သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးေမာက္ၿမိဳ႕ အထက္တန္းေက်ာင္း ေပါက္ကဲြမႈ အနည္းဆုံး ၂ ဦး ဒဏ္ရာရ


မိုးေမာက္ စာသင္ေက်ာင္း ဗုံးေပါက္ကဲြမႈအၿပီး ျမင္ကြင္း

[ Zawgyi ]

ကခ်င္ျပည္နယ္ မုိးေမာက္ၿမိဳ႔မွာ ဇြန္ ၂၂ ရက္ မနက္က အထက္တန္းေက်ာင္းမွာ ေပါက္ကဲြမႈျဖစ္ခဲ့ၿပီး ဆရာမတစ္ဦးအပါအ၀င္ အနည္းဆုံးလူ ၂ ဦးထိခိုက္ခဲ့ပါတယ္။ ဘယ္သူ႔ လက္ခ်က္ျဖစ္တယ္ဆိုတာ အတိအက်မသိရေသးပါဘူး။ ဖားကန္႔နဲ႔ မုိးညွင္းၿမိဳ႔နယ္အတြင္းမွာလည္း အခုရက္ပိုင္း တိုက္ပဲြေတြျဖစ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္ျပည္နယ္သတင္းေတြကိုေတာ့ ဦးခင္ေမာင္စိုးမင္းက စုစည္းတင္ျပထားပါတယ္။

ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႔နယ္အတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KIA အၾကား စစ္ေရးတင္းမာမႈေတြ ရိွေနဆဲ အခ်ိန္မွာပဲ မိုးေမာက္ၿမိဳ႔ စာသင္ေက်ာင္းမွာ မေန႔ မနက္ပိုင္းက ေပါက္ကဲြမႈျဖစ္ပြားခဲ့တာပါ။ ဒီေပါက္ကဲြမႈနဲ႔ပတ္သက္ၿပီး မုိးေမာက္ေဒသခံတစ္ေယာက္ VOA ကို အခုလို ေျပာပါတယ္။

“စာသင္ေက်ာင္းမွာ ဗံုး ၂လံုး ကဲြတာေပါ့။ ဆရာမ တစ္ေယာက္နဲ႔ ေက်ာင္းေစာင့္ နည္းနည္း ထိတယ္လို႔ ေတာ့ ေျပာတာပဲ။”

ဒီေပါက္ကဲြမႈနဲ႔ ပတ္သက္ၿပီး ဘယ္သူလက္ခ်က္ျဖစ္တယ္ဆုိတာ အတိအက် မသိေသးေၾကာင္း ေျပာပါတယ္။ ေပါက္ကဲြမႈျဖစ္ၿပီးေနာက္ ေက်ာင္းသူ၊ ေက်ာင္းသားေတြအၾကားမွာ ရုတ္ရုတ္သဲသဲျဖစ္ခဲ့သလို မိဘေတြက ကေလးေတြကို လာေရာက္ေခၚယူတာေတြရိွခဲ့ၿပီး ေက်ာင္းပိတ္လိုက္ရပါတယ္။

ေနာက္ရက္ေတြ ေက်ာင္းဆက္ပိတ္၊ မပိတ္ကိုေတာ့ ေၾကညာတာမၾကားေသးေၾကာင္းလည္း ေဒသခံက ေျပာပါတယ္။

မိုးေမာက္ၿမိဳ႔နယ္အတြင္းမွာ ၿပီးခဲ့တဲ့ လေတြက ၿမိဳ႔သစ္ရြာအနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KIA အၾကား တုိက္ပဲြျပင္းထန္ခဲ့သလို ေလာေလာဆယ္မွာလည္း ေဒသတြင္းမွာ စစ္ေကာင္စီဘက္က တပ္အင္အားေတြ ျဖည့္တင္းတာရိွေနၿပီး ၾကိဳးၾကား ၿခံဳခိုတိုက္ခိုက္တာေတြ ရိွသလို စစ္ေရးတင္းမာမႈေတြ ရိွေနဆဲျဖစ္ပါတယ္။ မေန႔ ဇြန္ ၂၁ ရက္ တနလၤာ ညေနပိုင္းကေတာ့ ကခ်င္ျပည္နယ္ မိုးညွင္းခရိုင္အတြင္းမွာ တုိက္ပဲြ ၂ ၾကိမ္ျဖစ္ခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဖားကန္႔ေဒသဘက္မွာ ျဖစ္တဲ့ တုိက္ပဲြကေတာ့ တပ္မေတာ္ယာဥ္တန္းကို KIA က ၾကားျဖတ္တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံ တစ္ဦးက အခုလို ေျပာပါတယ္။

“ မေန႔ကတံုးက ေက်ာက္ပုတ္မွာ၊ ဆယ္ဇဥ္းနဲ႔ တာမခန္ၾကားေပါ့။ ယာဥ္တန္းကို KIA က ဆီးၿပီးေတာ့ လက္နက္ၾကီးနဲ႔ ထုတာ။ စစ္ေကာင္စီဘက္က ၇ ေယာက္ေလာက္ က်တယ္လို႔ ေျပာတယ္။ ပါဂ်ဲရိုးတစ္စီး၊ ဒဘယ္လ္ကပ္ တစ္စီးလုိ႔ ေျပာတယ္။ အဲဒီအတြက္ မေန႔က ညေနတံုးက ဖားကန္႔တို႔၊ ဆိတ္မူတို႔မွာ အကုန္လံုး ၀င္ေမႊတယ္။ ေသနတ္ေတြ ပစ္တယ္။ တာမခန္မွာလည္း တပ္စခန္းကုန္းေပၚကေန လက္နက္ၾကီးေတြ ပစ္တယ္ေပါ့ေနာ္။”

ဒီတိုက္ခိုက္မႈဟာ ညေန ၃နာရီေလာက္မွာျဖစ္ခဲ့ၿပီး ႏွစ္ဘက္ အေသအေပ်ာက္စာရင္းကို သီးျခား အတည္ျပဳႏိုင္တာ မရိွေသးပါဘူး။ မေန႔တနလၤာေန႔ ညေနပိုင္း ၆ နာရီေလာက္ကလည္း မိုးညွင္းနဲ႔ နမ့္မားအၾကား ျပည္ေထာင္စုလမ္းေပၚမွာ လက္နက္ၾကီးသံေတြအပါအဝင္ ပစ္ခတ္သံေတြကို ညပိုင္းအထိ ၾကားေနရေပမဲ့ တိုက္ပဲြျဖစ္ပြားမႈ အေျခအေနကို အေသးစိတ္ မသိေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္ေကာင္စီက အာဏာသိမ္းယူၿပီးေနာက္ပိုင္း ကခ်င္ျပည္နယ္အတြင္းမွာ တပ္မေတာ္နဲ႔ KIA အၾကား မတ္လထဲက တုိက္ပဲြေတြ ျပန္လည္ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အာဏာသိမ္းမႈမျဖစ္မီက အစိုးရနဲ႔ KIA အၾကား ႏွစ္ဘက္ အပစ္အခတ္ ရပ္စဲေရးအတြက္ ေဆြးေႏြးတာေတြ ရိွခဲ့ေပမဲ့ လက္ရိွအေျခအေနမွာေတာ့ ၿငိမ္းခ်မ္းေရးအတြက္ ျပန္လည္ ေဆြးေႏြးမယ့္ အလားအလာေတာ့ မရိွေသးပါဘူး။

မိုးေမာက္ စာသင္ေက်ာင္း ဗုံးေပါက္ကဲြမႈ
please wait

No media source currently available

0:00 0:02:32 0:00
တိုက္႐ိုက္ လင့္ခ္


[ Unicode ]

မိုးမောက်မြို့ အထက်တန်းကျောင်း ပေါက်ကွဲမှု အနည်းဆုံး ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် မိုးမောက်မြို့မှာ ဇွန် ၂၂ ရက် မနက်က အထက်တန်းကျောင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဆရာမတစ်ဦးအပါအဝင် အနည်းဆုံးလူ ၂ ဦးထိခိုက်ခဲ့ပါတယ်။ ဘယ်သူ့ လက်ချက်ဖြစ်တယ်ဆိုတာ အတိအကျမသိရသေးပါဘူး။ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်အတွင်းမှာလည်း အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်သတင်းတွေကိုတော့ ဦးခင်မောင်စိုးမင်းက စုစည်းတင်ပြထားပါတယ်။

ကချင်ပြည်နယ်မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KIA အကြား စစ်ရေးတင်းမာမှုတွေ ရှိနေဆဲ အချိန်မှာပဲ မိုးမောက်မြို့ စာသင်ကျောင်းမှာ မနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မိုးမောက်ဒေသခံတစ်ယောက် VOA ကို အခုလို ပြောပါတယ်။

“စာသင်ကျောင်းမှာ ဗုံး ၂လုံး ကွဲတာပေါ့။ ဆရာမ တစ်ယောက်နဲ့ ကျောင်းစောင့် နည်းနည်း ထိတယ်လို့ တော့ ပြောတာပဲ။”

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူလက်ချက်ဖြစ်တယ်ဆိုတာ အတိအကျ မသိသေးကြောင်း ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် ကျောင်းသူ၊ ကျောင်းသားတွေအကြားမှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့သလို မိဘတွေက ကလေးတွေကို လာရောက်ခေါ်ယူတာတွေရှိခဲ့ပြီး ကျောင်းပိတ်လိုက်ရပါတယ်။

နောက်ရက်တွေ ကျောင်းဆက်ပိတ်၊ မပိတ်ကိုတော့ ကြေညာတာမကြားသေးကြောင်းလည်း ဒေသခံက ပြောပါတယ်။

မိုးမောက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ လတွေက မြို့သစ်ရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KIA အကြား တိုက်ပွဲပြင်းထန်ခဲ့သလို လောလောဆယ်မှာလည်း ဒေသတွင်းမှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ဖြည့်တင်းတာရှိနေပြီး ကြိုးကြား ခြုံခိုတိုက်ခိုက်တာတွေ ရှိသလို စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ မနေ့ ဇွန် ၂၁ ရက် တနင်္လာ ညနေပိုင်းကတော့ ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဖားကန့်ဒေသဘက်မှာ ဖြစ်တဲ့ တိုက်ပွဲကတော့ တပ်မတော်ယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက အခုလို ပြောပါတယ်။

“ မနေ့ကတုံးက ကျောက်ပုတ်မှာ၊ ဆယ်ဇဉ်းနဲ့ တာမခန်ကြားပေါ့။ ယာဉ်တန်းကို KIA က ဆီးပြီးတော့ လက်နက်ကြီးနဲ့ ထုတာ။ စစ်ကောင်စီဘက်က ၇ ယောက်လောက် ကျတယ်လို့ ပြောတယ်။ ပါဂျဲရိုးတစ်စီး၊ ဒဘယ်လ်ကပ် တစ်စီးလို့ ပြောတယ်။ အဲဒီအတွက် မနေ့က ညနေတုံးက ဖားကန့်တို့၊ ဆိတ်မူတို့မှာ အကုန်လုံး ဝင်မွှေတယ်။ သေနတ်တွေ ပစ်တယ်။ တာမခန်မှာလည်း တပ်စခန်းကုန်းပေါ်ကနေ လက်နက်ကြီးတွေ ပစ်တယ်ပေါ့နော်။”

ဒီတိုက်ခိုက်မှုဟာ ညနေ ၃နာရီလောက်မှာဖြစ်ခဲ့ပြီး နှစ်ဘက် အသေအပျောက်စာရင်းကို သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။ မနေ့တနင်္လာနေ့ ညနေပိုင်း ၆ နာရီလောက်ကလည်း မိုးညှင်းနဲ့ နမ့်မားအကြား ပြည်ထောင်စုလမ်းပေါ်မှာ လက်နက်ကြီးသံတွေအပါအဝင် ပစ်ခတ်သံတွေကို ညပိုင်းအထိ ကြားနေရပေမဲ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို အသေးစိတ် မသိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ KIA အကြား မတ်လထဲက တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းမှုမဖြစ်မီက အစိုးရနဲ့ KIA အကြား နှစ်ဘက် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးတာတွေ ရှိခဲ့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ငြိမ်းချမ်းရေးအတွက် ပြန်လည် ဆွေးနွေးမယ့် အလားအလာတော့ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG