သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလအေထြေထြညီလာခံ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းတက္ေရာက္


ကုလ အထေြထြေညီလာခံတက္ေရာက္ေနတဲ့ သံအမတ္ၾကီး ဦးေက်ာ္မိုးထြန္း (ဓာတ္ပံု- ကုလဆိုင္ရာျမန္မာအျမဲတမ္းကိုယ္စားလွယ္ရံုး)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံတခ်ိဳ႕ရဲ႕ ကုလသမဂၢ ကိုယ္စားျပဳမႈဆိုင္ရာ အၿပိဳင္တင္သြင္းခ်က္ေတြကို ေျဖရွင္းေပးရမယ့္ ကုလသမဂၢ စိစစ္လက္ခံေရးေကာ္မတီ Credential Committee အဖြဲ႕ဝင္ႏိုင္ငံေတြကို အဂၤါေန႔ကစတင္တဲ့ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံကေန အတည္ျပဳ ခန႔္အပ္ခဲ့ၿပီျဖစ္ပါတယ္။

ဒီတႀကိမ္ေကာ္မတီမွာ Bahamas ၊ Bhutan ၊ Chile, တ႐ုတ္၊ Namibia ၊ ႐ုရွား၊ Sierra Leone ၊ ဆြီဒင္နဲ႔ အေမရိကန္ႏိုင္ငံတို႔ ပါဝင္တဲ့အေၾကာင္း ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ ဥကၠ႒ Abdulla Shahid က အဂၤါေန႔မွာ ေၾကညာခဲ့ပါတယ္။

မေန႔ ကလုပ္တဲ့ ၇၅ ႀကိမ္ေျမာက္ အေထြေထြညီလာခံပိတ္ပြဲနဲ႔ ၇၆ ႀကိမ္ေျမာက္ အေထြေထြညီလာခံ ဖြင့္ပြဲအခမ္းအနားေတြကို ကုလသမဂၢဆိုင္ရာ လက္ရွိ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း တက္ေရာက္တဲ့အေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံး ေဖ့စ္ဘုတ္မွာ ဓာတ္ပုံေတြနဲ႔အတူ ေဖာ္ျပထားပါတယ္။

အေထြေထြညီလာခံကာလအတြင္း သက္ဆိုင္ရာ ႏိုင္ငံအသီးသီးအလိုက္ မိန႔္ခြန္းေျပာမယ့္စာရင္းထဲမွာ ျမန္မာႏိုင္ငံဟာ စက္တင္ဘာလ ၂၇ ရက္ေန႔ အစီအစဥ္ထဲမွာ ပါဝင္ေပမယ့္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း မိန႔္ခြန္းေျပာခြင့္ရမရဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

Foreign Policy မဂၢဇင္းရဲ႕ စက္တင္ဘာလ ၁၃ ရက္ေန႔ အြန္လိုင္း သတင္းေဆာင္းပါးတပုဒ္မွာေတာ့ အေမရိကန္နဲ႔ တ႐ုတ္တို႔ ေနာက္ကြယ္မွာ ညႇိႏႈိင္းၿပီး ျမန္မာႏိုင္ငံရဲ႕ ကုလသမဂၢကိုယ္စားျပဳမႈကိစၥကို လာမယ့္ ႏိုဝင္ဘာလက်မွသာ Credential Committee မွာ ေဆြးေႏြးဖို႔ သေဘာတူခဲ့ၾကတဲ့အေၾကာင္း ကုလသမဂၢ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး ေရးထားပါတယ္။
ဒါေၾကာင့္ သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္းဟာ အနိမ့္ဆံုး အဲဒီအခ်ိန္ထိေတာ့ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ဆက္ရွိေနမွာျဖစ္ပါတယ္။

ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) ရဲ႕ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ေဒါက္တာဆာဆာက "တရားဝင္မႈရဲ႕ မူလအစဟာ ျမန္မာလူထုရဲ႕ ဆႏၵအေပၚမွာပဲ တကယ္တမ္း မူတည္ပါတယ္၊ ျမန္မာလူထုဟာ သူတို႔ရဲ႕ဆႏၵကို လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲေတြမွာ ေဖာ္ျပခဲ့ၾကၿပီးပါၿပီ၊ ကုလသမဂၢရဲ႕တာဝန္က ျမန္မာလူထုရဲ႕ဆႏၵအတိုင္း လုပ္ေဆာင္ေပးဖုိ႔ပါ၊ ဒါက တာဝန္ပါပဲ" လို႔ ဗီြအိုေအကိုေျပာပါတယ္။

ဒါ့အျပင္ “ကုလသမဂၢအေနနဲ႔ ႏုိင္ငံေရးသက္သက္ကိုသာမၾကည့္ဘဲ တကယ့္ကိစၥရပ္ေတြကို ၾကည့္သင့္ပါတယ္" လို႔လည္း ေဒါက္တာဆာဆာကေျပာပါတယ္။

..........................................................................................

တိုက္႐ိုက္ လင့္ခ္


ကုလအထွေထွေညီလာခံ သံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်

(Unicode)

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့ရဲ့ ကုလသမဂ္ဂ ကိုယ်စားပြုမှုဆိုင်ရာ အပြိုင်တင်သွင်းချက်တွေကို ဖြေရှင်းပေးရမယ့် ကုလသမဂ္ဂ စိစစ်လက်ခံရေးကော်မတီ Credential Committee အဖွဲ့ဝင်နိုင်ငံတွေကို အင်္ဂါနေ့ကစတင်တဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ အတည်ပြု ခန့်အပ်ခဲ့ပြီဖြစ်ပါတယ်။

ဒီတကြိမ်ကော်မတီမှာ Bahamas ၊ Bhutan ၊ Chile, တရုတ်၊ Namibia ၊ ရုရှား၊ Sierra Leone ၊ ဆွီဒင်နဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်တဲ့အကြောင်း ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Abdulla Shahid က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

မနေ့ ကလုပ်တဲ့ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံပိတ်ပွဲနဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားတွေကို ကုလသမဂ္ဂဆိုင်ရာ လက်ရှိ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ဖေ့စ်ဘုတ်မှာ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

အထွေထွေညီလာခံကာလအတွင်း သက်ဆိုင်ရာ နိုင်ငံအသီးသီးအလိုက် မိန့်ခွန်းပြောမယ့်စာရင်းထဲမှာ မြန်မာနိုင်ငံဟာ စက်တင်ဘာလ ၂၇ ရက်နေ့ အစီအစဉ်ထဲမှာ ပါဝင်ပေမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောခွင့်ရမရဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

Foreign Policy မဂ္ဂဇင်းရဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ အွန်လိုင်း သတင်းဆောင်းပါးတပုဒ်မှာတော့ အမေရိကန်နဲ့ တရုတ်တို့ နောက်ကွယ်မှာ ညှိနှိုင်းပြီး မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂကိုယ်စားပြုမှုကိစ္စကို လာမယ့် နိုဝင်ဘာလကျမှသာ Credential Committee မှာ ဆွေးနွေးဖို့ သဘောတူခဲ့ကြတဲ့အကြောင်း ကုလသမဂ္ဂ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရေးထားပါတယ်။
ဒါကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အနိမ့်ဆုံး အဲဒီအချိန်ထိတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက "တရားဝင်မှုရဲ့ မူလအစဟာ မြန်မာလူထုရဲ့ ဆန္ဒအပေါ်မှာပဲ တကယ်တမ်း မူတည်ပါတယ်၊ မြန်မာလူထုဟာ သူတို့ရဲ့ဆန္ဒကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေမှာ ဖော်ပြခဲ့ကြပြီးပါပြီ၊ ကုလသမဂ္ဂရဲ့တာဝန်က မြန်မာလူထုရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ပေးဖို့ပါ၊ ဒါက တာဝန်ပါပဲ" လို့ ဗွီအိုအေကိုပြောပါတယ်။

ဒါ့အပြင် “ကုလသမဂ္ဂအနေနဲ့ နိုင်ငံရေးသက်သက်ကိုသာမကြည့်ဘဲ တကယ့်ကိစ္စရပ်တွေကို ကြည့်သင့်ပါတယ်" လို့လည်း ဒေါက်တာဆာဆာကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG