သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဦးေက်ာ္မိုးထြန္းကို ျမန္မာကိုယ္စားလွယ္အျဖစ္ လက္ခံဖိုု႔ ကုလေရွ႕ ဆႏၵျပ ေတာင္းဆို


ဦးေက်ာ္မိုးထြန္းကို ျမန္မာကိုယ္စားလွယ္အျဖစ္ လက္ခံဖို႔ ဆႏၵျပ ေတာင္းဆိုေနသူမ်ား။ (စက္တင္ဘာ ၁၂၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း က်ဴးလြန္တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ကုလ လူ႔အခြင့္အေရးေကာင္စီမွာ အေရးယူမႈ ခ်မွတ္သြားႏိုင္ေရးနဲ႔ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ေနရာမွာ ျပည္သူေတြလိုလားတဲ့ သံအမတ္ႀကီးကို လက္ခံေပးဖို႔ အေမရိကန္ျပည္ေထာင္စုနဲ႔ ကေနဒါႏုိင္ငံေရာက္ ျမန္မာ့အေရး လႈပ္ရွားသူေတြက ကမ႓ာလုံးဆိုင္ရာ လႈပ္ရွားမႈအျဖစ္ တနဂၤေႏြေန႔က ဆႏၵျပ ေတာင္းဆိုခဲ့ၾကပါတယ္။ နယူးေယာက္ၿမိဳ႕မွာ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ က်င္းပဖို႔ ရက္ပိုင္းအလိုမွာ အခုလို ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။ အျပည့္အစုံကုိ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပေပးထားပါတယ္။

ဦးေက်ာ္မိုးထြန္းကို ျမန္မာကိုယ္စားလွယ္အျဖစ္ လက္ခံဖို႔ ဆႏၵျပ ေတာင္းဆိုေနသူမ်ား။ (စက္တင္ဘာ ၁၂၊ ၂၀၂၁)
ဦးေက်ာ္မိုးထြန္းကို ျမန္မာကိုယ္စားလွယ္အျဖစ္ လက္ခံဖို႔ ဆႏၵျပ ေတာင္းဆိုေနသူမ်ား။ (စက္တင္ဘာ ၁၂၊ ၂၀၂၁)

၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံကို စက္တင္ဘာ ၁၄ ရက္ကေန ၂၁ ရက္ေန႔အထိ နယူးေယာက္ၿမိဳ႕ ကုလသမဂၢ႐ုံးခ်ဳပ္မွာ က်င္းပဖို႔ ရွိေနတာပါ။

ဒါေၾကာင့္ အေမရိကန္ျပည္ေထာင္စု ျပည္နယ္တခ်ဳိ႕က ျမန္မာ့အေရး လႈပ္ရွားသူေတြ နယူးေယာက္ၿမိဳ႕မွာ လာေရာက္စုေဝးၿပီး ကုလသမဂၢဆိုင္ရာ ျမန္မာျပည္ အၿမဲတမ္းကိုယ္စားလွယ္ ေနရာမွာ ျပည္သူအမ်ားစု လိုလားတဲ့ ဦးေက်ာ္မိုးထြန္းကိုပဲ ျပန္ၿပီး လက္ခံ ေနရာေပးဖို႔ ဆႏၵထုတ္ေဖာ္ ေတာင္းဆိုခဲ့ေၾကာင္း နယူးေယာက္ၿမိဳ႕ ကုလ႐ုံးခ်ဳပ္ေရွ႕ ဆႏၵျပပဲြကို ဦးေဆာင္သူ ဦးေနတင္ျမင့္က ေျပာပါတယ္။

“ကုလသမဂၢဆုိင္ရာ ျမန္မာႏုိင္ငံ အၿမဲတမ္းကုိယ္စားလွယ္ ဦးေက်ာ္မုိးထြန္းကို အခု ၇၆ ႀကိမ္ေျမာက္ ညီလာခံမွာ ဆက္လက္ထားရွိေရးနဲ႔ အမ်ဳိးသားညီညြတ္ေရးအစုိးရ ျဖစ္တဲ့ NUG ကုိ ကုလသမဂၢက အသိအမွတ္ျပဳေရးအတြက္ က်ေနာ္တို႔က အေမရိကန္သာမက တကမၻာလုံးက တခ်ိန္တည္း တၿပိဳင္တည္း ေတာင္းဆုိ ဆႏၵေဖာ္ထုတ္ၾကျခင္း ျဖစ္ပါတယ္။ က်နော္တုိ႔ ဒါမတုိင္ခင္ ကာလေလးမွာလည္း ကုလသမဂၢ အဖြဲ႔ဝင္ႏုိင္ငံျဖစ္တဲ့ ၁၉၃ ႏုိင္ငံကို စာေတြပို႔ထားပါတယ္။ ၿပီးေတာ့ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ အလွည့္က်တဲ့ President ကုိေရာ ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ကုိေရာ စာေတြပုိ႔ထားတဲ့အတြက္ တရားမွ်တမႈကို လုိလားတဲ့ ဒီမုိကေရစီကို ထြန္းကားေအာင္ လုပ္ေပးတဲ့ ႏုိင္ငံေတြကတော့ က်ေနာ္တို႔ဘက္က ေထာက္ခံအားေပးမႈ ျပဳလုပ္လိမ့္မယ္လို႔ အႂကြင္းမဲ့ ယုံၾကည္ပါတယ္။”

ကုလ႐ုံးခ်ဳပ္ေရွ႕ ဆႏၵျပပဲြကို တက္ေရာက္လာတဲ့ ဦးေက်ာ္မိုးထြန္းကလည္း အခုလို ေျပာသြားပါတယ္။

“အခု ေႏြဦးေတာ္လွန္ေရးမွာ က်ေနာ္တုိ႔ ေဆာင္ရြက္ေနတဲ့ကိစၥေတြ အားလုံးၾကည့္တယ္ဆိုရင္ က်ေနာ္တုိ႔ရဲ႕ ျပည္သူသာ အဓိကပါဆုိတဲ့ဟာက အရမ္းေပၚလြင္တယ္ဆုိတာ အရမ္းမ်ားပါတယ္။ ဒါေၾကာင့္ ျပည္သူေတြရဲ႕ အင္အားနဲ႔သာ စစ္ေကာင္စီျပဳတ္က်ေရး၊ ဖက္ဒရယ္ ဒီမုိကေရစီႏုိင္ငံ တည္ေထာင္ဖို႔ အတြက္ကုိ ဆက္လက္ၿပီး ပါဝင္ေဆာင္ရြက္ေပးၾကဖို႔ က်ေနာ္ ေမတၱာရပ္ခံလုိပါတယ္။”

နယူးေယာက္ၿမိဳ႕က ဆႏၵျပပဲြကို လူအင္အား ၅၀၀ ေက်ာ္ တက္ေရာက္တယ္လို႔ သိရပါတယ္။ ဆႏၵျပသူေတြဟာ ကုလ႐ုံးခ်ဳပ္ေရွ႕ကေန ၿမိဳ႕လယ္ တိုင္း(မ္)စကဲြအထိ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

အလားတူ အာဏာသိမ္းစစ္တပ္ရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ အေရးယူေပးဖို႔နဲ႔ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ေနရာမွာ ျပည္သူေတြလိုလားတဲ့ သံအမတ္ႀကီးကို လက္ခံေပးဖို႔ ကေနဒါႏိုင္ငံ ဗန္ကူးဗားၿမိဳ႕ Jack Poole Plaza ေရွ႕မွာ ျမန္မာ့အေရးလႈပ္ရွားသူ ၁၅၀ ဝန္းက်င္ ဆႏၵျပ ေတာင္းဆိုခဲ့ေၾကာင္း ဆႏၵျပပဲြမွာ ပါဝင္သူ ကိုေဌးေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“အဓိကရည္ရြယ္ခ်က္ကေတာ့ လက္ရွိ မနက္ျဖန္ စက္တင္ဘာ ၁၃ ရက္ေန႔မွာလုပ္မယ့္ လူ႔အခြင့္အေရးေကာင္စီရဲ႕ အစည္းအေဝးမွာလည္း က်ေနာ္တုိ႔ၾကားထားတဲ့ သတင္းအရ IIMM ကေနၿပီးေတာ့ အခ်က္အလက္ေပါင္း ၂ သိန္းေက်ာ္ စုေဆာင္းၿပီးေတာ့ ျမန္မာစစ္ေကာင္စီရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို တင္ျပမယ္ဆုိတာ သိရတဲ့အတြက္ ကေ်နာ္တုိ႔ အရမ္းကို ႀကိဳဆုိတယ္၊ ဒါကိုလည္း က်ေနာ္တုိ႔ ေထာက္ခံတဲ့ပြဲေလး ျဖစ္ပါတယ္။ ေနာက္တခုက ကုလသမဂၢ အေထြေထြညီလာခံမွာ NUG ရဲ႕ ကိုယ္စားလွယ္ ဦးကေ်ာ္မုိးထြန္း ျမန္မာႏုိင္ငံဆုိင္ရာ ကုိယ္စားလွယ္အျဖစ္ တရားဝင္ အသိအမွတ္ျပဳဖို႔အတြက္ကုိ က်ေနာ္တုိ႔ ေထာက္ခံ အားေပးတဲ့ပြဲေလးလည္း ျဖစ္ပါတယ္။”

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ က်င္းပမယ့္ ၄၈ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ညီလာခံကိုေတာ့ စက္တင္ဘာ ၁၃ ရက္ကေန ေအာက္တိုဘာ လဆန္းအထိ က်င္းပသြားဖို႔ ရွိေနပါတယ္။

ဦးေက်ာ္မိုးထြန္းကို ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ဆက္ခန္႔ထားဖို႔ ျမန္မာ့အေရး လႈပ္ရွားသူေတြဘက္က ေတာင္းဆိုေနသလိုပဲ စစ္ေကာင္စီဘက္ကလည္း သူတို႔ရဲ႕ အိမ္ေစာင့္အစိုးရကို ကိုယ္စားျပဳတဲ့ ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ဝါရွင္တန္ဒီစီက ျမန္မာစစ္သံမွဴး ဗိုလ္မွဴးႀကီး ေအာင္သူရိန္ကို စာရင္းတင္သြင္းထားၿပီး ကုလသမဂၢရဲ႕ ကိုယ္စားလွယ္စိစစ္လက္ခံေရးအဖြဲ႔ (Credential Committee) က အဆုံးအျဖတ္ တခုခုေပးဖို႔ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် လက်ခံဖို့ ကုလရှေ့ ဆန္ဒပြ တောင်းဆို

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလ လူ့အခွင့်အရေးကောင်စီမှာ အရေးယူမှု ချမှတ်သွားနိုင်ရေးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် နေရာမှာ ပြည်သူတွေလိုလားတဲ့ သံအမတ်ကြီးကို လက်ခံပေးဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် တနင်္ဂနွေနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ နယူးယောက်မြို့မှာ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ အခုလို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာ ၁၄ ရက်ကနေ ၂၁ ရက်နေ့အထိ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပဖို့ ရှိနေတာပါ။

ဒါကြောင့် အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့က မြန်မာ့အရေး လှုပ်ရှားသူတွေ နယူးယောက်မြို့မှာ လာရောက်စုဝေးပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာပြည် အမြဲတမ်းကိုယ်စားလှယ် နေရာမှာ ပြည်သူအများစု လိုလားတဲ့ ဦးကျော်မိုးထွန်းကိုပဲ ပြန်ပြီး လက်ခံ နေရာပေးဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြောင်း နယူးယောက်မြို့ ကုလရုံးချုပ်ရှေ့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးနေတင်မြင့်က ပြောပါတယ်။

“ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အခု ၇၆ ကြိမ်မြောက် ညီလာခံမှာ ဆက်လက်ထားရှိရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဖြစ်တဲ့ NUG ကို ကုလသမဂ္ဂက အသိအမှတ်ပြုရေးအတွက် ကျနော်တို့က အမေရိကန်သာမက တကမ္ဘာလုံးက တချိန်တည်း တပြိုင်တည်း တောင်းဆို ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ဒါမတိုင်ခင် ကာလလေးမှာလည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ၁၉၃ နိုင်ငံကို စာတွေပို့ထားပါတယ်။ ပြီးတော့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အလှည့်ကျတဲ့ President ကိုရော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုရော စာတွေပို့ထားတဲ့အတွက် တရားမျှတမှုကို လိုလားတဲ့ ဒီမိုကရေစီကို ထွန်းကားအောင် လုပ်ပေးတဲ့ နိုင်ငံတွေကတော့ ကျနော်တို့ဘက်က ထောက်ခံအားပေးမှု ပြုလုပ်လိမ့်မယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်။”

ဦးေက်ာ္မိုးထြန္းကို ျမန္မာကိုယ္စားလွယ္အျဖစ္ လက္ခံဖို႔ ဆႏၵျပ ေတာင္းဆိုေနသူမ်ား။ (စက္တင္ဘာ ၁၂၊ ၂၀၂၁)
ဦးေက်ာ္မိုးထြန္းကို ျမန္မာကိုယ္စားလွယ္အျဖစ္ လက္ခံဖို႔ ဆႏၵျပ ေတာင္းဆိုေနသူမ်ား။ (စက္တင္ဘာ ၁၂၊ ၂၀၂၁)

ကုလရုံးချုပ်ရှေ့ ဆန္ဒပြပွဲကို တက်ရောက်လာတဲ့ ဦးကျော်မိုးထွန်းကလည်း အခုလို ပြောသွားပါတယ်။

“အခု နွေဦးတော်လှန်ရေးမှာ ကျနော်တို့ ဆောင်ရွက်နေတဲ့ကိစ္စတွေ အားလုံးကြည့်တယ်ဆိုရင် ကျနော်တို့ရဲ့ ပြည်သူသာ အဓိကပါဆိုတဲ့ဟာက အရမ်းပေါ်လွင်တယ်ဆိုတာ အရမ်းများပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ အင်အားနဲ့သာ စစ်ကောင်စီပြုတ်ကျရေး၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ အတွက်ကို ဆက်လက်ပြီး ပါဝင်ဆောင်ရွက်ပေးကြဖို့ ကျနော် မေတ္တာရပ်ခံလိုပါတယ်။”

နယူးယောက်မြို့က ဆန္ဒပြပွဲကို လူအင်အား ၅၀၀ ကျော် တက်ရောက်တယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေဟာ ကုလရုံးချုပ်ရှေ့ကနေ မြို့လယ် တိုင်း(မ်)စကွဲအထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အလားတူ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အရေးယူပေးဖို့နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် နေရာမှာ ပြည်သူတွေလိုလားတဲ့ သံအမတ်ကြီးကို လက်ခံပေးဖို့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ Jack Poole Plaza ရှေ့မှာ မြန်မာ့အရေးလှုပ်ရှားသူ ၁၅၀ ဝန်းကျင် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုဌေးအောင်က ဗွီအိုအေကို ပြောပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ လက်ရှိ မနက်ဖြန် စက်တင်ဘာ ၁၃ ရက်နေ့မှာလုပ်မယ့် လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးမှာလည်း ကျနော်တို့ကြားထားတဲ့ သတင်းအရ IIMM ကနေပြီးတော့ အချက်အလက်ပေါင်း ၂ သိန်းကျော် စုဆောင်းပြီးတော့ မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တင်ပြမယ်ဆိုတာ သိရတဲ့အတွက် ကျေနာ်တို့ အရမ်းကို ကြိုဆိုတယ်၊ ဒါကိုလည်း ကျနော်တို့ ထောက်ခံတဲ့ပွဲလေး ဖြစ်ပါတယ်။ နောက်တခုက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ NUG ရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်း မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တရားဝင် အသိအမှတ်ပြုဖို့အတွက်ကို ကျနော်တို့ ထောက်ခံ အားပေးတဲ့ပွဲလေးလည်း ဖြစ်ပါတယ်။”

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် ၄၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံကိုတော့ စက်တင်ဘာ ၁၃ ရက်ကနေ အောက်တိုဘာ လဆန်းအထိ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ခန့်ထားဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေဘက်က တောင်းဆိုနေသလိုပဲ စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့ အိမ်စောင့်အစိုးရကို ကိုယ်စားပြုတဲ့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဝါရှင်တန်ဒီစီက မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကို စာရင်းတင်သွင်းထားပြီး ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်စိစစ်လက်ခံရေးအဖွဲ့ (Credential Committee) က အဆုံးအဖြတ် တခုခုပေးဖို့ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG