သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ နယ္ေျမရွင္းလင္းမႈ လက္နက္ႀကီးအသံုးျပဳ


စစ္ေကာင္စီတပ္

စစ္ကိုင္းတိုင္းေဒသႀကီး ေျမာင္ၿမိဳ႕နယ္ ေခ်ာင္းဇင္းရြာဘက္ကို ဧရာဝတီျမစ္ထဲမွာ႐ွိေနတဲ့ ေရတပ္သေဘၤာကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခုလိုပစ္ခတ္တာေၾကာင့္ ေက်းရြာသားေတြ ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ လွဴဒါန္းထားတဲ့ ရိကၡာေတြ စစ္ေကာင္စီ မီးရိႈ႕ဖ်က္ဆီးခံရတဲ့ ေပါက္ၿမိဳ႕ေတာင္ပိုင္း ကင္းမရြာမွာဆိုရင္လည္း ေဒသခံေတြ ေနရပ္မျပန္ႏိုင္ျဖစ္ေနပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ေျမာင္ၿမိဳ႕နယ္ထဲမွာ ေဒသခံကာကြယ္ေရး PDF အဖဲြ႔ေတြ လႈပ္႐ွားတတ္တဲ့ ေနရာေတြဘက္ကို စစ္တပ္က နယ္ေျမ႐ွင္းလင္းေရးလုပ္ေနတာမွာ စက္တင္ဘာ ၆ ရက္ တနလၤာေန႔က ဧရာဝတီျမစ္ကမ္းေဘးမွာ႐ွိတဲ့ ေခ်ာင္းဇင္းေက်းရြာဘက္ကို ေရတပ္ သေဘၤာေပၚကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံတေယာက္ကေျပာပါတယ္။ ႐ြာအေ႐ွ႔ဘက္ ဧရာဝတီျမစ္ထဲမွာ စစ္သေဘၤာတစီး႐ွိေနၿပီး အဲဒီကေန လွမ္းပစ္တယ္လို႔ ေျပာပါတယ္။ လက္နက္ႀကီးက်ည္ေတြ ေက်း႐ြာထဲ က်ေရာက္ေပါက္ကြဲခဲ့ေပမဲ့ အေသအေပ်ာက္ေတာ့ မ႐ွိဘူးလို႔ဆိုပါတယ္။ စိုးရိမ္ေၾကာက္လန္႔ၿပီး ႐ြာအေနာက္ဘက္ကေန ေလွေတြနဲ႔ ထြက္ေျပးၾကတဲ့ ေက်းရြာသားေတြကိုလည္း စစ္တပ္က စက္ေလွေတြနဲ႔ ပိတ္ၿပီး စစ္ေဆးခဲ့တယ္လို႔ေျပာပါတယ္။ မိုးႀကီးၿပီး ႐ြာထဲ ေရေတြဝင္ေနတာေၾကာင့္ ေလွေတြနဲ႔ ထြက္ေျပးၾကတာပါ။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ေျမာင္ၿမိဳ႕ခံတဦးက အခုလိုေျပာပါတယ္။

“ပံုစံက ဧရာ၀တီျမစ္လယ္မွာ သေဘၤာႀကီး ေက်ာက္ခ်ၿပီး ရပ္ထားတာ။ ရပ္ထားၿပီး သေဘၤာႀကီး အတိုင္းပဲရွိေနၿပီး စပိဘုတ္ေပါ့ စပိဘုတ္ ၄ စီးက ေခ်ာင္းဇင္းရြာကို ေခ်ာင္းဇင္းရြာရဲ႕ အေရွ႕ဘက္မွာ အစုန္အဆန္ လုပ္ေနတာ။ အားလံုးေပါင္း အေျမွာက္နဲ႔ ၄ ခ်က္ပစ္တာ ၁ ခ်က္ကေတာ့ ရြာေပၚကို က်တယ္။ ဒါေပမယ့္လို႔ ထိခိုက္ဒဏ္ရာ ရတာမ်ိဳးေတာ့ မရွိဘူးေပါ့။ ရြာထဲကလူေတြက ထြက္ေျပးတိမ္းေရွာင္ၾကတာေပါ့။ ထြက္ေျပးတိမ္းေရွာင္ေတာ့ စပိဘုတ္ ေမာ္ေတာ္ ၄ စီးအျပင္ကို ေနာက္ထပ္ ေမာ္ေတာ္က တစီးပါေသးတယ္။ အဲ့ေမာ္ေတာ္တစီးနဲ႔ ေျပးတဲ့သူေတြကို စက္ေလွေတြကို လိုက္တာေပါ့။ လိုက္ၿပီးေတာ့ မိလို႔ရွိရင္ ေရွာင္တဲ့တိမ္းတဲ့ စက္ေလွအေပၚမွာ လက္နက္တို႔ဘာတို႔ ပါလားေပါ့ လိုက္ၾကည့္တာေပါ့။ လက္နက္တို႔ ဘာတို႔ မပါဘူးဆိုရင္ေတာ့ လႊတ္ေပးလိုက္တာေပါ့။ ရြာသားေတြဖမ္းဆီးခံရတာ အခုခ်ိန္ထိေတာ့ အတည္ျပဳလို႔မရေသးဘူး။ တခ်ိဳ႕ေတြေျပာတာက ၄ ဦးေပါ့ အဲ့လိုေတာ့ ၾကားတယ္။ ဒါေပမယ့္ အတိက်ေတာ့မသိဘူး။”

အခုလက္နက္ႀကီးနဲ႔ပစ္ခံရတဲ့ ေခ်ာင္းဇင္းေက်း႐ြာမွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြ ေမလ ၂၆ ရက္က တခါ တိုက္ပဲြျဖစ္ခဲ့ဖူးပါတယ္။ တိုက္ပြဲျဖစ္ၿပီးေနာက္ပိုင္း ေခ်ာင္းဇင္အပါအ၀င္ ေျမာင္ၿမိဳ႕နယ္ထဲက ေက်းရြာေတြကို စစ္ေကာင္စီတပ္ေတြက မၾကာခဏ၀င္ေရာက္ရွာေဖြၿပီး ေဒသခံေတြကို ဖမ္းဆီးစစ္ေဆးမႈေတြ လုပ္ေနတာပါ။

တခါ မေကြးတုိင္း ေပါက္ၿမိဳ႕နယ္ ကင္းမ႐ြာက ထြက္ေျပးေနၾကရတဲ့ ႐ြာသူ႐ြာသားေတြ ခုခ်ိန္ထိ ေနရပ္ မျပန္ႏုိင္ၾကေသးပါဘူး။

စစ္တပ္နဲ႔ PDF အဖြဲ႔ေတြ တိုက္ပြဲေတြျဖစ္ခဲ့တဲ့ ကင္းမရြာကို စက္တင္ဘာ ၁ ရက္က စစ္ေကာင္စီတပ္ေတြ၀င္ေရာက္လာၿပီး ေက်းရြာဘုန္းႀကီးေက်ာင္းမွာ ေဒသခံေတြအတြက္ လွဴဒါန္းထားတဲ့ ရိကၡာေတြကို မီးရိႈ႕ဖ်က္ဆီးတာေတြ လုပ္ခဲ့လို႔ ေဒသခံေတြဟာ ေတာေတာင္ေတြထဲကို ထြက္ေျပး တိမ္းေရွာင္ေနၾကရတာပါ။

ဒါနဲ႔ပတ္သက္လို႔ ကင္းမရြာသားတဦးက -

“ကြ်န္ေတာ္တို႔ရြာထဲက ထြက္ေျပးတိမ္းေရွာင္ေနရတဲ့သူေတြက ရြာထဲကို မျပန္ရဲၾကေတာ့ဘူးဆိုၿပီး ေတာထဲေတြမွာပဲ ေနၿမဲေန ေနရေသးတယ္။ ၁ ရက္ ၂ ရက္ အေတာအတြင္း အဆင္ေျပႏိုင္ေလာက္ေသးတယ္။ ေနာင္ရက္ၾကာလာတဲ့အခါဆိုရင္ေတာ့ ကြ်န္ေတာ္တို႔ ဘယ္လိုမွ အဆင္မေျပႏိုင္ဘူးခင္ဗ်။ အခုက ရြာထဲမွာ တေယာက္မွ မရွိေတာ့ဘူး။ ကြ်န္ေတာ္တို႔ေတာထဲမွာပဲ တိမ္းေရွာင္ေနၾကေတာ့တာ။ ကြ်န္ေတာ္တို႔ဆီက ဘယ္ကိုမွလည္း မသြားရဲ ဘယ္ကမွလည္း မ၀င္ရဲဆိုသလို ျဖစ္ေနတဲ့အခါက်ေတာ့ ကြ်န္ေတာ္တို႔ဆီမွာ အခက္အခဲျဖစ္ေနတယ္ခင္ဗ်။”

ေပါက္ၿမိဳ႕ေတာင္ပိုင္း ကင္းမရြာဟာ ဇြန္ ၁၆ ရက္က စစ္ေကာင္စီနဲ႔ ေဒသခံ PDF ေတြ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေနအိမ္ ၁၀၀ ေက်ာ္မီးေလာင္ခဲ့သလို သက္ႀကီး ဖိုးဖြား ၂ ဦးလည္း မီးေလာင္ေသဆံုးခဲ့ပါတယ္။ မီးေလာင္တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီနဲ႔ ေဒသခံ PDF တို႔ အျပန္အလွန္ စြပ္စြဲေနၾကပါတယ္။ စစ္ေကာင္စီဘက္ကလည္း အၾကမ္းဖက္လိုလားသူေတြဘက္က မီး႐ိႈ႕တာလို႔ ေျပာေနသလို၊ PDF ေတြဘက္ကလည္း စစ္တပ္က မီးရိႈ႕တာလို႔ အခိုင္အမာေျပာေနပါတယ္။ ကင္းမရြာမီးေလာင္ၿပီးေနာက္ပိုင္း ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕က အသံုးအေဆာင္ပစၥည္းေတြ လာေရာက္လွဴဒါန္းဖို႔ ျပင္ဆင္ခဲ့ေပမယ့္ လမ္းခရီးအေျခအေနနဲ႔ ကိုဗစ္ ကူးစက္တာေတြ မ်ားေနတာေၾကာင့္ လွဴဒါန္းမႈ အစီအစဥ္ကို ေရႊ႕ဆိုင္းခဲ့ရပါေသးတယ္။

---------------------------------------------

စစ်ကောင်စီ နယ်မြေရှင်းလင်းမှု လက်နက်ကြီးအသုံးပြု

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ချောင်းဇင်းရွာဘက်ကို ဧရာဝတီမြစ်ထဲမှာရှိနေတဲ့ ရေတပ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလိုပစ်ခတ်တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လှူဒါန်းထားတဲ့ ရိက္ခာတွေ စစ်ကောင်စီ မီးရှို့ဖျက်ဆီးခံရတဲ့ ပေါက်မြို့တောင်ပိုင်း ကင်းမရွာမှာဆိုရင်လည်း ဒေသခံတွေ နေရပ်မပြန်နိုင်ဖြစ်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲမှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေ လှုပ်ရှားတတ်တဲ့ နေရာတွေဘက်ကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတာမှာ စက်တင်ဘာ ၆ ရက် တနင်္လာနေ့က ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ချောင်းဇင်းကျေးရွာဘက်ကို ရေတပ် သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်ကပြောပါတယ်။ ရွာအရှေ့ဘက် ဧရာဝတီမြစ်ထဲမှာ စစ်သင်္ဘောတစီးရှိနေပြီး အဲဒီကနေ လှမ်းပစ်တယ်လို့ ပြောပါတယ်။ လက်နက်ကြီးကျည်တွေ ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ အသေအပျောက်တော့ မရှိဘူးလို့ဆိုပါတယ်။ စိုးရိမ်ကြောက်လန့်ပြီး ရွာအနောက်ဘက်ကနေ လှေတွေနဲ့ ထွက်ပြေးကြတဲ့ ကျေးရွာသားတွေကိုလည်း စစ်တပ်က စက်လှေတွေနဲ့ ပိတ်ပြီး စစ်ဆေးခဲ့တယ်လို့ပြောပါတယ်။ မိုးကြီးပြီး ရွာထဲ ရေတွေဝင်နေတာကြောင့် လှေတွေနဲ့ ထွက်ပြေးကြတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မြောင်မြို့ခံတဦးက အခုလိုပြောပါတယ်။

“ပုံစံက ဧရာဝတီမြစ်လယ်မှာ သင်္ဘောကြီး ကျောက်ချပြီး ရပ်ထားတာ။ ရပ်ထားပြီး သင်္ဘောကြီး အတိုင်းပဲရှိနေပြီး စပိဘုတ်ပေါ့ စပိဘုတ် ၄ စီးက ချောင်းဇင်းရွာကို ချောင်းဇင်းရွာရဲ့ အရှေ့ဘက်မှာ အစုန်အဆန် လုပ်နေတာ။ အားလုံးပေါင်း အမြှောက်နဲ့ ၄ ချက်ပစ်တာ ၁ ချက်ကတော့ ရွာပေါ်ကို ကျတယ်။ ဒါပေမယ့်လို့ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မရှိဘူးပေါ့။ ရွာထဲကလူတွေက ထွက်ပြေးတိမ်းရှောင်ကြတာပေါ့။ ထွက်ပြေးတိမ်းရှောင်တော့ စပိဘုတ် မော်တော် ၄ စီးအပြင်ကို နောက်ထပ် မော်တော်က တစီးပါသေးတယ်။ အဲ့မော်တော်တစီးနဲ့ ပြေးတဲ့သူတွေကို စက်လှေတွေကို လိုက်တာပေါ့။ လိုက်ပြီးတော့ မိလို့ရှိရင် ရှောင်တဲ့တိမ်းတဲ့ စက်လှေအပေါ်မှာ လက်နက်တို့ဘာတို့ ပါလားပေါ့ လိုက်ကြည့်တာပေါ့။ လက်နက်တို့ ဘာတို့ မပါဘူးဆိုရင်တော့ လွှတ်ပေးလိုက်တာပေါ့။ ရွာသားတွေဖမ်းဆီးခံရတာ အခုချိန်ထိတော့ အတည်ပြုလို့မရသေးဘူး။ တချို့တွေပြောတာက ၄ ဦးပေါ့ အဲ့လိုတော့ ကြားတယ်။ ဒါပေမယ့် အတိကျတော့မသိဘူး။”

အခုလက်နက်ကြီးနဲ့ပစ်ခံရတဲ့ ချောင်းဇင်းကျေးရွာမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ မေလ ၂၆ ရက်က တခါ တိုက်ပွဲဖြစ်ခဲ့ဖူးပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ချောင်းဇင်အပါအဝင် မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မကြာခဏဝင်ရောက်ရှာဖွေပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတာပါ။

တခါ မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာက ထွက်ပြေးနေကြရတဲ့ ရွာသူရွာသားတွေ ခုချိန်ထိ နေရပ် မပြန်နိုင်ကြသေးပါဘူး။

စစ်တပ်နဲ့ PDF အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကင်းမရွာကို စက်တင်ဘာ ၁ ရက်က စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ကျေးရွာဘုန်းကြီးကျောင်းမှာ ဒေသခံတွေအတွက် လှူဒါန်းထားတဲ့ ရိက္ခာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့လို့ ဒေသခံတွေဟာ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။

ဒါနဲ့ပတ်သက်လို့ ကင်းမရွာသားတဦးက -

“ကျွန်တော်တို့ရွာထဲက ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေက ရွာထဲကို မပြန်ရဲကြတော့ဘူးဆိုပြီး တောထဲတွေမှာပဲ နေမြဲနေ နေရသေးတယ်။ ၁ ရက် ၂ ရက် အတောအတွင်း အဆင်ပြေနိုင်လောက်သေးတယ်။ နောင်ရက်ကြာလာတဲ့အခါဆိုရင်တော့ ကျွန်တော်တို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးခင်ဗျ။ အခုက ရွာထဲမှာ တယောက်မှ မရှိတော့ဘူး။ ကျွန်တော်တို့တောထဲမှာပဲ တိမ်းရှောင်နေကြတော့တာ။ ကျွန်တော်တို့ဆီက ဘယ်ကိုမှလည်း မသွားရဲ ဘယ်ကမှလည်း မဝင်ရဲဆိုသလို ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ဆီမှာ အခက်အခဲဖြစ်နေတယ်ခင်ဗျ။”

ပေါက်မြို့တောင်ပိုင်း ကင်းမရွာဟာ ဇွန် ၁၆ ရက်က စစ်ကောင်စီနဲ့ ဒေသခံ PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ် ၁၀၀ ကျော်မီးလောင်ခဲ့သလို သက်ကြီး ဖိုးဖွား ၂ ဦးလည်း မီးလောင်သေဆုံးခဲ့ပါတယ်။ မီးလောင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ဒေသခံ PDF တို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။ စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်လိုလားသူတွေဘက်က မီးရှို့တာလို့ ပြောနေသလို၊ PDF တွေဘက်ကလည်း စစ်တပ်က မီးရှို့တာလို့ အခိုင်အမာပြောနေပါတယ်။ ကင်းမရွာမီးလောင်ပြီးနောက်ပိုင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က အသုံးအဆောင်ပစ္စည်းတွေ လာရောက်လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပေမယ့် လမ်းခရီးအခြေအနေနဲ့ ကိုဗစ် ကူးစက်တာတွေ များနေတာကြောင့် လှူဒါန်းမှု အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG