သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလဆိုင္ရာ ျမန္မာကိုယ္စားလွယ္ေရြးခ်ယ္မယ္႔ Credentials Committee သစ္ ဖဲြ႕စည္း


(Zawgyi / Unicode)

ကုလသမဂၢဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေနရာကို စစ္ေကာင္စီဘက္က အစားထိုး ခန္႔အပ္လိုတဲ႔ ကိစၥ အပါအ၀င္ ကုလသမဂၢ ကိုယ္စားလွယ္ဆိုင္ရာ အျငင္းပြားမႈေတြကို ေျဖရွင္းမယ့္ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံကို အဂၤါေန႔မွာ စတင္ပါတယ္။ ကုလသမဂၢ ဆိုင္ရာ ကိုယ္စားလွယ္ေနရာေတြကို အဆံုးအျဖတ္ေပးမယ့္ Credentials ေကာ္မတီ အဖြဲ႔၀င္ေတြကိုလည္း အဂၤါေန႔မွာဘဲ ခန္႔အပ္ခဲ႔ပါတယ္။ မသိဂၤ ီထိုက္ စုစည္းတင္ျပေပးမွာပါ။

ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေနရာကို အစားထိုးဖို႔ စစ္ေကာင္စီရဲ႕ ႀကိဳးပမ္းမႈ အပါအ၀င္ ကုလသမဂၢ ကိုယ္စားလွယ္ လက္ခံေရး အဆံုးအျဖတ္ေပးရမယ့္ ကုလသမဂၢရဲ႕ Credentials ေကာ္မတီသစ္ကို အဂၤါေန႔မွာ ေၾကညာပါတယ္။ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံ ဥကၠဌ Abdulla Shahid က အခုလို ေၾကညာသြားပါတယ္။

" ၇၆ ႀကိမ္ေျမာက္ အေထြေထြ ညီလာခံ အတြက္ Credentials ေကာ္မတီမွာ ဘဟားမား၊ ဘူတန္၊ ခ်ီလီ၊ တ႐ုတ္၊ နမ္မီးဘီးယား၊ ႐ုရွား၊ ဆီရီယာလီယြန္း၊ ဆြီဒင္နဲ႔ အေမရိကန္ ႏိုင္ငံေတြ ပါ၀င္ပါမယ္။ "

၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံမွာ စက္တင္ဘာလ ၂၇ ရက္ေန႔ မိန္႔ခြန္းေျပာမယ့္ စာရင္းမွာေတာ့ ျမန္မာ၊ ဂီနီနဲ႔ အာဖဂန္နစၥတန္ ႏိုင္ငံတို႔ ပါ၀င္ပါတယ္။ ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ သံအမတ္ႀကီးအျဖစ္ လက္ရွိ တာ၀န္ယူေနတဲ႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း မိန္႔ခြန္း ေျပာဖို႔ ရွိမရွိ ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ျမန္မာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေၾကာင္း ကုလသမဂၢမွာ အတိအလင္း မိန္႔ခြန္း ေျပာခဲ႔တဲ႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းရဲ႕ ေနရာကို အာဏာသိမ္း စစ္ေကာင္စီဘက္က စစ္သံမွဴးနဲ႔ အစားထိုးဖို႔ ကုလသမဂၢမွာ တင္ျပထားတာပါ။ ဒါေပမယ့္လည္း ကုလသမဂၢရဲ႕ အခု ေရြးခ်ယ္လိုက္တဲ႔ Credential ေကာ္မတီ အေနနဲ႔ ဒီသီတင္းပတ္ အတြင္းမွာေတာ့ ေဆြးေႏြးႏိုင္ဖြယ္ မရွိဘူးလို႔လည္း သံတမန္ အသိုင္းအဝိုင္းက ေျပာပါတယ္။

စစ္အာဏာသိမ္းခံရတဲ႔ ျမန္မာႏိုင္ငံ နည္းတူ ကုလသမဂၢ အၿမဲတမ္း ကိုယ္စားလွယ္ ခန္႔ထားေရး ဆံုးျဖတ္ရမယ့္ တျခားႏိုင္ငံေတြလည္း ရွိေနပါတယ္။ အာဖဂန္နဲ႔ ဂီနီတို႔ ျဖစ္ပါတယ္။ အာဖဂန္ရဲ႕ တာလီဘန္ အုပ္ခ်ဳပ္ေရး အဖြဲ႔သစ္ဘက္ကလည္း အရင္ အစိုးရရဲ႕ သံအမတ္ႀကီးရဲ႕ ေနရာ အစားထိုးဖို႔ တင္သြင္းတာ မရွိေသးသလို လတ္တေလာ စစ္အာဏာသိမ္းထားတဲ႔ ဂီနီ ႏိုင္ငံဘက္ကလည္း မတင္ေသးပါဘူး။

ကုလသမဂၢ အေထြေထြ ညီလာခံကေတာ့ ျမန္မာ့ အေရး အပါအ၀င္ ႏိုင္ငံတကာ အေရးကိစၥေတြနဲ႔ ပတ္သက္ၿပီး အဖြဲ႔၀င္ ႏိုင္ငံေတြၾကား မဲခြဲၿပီး မျဖစ္မေန လိုက္နာစရာ မလိုတဲ႔ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ေနတာပါ။ ၇၅ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ ဥကၠဌ Volkan Bozkia က ကုလသမဂၢ အေထြေထြညီလာခံနဲ႔ ကုလသမဂၢ လံုျခံဳေရးေကာင္စီၾကား ခိုင္ခိုင္မာမာ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ တိုက္တြနး္သြားပါတယ္။

" ကုလသမဂၢ လံုျခံဳေရး ေကာင္စီနဲ႔ ခိုင္ခိုင္မာမာ ပူးေပါင္းေဆာင္ရြက္မႈ ရွိရပါမယ္။ ဒီ အဖြဲ႔ႀကီး ႏွစ္ခုဟာ ဆက္စပ္ေနပါတယ္။ အဖြဲ႔ႀကီး ၂ ခုလံုး အတူ ပူးေပါင္းေဆာင္ရြက္မယ္ဆိုရင္ ခရီးေရာက္ႏိုင္ပါတယ္။ အဖြဲ႔ႀကီး ၂ ခုတို႔ ဆန္႔က်င္ဘက္ ျဖစ္ေနမယ္ဆိုရင္ေတာ့ အဖြဲ႔အစည္းတြင္း ကြဲျပားသြားႏိုင္တဲ႔ အႏၲရာယ္ ရွိပါတယ္။ ကုလသမဂၢ အေထြေထြ ညီလာခံနဲ႔ ကုလသမဂၢ လံုျခံဳေရး ေကာင္စီၾကားမွာ ပူးေပါင္းညႇိႏိႈင္းေဆာင္ရြက္မႈ အက်ိဳးရလဒ္ေတြ ရွိၿပီး လက္ရွိမွာ အျပည့္အ၀ အသံုးမခ်ႏိုင္ေသးပါဘူး။ ဥပမာ ေျပာရရင္ အေထြေထြ ညီလာခံက ျမန္မာ၊ ဆီးရီးယားနဲ႔ ပါလက္စတိုင္း အေရးတို႔ကို ေဆာင္ရြက္မႈဟာ လံုျခံဳေရးေကာင္စီကို ေထာက္ခံမႈျဖစ္ပါတယ္။ "

စက္တင္ဘာလ ၁၄ ရက္ေန႔မွာ စတင္တဲ႔ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံ အဖြင့္မိန္႔ခြန္းမွာ ကမ ၻာ့ ေရးရာေတြကို ေျဖရွင္းေဆာင္ရြက္ႏိုင္ေရး ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကလည္း တိုက္တြန္းသြားပါတယ္။

" ႏိုင္ငံေရးနဲ႔ အယူဝါဒ ဆိုင္ရာ လႊမ္းမိုးခ်ဳပ္ကိုင္လိုမႈေတြက လူမႈေရး မတည္မၿငိမ္မႈ၊ မယံုၾကည္မႈ၊ အၾကမ္းဖက္ဝါဒနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြကို လံႈ႔ေဆာ္ေပးေနပါတယ္။ ဒါေပမယ့္လည္း ဒီ အခက္အခဲေတြ၊ ကြဲျပားမႈေတြကို ျပဳျပင္ႏိုင္ပါတယ္။ "

၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံမွာေတာ့ ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္က ေခါင္းေဆာင္ေတြ နယူးေယာက္ ကုလသမဂၢ ဌာနခ်ဳပ္ အစည္းအေ၀းေတြကို ကိုယ္တိုင္ တက္ေရာက္ဖို႔ စီစဥ္ထားပါတယ္။ AP သတင္းေအဂ်င္စီက ေဖာ္ျပထားခ်က္ အရေတာ့ အေမရိကန္ သမၼတ Joe Biden၊ ေဂ်ာ္ဒန္ ဘုရင္ Abdullah ၊ ဘရာဇီလ္းနဲ႔ ဗင္နီဇြဲလား သမၼတေတြ၊ ေနာက္ ဂ်ပန္၊ အိႏၵိယနဲ႔ ၿဗိတိန္ ၀န္ႀကီးခ်ဳပ္တို႔လည္း ညီလာခံမွာ တက္ေရာက္ မိန္႔ခြန္းေျပာဖို႔ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ရွေးချယ်မယ့် Credentials Committee သစ် ဖွဲ့စည်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို စစ်ကောင်စီဘက်က အစားထိုး ခန့်အပ်လိုတဲ့ ကိစ္စ အပါအဝင် ကုလသမဂ္ဂ ကိုယ်စားလှယ်ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းမယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို အင်္ဂါနေ့မှာ စတင်ပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ်နေရာတွေကို အဆုံးအဖြတ်ပေးမယ့် Credentials ကော်မတီ အဖွဲ့ဝင်တွေကိုလည်း အင်္ဂါနေ့မှာဘဲ ခန့်အပ်ခဲ့ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို အစားထိုးဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှု အပါအဝင် ကုလသမဂ္ဂ ကိုယ်စားလှယ် လက်ခံရေး အဆုံးအဖြတ်ပေးရမယ့် ကုလသမဂ္ဂရဲ့ Credentials ကော်မတီသစ်ကို အင်္ဂါနေ့မှာ ကြေညာပါတယ်။ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌ Abdulla Shahid က အခုလို ကြေညာသွားပါတယ်။

" ၇၆ ကြိမ်မြောက် အထွေထွေ ညီလာခံ အတွက် Credentials ကော်မတီမှာ ဘဟားမား၊ ဘူတန်၊ ချီလီ၊ တရုတ်၊ နမ်မီးဘီးယား၊ ရုရှား၊ ဆီရီယာလီယွန်း၊ ဆွီဒင်နဲ့ အမေရိကန် နိုင်ငံတွေ ပါဝင်ပါမယ်။ "

၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စက်တင်ဘာလ ၂၇ ရက်နေ့ မိန့်ခွန်းပြောမယ့် စာရင်းမှာတော့ မြန်မာ၊ ဂီနီနဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့ ပါဝင်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ သံအမတ်ကြီးအဖြစ် လက်ရှိ တာဝန်ယူနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်း ပြောဖို့ ရှိမရှိ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြန်မာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂမှာ အတိအလင်း မိန့်ခွန်း ပြောခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာကို အာဏာသိမ်း စစ်ကောင်စီဘက်က စစ်သံမှူးနဲ့ အစားထိုးဖို့ ကုလသမဂ္ဂမှာ တင်ပြထားတာပါ။ ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ အခု ရွေးချယ်လိုက်တဲ့ Credentials ကော်မတီ အနေနဲ့ ဒီသီတင်းပတ် အတွင်းမှာတော့ ဆွေးနွေးနိုင်ဖွယ် မရှိဘူးလို့လည်း သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်အာဏာသိမ်းခံရတဲ့ မြန်မာနိုင်ငံ နည်းတူ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ခန့်ထားရေး ဆုံးဖြတ်ရမယ့် တခြားနိုင်ငံတွေလည်း ရှိနေပါတယ်။ အာဖဂန်နဲ့ ဂီနီတို့ ဖြစ်ပါတယ်။ အာဖဂန်ရဲ့ တာလီဘန် အုပ်ချုပ်ရေး အဖွဲ့သစ်ဘက်ကလည်း အရင် အစိုးရရဲ့ သံအမတ်ကြီးရဲ့ နေရာ အစားထိုးဖို့ တင်သွင်းတာ မရှိသေးသလို လတ်တလော စစ်အာဏာသိမ်းထားတဲ့ ဂီနီ နိုင်ငံဘက်ကလည်း မတင်သေးပါဘူး။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကတော့ မြန်မာ့ အရေး အပါအဝင် နိုင်ငံတကာ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် နိုင်ငံတွေကြား မဲခွဲပြီး မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေတာပါ။ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ Volkan Bozkia က ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကြား ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။

" ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနဲ့ ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်မှု ရှိရပါမယ်။ ဒီ အဖွဲ့ကြီး နှစ်ခုဟာ ဆက်စပ်နေပါတယ်။ အဖွဲ့ကြီး ၂ ခုလုံး အတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ခရီးရောက်နိုင်ပါတယ်။ အဖွဲ့ကြီး ၂ ခုတို့ ဆန့်ကျင်ဘက် ဖြစ်နေမယ်ဆိုရင်တော့ အဖွဲ့အစည်းတွင်း ကွဲပြားသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကြားမှာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်တွေ ရှိပြီး လက်ရှိမှာ အပြည့်အ၀ အသုံးမချနိုင်သေးပါဘူး။ ဥပမာ ပြောရရင် အထွေထွေ ညီလာခံက မြန်မာ၊ ဆီးရီးယားနဲ့ ပါလက်စတိုင်း အရေးတို့ကို ဆောင်ရွက်မှုဟာ လုံခြုံရေးကောင်စီကို ထောက်ခံမှုဖြစ်ပါတယ်။ "

စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင်တဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ကမ ္ဘာ့ ရေးရာတွေကို ဖြေရှင်းဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း တိုက်တွန်းသွားပါတယ်။

" နိုင်ငံရေးနဲ့ အယူဝါဒ ဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်လိုမှုတွေက လူမှုရေး မတည်မငြိမ်မှု၊ မယုံကြည်မှု၊ အကြမ်းဖက်ဝါဒနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို လှုံ့ဆော်ပေးနေပါတယ်။ ဒါပေမယ့်လည်း ဒီ အခက်အခဲတွေ၊ ကွဲပြားမှုတွေကို ပြုပြင်နိုင်ပါတယ်။ "

၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာတော့ နိုင်ငံပေါင်း ၁၀၀ ကျော်က ခေါင်းဆောင်တွေ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ် အစည်းအဝေးတွေကို ကိုယ်တိုင် တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ AP သတင်းအေဂျင်စီက ဖော်ပြထားချက် အရတော့ အမေရိကန် သမ္မတ Joe Biden၊ ဂျော်ဒန် ဘုရင် Abdullah ၊ ဘရာဇီလ်းနဲ့ ဗင်နီဇွဲလား သမ္မတတွေ၊ နောက် ဂျပန်၊ အိန္ဒိယနဲ့ ဗြိတိန် ဝန်ကြီးချုပ်တို့လည်း ညီလာခံမှာ တက်ရောက် မိန့်ခွန်းပြောဖို့ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG