သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလး ဆႏၵျပစစ္ေၾကာင္း ၿဖိဳခြဲခံရၿပီး ၁၂ ေယာက္ထက္မနည္း ဖမ္းဆီးခံရ


အၾကမ္းဖက္ ျဖိဳခြဲဖမ္းဆီးမခံရမီ ေတြ ့ရတဲ့ ကလေးျမိဳ ့က သပိတ္စစ္ေၾကာင္း (ဓာတ္ပံု - CJ)

(Zawgyi/Unicode)

ကေလးၿမိဳ႕မွာ စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ဒီေန႔ ဆႏၵျပစစ္ေၾကာင္းကို အရပ္ဝတ္ေတြနဲ႔ ၿဖိဳခြဲမႈအတြင္း မိန္းကေလး ၈ ေယာက္အပါအဝင္ ၁၂ ေယာက္ထက္မနည္း ဖမ္းဆီးခံခဲ့ရပါတယ္။ ျမင္းၿခံၿမိဳ႕မွာလည္း ႏိုင္ငံေရးအက်ဥ္းသားေဟာင္း သံဃာေတာ္တပါး ဖမ္းဆီးခံရပါတယ္။ ဒီလို အဖမ္းအဆီးအေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာကေျပာျပပါမယ္။

စစ္အာဏာသိမ္းမႈဆန္႔က်င္ၿပီး ေန႔စဥ ္လမ္းေပၚထြက္ ဆႏၵျပေနၾကတဲ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕က ဆႏၵျပစစ္ေၾကာင္းတခု ဒီေန႔မနက္က ၿဖိဳခဲြခံရၿပီး ၁၂ ေယာက္ထက္မနည္း ဖမ္းဆီးခံခဲ့ရတာပါ။ ဆႏၵျပသူေတြကို အရပ္ဝတ္ေတြနဲ႔ ဝင္ေရာက္ဖမ္းဆီးခဲ့တဲ့အေၾကာင္း ဆႏၵျပစစ္ေၾကာင္းမွာ ပါဝင္သူတဦးက VOA ကို ေျပာပါတယ္။

“ဆႏၵျပ စစ္ေၾကာင္းက ၿပီးလို႔ စုရပ္ကိုျပန္ၿပီး လူစုခြဲေနတဲ့ အခ်ိန္မွာ သူတို႔က အရပ္ဝတ္ေတြနဲ႔ ကား ၄ စီးေလာက္ရွိမယ္ တစ္ေနရာတည္းက မဟုတ္ဘဲနဲ႔ တျခားလမ္းေတြကပါ ညႇပ္ပိတ္ၿပီးေတာ့ ဖမ္တာ။ ေနာက္ပိုင္း စုံစမ္းၾကည္သေလာက္ေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း ပုန္းေနၾကရေတာ့ေလ၊ စုံစမ္းရသေလာက္ ေယာက္်ားေလး ၄ ေယာက္၊ မိန္းကေလး ၈ ေယာက္ စုစုေပါင္း ၁၂ ေယာက္ေလာက္ ပါသြားတယ္။ ေနာက္ၿပီးေတာ့ သူတို႔က အဲ့နားမွာရွိတဲ့ ရပ္ကြက္ေန၊ ဆႏၵျပတာနဲ႔ မဆိုင္တဲ့ သြားလာေနတဲ့သူေတြပါ ဖမ္းသြားတယ္။ အဲ့လူေတြက မဆိုင္ဘူးဆိုေတာ့ ၁ နာရီေလာက္ ေနေတာ့ ျပန္ေတာ့လြတ္လိုက္တယ္။ ႐ိုက္ႏွက္တာ၊ ပစ္ခတ္တာေတာ့ မရွိဘူး၊ ဒါေပမယ့္ အိမ္ထဲေတြထိကို ဝင္ဖမ္းတာေပါ့ေႏွာ္။ အရပ္ဝတ္ေတြပါတယ္၊ စစ္ဝတ္၊ ရဲဝတ္ေတြပါတယ္၊ အင္အားကေတာ့ မ်ားမယ္။ အဲ့လိုေျပာတာက ပုန္းေနရေတာ့ ေသခ်ာေတာ့ မျမင္ရဘူးေပါ့၊ အသံေတြကေတာ့ ၾကားေနရတယ္။”

ဖမ္းသြားသူေတြကို ကေလးၿမိဳ႕နယ္ရဲစခန္းမွာ ခ်ဳပ္ေႏွာင္ထားတယ္လို႔ သိရပါတယ္။ ေအာင္သစၥာရပ္ကြက္မွာ ေနထိုင္တဲ့ လူငယ္တခ်ိဳ႕ကိုလည္း မေန႔တုန္းက စစ္တပ္က ဝင္ေရာက္ ဖမ္းဆီးခဲ့ပါတယ္။

“မေန႔ကဆိုရင္ ေအာင္သစၥာရပ္ကြက္မွာ လူငယ္ ၁၀ ေယာက္ေက်ာ္ေလာက္၊ အိမ္ထဲမွာ ဝိုင္းဖြဲ႕စားေသာက္ေနတဲ့ လူငယ္ေတြ၊ အနားမွာ ရွိေနတဲ့ လူငယ္ ၂ ေယာက္ရယ္ ဖမ္းေခၚသြားတယ္။ ခုထိ မလြတ္ေသးဘူး။ သူတို႔က လႈပ္ရွားမႈ လုပ္တဲ့သူေတြ မဟုတ္ဘူး၊ ဒီတိုင္း အရပ္သားေတြပဲ။ အဲ့ဒါကို ဖမ္းေခၚသြားတာ၊ ခုထက္ထိ ျပန္မလြတ္ေသးဘူးေပါ့။ အဲ့ဒါလည္း ၿမိဳ႕နယ္ရဲစခန္းမွာပဲ ထားတယ္။”

စစ္တပ္ အာဏာသိမ္းခဲ့ၿပီးကတည္းက ကေလး ဆႏၵျပစစ္ေၾကာင္းဟာ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြလုပ္တာ ဒီေန႔ ရက္ေပါင္း ၂၀၀ ျပည့္တဲ့ေန႔ျဖစ္ပါတယ္။ ခုလို အဖမ္းအဆီးမ်ားလာတဲ့အတြက္ လုံၿခဳံေရး အထူးသတိထား လႈပ္ရွားေနရတယ္လို႔ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္း လူ႔အဖြဲ႕အစည္းဝင္လည္းျဖစ္ မုံ႐ြာသပိတ္ ဦးေဆာင္သူတဦးလည္းျဖစ္တဲ့ ကိုဝင္းေဇာ္ခိုင္က ေျပာပါတယ္။
“အဓိကေတာ့ ဒီဆႏၵျပ လမ္းေပၚသပိတ္တိုက္ပြဲေတြကလည္း ဒါမရွိမျဖစ္ေဖာ္ေဆာင္ရမယ့္ လမ္းျပတိုက္ပြဲ ေတြျဖစ္တယ္ ဒီလိုမ်ိဳးလုပ္တဲ့အခါ အခုေနာက္ပိုင္းဆိုရင္ (စစ္ေကာင္စီ)သူတို႔ ေတြေပါ့ေနာ္ သြားလာ တာက အစ ကန႔္သတ္တာေတြရွိတယ္ လႈပ္ရွားမႈတိုင္းမွာေပ့ါေနာ္ ဒါတိုတိုတုပ္တုပ္ ကိုယ္လိုခ်င္တဲ့ပန္းတိုင္ဆီေရာက္ေအာင္ လုပ္ေဆာင္တတ္ဖို႔ အဓိကပါပဲ ကိုယ္လုပ္ေဆာင္တဲ့ အခါမွာ လုံၿခဳံေရးသတိ လုပ္ေဆာင္တတ္ၾကဖို႔ေပါ့ေနာ္။”

မႏၱေလးတိုင္းေဒသႀကီး ျမင္းၿခံၿမိဳ႕နယ္ ႐ွားေတာေက်ာင္းက ဆရာေတာ္ ဦးဥတၱမကိုလည္း ဒီကေန႔ မနက္ ၉ နာရီေလာက္က စစ္ကား ၅ စီး၊ အင္အား ၄၀ ေလာက္နဲ႔ လာေရာက္ဖမ္းဆီးသြားတယ္လို႔ ျမင္းၿခံၿမိဳ႕ ေဒသခံေတြက ေျပာပါတယ္။ ဆရာေတာ္ ဦးဥတၱမဟာ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းတဦး ျဖစ္ပါတယ္။

