သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ အမ်ဳိးသမီးေတြဦးေဆာင္ၿပီး ဆႏၵျပခ်ီတက္


ရန္ကုန္က အမ်ိဳးသမီးေတြဦးေဆာင္တဲ့ ဆႏၵျပပြဲ (ဓာတ္ပံု - CJ)

(Zawgyi/Unicode)

စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ၿဖိဳခြဲ ဖမ္းဆီးတာေတြရွိခဲ့တာေၾကာင့္ စစ္အာဏာသိမ္းမႈဆန္႔႕က်င္ေရး ဆႏၵျပပြဲေတြ ႀကိဳၾကားဆိုသလိုပဲရွိေတာ့တဲ့ ရန္ကုန္ၿမိဳ႕မွာ ဒီကေန႔ေတာ့ အမ်ဳိးသမီးေတြဦးေဆာင္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။

မႏၱေလးမွာေတာ့ ေအာင္ေျမသာစံ ပညာေရးေက်ာင္းေပါင္းစံု သပိတ္စစ္ေၾကာင္းနဲ႔ ဖမ္းဆီးခံျပည္သူမ်ား ကိုယ္စားျပဳ သပိတ္စစ္ေၾကာင္းတို႔ ပူးေပါင္းခ်ီတက္ဆႏၵျပခဲ့ၾကသလို ျမေတာင္နဲ႔ ခ်မ္းျမသာစည္ သပိတ္စစ္ေၾကာင္းတုိ႔လည္း ပူးေပါင္း ခ်ီတက္ခဲ့ၾကပါတယ္။

တနသၤာရီတိုင္း၊ ထားဝယ္ခရိုင္၊ ေလာင္းလံုၿမိဳ႕မွာ စစ္တပ္နဲ႔ရဲက အရပ္ဝတ္ေတြနဲ႔ပါ ေစာင့္ၾကည့္ေနတဲ့ၾကားကပဲ အမ်ဳိးသမီးေတြ၊ လူငယ္ေတြ၊ အေျခခံပညာ ေက်ာင္းသူေက်ာင္းသားေတြ ပူးေပါင္းၿပီး ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။

စစ္ကိုင္းတုိင္းအတြင္း ေရႊဘိုၿမိဳ႕နယ္ထဲက ေက်းရြာတရြာမွာ ဒီကေန႔မနက္ပိုင္းက ဆႏၵျပခဲ့သလို ကေလးၿမိဳ႕မွာ ၂၀၅ ရက္ေျမာက္ဆႏၵျပပြဲ၊ ယင္းမာပင္ခ႐ိုင္၊ ဆားလင္းႀကီးေျမာက္ျခမ္းနဲ႔ ယင္းမာပင္အေရွ႕ျခမ္း ရြာေပါင္းစံု သပိတ္စစ္ေၾကာင္းက ၁၇၄ ရက္ေျမာက္ေန႔အျဖစ္ ဆႏၵျပခဲ့ၾကပါတယ္။

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕မွာလည္း လူငယ္တခ်ဳိ႕က စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ဆႏၵျပခဲ့ပါတယ္။
စစ္အာဏာသိမ္းခဲ့တဲ့ေန႔ကတည္းကေန ဒီေန႔အထိဆုိရင္ ဆႏၵျပပြဲေတြကို ပစ္ခတ္ၿဖိဳခြဲတာ၊ ဖမ္းဆီးသြားၿပီးတဲ့ေနာက္ ေသဆံုးသြား စတာေတြေၾကာင့္ ေသဆံုးသူအေရအတြက္ဟာ ၁,၀၄၀ ရွိၿပီလို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ (AAPP) က ထုတ္ျပန္ထားပါတယ္။

ခုခ်ိန္ထိ ဖမ္းဆီးခံထားရသူေပါင္းကလည္း ၆,၀၇၀ နီးပါးရွိၿပီလို႔ AAPP ကေျပာပါတယ္။

.....................................................................................

တိုက္႐ိုက္ လင့္ခ္


ရန်ကုန်မှာ အမျိုးသမီးတွေဦးဆောင်ပြီး ဆန္ဒပြချီတက်

(Unicode)

စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးတာတွေရှိခဲ့တာကြောင့် စစ်အာဏာသိမ်းမှုဆန့့်ကျင်ရေး ဆန္ဒပြပွဲတွေ ကြိုကြားဆိုသလိုပဲရှိတော့တဲ့ ရန်ကုန်မြို့မှာ ဒီကနေ့တော့ အမျိုးသမီးတွေဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမှာတော့ အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းနဲ့ ဖမ်းဆီးခံပြည်သူများ ကိုယ်စားပြု သပိတ်စစ်ကြောင်းတို့ ပူးပေါင်းချီတက်ဆန္ဒပြခဲ့ကြသလို မြတောင်နဲ့ ချမ်းမြသာစည် သပိတ်စစ်ကြောင်းတို့လည်း ပူးပေါင်း ချီတက်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့မှာ စစ်တပ်နဲ့ရဲက အရပ်ဝတ်တွေနဲ့ပါ စောင့်ကြည့်နေတဲ့ကြားကပဲ အမျိုးသမီးတွေ၊ လူငယ်တွေ၊ အခြေခံပညာ ကျောင်းသူကျောင်းသားတွေ ပူးပေါင်းပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရွှေဘိုမြို့နယ်ထဲက ကျေးရွာတရွာမှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့သလို ကလေးမြို့မှာ ၂၀၅ ရက်မြောက်ဆန္ဒပြပွဲ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနဲ့ ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်းက ၁၇၄ ရက်မြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့မှာလည်း လူငယ်တချို့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့နေ့ကတည်းကနေ ဒီနေ့အထိဆိုရင် ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွဲတာ၊ ဖမ်းဆီးသွားပြီးတဲ့နောက် သေဆုံးသွား စတာတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၁,၀၄၀ ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။

ခုချိန်ထိ ဖမ်းဆီးခံထားရသူပေါင်းကလည်း ၆,၀၇၀ နီးပါးရှိပြီလို့ AAPP ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG