(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာ ၈ လထဲ ေရာက္လာခ်ိန္မွာပဲ ျပည္တြင္းမွာေရာ ျပည္ပမွာပါ ဆန႔္က်င္မႈေတြ ဆက္ရွိေနတဲ့အထဲ စေနေန႔တုန္းကေတာ့ အေမရိကန္၊ ကေနဒါနဲ႔ နယ္သာလန္ႏိုင္ငံေရာက္ ျမန္မာေတြက ျမန္မာ့အေရးကို ကုလသမဂၢအေနနဲ႔ အေလးထား ကိုင္တြယ္ေဆာင္ရြက္ဖို႔ ေတာင္းဆိုလိုက္ၾကတယ္။ အာဏာသိမ္းမႈ ဆန႔္က်င္သူေတြကို စစ္တပ္က အၾကမ္းဖက္ႏွိမ္နင္းမႈအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ျဖစ္ေပၚခဲ့တာကို ေထာက္ျပ တိုက္တြန္းေနၾကတာပါ။ အျပည့္အစုံကုိ ကိုဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။
ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ သံအမတ္ႀကီး ေနရာအတြက္ အေခ်အတင္ျဖစ္စရာ ကိစၥေတြ အပါအဝင္ ျမန္မာ့အေရး အာ႐ုံစိုက္ခံရမယ္လို႔ ခန္႔မွန္းေနခ်ိန္မွာပဲ ကုလသမဂၢက ျမန္မာ့အေရး ထိထိေရာက္ေရာက္ ေဆာင္ရြက္ၾကဖို႔ ျမန္မာ့အေရး လႈပ္ရွားသူေတြ ေတာင္းဆိုုေနၾကတာပါ။
စက္တင္ဘာလ ၁၈ ရက္ စေနေန႔ မြန္းလြဲပိုင္း ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံး၊ စစ္သံ႐ုံးေရွ႕တို႔မွာ သြားေရာက္ဆႏၵျပၾကတဲ့ ျမန္မာ့အေရး လႈပ္ရွားသူေတြကေတာ့ ကုလသမဂၢအေနနဲ႔ ျမန္မာ့အေရးကို ထိေရာက္စြာ ကိုင္တြယ္ေျဖရွင္းသင့္ၿပီလို႔ တိုက္တြန္းေၾကာင္း ဆႏၵျပပြဲဦးေဆာင္သူ ဦးရင္ေအးက ေျပာပါတယ္။
“ကမၻာ့ကုလသမဂၢမွာ ျမန္မာႏုိင္ငံအတြက္ ကိုယ္စားျပဳတဲ့ ျမန္မာျပည္ရဲ႕ ျပည္သူ႔ကုိယ္စားလွယ္ ဦးေက်ာ္မုိးထြန္း ေနရာကို စစ္ေကာင္စီက ဝါရွင္တန္ဒီစီမွာရွိတဲ့ စစ္သံ႐ုံးက စစ္သံမွဴး ဦးေအာင္သူရိန္ကုိ အစားထုိးဖို႔ ႀကိဳးစားေနတာ ရွိတယ္။ အဲဒီကိစၥကို က်ေနာ္တုိ႔က လုံးဝ လက္မခံဘူးဆုိတာကို ျပသတဲ့အေနနဲ႔ ဒီမွာရွိတဲ့ အင္အားစုေတြ လာစု႐ုံးၿပီး ဆႏၵျပတာျဖစ္တယ္။ ဒါ့အျပင္ ကမၻာ့ကုလသမဂၢ အေနနဲ႔ ျမန္မာျပည္မွာ အခုဆိုရင္ မတရား အာဏာသိမ္းၿပီးေတာ့ လူေတြ သတ္ျဖတ္လာတာ ေထာင္ေက်ာ္ေနၿပီ။ လတ္တေလာမွာ ပိုဆုိးတာက ေက်းရြာေတြ မီး႐ိႈ႕ၿပီးေတာ့ အျပစ္မဲ့ျပည္သူေတြကုိ သတ္ပစ္ေနတဲ့ ကိစၥေတြ၊ လူငယ္ေတြကို လုိက္ဖမ္းေနတဲ့ ကိစၥေတြ၊ ဒီ စစ္ေကာင္စီလုပ္ေနတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ၊ လူသားမ်ဳိးႏြယ္စုအေပၚ က်ဴးလြန္တဲ့ ျပစ္မႈေတြ၊ ဒီလုိအျဖစ္ေတြကို ကမၻာ့ကုလသမဂၢ ညီလာခံမွာ ေဖာ္ထုတ္ၿပီး Resolution ေတြ ခ်မွတ္ၿပီး ျပင္းျပင္းထန္ထန္ အေရးယူဖို႔အတြက္ က်ေနာ္တို႔ ေတာင္းဆုိတာျဖစ္ပါတယ္။”
အလားတူ ကေနဒါႏုိင္ငံ ဗန္ကူးဗားၿမိဳ႕ ကြန္ဗန္းရွင္းစင္တာေရွ႕မွာ ျမန္မာ့အေရး လႈပ္ရွားသူေတြ စေနေန႔ ေန႔လယ္ပုိင္းက စုေဝးဆႏၵျပၾကၿပီး ျမန္မာျပည္သူအမ်ားစု လိုလားတဲ့ သံအမတ္ႀကီးကို ကုလသမဂၢက အသိအမွတ္ျပဳ ေနရာေပးဖို႔နဲ႔ ကေနဒါအစိုးရက ျမန္မာ့အေရးကို ထိေရာက္စြာ ပံ့ပိုးကူညီဖို႔ ေတာင္းဆိုၾကေၾကာင္း ဆႏၵျပပြဲမွာပါတဲ့ မျမတ္သဇင္ဟန္က ေျပာပါတယ္။
“ကေနဒါအစုိးရအေနနဲ႔ UN မွာ NUG ကုိ အသိအမွတ္ျပဳဖုိ႔အတြက္ ပုိမိုၿပီး ေထာက္ခံေပးဖုိ႔အတြက္ရယ္၊ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္နဲ႔ ႏုိင္ငံေရးအက်ဥ္းသားေတြ အားလုံးကုိ အျမန္ဆုံး ျပန္လႊတ္ေပးဖုိ႔ရယ္၊ ျမန္မာျပည္မွာ တုိက္ပြဲဝင္ေနတဲ့ PDF အဖြဲ႔ဝင္ေတြေရာ NUG ကိုေရာ ပံ့ပုိးကူညီေပးဖို႔အတြက္ အဓိက ကေနဒါအစုိးရကို ေတာင္းဆုိခ်င္တာေပါ့။ ဦးေက်ာ္မုိးထြန္း အေနနဲ႔ UN မွာ ပုိၿပီးေတာ့ NUG အစုိးရကို ကုိယ္စားျပဳႏုိင္ေရး ပုိၿပီး ေျပာႏုိင္ဖုိ႔အတြက္ ေထာက္ခံေပးဖုိ႔ ေျပာခ်င္တာပါ။”
ဥရာပတိုက္ထဲက နယ္သာလန္ႏိုင္ငံမွာေတာ့ ရန္ပုံေငြရွာတဲ့အေနနဲ႔ Bike for Burma ျမန္မာ့အေရး စက္ဘီးစီးပြဲကို Netherlands Myanmar Solidarity အဖြဲ႔က ဦးေဆာင္လုပ္ခဲ့တယ္လို႔ ဒီစက္ဘီးစီးပြဲမွာ ပါခဲ့တဲ့ ျမန္မာေက်ာင္းသူ မထိုက္နႏၵာလင္းက ရွင္းျပပါတယ္။
"ဒီ Bike for Burma ပဲြကေတာ့ နယ္သာလန္ႏိုင္ငံသားေတြက ျမန္မာႏိုင္ငံ ေတာ္လွန္ေရးအတြက္ အကူအညီေပးဖို႔ စည္း႐ုံးစီစဥ္ေပးတဲ့ပဲြ ျဖစ္ပါတယ္။ အခုဆိုလို႔ရွိရင္ ျမန္မာႏိုင္ငံသားေတြကေနၿပီးေတာ့ အမ္စတာဒမ္ကေနျဖစ္ျဖစ္ အျခားၿမိဳ႕ေတြကေနျဖစ္ျဖစ္ စက္ဘီးစီးလာၿပီးေတာ့ 'ဥထရက္' က တကၠသိုလ္ကို သြားၾကမွာ ျဖစ္ပါတယ္။ အဲဒီမွာ ေဆြးေႏြးပဲြ စကားဝိုင္း လုပ္ၿပီးေတာ့ ရတဲ့ရန္ပုံေငြကို ျမန္မာႏိုင္ငံ ျပန္လွဴသြားမွာ ျဖစ္ပါတယ္။"
စက္ဘီးစီးအဖြဲ႔ေတြဟာ အမ္စတာဒမ္ၿမဳိ႕ကေန စေနေန႔မနက္ ၉ နာရီခြဲကေန စတင္ထြက္ခြာၿပီး ေန႔လယ္ ၁ နာရီမွာ ေဆြးေႏြးပဲြလုပ္မယ့္ 'ဥထရက္'တကၠသိုလ္မွာ စုရပ္အျဖစ္ ခရီးဆုံးၾကပါတယ္။ ျမန္မာ့အေရး ရန္ပုံေငြရွာတဲ့ စက္ဘီးစီးပဲြကို နယ္သာလန္ႏိုင္ငံသား အမ်ားစု အပါအဝင္ အဲဒီႏိုင္ငံမွာ ေရာက္ေနတဲ့ ျမန္မာေတြပါ စုစုေပါင္း ၂၅၀ နီးပါး ပါဝင္ဆင္ႏႊဲခဲ့ၾကၿပီး ျမန္မာ့႐ိုးရာ အစားအေသာက္ေတြလည္း ေရာင္းခ်ခဲ့ၾကပါတယ္။
အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ ကုလသမဂၢ႐ုံးခ်ဳပ္က ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ဒီသီတင္းပတ္ထဲ ႏုိင္ငံတကာက ေခါင္းေဆာင္ ၁၀၀ ေက်ာ္ တက္ေရာက္လာဖို႔ ရွိေနခ်ိန္မွာပဲ ျမန္မာ့အေရး အပါအဝင္ ႏိုင္ငံတကာ ျပႆနာေတြနဲ႔ ပတ္သက္လို႔ ဆြးေႏြးကိုင္တြယ္ ေျဖရွင္းဖို႔ရွိေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုထားပါတယ္။
------------------------
(Unicode)
မြန်မာ့အရေး ကုလသမဂ္ဂ အလေးထား ဖြေရှင်းဖို့ လှုပ်ရှားသူတွေ တောင်းဆို
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၈ လထဲ ရောက်လာချိန်မှာပဲ ပြည်တွင်းမှာရော ပြည်ပမှာပါ ဆန့်ကျင်မှုတွေ ဆက်ရှိနေတဲ့အထဲ စနေနေ့တုန်းကတော့ အမေရိကန်၊ ကနေဒါနဲ့ နယ်သာလန်နိုင်ငံရောက် မြန်မာတွေက မြန်မာ့အရေးကို ကုလသမဂ္ဂအနေနဲ့ အလေးထား ကိုင်တွယ်ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ကြတယ်။ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းမှုအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တာကို ထောက်ပြ တိုက်တွန်းနေကြတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး နေရာအတွက် အချေအတင်ဖြစ်စရာ ကိစ္စတွေ အပါအဝင် မြန်မာ့အရေး အာရုံစိုက်ခံရမယ်လို့ ခန့်မှန်းနေချိန်မှာပဲ ကုလသမဂ္ဂက မြန်မာ့အရေး ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေ တောင်းဆိုနေကြတာပါ။
စက်တင်ဘာလ ၁၈ ရက် စနေနေ့ မွန်းလွဲပိုင်း ဝါရှင်တန်ဒီစီ မြန်မာသံရုံး၊ စစ်သံရုံးရှေ့တို့မှာ သွားရောက်ဆန္ဒပြကြတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသင့်ပြီလို့ တိုက်တွန်းကြောင်း ဆန္ဒပြပွဲဦးဆောင်သူ ဦးရင်အေးက ပြောပါတယ်။
“ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုတဲ့ မြန်မာပြည်ရဲ့ ပြည်သူ့ကိုယ်စားလှယ် ဦးကျော်မိုးထွန်း နေရာကို စစ်ကောင်စီက ဝါရှင်တန်ဒီစီမှာရှိတဲ့ စစ်သံရုံးက စစ်သံမှူး ဦးအောင်သူရိန်ကို အစားထိုးဖို့ ကြိုးစားနေတာ ရှိတယ်။ အဲဒီကိစ္စကို ကျနော်တို့က လုံးဝ လက်မခံဘူးဆိုတာကို ပြသတဲ့အနေနဲ့ ဒီမှာရှိတဲ့ အင်အားစုတွေ လာစုရုံးပြီး ဆန္ဒပြတာဖြစ်တယ်။ ဒါ့အပြင် ကမ္ဘာ့ကုလသမဂ္ဂ အနေနဲ့ မြန်မာပြည်မှာ အခုဆိုရင် မတရား အာဏာသိမ်းပြီးတော့ လူတွေ သတ်ဖြတ်လာတာ ထောင်ကျော်နေပြီ။ လတ်တလောမှာ ပိုဆိုးတာက ကျေးရွာတွေ မီးရှို့ပြီးတော့ အပြစ်မဲ့ပြည်သူတွေကို သတ်ပစ်နေတဲ့ ကိစ္စတွေ၊ လူငယ်တွေကို လိုက်ဖမ်းနေတဲ့ ကိစ္စတွေ၊ ဒီ စစ်ကောင်စီလုပ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ၊ ဒီလိုအဖြစ်တွေကို ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံမှာ ဖော်ထုတ်ပြီး Resolution တွေ ချမှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူဖို့အတွက် ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်။”
အလားတူ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ကွန်ဗန်းရှင်းစင်တာရှေ့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေ စနေနေ့ နေ့လယ်ပိုင်းက စုဝေးဆန္ဒပြကြပြီး မြန်မာပြည်သူအများစု လိုလားတဲ့ သံအမတ်ကြီးကို ကုလသမဂ္ဂက အသိအမှတ်ပြု နေရာပေးဖို့နဲ့ ကနေဒါအစိုးရက မြန်မာ့အရေးကို ထိရောက်စွာ ပံ့ပိုးကူညီဖို့ တောင်းဆိုကြကြောင်း ဆန္ဒပြပွဲမှာပါတဲ့ မမြတ်သဇင်ဟန်က ပြောပါတယ်။
“ကနေဒါအစိုးရအနေနဲ့ UN မှာ NUG ကို အသိအမှတ်ပြုဖို့အတွက် ပိုမိုပြီး ထောက်ခံပေးဖို့အတွက်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ရယ်၊ မြန်မာပြည်မှာ တိုက်ပွဲဝင်နေတဲ့ PDF အဖွဲ့ဝင်တွေရော NUG ကိုရော ပံ့ပိုးကူညီပေးဖို့အတွက် အဓိက ကနေဒါအစိုးရကို တောင်းဆိုချင်တာပေါ့။ ဦးကျော်မိုးထွန်း အနေနဲ့ UN မှာ ပိုပြီးတော့ NUG အစိုးရကို ကိုယ်စားပြုနိုင်ရေး ပိုပြီး ပြောနိုင်ဖို့အတွက် ထောက်ခံပေးဖို့ ပြောချင်တာပါ။”
ဥရောပတိုက်ထဲက နယ်သာလန်နိုင်ငံမှာတော့ ရန်ပုံငွေရှာတဲ့အနေနဲ့ Bike for Burma မြန်မာ့အရေး စက်ဘီးစီးပွဲကို Netherlands Myanmar Solidarity အဖွဲ့က ဦးဆောင်လုပ်ခဲ့တယ်လို့ ဒီစက်ဘီးစီးပွဲမှာ ပါခဲ့တဲ့ မြန်မာကျောင်းသူ မထိုက်နန္ဒာလင်းက ရှင်းပြပါတယ်။
"ဒီ Bike for Burma ပွဲကတော့ နယ်သာလန်နိုင်ငံသားတွေက မြန်မာနိုင်ငံ တော်လှန်ရေးအတွက် အကူအညီပေးဖို့ စည်းရုံးစီစဉ်ပေးတဲ့ပွဲ ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံသားတွေကနေပြီးတော့ အမ်စတာဒမ်ကနေဖြစ်ဖြစ် အခြားမြို့တွေကနေဖြစ်ဖြစ် စက်ဘီးစီးလာပြီးတော့ 'ဥထရက်' က တက္ကသိုလ်ကို သွားကြမှာ ဖြစ်ပါတယ်။ အဲဒီမှာ ဆွေးနွေးပွဲ စကားဝိုင်း လုပ်ပြီးတော့ ရတဲ့ရန်ပုံငွေကို မြန်မာနိုင်ငံ ပြန်လှူသွားမှာ ဖြစ်ပါတယ်။"
စက်ဘီးစီးအဖွဲ့တွေဟာ အမ်စတာဒမ်မြို့ကနေ စနေနေ့မနက် ၉ နာရီခွဲကနေ စတင်ထွက်ခွာပြီး နေ့လယ် ၁ နာရီမှာ ဆွေးနွေးပွဲလုပ်မယ့် 'ဥထရက်'တက္ကသိုလ်မှာ စုရပ်အဖြစ် ခရီးဆုံးကြပါတယ်။ မြန်မာ့အရေး ရန်ပုံငွေရှာတဲ့ စက်ဘီးစီးပွဲကို နယ်သာလန်နိုင်ငံသား အများစု အပါအဝင် အဲဒီနိုင်ငံမှာ ရောက်နေတဲ့ မြန်မာတွေပါ စုစုပေါင်း ၂၅၀ နီးပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး မြန်မာ့ရိုးရာ အစားအသောက်တွေလည်း ရောင်းချခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်က ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီသီတင်းပတ်ထဲ နိုင်ငံတကာက ခေါင်းဆောင် ၁၀၀ ကျော် တက်ရောက်လာဖို့ ရှိနေချိန်မှာပဲ မြန်မာ့အရေး အပါအဝင် နိုင်ငံတကာ ပြဿနာတွေနဲ့ ပတ်သက်လို့ ဆွးနွေးကိုင်တွယ် ဖြေရှင်းဖို့ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။