မေကြးတိုင္း ေတာင္တြင္းႀကီးၿမိဳ႕မွာလည္း ၾသဂုတ္လ ၂၅ ရက္ မေန႔ည ၁၁ နာရီဝန္းက်င္ေလာက္မွာ စစ္သားေတြက ေနအိမ္ေတြကိုဝင္ရွာၿပီး ဖမ္းဆီးမႈေတြ႐ွိတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ ဘယ္ႏွေယာက္အတိအက်ဆိုတာေတာ့ အေသအခ်ာ မသိရေသးပါဘူး။
ဒီကေန႔ မနက္ပိုင္းမွာလည္း ေတာင္တြင္းႀကီးၿမိဳ႕က စစ္တပ္အရာရွိ မိသားစုပိုင္ စတိုးဆိုင္မွာ ဗုံး ၂ လုံး ဆက္တိုက္ ေပါက္ကြဲတယ္ဆိုတဲ့သတင္းေတြ ျပည္တြင္းမီဒီယာေတြမွာ ေဖာ္ျပေနေပမဲ့ VOA အေနနဲ႔ သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။

စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြကေတာ့ ဒီကေန႔မွာလည္း မႏၲေလး၊ မုံ႐ြာ၊ ေ႐ႊဘို၊ နတ္ေမာက္ စတဲ့ၿမိဳ႕ေတြမွာ ႐ွိခဲ့တဲ့အျပင္ ဆားလင္းႀကီးၿမိဳ႕နယ္နဲ႔ ယင္းမာပင္ၿမိဳ႕နယ္တို႔ ပူးေပါင္းတဲ့ ႐ြာေပါင္းစု သပိတ္ေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


ကလေး ဆန္ဒပြစစ်ကြောင်း ဖြိုခွဲခံရပြီး ၁၂ ယောက်ထက်မနည်း ဖမ်းဆီးခံရ

(Unicode)

ကလေးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဒီနေ့ ဆန္ဒပြစစ်ကြောင်းကို အရပ်ဝတ်တွေနဲ့ ဖြိုခွဲမှုအတွင်း မိန်းကလေး ၈ ယောက်အပါအဝင် ၁၂ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ မြင်းခြံမြို့မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တပါး ဖမ်းဆီးခံရပါတယ်။ ဒီလို အဖမ်းအဆီးအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာကပြောပြပါမယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ပြီး နေ့စဥ ်လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့က ဆန္ဒပြစစ်ကြောင်းတခု ဒီနေ့မနက်က ဖြိုခွဲခံရပြီး ၁၂ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတာပါ။ ဆန္ဒပြသူတွေကို အရပ်ဝတ်တွေနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့အကြောင်း ဆန္ဒပြစစ်ကြောင်းမှာ ပါဝင်သူတဦးက VOA ကို ပြောပါတယ်။

“ဆန္ဒပြ စစ်ကြောင်းက ပြီးလို့ စုရပ်ကိုပြန်ပြီး လူစုခွဲနေတဲ့ အချိန်မှာ သူတို့က အရပ်ဝတ်တွေနဲ့ ကား ၄ စီးလောက်ရှိမယ် တစ်နေရာတည်းက မဟုတ်ဘဲနဲ့ တခြားလမ်းတွေကပါ ညှပ်ပိတ်ပြီးတော့ ဖမ်တာ။ နောက်ပိုင်း စုံစမ်းကြည်သလောက်တော့ တော်တော်များများလည်း ပုန်းနေကြရတော့လေ၊ စုံစမ်းရသလောက် ယောက်ျားလေး ၄ ယောက်၊ မိန်းကလေး ၈ ယောက် စုစုပေါင်း ၁၂ ယောက်လောက် ပါသွားတယ်။ နောက်ပြီးတော့ သူတို့က အဲ့နားမှာရှိတဲ့ ရပ်ကွက်နေ၊ ဆန္ဒပြတာနဲ့ မဆိုင်တဲ့ သွားလာနေတဲ့သူတွေပါ ဖမ်းသွားတယ်။ အဲ့လူတွေက မဆိုင်ဘူးဆိုတော့ ၁ နာရီလောက် နေတော့ ပြန်တော့လွတ်လိုက်တယ်။ ရိုက်နှက်တာ၊ ပစ်ခတ်တာတော့ မရှိဘူး၊ ဒါပေမယ့် အိမ်ထဲတွေထိကို ဝင်ဖမ်းတာပေါ့နှော်။ အရပ်ဝတ်တွေပါတယ်၊ စစ်ဝတ်၊ ရဲဝတ်တွေပါတယ်၊ အင်အားကတော့ များမယ်။ အဲ့လိုပြောတာက ပုန်းနေရတော့ သေချာတော့ မမြင်ရဘူးပေါ့၊ အသံတွေကတော့ ကြားနေရတယ်။”

ဖမ်းသွားသူတွေကို ကလေးမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ အောင်သစ္စာရပ်ကွက်မှာ နေထိုင်တဲ့ လူငယ်တချို့ကိုလည်း မနေ့တုန်းက စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။

“မနေ့ကဆိုရင် အောင်သစ္စာရပ်ကွက်မှာ လူငယ် ၁၀ ယောက်ကျော်လောက်၊ အိမ်ထဲမှာ ဝိုင်းဖွဲ့စားသောက်နေတဲ့ လူငယ်တွေ၊ အနားမှာ ရှိနေတဲ့ လူငယ် ၂ ယောက်ရယ် ဖမ်းခေါ်သွားတယ်။ ခုထိ မလွတ်သေးဘူး။ သူတို့က လှုပ်ရှားမှု လုပ်တဲ့သူတွေ မဟုတ်ဘူး၊ ဒီတိုင်း အရပ်သားတွေပဲ။ အဲ့ဒါကို ဖမ်းခေါ်သွားတာ၊ ခုထက်ထိ ပြန်မလွတ်သေးဘူးပေါ့။ အဲ့ဒါလည်း မြို့နယ်ရဲစခန်းမှာပဲ ထားတယ်။”

စစ်တပ် အာဏာသိမ်းခဲ့ပြီးကတည်းက ကလေး ဆန္ဒပြစစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလုပ်တာ ဒီနေ့ ရက်ပေါင်း ၂၀၀ ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ခုလို အဖမ်းအဆီးများလာတဲ့အတွက် လုံခြုံရေး အထူးသတိထား လှုပ်ရှားနေရတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းဝင်လည်းဖြစ် မုံရွာသပိတ် ဦးဆောင်သူတဦးလည်းဖြစ်တဲ့ ကိုဝင်းဇော်ခိုင်က ပြောပါတယ်။
“အဓိကတော့ ဒီဆန္ဒပြ လမ်းပေါ်သပိတ်တိုက်ပွဲတွေကလည်း ဒါမရှိမဖြစ်ဖော်ဆောင်ရမယ့် လမ်းပြတိုက်ပွဲ တွေဖြစ်တယ် ဒီလိုမျိုးလုပ်တဲ့အခါ အခုနောက်ပိုင်းဆိုရင် (စစ်ကောင်စီ)သူတို့ တွေပေါ့နော် သွားလာ တာက အစ ကန့်သတ်တာတွေရှိတယ် လှုပ်ရှားမှုတိုင်းမှာပေ့ါနော် ဒါတိုတိုတုပ်တုပ် ကိုယ်လိုချင်တဲ့ပန်းတိုင်ဆီရောက်အောင် လုပ်ဆောင်တတ်ဖို့ အဓိကပါပဲ ကိုယ်လုပ်ဆောင်တဲ့ အခါမှာ လုံခြုံရေးသတိ လုပ်ဆောင်တတ်ကြဖို့ပေါ့နော်။”

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရှားတောကျောင်းက ဆရာတော် ဦးဥတ္တမကိုလည်း ဒီကနေ့ မနက် ၉ နာရီလောက်က စစ်ကား ၅ စီး၊ အင်အား ၄၀ လောက်နဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ မြင်းခြံမြို့ ဒေသခံတွေက ပြောပါတယ်။ ဆရာတော် ဦးဥတ္တမဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်ပါတယ်။

မကွေးတိုင်း တောင်တွင်းကြီးမြို့မှာလည်း သြဂုတ်လ ၂၅ ရက် မနေ့ည ၁၁ နာရီဝန်းကျင်လောက်မှာ စစ်သားတွေက နေအိမ်တွေကိုဝင်ရှာပြီး ဖမ်းဆီးမှုတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဘယ်နှယောက်အတိအကျဆိုတာတော့ အသေအချာ မသိရသေးပါဘူး။
ဒီကနေ့ မနက်ပိုင်းမှာလည်း တောင်တွင်းကြီးမြို့က စစ်တပ်အရာရှိ မိသားစုပိုင် စတိုးဆိုင်မှာ ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲတယ်ဆိုတဲ့သတင်းတွေ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြနေပေမဲ့ VOA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကတော့ ဒီကနေ့မှာလည်း မန္တလေး၊ မုံရွာ၊ ရွှေဘို၊ နတ်မောက် စတဲ့မြို့တွေမှာ ရှိခဲ့တဲ့အပြင် ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့ ပူးပေါင်းတဲ့ ရွာပေါင်းစု သပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG