သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕နယ္တခ်ိဳ႔ ဗံုးေပါက္ကြဲမႈျဖစ္ပြား၊ လံုျခံဳေရးတင္းက်ပ္တဲ့ၾကား စစ္အာဏာသိမ္းဆန္႔က်င္ေရး ဆႏၵျပ


လံုျခံဳေရးတင္းၾကပ္ထားတဲ့ လွည္းတန္းကမာရြက္ (ဓာတ္ပံု-AP)

(Zawgyi/Unicode)

ရန္ကုန္ၿမိဳ႕က ေနရာ ၇ ခုထက္မနည္းမွာ ဒီေန႔ ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။ ကမာ႐ြတ္၊ အင္းစိန္၊ စမ္းေခ်ာင္း စတဲ့ၿမိဳ႕နယ္ေတြမွာ ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ၿပီးေနာက္ လံုၿခံဳေရးေတြ တင္းၾကပ္ၿပီး အစစ္အေဆးေတြ ပိုလုပ္ေနပါတယ္။ ဒီၾကားထဲကပဲ စစ္အုပ္ခ်ဳပ္မႈ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ႐ွိခဲ့ပါတယ္။ ဒီအေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြး က ေျပာျပပါမယ္။

ဒီကေန႔ မနက္ ၅ နာရီ ဝန္းက်င္ေလာက္ကစၿပီး ရန္ကုန္ၿမိဳ႕ရဲ႕ ေနရာတစ္ခ်ိဳ႕မွာ ဗုံးေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။ ကမာ႐ြတ္ၿမိဳ႕နယ္ထဲက လွည္းတန္း စင္တာအနီးမွာ မနက္အေတာ္ေစာေစာပိုင္းက စၿပီး အေသးစားေပါက္ကဲြမႈျဖစ္ခဲ့တာပါ။ ဒါ့အျပင္ အင္းစိန္ၿမိဳ႕နယ္ထဲက BOC မွတ္တိုင္အနီး၊ ေပါက္ေတာဝ မီးပြိင့္၊ ဂ်ပန္လမ္းနဲ႔ အင္းစိန္ဘူတာနား စတဲ့ ေနရာ ၄ ခုမွာ ဗံုးေတြကြဲခဲ့ပါတယ္။ ခုလို ကမာ႐ြတ္နဲ႔အင္းစိန္ၿမိဳ႕နယ္ေတြမွာ ေပါက္ကြဲခဲ့တဲ့ အခ်ိန္ဝန္းက်င္ေလာက္မွာပဲ ေတာင္ဥကၠလာပနဲ႔ ေျမာက္ဥကၠလာပၿမိဳ႕နယ္ေတြမွာလည္း ဗံုးေတြကြဲခဲ့ပါတယ္။ တခါစမ္းေခ်ာင္းၿမိဳ႕နယ္ထဲမွာလည္း ညေန ၃ နာရီဝန္းက်င္ေလာက္က ဂြေစ်းနားမွာ ေပါက္ကြဲခဲ့ပါတယ္။ ဒီေပါက္ကဲြမႈေတြနဲ႔ပါတ္သက္လို႔ ေပါက္ကြဲခဲ့တဲ့ ၿမိဳ႕နယ္တခုမွာ ေနသူက ခုလိုေျပာပါတယ္။

“လွည္းတန္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ အင္းစိန္ၿမိဳ႕နယ္၊ ေျမာက္ဥကၠလာတို႔မွာ ေတာက္ေလ်ာက္ေပါက္တာ ကြၽန္ေတာ္တို႔ ၾကားပါတယ္။ ေပါက္ကြဲမႈေတြေတာ့ၾကားတယ္။ ျဖစ္စဥ္အေသးစိတ္ကိုေတာ့ ကြၽန္ေတာ္တို႔ မသိဘူးေပါေႏွာ္။ လမ္းဆုံလမ္းခြေတြ၊ ရခေတြ၊ စခေတြ ရွိတဲ့ ေနရာမွာပဲ ေပါက္ကြဲမႈေတြ ေတာက္ေလ်ာက္ျဖစ္ေနတာျဖစ္ပါတယ္ဗ်။ ျပည္သူလူထု ေတြကေတာ့ ထိခိုက္မႈ မရွိပါဘူး။ ရဲနဲ႔ စစ္သားေတြ ထိခိုက္မႈ ရွိလား မရွိလားကေတာ့ ကြၽန္ေတာ္တို႔ ျပန္ၿပီးေတာ့ ေစာင့္ၾကည့္ေနၾကဆဲပါဗ်။”

ခုလို ရန္ကုန္ၿမိဳ႕မွာ ေပါက္ကြဲမႈေတြ တရက္ထဲ ဆက္တိုက္ ျဖစ္ခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္ေတြက လုံၿခဳံေရးတင္းၾကပ္ထားၿပီး စစ္ေဆး ေမးျမန္းမႈကို ပုိလုပ္ေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ ဒီလို လံုၿခံဳေရးတင္းၾကပ္ေနတဲ့ၾကားကပဲ စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္မႈဆန္႔က်င္ ဆႏၵျပပြဲ႐ွိခဲ့ပါတယ္။ စစ္ေဆးေမးျမန္းမႈေတြ သိသိသာသာပိုမ်ားတဲ့ အေျခအေနကို ဆႏၵျပခဲ့ၾကသူေတြထဲက တဦးက VOA ကို ေျပာျပပါတယ္။

“အာဆီယံကိုေပါ့ေႏွာ္၊ ကြၽန္ေတာ္တို႔ဖက္ကေနၿပီးေတာ့ ဒီမိုကေရစီဖက္က ရပ္တည္ေပးပါ။ အာဏာရွင္ဖက္က မရပ္တည္ပါနဲ႔ဆိုတဲ့ ေဆာင္ပုဒ္ေလး ကိုင္ၿပီးေတာ့ ကြၽန္ေတာ္တို႔ထြက္ပါတယ္ဗ်။ အင္အားကေတာ့ ကြၽန္ေတာ္တို႔ ၂၀၊ ၂၅ ဝန္းက်င္ပါပါတယ္ခင္ဗ်ာ။ အစစ္အေဆးကို တံတားေတြမွာ ပိုၿပီးေတာ့ စစ္ေဆးတယ္ေပါ့။ ေဝဇယႏၲာ၊ အဓိကကေတာ့ သာေကတ ကမာၾကည္တံတား အနီးဝန္းက်င္၊ ၿပီးေတာ့ ကမာၾကည္၊ သုဝဏၰ လမ္းဆုံဖက္ေတြ နာနတ္ေတာလမ္း၊ ဟံသာဝတီလမ္း၊ ဗဟိုလမ္း၊ ဘုရင့္ေနာင္၊ အင္းစိန္က သမိုင္းလမ္းဆုံအနီး BPI မွတ္တိုင္ အနီးေပါ့၊ အဲ့ဒီေနရာေတြကို သူတို႔ စစ္ပါတယ္။ ၿပီးေတာ့ ေအာင္ေဇယ်တံတား အတက္အဆင္းေတြ၊ အဓိကက အင္းစိန္နဲ႔ လႈိင္သာယာကို ဟိုဖက္နဲ႔ ဒီဖက္ ေပါင္းကူးတံတားေတြကို ပိုစစ္ပါတယ္ဗ်။ ဒီလိုမ်ိဳး အစစ္အေဆးေတြ အဖမ္းအဆီးေတြ မ်ားေနတဲ့ ၾကားကပဲ ကြၽန္ေတာ္တို႔ သပိတ္ေတြကို ရေအာင္ ထြက္ေနပါတယ္။ ေနာက္လဲ ထြက္သြားမွာ ျဖစ္ပါတယ္ဗ်။”

မႏၲေလးၿမိဳ႕မွာလည္း လံုၿခံဳေရးတင္းၾကပ္ေနတဲ့ ၾကားကပဲ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပဲြေတြ ဒီေန႔ ႐ွိခဲ့ပါတယ္။ ဆႏၵျပပဲြေတြနဲ႔ပါတ္သက္လို႔ မႏၲေလး သပိတ္အင္အားစု ဦးေဆာင္သူတစ္ဦးျဖစ္တဲ့ ကိုသူရေအာင္က ခုလိုေျပာပါတယ္။

“ဖိႏွိပ္ခံ တိုင္းရင္းသားေတြနဲ႔ အတူရပ္တည္တယ္ ဆိုတဲ့အ ေၾကာင္းရယ္။ ကြၽန္ေတာ္တို႔ အားလုံး အတူတူ ေရွ႕ဆက္သြားတယ္ဆိုတဲ့ အေၾကာင္း၊ လုပ္ရင္းနဲ႔ ကြၽန္ေတာ္တို႔တိုင္းရင္းသားေပါင္းစုံ သပိတ္ေလး ထြက္ျဖစ္လိုက္တယ္။ လုံၿခဳံေရး အေျခအေနကေတာ့ အရင္လိုပါပဲ၊အရပ္ကားေတြ စစ္ကားေတြနဲ႔ ပတ္ေနတာေပါ့။ သူတို႔ရဲ႕ ထုံးစံအတိုင္း လုုပ္ေနတဲ့ၾကားကပဲ ကြၽန္ေတာ္တို႔ကလဲ အခ်ိန္ေလး ညႇိၿပီး လုပ္ၾကတာပါ။”

မႏၱေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္က ႀကံ့ခိုင္ေရးပါတီ႐ုံးမွာ တနဂၤေႏြေန႔ညေနက လက္လုပ္ဗုံးတစ္လုံး ေပါက္ကြဲခဲ့ပါတယ္။ အဲဒီေနာက္ ည ၁၁ နာရီဝန္းက်င္ေလာက္မွာ ၿမိဳ႕နယ္ NLD ပါတီ ႐ုံးဝင္ေရာက္ ဖ်က္ဆီးခံခဲ့ရပါတယ္။

စစ္တပ္က အာဏာသိမ္းအုပ္ခ်ဳပ္ေနတာ ၇ လၾကာလာခ်ိန္မွာ အေသးစားေပါက္ကြဲမႈေတြ၊ လံုၿခံဳေရးတပ္ဖဲြ႔ဝင္ေတြအေပၚ တိုက္ခိုက္တာ၊ လက္နက္ကိုင္ေတာ္လွန္ဖို႔ ႀကိဳးစားမႈေတြ ႐ွိေနပါတယ္။ အာဏာသိမ္း အုပ္ခ်ဳပ္ေနတာကို လက္မခံေၾကာင္းျပသတဲ့ ဆႏၵျပပဲြေတြလည္း ျမန္မာႏိုင္ငံေနရာတခ်ဳိ႕မွာ ဆက္ၿပီး႐ွိေနဆဲပါ။ ကေလး၊ မေကြး၊ လက္ပံေတာင္း၊ ေ႐ြဘို၊ စတဲ့ၿမိဳ႕ေတြမွာလည္း ဒီေန႔ဆႏၵျပခဲ့ၾကပါတယ္။ အာဏာသိမ္းၿပီးစ အခ်ိန္ကေလာက္ ဆႏၵျပပြဲေတြ အ႐ွိန္မေကာင္းေတာ့ေပမဲ့ ဆႏၵျပသူေတြကေတာ့ ရတဲ့ အင္အားနဲ႔ လံုၿခံဳေရး အေျခအေနေပၚမူတည္ၿပီး ပံုစံစံု ဆႏၵျပေနၾကပါတယ္။

..........................................................................................

တိုက္႐ိုက္ လင့္ခ္


ရန်ကုန်မြို့နယ်တချို့ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လုံခြုံရေးတင်းကျပ်တဲ့ကြား စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြ

(Unicode)

ရန်ကုန်မြို့က နေရာ ၇ ခုထက်မနည်းမှာ ဒီနေ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ကမာရွတ်၊ အင်းစိန်၊ စမ်းချောင်း စတဲ့မြို့နယ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီးနောက် လုံခြုံရေးတွေ တင်းကြပ်ပြီး အစစ်အဆေးတွေ ပိုလုပ်နေပါတယ်။ ဒီကြားထဲကပဲ စစ်အုပ်ချုပ်မှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး က ပြောပြပါမယ်။

ဒီကနေ့ မနက် ၅ နာရီ ဝန်းကျင်လောက်ကစပြီး ရန်ကုန်မြို့ရဲ့ နေရာတစ်ချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ကမာရွတ်မြို့နယ်ထဲက လှည်းတန်း စင်တာအနီးမှာ မနက်အတော်စောစောပိုင်းက စပြီး အသေးစားပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ဒါ့အပြင် အင်းစိန်မြို့နယ်ထဲက BOC မှတ်တိုင်အနီး၊ ပေါက်တောဝ မီးပွိင့်၊ ဂျပန်လမ်းနဲ့ အင်းစိန်ဘူတာနား စတဲ့ နေရာ ၄ ခုမှာ ဗုံးတွေကွဲခဲ့ပါတယ်။ ခုလို ကမာရွတ်နဲ့အင်းစိန်မြို့နယ်တွေမှာ ပေါက်ကွဲခဲ့တဲ့ အချိန်ဝန်းကျင်လောက်မှာပဲ တောင်ဥက္ကလာပနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာလည်း ဗုံးတွေကွဲခဲ့ပါတယ်။ တခါစမ်းချောင်းမြို့နယ်ထဲမှာလည်း ညနေ ၃ နာရီဝန်းကျင်လောက်က ဂွဈေးနားမှာ ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုတွေနဲ့ပါတ်သက်လို့ ပေါက်ကွဲခဲ့တဲ့ မြို့နယ်တခုမှာ နေသူက ခုလိုပြောပါတယ်။

“လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာတို့မှာ တောက်လျောက်ပေါက်တာ ကျွန်တော်တို့ ကြားပါတယ်။ ပေါက်ကွဲမှုတွေတော့ကြားတယ်။ ဖြစ်စဉ်အသေးစိတ်ကိုတော့ ကျွန်တော်တို့ မသိဘူးပေါနှော်။ လမ်းဆုံလမ်းခွတွေ၊ ရခတွေ၊ စခတွေ ရှိတဲ့ နေရာမှာပဲ ပေါက်ကွဲမှုတွေ တောက်လျောက်ဖြစ်နေတာဖြစ်ပါတယ်ဗျ။ ပြည်သူလူထု တွေကတော့ ထိခိုက်မှု မရှိပါဘူး။ ရဲနဲ့ စစ်သားတွေ ထိခိုက်မှု ရှိလား မရှိလားကတော့ ကျွန်တော်တို့ ပြန်ပြီးတော့ စောင့်ကြည့်နေကြဆဲပါဗျ။”

ခုလို ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေ တရက်ထဲ ဆက်တိုက် ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေး မေးမြန်းမှုကို ပိုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီလို လုံခြုံရေးတင်းကြပ်နေတဲ့ကြားကပဲ စစ်တပ်အာဏာသိမ်း အုပ်ချုပ်မှုဆန့်ကျင် ဆန္ဒပြပွဲရှိခဲ့ပါတယ်။ စစ်ဆေးမေးမြန်းမှုတွေ သိသိသာသာပိုများတဲ့ အခြေအနေကို ဆန္ဒပြခဲ့ကြသူတွေထဲက တဦးက VOA ကို ပြောပြပါတယ်။

“အာဆီယံကိုပေါ့နှော်၊ ကျွန်တော်တို့ဖက်ကနေပြီးတော့ ဒီမိုကရေစီဖက်က ရပ်တည်ပေးပါ။ အာဏာရှင်ဖက်က မရပ်တည်ပါနဲ့ဆိုတဲ့ ဆောင်ပုဒ်လေး ကိုင်ပြီးတော့ ကျွန်တော်တို့ထွက်ပါတယ်ဗျ။ အင်အားကတော့ ကျွန်တော်တို့ ၂၀၊ ၂၅ ဝန်းကျင်ပါပါတယ်ခင်ဗျာ။ အစစ်အဆေးကို တံတားတွေမှာ ပိုပြီးတော့ စစ်ဆေးတယ်ပေါ့။ ဝေဇယန္တာ၊ အဓိကကတော့ သာကေတ ကမာကြည်တံတား အနီးဝန်းကျင်၊ ပြီးတော့ ကမာကြည်၊ သုဝဏ္ဏ လမ်းဆုံဖက်တွေ နာနတ်တောလမ်း၊ ဟံသာဝတီလမ်း၊ ဗဟိုလမ်း၊ ဘုရင့်နောင်၊ အင်းစိန်က သမိုင်းလမ်းဆုံအနီး BPI မှတ်တိုင် အနီးပေါ့၊ အဲ့ဒီနေရာတွေကို သူတို့ စစ်ပါတယ်။ ပြီးတော့ အောင်ဇေယျတံတား အတက်အဆင်းတွေ၊ အဓိကက အင်းစိန်နဲ့ လှိုင်သာယာကို ဟိုဖက်နဲ့ ဒီဖက် ပေါင်းကူးတံတားတွေကို ပိုစစ်ပါတယ်ဗျ။ ဒီလိုမျိုး အစစ်အဆေးတွေ အဖမ်းအဆီးတွေ များနေတဲ့ ကြားကပဲ ကျွန်တော်တို့ သပိတ်တွေကို ရအောင် ထွက်နေပါတယ်။ နောက်လဲ ထွက်သွားမှာ ဖြစ်ပါတယ်ဗျ။”

မန္တလေးမြို့မှာလည်း လုံခြုံရေးတင်းကြပ်နေတဲ့ ကြားကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဒီနေ့ ရှိခဲ့ပါတယ်။ ဆန္ဒပြပွဲတွေနဲ့ပါတ်သက်လို့ မန္တလေး သပိတ်အင်အားစု ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုသူရအောင်က ခုလိုပြောပါတယ်။

“ဖိနှိပ်ခံ တိုင်းရင်းသားတွေနဲ့ အတူရပ်တည်တယ် ဆိုတဲ့အ ကြောင်းရယ်။ ကျွန်တော်တို့ အားလုံး အတူတူ ရှေ့ဆက်သွားတယ်ဆိုတဲ့ အကြောင်း၊ လုပ်ရင်းနဲ့ ကျွန်တော်တို့တိုင်းရင်းသားပေါင်းစုံ သပိတ်လေး ထွက်ဖြစ်လိုက်တယ်။ လုံခြုံရေး အခြေအနေကတော့ အရင်လိုပါပဲ၊အရပ်ကားတွေ စစ်ကားတွေနဲ့ ပတ်နေတာပေါ့။ သူတို့ရဲ့ ထုံးစံအတိုင်း လုပ်နေတဲ့ကြားကပဲ ကျွန်တော်တို့ကလဲ အချိန်လေး ညှိပြီး လုပ်ကြတာပါ။”

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံးမှာ တနင်္ဂနွေနေ့ညနေက လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ အဲဒီနောက် ည ၁၁ နာရီဝန်းကျင်လောက်မှာ မြို့နယ် NLD ပါတီ ရုံးဝင်ရောက် ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတာ ၇ လကြာလာချိန်မှာ အသေးစားပေါက်ကွဲမှုတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် တိုက်ခိုက်တာ၊ လက်နက်ကိုင်တော်လှန်ဖို့ ကြိုးစားမှုတွေ ရှိနေပါတယ်။ အာဏာသိမ်း အုပ်ချုပ်နေတာကို လက်မခံကြောင်းပြသတဲ့ ဆန္ဒပြပွဲတွေလည်း မြန်မာနိုင်ငံနေရာတချို့မှာ ဆက်ပြီးရှိနေဆဲပါ။ ကလေး၊ မကွေး၊ လက်ပံတောင်း၊ ရွေဘို၊ စတဲ့မြို့တွေမှာလည်း ဒီနေ့ဆန္ဒပြခဲ့ကြပါတယ်။ အာဏာသိမ်းပြီးစ အချိန်ကလောက် ဆန္ဒပြပွဲတွေ အရှိန်မကောင်းတော့ပေမဲ့ ဆန္ဒပြသူတွေကတော့ ရတဲ့ အင်အားနဲ့ လုံခြုံရေး အခြေအနေပေါ်မူတည်ပြီး ပုံစံစုံ ဆန္ဒပြနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG