိုင္ေတြဘက္ကေတာ့ လုံၿခဳံေရးေတြ တိုးျမွင့္ခ်ထားတာေတြရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ႏိုင္ငံတဝန္းကေပါက္ကြဲမႈေတြနဲ႔ ဆႏၵျပပြဲ အေျခအေန အေၾကာင္းကိုေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ကိုရန္ႏိုင္က ေျပာျပေပးမွာျဖစ္ပါတယ္။

ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္တခ်ိဳ႕နဲ႔ စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕ေတြမွာ ဒီေန႔ မနက္အေစာပိုင္းက ဗုံးေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ထဲမွာ ဒီေန႔ မနက္အေစာပိုင္းက ဗုံးေပါက္ကြဲမႈတခ်ိဳ႕ျဖစ္ပြားခဲ့ၿပီး နတ္စင္လမ္းထိပ္ မွာလည္း ဗုံးတလုံး ေပါက္ကြဲခဲ့တယ္လို႔ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မွာ ေနထိုင္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“က်မတို႔ ဒီဘက္မွာ ဗုံးေပါက္တာကက်ေတာ့ နတ္စင္လမ္းမွာ ေပါက္တာ။ သူက မနက္ ၄ နာရီမွာ ဗုံးေပါက္တယ္။ ဒီဘက္ သရက္ေတာဘက္မွာကက်ေတာ့ မနက္ ၇ နာရီမွာေတြ႔တာ၊ ၃ လုံးေလာက္ေတြ႔တယ္လို႔ ၾကားတယ္။ ရဝတ႐ုံး (ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံး) မွာေတြ႔တာေပါ့ေနာ္။ သာဓုလမ္းက သာဓုရပ္ကြက္႐ုံးမွာေတြ႔ တယ္လို႔လည္း ေျပာတယ္။ လုံၿခဳံေရးကေတာ့ အဲဒီအခ်ိန္ေလာက္ပဲ နာရီဝက္ ၁ နာရီ ေလာက္ကိုပဲ သူတို႔ ပိတ္လိုက္တာ၊ ၿပီးေတာ့ ျပန္ဖြင့္ေပးလိုက္တယ္။ အခုကေတာ့ မရွိေတာ့ဘူး။ ျဖစ္တဲ့အခ်ိန္တုန္းကေတာ့ နာရီဝက္ေလာက္ လမ္းေတြပိတ္ လိုက္တယ္။ ဒီဘက္ ဆင္မလိုက္နားကေန ေတာက္ေလွ်ာက္ပိတ္ထားတာ။”အဲဒီ ေပါက္ကြဲမႈေတြေၾကာင့္ ထိခိုက္ဒဏ္ရာရေသဆုံးမႈရွိတယ္လို႔ အခုခ်ိန္ထိ မသိရေသးပါဘူး။ ဒါ့အျပင္ ဦးႂကြယ္ဟိုးလမ္း နဲ႔ ကမ္းနားလမ္းထိပ္မွာလည္း ဒီေန႔ မနက္အေစာပိုင္းကပဲ ေနာက္ထပ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လုံၿခဳံေရးေတြ အရင္ထက္ မ်ားေနတာ ေတြ႔ရတယ္လို႔ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ေဒသခံေနာက္တဦးက ေျပာပါတယ္။

“ေပါက္ကြဲမႈျဖစ္တာ မနက္ ၃ နာရီခြဲဝန္းက်င္လို႔ေျပာတယ္။ ၃ နာရီခြဲဝန္းက်င္ပဲ၊ အဲဒီမွာေပါက္သြားတယ္။ ဒါေပမဲ့ ဗုံးက ၃ လုံးမွာ ၁ လုံးပဲ ေပါက္လို႔ ေျပာတယ္။ အဲဒီလို ေပါက္ေပါက္ခ်င္းမွာပဲ သူတို႔ေတြေရာက္ခ်လာတာ။ အထိအခိုက္မရွိပါဘူး၊ အရမ္း ႀကီးႀကီးက်ယ္က်ယ္ေတာ့ မဟုတ္ဘူး။ လုံၿခဳံေရးကေတာ့ ပုံမွန္ထက္ေတာ့ မ်ားတယ္။ လုံၿခဳံေရးက အဲဒီလမ္းထိပ္ကိုေတာ့ စစ္ကားေတြ ေစာင့္ထားတာေပါ့။ စစ္ကားက ၆ စင္း ေက်ာ္ေလာက္ေတာ့ရွိမယ္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အင္အားကေတာ့ မ်ားတယ္။ ၅၀ - ၆၀ အဲဒီဝန္းက်င္ေတာ့ရွိတယ္။ ဘာလို႔လဲဆိုေတာ့ ကားအေသးေတြလည္း ပါတယ္။ double-cab ေလးေတြလည္း ပါတယ္။ လမ္းထိပ္မွာရပ္ထားၿပီးေတာ့ လမ္းထဲမွာ ဆင္းေစာင့္ေနၾကတာ။ အလုံဘက္မွာေတာ့ မေန႔ကျဖစ္သြားတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဧည့္စာရင္းေတြ အကုန္ဝင္စစ္တယ္။”

ဒါ့အျပင္ စမ္းေခ်ာင္းၿမိဳ႕နယ္ ဗဟိုလမ္းေပၚက အာရွေတာ္ဝင္ေဆး႐ုံနားမွာလည္း ဒီေန႔ မနက္အေစာပိုင္းက ဗုံးေပါက္ကြဲမႈတခုျဖစ္ပြား ခဲ့ပါေသးတယ္။ မေန႔တုန္းကေတာ့ ၾကည့္ျမင္တိုင္ဘူတာကေန ထြက္လာတဲ့ ၿမိဳ႕ပတ္ရထားေပၚမွာပါလာတဲ့ ရဲတပ္ဖြဲ႔ဝင္ ၆ ေယာက္ဟာ ပန္းလႈိင္လမ္းဘူတာနားမွာ ပစ္ခတ္ခံရတာေၾကာင့္ ၄ ေယာက္ေသဆုံးၿပီး အဲဒီနားတဝိုက္မွာ လုံၿခဳံေရးေတြက လိုက္လံရွာေဖြတာေတြ လုပ္ေနတယ္လို႔ စမ္းေခ်ာင္းၿမိဳ႕နယ္မွာ ေနုထိုင္သူတဦးကေျပာပါတယ္။

တခ်ိန္တည္းမွာပဲ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲေတြျဖစ္ေနတဲ့ မုံ႐ြာၿမိဳ႕မွာလည္း ၿမိဳ႕လယ္ေခါင္က နာရီစင္အနီးမွာ ဒီေန႔ မနက္ပိုင္းက ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ပါတယ္။

“သူတို႔စၿပီးေတာ့ လုံၿခဳံေရးယူထားတဲ့ နာရီစင္နားမွာ ဗုံးေပါက္ကြဲတယ္ဗ်။ အဲဒါကေတာ့ က်ေနာ္တို႔နဲ႔ ဆႏၵျပတဲ့အခ်ိန္နဲ႔ တၿပိဳင္တည္းလိုလို မွာျဖစ္တာ၊ ၈ နာရီေလာက္မွာျဖစ္တယ္လို႔က်ေနာ္တို႔ ၾကားတယ္။”

မုံ႐ြာဆႏၵျပသပိတ္ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုခန႔္ေဝၿဖိဳးေျပာျပခဲ့တာပါ။ မုံ႐ြာမွာေတာ့ အခုရက္ပိုင္းေတြအတြင္း လုံၿခဳံေရးေတြ တင္းတင္းၾကပ္ၾကပ္ခ်ထားၿပီး အဲဒီလို လုံၿခဳံေရးေတြ တင္းၾကပ္ထားတဲ့ၾကားကပဲ ဒီေန႔မနက္ ၈ နာရီေလာက္က ဆႏၵျပခဲ့ၾကပါတယ္။ မုံ႐ြာ ပင္မသပိတ္စစ္ေၾကာင္းက လူငယ္ ၁၀၀ ေလာက္ဟာ ေဈးေဟာင္းမွာ စုေဝးၿပီးေတာ့ စစ္ေကာင္စီရဲ႕ မတရားတဲ့အမိန႔္ ဆႏၵျပခဲ့ၾကတာျဖစ္တယ္လို႔ မုံ႐ြာဆႏၵျပသပိတ္ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုခန႔္ေဝၿဖိဳးက ဗီအိုေအကိုေျပာပါတယ္။

“ဒီေန႔ မနက္ပိုင္းကေတာ့ လုံၿခဳံေရးေတာ္ေတာ္ေလးတင္းၾကပ္တယ္။ ေနရာအႏွံ႔ အျပားမွာ သူတို႔ခ်ထားတယ္။ အဲဒီၾကားထဲကေန က်ေနာ္တို႔ မုံ႐ြာပင္မသပိတ္ကေတာ့ ရေအာင္ထြက္ခဲ့တာပါ။ စစ္ေကာင္စီရဲ႕ အမိန႔္ေတြကို နာခံစရာမလိုဘဲနဲ႔ ပုံမွန္ အတိုင္းပဲ ကိုယ့္ရဲ႕ေရာင္းဝယ္ ေဖာက္ကားဖို႔ေပါ့၊ အဲဒါကိုတိုက္တြန္းတဲ့အေနနဲ႔ က်ေနာ္တို႔ ဒီဆႏၵျပပြဲကိုလုပ္တာ။”

ဒါ့အျပင္ မႏၲေလး၊ ပခုကၠဴ၊ ကေလး၊ ဆားလင္းႀကီး၊ တန႔္ဆည္၊ လုံးခင္း၊ ဖယ္ခုံ၊ ထားဝယ္၊ ဘားအံ၊ စတဲ့ၿမိဳ႕ေတြမွာလည္း စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပတဲ့အေနနဲ႔ ဆႏၵျပျပည္သူေတြက “မတရားတဲ့အမိန႔္အာဏာဟူသမွ်ဖီဆန္ၾက” ဆိုတဲ့ ေႂကြးေၾကာ္သံေတြ နဲ႔ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

ရန်ကုန်နဲ့မုံရွာ အသေးစားပေါက်ကွဲမှုများဖြစ်ပွား

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြသပိတ်တွေနိုင်ငံတဝန်း ဆက်ဖြစ်နေချိန် မှာပဲ ရန်ကုန်နဲ့မုံရွာမြို့တွေမှာ ဒီနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ မရှိပေမယ့် အာဏာပိုင်တွေဘက်ကတော့ လုံခြုံရေးတွေ တိုးမြှင့်ချထားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုင်ငံတဝန်းကပေါက်ကွဲမှုတွေနဲ့ ဆန္ဒပြပွဲ အခြေအနေ အကြောင်းကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့နဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့တွေမှာ ဒီနေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ထဲမှာ ဒီနေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုတချို့ဖြစ်ပွားခဲ့ပြီး နတ်စင်လမ်းထိပ် မှာလည်း ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျမတို့ ဒီဘက်မှာ ဗုံးပေါက်တာကကျတော့ နတ်စင်လမ်းမှာ ပေါက်တာ။ သူက မနက် ၄ နာရီမှာ ဗုံးပေါက်တယ်။ ဒီဘက် သရက်တောဘက်မှာကကျတော့ မနက် ၇ နာရီမှာတွေ့တာ၊ ၃ လုံးလောက်တွေ့တယ်လို့ ကြားတယ်။ ရဝတရုံး (ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး) မှာတွေ့တာပေါ့နော်။ သာဓုလမ်းက သာဓုရပ်ကွက်ရုံးမှာတွေ့ တယ်လို့လည်း ပြောတယ်။ လုံခြုံရေးကတော့ အဲဒီအချိန်လောက်ပဲ နာရီဝက် ၁ နာရီ လောက်ကိုပဲ သူတို့ ပိတ်လိုက်တာ၊ ပြီးတော့ ပြန်ဖွင့်ပေးလိုက်တယ်။ အခုကတော့ မရှိတော့ဘူး။ ဖြစ်တဲ့အချိန်တုန်းကတော့ နာရီဝက်လောက် လမ်းတွေပိတ် လိုက်တယ်။ ဒီဘက် ဆင်မလိုက်နားကနေ တောက်လျှောက်ပိတ်ထားတာ။”အဲဒီ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုရှိတယ်လို့ အခုချိန်ထိ မသိရသေးပါဘူး။ ဒါ့အပြင် ဦးကြွယ်ဟိုးလမ်း နဲ့ ကမ်းနားလမ်းထိပ်မှာလည်း ဒီနေ့ မနက်အစောပိုင်းကပဲ နောက်ထပ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတွေ အရင်ထက် များနေတာ တွေ့ရတယ်လို့ ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံနောက်တဦးက ပြောပါတယ်။

“ပေါက်ကွဲမှုဖြစ်တာ မနက် ၃ နာရီခွဲဝန်းကျင်လို့ပြောတယ်။ ၃ နာရီခွဲဝန်းကျင်ပဲ၊ အဲဒီမှာပေါက်သွားတယ်။ ဒါပေမဲ့ ဗုံးက ၃ လုံးမှာ ၁ လုံးပဲ ပေါက်လို့ ပြောတယ်။ အဲဒီလို ပေါက်ပေါက်ချင်းမှာပဲ သူတို့တွေရောက်ချလာတာ။ အထိအခိုက်မရှိပါဘူး၊ အရမ်း ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူး။ လုံခြုံရေးကတော့ ပုံမှန်ထက်တော့ များတယ်။ လုံခြုံရေးက အဲဒီလမ်းထိပ်ကိုတော့ စစ်ကားတွေ စောင့်ထားတာပေါ့။ စစ်ကားက ၆ စင်း ကျော်လောက်တော့ရှိမယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားကတော့ များတယ်။ ၅၀ - ၆၀ အဲဒီဝန်းကျင်တော့ရှိတယ်။ ဘာလို့လဲဆိုတော့ ကားအသေးတွေလည်း ပါတယ်။ double-cab လေးတွေလည်း ပါတယ်။ လမ်းထိပ်မှာရပ်ထားပြီးတော့ လမ်းထဲမှာ ဆင်းစောင့်နေကြတာ။ အလုံဘက်မှာတော့ မနေ့ကဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဧည့်စာရင်းတွေ အကုန်ဝင်စစ်တယ်။”

ဒါ့အပြင် စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်က အာရှတော်ဝင်ဆေးရုံနားမှာလည်း ဒီနေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုတခုဖြစ်ပွား ခဲ့ပါသေးတယ်။ မနေ့တုန်းကတော့ ကြည့်မြင်တိုင်ဘူတာကနေ ထွက်လာတဲ့ မြို့ပတ်ရထားပေါ်မှာပါလာတဲ့ ရဲတပ်ဖွဲ့ဝင် ၆ ယောက်ဟာ ပန်းလှိုင်လမ်းဘူတာနားမှာ ပစ်ခတ်ခံရတာကြောင့် ၄ ယောက်သေဆုံးပြီး အဲဒီနားတဝိုက်မှာ လုံခြုံရေးတွေက လိုက်လံရှာဖွေတာတွေ လုပ်နေတယ်လို့ စမ်းချောင်းမြို့နယ်မှာ နေုထိုင်သူတဦးကပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်နေတဲ့ မုံရွာမြို့မှာလည်း မြို့လယ်ခေါင်က နာရီစင်အနီးမှာ ဒီနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

“သူတို့စပြီးတော့ လုံခြုံရေးယူထားတဲ့ နာရီစင်နားမှာ ဗုံးပေါက်ကွဲတယ်ဗျ။ အဲဒါကတော့ ကျနော်တို့နဲ့ ဆန္ဒပြတဲ့အချိန်နဲ့ တပြိုင်တည်းလိုလို မှာဖြစ်တာ၊ ၈ နာရီလောက်မှာဖြစ်တယ်လို့ကျနော်တို့ ကြားတယ်။”

မုံရွာဆန္ဒပြသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုခန့်ဝေဖြိုးပြောပြခဲ့တာပါ။ မုံရွာမှာတော့ အခုရက်ပိုင်းတွေအတွင်း လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားပြီး အဲဒီလို လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ကြားကပဲ ဒီနေ့မနက် ၈ နာရီလောက်က ဆန္ဒပြခဲ့ကြပါတယ်။ မုံရွာ ပင်မသပိတ်စစ်ကြောင်းက လူငယ် ၁၀၀ လောက်ဟာ ဈေးဟောင်းမှာ စုဝေးပြီးတော့ စစ်ကောင်စီရဲ့ မတရားတဲ့အမိန့် ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ မုံရွာဆန္ဒပြသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုခန့်ဝေဖြိုးက ဗီအိုအေကိုပြောပါတယ်။

“ဒီနေ့ မနက်ပိုင်းကတော့ လုံခြုံရေးတော်တော်လေးတင်းကြပ်တယ်။ နေရာအနှံ့ အပြားမှာ သူတို့ချထားတယ်။ အဲဒီကြားထဲကနေ ကျနော်တို့ မုံရွာပင်မသပိတ်ကတော့ ရအောင်ထွက်ခဲ့တာပါ။ စစ်ကောင်စီရဲ့ အမိန့်တွေကို နာခံစရာမလိုဘဲနဲ့ ပုံမှန် အတိုင်းပဲ ကိုယ့်ရဲ့ရောင်းဝယ် ဖောက်ကားဖို့ပေါ့၊ အဲဒါကိုတိုက်တွန်းတဲ့အနေနဲ့ ကျနော်တို့ ဒီဆန္ဒပြပွဲကိုလုပ်တာ။”

ဒါ့အပြင် မန္တလေး၊ ပခုက္ကူ၊ ကလေး၊ ဆားလင်းကြီး၊ တန့်ဆည်၊ လုံးခင်း၊ ဖယ်ခုံ၊ ထားဝယ်၊ ဘားအံ၊ စတဲ့မြို့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့အနေနဲ့ ဆန္ဒပြပြည်သူတွေက “မတရားတဲ့အမိန့်အာဏာဟူသမျှဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံတွေ နဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

#MyanmarMilitaryCoup #MyanmarViolence #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG