သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ သံုးေနရာထက္မနည္းမွာ ေပါက္ကြဲမႈေတြျဖစ္


တေမြျမိဳ ့နယ္၊ သီတာလမ္းထဲ ပါက္ကြဲမႈေၾကာင့္ စစ္ကားတစီး မီးေလာင္ေနစဥ္ (ဓာတ္ပံု- Courtesy)

(Zawgyi/Unicode)

ရန္ကုန္ၿမိဳ႕မွာ ဒီကေန႔ သံုးေနရာထက္မနည္းမွာ ေပါက္ကြဲမႈေတြျဖစ္ခဲ့ၿပီး ထိခိုက္မႈေတြလည္းရွိခဲ့ပါတယ္။ ျမင္းၿခံၿမိဳ႕မွာလည္း ယာဥ္ထိန္းရဲတဦး ေသနတ္နဲ႔ ပစ္သတ္ခံရပါတယ္။ ဒီအေတာအတြင္းမွာပဲ ႏိုင္ငံတဝန္းမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေမြးေန႔ အႀကိဳအထိမ္းအမွတ္ ဆႏၵျပစစ္ေၾကာင္းတခ်ိဳ႕ထြက္ခဲ့သလို လႈပ္ရွားမႈတခ်ိဳ႕လည္း လုပ္ခဲ့ၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပပါမယ္။

ဒီကေန႔ ညေန ၃ နာရီခြဲ ဝန္းက်င္ေလာက္က တာေမြၿမိဳ႕နယ္ သီတာလမ္းအနီးမွာ ရပ္ထားတဲ့ စစ္ကားတစ္စီးမွာ ဗုံးေပါက္ကြဲမႈျဖစ္ခဲ့ၿပီး စစ္သားတခ်ိဳ႕ ထိခိုက္ဒဏ္ရာရခဲ့သလို ေသဆံုးတာလည္းရွိတယ္ဆိုတဲ့ သတင္းေတြထြက္ေပမယ့္ ဗီြအိုေအအေနနဲ႔ သီးျခားအတည္မျပဳႏုိင္ေသးပါဘူး။

အခင္းျဖစ္တဲ့ေနရာမွာ စစ္ကားတစီး မီးေလာင္ေနတဲ့ပံုေတြကေတာ့ လူမႈကြန္ယက္မီဒီယာေတြေပၚမွာ ပ်ံ႕ေနပါတယ္။ ေပါက္ကြဲမႈျဖစ္ၿပီးတဲ့ေနာက္ စစ္တပ္က လမ္းေတြကိုပိတ္ၿပီး စစ္ေဆးေနတယ္လို႔ တာေမြၿမိဳ႕နယ္မွာ ေနထိုင္သူတဦးက VOA ကို ေျပာပါတယ္။

“စစ္ကားေပၚမွာ ေပါက္သြားတယ္၊ စစ္ကား မီးေလာင္သြားတယ္ေပါ့ေနာ္။ အဲ့ထဲမွာ စစ္သားတခ်ိဳ႕ ဒဏ္ရာရသြားတယ္ဆိုတာလည္း က်ေနာ္ၾကားရတယ္။ ၆ ေယာက္ေလာက္ေတာ့ ဒဏ္ရာရတယ္လို႔ က်ေနာ္သိထားတယ္။ မီးကေတာ့ ေတာ္ေတာ္ႀကီးတယ္။ ဒီနားမွာ ပိုက္စိတ္တိုက္ၿပီး လိုက္ရွာေနတယ္လို႔ၾကားတယ္။ ၿမိဳ႕ထဲက စစ္ကားေတြကလည္း ဒီဘက္ကို ဆင္းလာေနတယ္လို႔ ၾကားတယ္။ ဒီ ဂ်ပန္တံတားကိုလည္း အထြက္အဝင္ ပိတ္တယ္ ၾကားရတယ္။ အားလုံး အဝင္အထြက္ပိတ္ၿပီးေတာ့ ေက်ာက္ေျမာင္းဘက္ကိုလည္း စစ္ကားတခ်ိဳ႕ ဆင္းသြားၿပီးေတာ့ လိုက္ရွာေနတယ္လို႔ေတာ့ က်ေနာ္ၾကားတယ္။”

လႈိင္သာယာၿမိဳ႕နယ္မွာလည္း ဒီကေန႔ ညေနပိုင္းမွာ ဗုံး ၆ လုံး ဆက္တိုက္ ေပါက္ကြဲမႈ ျဖစ္ခဲ့ပါတယ္။ ေပါက္ကြဲမႈျဖစ္တဲ့ အနီးတဝိုက္ကို စစ္တပ္ေတြက ပိတ္ဆို႔ၿပီး ရွာေဖြစစ္ေဆးခဲ့တယ္လို႔ လႈိင္သာယာၿမိဳ႕နယ္မွာ ေနထိုင္သူတဦးက ေျပာပါတယ္။
“ပထမဆုံး ႐ုံးေရွ႕မွတ္တိုင္နားမွာ ေပါက္တယ္။ အဲ့မွာေပါက္ၿပီးေတာ့ အဲ့ကတည့္တည့္ က်န္စစ္သား လမ္းေပၚေပါ့ေလ၊ စီးတီးမတ္နားမွာ က်န္တဲ့အလုံးေတြေပ့ါ၊ ခုဆို က်ေနာ္တို႔နားမွာ ၾကားသေလာက္ဆို ၅ လုံး၊ ၆ လုံးေလာက္ ျဖစ္သြားၿပီဗ် ေပါက္တာ။ အဲ့နားမွာက ႐ုံးေရွ႕မွတ္တိုင္ အဲ့ေရွ႕မွာက ၁၀၃ မွတ္တိုင္ေပါ့ေနာ္၊ အဲ့ ၁၀၃ မွတ္တိုင္အထိ သူတို႔ေတြ ပိတ္လိုက္ၿပီးေတာ့ က်န္စစ္သားအိမ္ယာထဲကို ခုထိ ဝင္လို႔မရေသးဘူးတဲ့ အဲ့နားမွာ သူတို႔သြားေတာ့ သူတို႔ကို စစ္သားေတြက တားထားတယ္ေပါ့ေလ။ စစ္သားကေျပာတယ္တဲ့ ဒီနားမွာ ေပါက္တာ ၆ လုံးရွိေနၿပီ။ အဲ့ေတာ့ အထဲကို ဝင္လို႔မရေသးဘူးလို႔ ေျပာတယ္တဲ့။ ႐ုံးေရွ႕မွာတုန္းကေတာ့ စစ္သားေတြ ထိမယ္ထင္တယ္ ဘာလို႔လဲဆိုေတာ့ အဲ့နား စစ္သားေတြ ဝိုင္းေနတဲ့ ေနရာမွာ ေပါက္သြားတာဆိုေတာ့။”

ဒီကေန႔ညေနပိုင္း ၆ နာရီခြဲေလာက္ကေတာ့ ရန္ကုန္၊ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ငမိုးရိပ္ရပ္ကြက္က ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ံုးမွာ ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူေတြ ရွိခဲ့တယ္လို႔ ေဒသခံေတြက ဗီြအိုေအကိုေျပာပါတယ္။
ျမင္းျခံၿမ္ိဳ႕မွာ ေန႔လည္ပိုင္းက ျမင္းၿခံ မိတၳီလာ လမ္းမႀကီးေပၚ ေ႐ႊရည္ဟိန္း ခ်ည္ထည္ဆိုင္အနီးမွာ ယာဥ္ထိန္းရဲတဦး ဆိုင္ကယ္ေမာင္းေနရင္းက ေသနတ္နဲ႔ ပစ္ခတ္ခံရတယ္လို႔ ေဒသခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ေသနတ္သံၾကားလိုက္ရတယ္ဆိုေတာ့ ထြက္ၾကည့္လိုက္ေတာ့က်ေတာ့ ယာဥ္ထိန္းရဲတယာက္ ေမွာက္လ်ားထိုးရက္ႀကီး ျဖစ္ေနတာကို ျမင္ရတယ္။ ဆိုင္ကယ္စီးရင္း အနီးကပ္ ကပ္ေရွာင္သြားတဲ့ သူေတြဆီကေနတဆင့္ၾကားရတာကေတာ့ ဟုတ္တယ္၊ အဲ့လို ဆိုင္ကယ္စီးရင္း ေဘးကေန ကပ္ၿပီးေတာ့ ျပႆနာျဖစ္သြားတယ္လို႔ ၾကားတယ္ရွင့္။”
ယာဥ္ထိန္းရဲ ပစ္ခတ္ခံရၿပီး ေသဆုံးမႈအတြက္ လူတခ်ိဳ႕ကို ေနအိမ္ထဲထိ ဝင္ေရာက္ရွာေဖြတာေတြ လုပ္ေနသလို ၆ ဦး ဖမ္းဆီးခံထားရပါတယ္။

ဇြန္လ ၁၉ ရက္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေမြးေန႔အႀကိဳအျဖစ္ ႏိုင္ငံတဝန္းမွာ ဒီကေန႔ ဆႏၵျပၾကတာေတြ ရွိသလို မနက္ျဖန္မွာက်ေရာက္မယ့္ ေမြးေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ျပဳလုပ္မယ့္ ပန္းသပိတ္မွာ ျပည္သူေတြ ပူးေပါင္းပါဝင္ၾကဖို႔လည္း သပိတ္ေကာ္မတီေတြက ႏႈိးေဆာ္ထားၾကပါတယ္။

..........................................................................

တိုက္႐ိုက္ လင့္ခ္



ရန်ကုန် သုံးနေရာထက်မနည်းမှာ ပေါက်ကွဲမှုတွေဖြစ်

(Unicode)

ရန်ကုန်မြို့မှာ ဒီကနေ့ သုံးနေရာထက်မနည်းမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။ မြင်းခြံမြို့မှာလည်း ယာဉ်ထိန်းရဲတဦး သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ ဒီအတောအတွင်းမှာပဲ နိုင်ငံတဝန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အကြိုအထိမ်းအမှတ် ဆန္ဒပြစစ်ကြောင်းတချို့ထွက်ခဲ့သလို လှုပ်ရှားမှုတချို့လည်း လုပ်ခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

ဒီကနေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်လောက်က တာမွေမြို့နယ် သီတာလမ်းအနီးမှာ ရပ်ထားတဲ့ စစ်ကားတစ်စီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့သလို သေဆုံးတာလည်းရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေမယ့် ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခင်းဖြစ်တဲ့နေရာမှာ စစ်ကားတစီး မီးလောင်နေတဲ့ပုံတွေကတော့ လူမှုကွန်ယက်မီဒီယာတွေပေါ်မှာ ပျံ့နေပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်တပ်က လမ်းတွေကိုပိတ်ပြီး စစ်ဆေးနေတယ်လို့ တာမွေမြို့နယ်မှာ နေထိုင်သူတဦးက VOA ကို ပြောပါတယ်။

“စစ်ကားပေါ်မှာ ပေါက်သွားတယ်၊ စစ်ကား မီးလောင်သွားတယ်ပေါ့နော်။ အဲ့ထဲမှာ စစ်သားတချို့ ဒဏ်ရာရသွားတယ်ဆိုတာလည်း ကျနော်ကြားရတယ်။ ၆ ယောက်လောက်တော့ ဒဏ်ရာရတယ်လို့ ကျနော်သိထားတယ်။ မီးကတော့ တော်တော်ကြီးတယ်။ ဒီနားမှာ ပိုက်စိတ်တိုက်ပြီး လိုက်ရှာနေတယ်လို့ကြားတယ်။ မြို့ထဲက စစ်ကားတွေကလည်း ဒီဘက်ကို ဆင်းလာနေတယ်လို့ ကြားတယ်။ ဒီ ဂျပန်တံတားကိုလည်း အထွက်အဝင် ပိတ်တယ် ကြားရတယ်။ အားလုံး အဝင်အထွက်ပိတ်ပြီးတော့ ကျောက်မြောင်းဘက်ကိုလည်း စစ်ကားတချို့ ဆင်းသွားပြီးတော့ လိုက်ရှာနေတယ်လို့တော့ ကျနော်ကြားတယ်။”

လှိုင်သာယာမြို့နယ်မှာလည်း ဒီကနေ့ ညနေပိုင်းမှာ ဗုံး ၆ လုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ အနီးတဝိုက်ကို စစ်တပ်တွေက ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးခဲ့တယ်လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“ပထမဆုံး ရုံးရှေ့မှတ်တိုင်နားမှာ ပေါက်တယ်။ အဲ့မှာပေါက်ပြီးတော့ အဲ့ကတည့်တည့် ကျန်စစ်သား လမ်းပေါ်ပေါ့လေ၊ စီးတီးမတ်နားမှာ ကျန်တဲ့အလုံးတွေပေ့ါ၊ ခုဆို ကျနော်တို့နားမှာ ကြားသလောက်ဆို ၅ လုံး၊ ၆ လုံးလောက် ဖြစ်သွားပြီဗျ ပေါက်တာ။ အဲ့နားမှာက ရုံးရှေ့မှတ်တိုင် အဲ့ရှေ့မှာက ၁၀၃ မှတ်တိုင်ပေါ့နော်၊ အဲ့ ၁၀၃ မှတ်တိုင်အထိ သူတို့တွေ ပိတ်လိုက်ပြီးတော့ ကျန်စစ်သားအိမ်ယာထဲကို ခုထိ ဝင်လို့မရသေးဘူးတဲ့ အဲ့နားမှာ သူတို့သွားတော့ သူတို့ကို စစ်သားတွေက တားထားတယ်ပေါ့လေ။ စစ်သားကပြောတယ်တဲ့ ဒီနားမှာ ပေါက်တာ ၆ လုံးရှိနေပြီ။ အဲ့တော့ အထဲကို ဝင်လို့မရသေးဘူးလို့ ပြောတယ်တဲ့။ ရုံးရှေ့မှာတုန်းကတော့ စစ်သားတွေ ထိမယ်ထင်တယ် ဘာလို့လဲဆိုတော့ အဲ့နား စစ်သားတွေ ဝိုင်းနေတဲ့ နေရာမှာ ပေါက်သွားတာဆိုတော့။”

ဒီကနေ့ညနေပိုင်း ၆ နာရီခွဲလောက်ကတော့ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
မြင်းခြံြမို့မှာ နေ့လည်ပိုင်းက မြင်းခြံ မိတ္ထီလာ လမ်းမကြီးပေါ် ရွှေရည်ဟိန်း ချည်ထည်ဆိုင်အနီးမှာ ယာဉ်ထိန်းရဲတဦး ဆိုင်ကယ်မောင်းနေရင်းက သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“သေနတ်သံကြားလိုက်ရတယ်ဆိုတော့ ထွက်ကြည့်လိုက်တော့ကျတော့ ယာဉ်ထိန်းရဲတယာက် မှောက်လျားထိုးရက်ကြီး ဖြစ်နေတာကို မြင်ရတယ်။ ဆိုင်ကယ်စီးရင်း အနီးကပ် ကပ်ရှောင်သွားတဲ့ သူတွေဆီကနေတဆင့်ကြားရတာကတော့ ဟုတ်တယ်၊ အဲ့လို ဆိုင်ကယ်စီးရင်း ဘေးကနေ ကပ်ပြီးတော့ ပြဿနာဖြစ်သွားတယ်လို့ ကြားတယ်ရှင့်။”
ယာဉ်ထိန်းရဲ ပစ်ခတ်ခံရပြီး သေဆုံးမှုအတွက် လူတချို့ကို နေအိမ်ထဲထိ ဝင်ရောက်ရှာဖွေတာတွေ လုပ်နေသလို ၆ ဦး ဖမ်းဆီးခံထားရပါတယ်။

ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြိုအဖြစ် နိုင်ငံတဝန်းမှာ ဒီကနေ့ ဆန္ဒပြကြတာတွေ ရှိသလို မနက်ဖြန်မှာကျရောက်မယ့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်မယ့် ပန်းသပိတ်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့လည်း သပိတ်ကော်မတီတွေက နှိုးဆော်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG