သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအပါအဝင္ ႏိုင္ငံတကာ ျပႆနာေတြ ကုလသမဂၢမွာ ေဆြးေႏြးမည္ (အေမရိကန္သံအမတ္ႀကီး)


ျမန္မာအပါအ၀င္ ႏိုင္ငံတကာ ျပႆနာေတြ ကုလသမဂၢမွာ ေဆြးေႏြးမည္ (အေမရိကန္သံအမတ္ႀကီး)


ျမန္မာအပါအ၀င္ ႏိုင္ငံတကာ ျပႆနာေတြ ကုလသမဂၢမွာ ေဆြးေႏြးမည္ (အေမရိကန္သံအမတ္ႀကီး)
{{Zawgyi/Unicode}}

လာမယ့္သီတင္းပတ္ထဲမွာ ျမန္မာ အပါအဝင္ ကမာၻတလႊား ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရး ၿခိမ္းေျခာက္ခံေနရတဲ့ ႏိုင္ငံေတြနဲ႔ ပတ္သက္ၿပီး ကုလသမဂၢမွာ ကိုင္တြယ္ေျဖရွင္းၾကမွာ ျဖစ္ေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္ အၿမဲတမ္းကိုယ္စားလွယ္ Linda Thomas- Greenfield က ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ မစတင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။

“လာမယ့္သီတင္းပတ္ထဲမွာ ျမန္မာ၊ အာဖဂန္နစၥတန္၊ ဆီးရီယားနဲ႔ ယီမင္အပါအဝင္ ကမာၻတလႊား ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရး အၿခိမ္းေျခာက္ခံေနရတဲ့ ႏိုင္ငံေတြနဲ႔ ပတ္သက္ၿပီး ကုလသမဂၢက ကိုင္တြယ္ေျဖရွင္းဖို႔ရွိပါတယ္” လို႔ ေျပာသြားတာပါ။

ကမာၻတလႊား ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ ႏိုင္ငံတကာ တရားဥပေဒစိုးမိုးေရးေတြ အတိုက္ခိုက္ခံေနရသလို အာဏာရွင္ေတြဟာ ကိုဗစ္ကပ္ေရာဂါျဖစ္ပြားတာကို လူ႔အခြင့္ေရးခ်ိဳးေဖါက္ဖို႔ေတြ၊ သူတို႔အာဏာတည္ၿမဲေရးအတြက္ေတြ တလြဲအသံုးခ်ေနေၾကာင္းနဲ႔ သူတို႔ဟာ ျပည္ပေရာက္ေနတဲ့ အတိုက္အခံေတြကို သူတို႔ေရာက္ေနတဲ့ ႏိုင္ငံေတြ အထိလိုက္ၿပီး အႏၲရာယ္ျပဳတာမ်ိဳးေတြပါ တိုးလုပ္လာေနတာ ေတြ႕ရတယ္လို႔ ေျပာပါတယ္။

အေမရိကန္ သမၼတ Joe Biden အပါအ၀င္ ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္က ေခါင္းေဆာင္ေတြ တက္ေရာက္ဖို႔ စီစဥ္ထားတဲ့ နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က အေထြေထြညီလာခံမွာေတာ့ ျမန္မာ့အေရး အပါအ၀င္ ႏိုင္ငံတကာ ကိစၥေတြလည္း ပါ၀င္လိမ့္မယ္လို႔ ခန္႔မွန္းထားၾကတာပါ။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို ဆန္႔က်င္တဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေနရာကို အစားထိုးဖို႔ စစ္ေကာင္စီက ႀကိဳးပမ္းေနတဲ့အတြက္ အေခ်အတင္ ျဖစ္စရာေတြလည္း ရွိေနပါတယ္။

အေမရိကန္ သံအမတ္ႀကီး Thomas-Greenfield ကေတာ့ အေမရိကန္ အတြက္ သာမက ကမာၻႀကီးအတြက္ ဦးစားေပးေဆာင္ရြက္ဖို႔ရွိေၾကာင္းလည္း ကုလသမဂၢအေထြေထြညီလာခံ အႀကိဳ သတင္းစာရွင္းလင္းပြဲမွာေျပာၾကားခဲ့တာပါ။

ေရွ႕သီတင္းပတ္ထဲ က်င္းပေတာ့မယ့္ အေထြေထြညီလာခံမွာ လူ႔အခြင့္ေရးကို ေထာင့္စံုကေန ကာကြယ္ ျမွင့္တင္ေပးဖို႔နဲ႔ ႀကီးမားတဲ့ စိန္ေခၚမႈေတြကို ေျဖရွင္းဖို႔အတြက္ ရည္ရြယ္ခ်က္တူညီတဲ့ မဟာမိတ္ေတြ မိတ္ေတြႏိုင္ငံေတြနဲ႔ ခိုင္ခိုင္မာမာ လက္တြဲေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္


မြန်မာအပါအဝင် နိုင်ငံတကာ ပြဿနာတွေ ကုလသမဂ္ဂမှာ ဆွေးနွေးမည် (အမေရိကန်သံအမတ်ကြီး)
{{Unicode}}
လာမယ့်သီတင်းပတ်ထဲမှာ မြန်မာ အပါအဝင် ကမ္ဘာတလွှား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ကိုင်တွယ်ဖြေရှင်းကြမှာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ် Linda Thomas- Greenfield က ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မစတင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“လာမယ့်သီတင်းပတ်ထဲမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆီးရီယားနဲ့ ယီမင်အပါအဝင် ကမ္ဘာတလွှား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ကိုင်တွယ်ဖြေရှင်းဖို့ရှိပါတယ်” လို့ ပြောသွားတာပါ။

ကမ္ဘာတလွှား ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးတွေ အတိုက်ခိုက်ခံနေရသလို အာဏာရှင်တွေဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားတာကို လူ့အခွင့်ရေးချိုးဖေါက်ဖို့တွေ၊ သူတို့အာဏာတည်မြဲရေးအတွက်တွေ တလွဲအသုံးချနေကြောင်းနဲ့ သူတို့ဟာ ပြည်ပရောက်နေတဲ့ အတိုက်အခံတွေကို သူတို့ရောက်နေတဲ့ နိုင်ငံတွေ အထိလိုက်ပြီး အန္တရာယ်ပြုတာမျိုးတွေပါ တိုးလုပ်လာနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ Joe Biden အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်ဖို့ စီစဉ်ထားတဲ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က အထွေထွေညီလာခံမှာတော့ မြန်မာ့အရေး အပါအဝင် နိုင်ငံတကာ ကိစ္စတွေလည်း ပါဝင်လိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို အစားထိုးဖို့ စစ်ကောင်စီက ကြိုးပမ်းနေတဲ့အတွက် အချေအတင် ဖြစ်စရာတွေလည်း ရှိနေပါတယ်။

အမေရိကန် သံအမတ်ကြီး Thomas-Greenfield ကတော့ အမေရိကန် အတွက် သာမက ကမ္ဘာကြီးအတွက် ဦးစားပေးဆောင်ရွက်ဖို့ရှိကြောင်းလည်း ကုလသမဂ္ဂအထွေထွေညီလာခံ အကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ရှေ့သီတင်းပတ်ထဲ ကျင်းပတော့မယ့် အထွေထွေညီလာခံမှာ လူ့အခွင့်ရေးကို ထောင့်စုံကနေ ကာကွယ် မြှင့်တင်ပေးဖို့နဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် ရည်ရွယ်ချက်တူညီတဲ့ မဟာမိတ်တွေ မိတ်တွေနိုင်ငံတွေနဲ့ ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG