သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စက္တင္ဘာလ ၁၂ ရက္ ဗံုးကြဲမႈ ပစ္ခတ္သတ္ျဖတ္မႈနဲ႔ ဆႏၵျပမႈမ်ား


စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး မႏၱေလး သံဃသမဂၢ သပိတ္စစ္ေၾကာင္း။ (စက္တင္ဘာ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ - သံဃသမဂၢ သပိတ္စစ္ေၾကာင္း)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ အခုရက္ပိုင္းအတြင္း ဗုံးေဖာက္ခြဲမႈေတြနဲ႔ ပစ္ခတ္သတ္ျဖတ္မႈေတြ ေန႔စဥ္ျဖစ္ေပၚသလို စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြလည္း ၿမိဳ႕နယ္တခ်ဳိ႕မွာ ဆက္ရွိေနဆဲ ျဖစ္ပါတယ္။

စက္တင္ဘာ ၁၂ ရက္ ဒီကေန႔ ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပၿမိဳ႕နယ္အတြင္းက ကညန႐ုံးအနီးက အမႈိက္ကန္အတြင္း ဗုံးေပါက္ကြဲမႈ ျဖစ္သြားခဲ့တာေၾကာင့္ အမႈိက္ေကာက္တဲ့ ကေလးငယ္တဦးနဲ႔ အနားမွာရွိေနသူတဦးတို႔ ထိခိုက္ဒဏ္ရာ ရသြားတယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာေပမယ့္ ထိခိုက္ဒဏ္ရာရမႈနဲ႔ ပတ္သက္လို႔ သီးျခား အတည္ျပဳလို႔ မရေသးပါဘူး။ အခင္းျဖစ္ပြားၿပီးၿပီးခ်င္း ရဲနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြ ေရာက္လာၿပီး ရွာေဖြစစ္ေဆးတာေတြ ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

အလားတူပဲ ကမာရြတ္ၿမိဳ႕နယ္၊ ဆင္မလိုက္ လူကူးတံတားေအာက္မွာရွိတဲ့ ယာဥ္ထိန္းရဲကင္းအေဆာင္မွာ ဒီကေန႔မနက္ ၆ နာရီေလာက္က ဗုံးေပါက္ကြဲမႈ ျဖစ္သြားတာမွာ ထိခိုက္ဒဏ္ရာရတာ မရွိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ သာေကတၿမိဳ႕နယ္၊ ျမင္ေတာ္သာလမ္းမႀကီးေပၚမွာလည္း ဒီကေန႔မနက္ ၆ နာရီေလာက္ကပဲ ဗုံးေပါက္ကြဲမႈ ျဖစ္သြားခဲ့ေပမယ့္ ထိခိုက္ဒဏ္ရာရသူ မရွိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္မွာေတာ့ စက္တင္ဘာလ ၁၁ ရက္ေန႔က ဖမ္းဆီးခံခဲ့ရသူတဦးကို စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြက လမ္းေဘးမွာ ႐ိုက္ႏွက္စစ္ေဆးၿပီး ေသနတ္နဲ႔ ပစ္သတ္လိုက္ၿပီးတဲ့ေနာက္ ဒီကေန႔မနက္မွာ အေလာင္းကို ခင္ဦးေဆး႐ုံမွာ လာယူဖို႔ မိသားစုကို အေၾကာင္းၾကားခဲ့တယ္လို႔ မိသားစုနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕မွာေတာ့ ေနအိမ္အတြင္း သီခ်င္းနားေထာင္ေနသူ အသက္ ၁၈ ႏွစ္အရြယ္ အမ်ဳိးသားတဦး စစ္ေကာင္စီက ပစ္လိုက္တဲ့ ေသနတ္ထိမွန္ၿပီး ေသဆုံးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္အတြင္း စစ္ေကာင္စီ သတင္းေပးအျဖစ္ သံသယရွိခံရသူ က်ဳံထူးေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးဟာ ဒီကေန႔မနက္ ၁၀ နာရီေလာက္မွာ ေသနတ္နဲ႔ ပစ္သတ္ခံလိုက္ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တဖက္မွာ ဗုံးခဲြတိုက္ခိုက္မႈေတြနဲ႔ ပစ္ခတ္သတ္ျဖတ္မႈေတြ ရွိေနတဲ့ တခ်ိန္တည္းမွာပဲ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ အခုခ်ိန္ထိ ဆက္ရွိေနဆဲ ျဖစ္ပါတယ္။

မႏၲေလး သံဃသမဂၢ ဆရာေတာ္ေတြ ဦးေဆာင္ၿပီး NUG ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရကို ကုလသမဂၢမွာ တရားဝင္ အသိအမွတ္ျပဳေရး လမ္းမေတြေပၚထြက္ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

မႏၲေလးမွာပဲ ဒီကေန႔ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဘာသာေပါင္းစုံ ဆႏၵျပပြဲ၊ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္မွာ NUG ေထာက္ခံပြဲတို႔အျပင္ စစ္ကိုင္းတိုင္းအတြင္းက တန္႔ဆည္၊ ယင္းမာပင္၊ ဆားလင္းႀကီး၊ ေရႊဘိုၿမိဳ႕တို႔အျပင္ တနသၤာရီတိုင္း၊ ေလာင္းလုံၿမိဳ႕နဲ႔ မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္ေတြ အတြင္းမွာလည္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵေဖာ္ထုတ္ပြဲေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

တခ်ိန္တည္းမွာပဲ စစ္ကိုင္းတိုင္းအတြင္းက ၿမိဳ႕နယ္တခ်ဳိ႕နဲ႔ နတ္ေမာက္ၿမိဳ႕နယ္ အတြင္းမွာရွိတဲ့ စစ္တပ္ပိုင္ Mytel တာဝါတိုင္ ၂ ခုကို မီး႐ႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း လူမႈကြန္ရက္ေတြမွာ ဗြီဒီယိုမွတ္တမ္းေတြနဲ႔တကြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚေနပါတယ္။ လြန္ခဲ့တဲ့ ရက္အနည္းငယ္အတြင္း Mytel တာဝါတိုင္ ေတာ္ေတာ္မ်ားမ်ား တိုက္ခိုက္ ဖ်က္ဆီးခံေနရတာပါ။

စက္တင္ဘာ ၁၂ ရက္မွာပဲ ကမၻာလုံးဆိုင္ရာ ေႏြဦးေတာ္လွန္ေရးရဲ႕ ဦးေဆာင္မႈနဲ႔ အေမရိကန္တဝန္းလုံးမွာရွိတဲ့ ျမန္မာလူမ်ဳိးေတြ နယူးေယာက္က ကုလသမဂၢ႐ုံးေရွ႕မွာ စုေဝးၿပီး “Save Myanmar” United Nations Credential Campaign အေနနဲ႔ ဆႏၵျပၾကမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

စက်တင်ဘာလ ၁၂ ရက် ဗုံးကွဲမှု ပစ်ခတ်သတ်ဖြတ်မှုနဲ့ ဆန္ဒပြမှုများ

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း ဗုံးဖောက်ခွဲမှုတွေနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်ပေါ်သလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း မြို့နယ်တချို့မှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ ရက် ဒီကနေ့ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်အတွင်းက ကညနရုံးအနီးက အမှိုက်ကန်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်သွားခဲ့တာကြောင့် အမှိုက်ကောက်တဲ့ ကလေးငယ်တဦးနဲ့ အနားမှာရှိနေသူတဦးတို့ ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပေမယ့် ထိခိုက်ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။ အခင်းဖြစ်ပွားပြီးပြီးချင်း ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူပဲ ကမာရွတ်မြို့နယ်၊ ဆင်မလိုက် လူကူးတံတားအောက်မှာရှိတဲ့ ယာဉ်ထိန်းရဲကင်းအဆောင်မှာ ဒီကနေ့မနက် ၆ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်သွားတာမှာ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ်မှာလည်း ဒီကနေ့မနက် ၆ နာရီလောက်ကပဲ ဗုံးပေါက်ကွဲမှု ဖြစ်သွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသူတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းဘေးမှာ ရိုက်နှက်စစ်ဆေးပြီး သေနတ်နဲ့ ပစ်သတ်လိုက်ပြီးတဲ့နောက် ဒီကနေ့မနက်မှာ အလောင်းကို ခင်ဦးဆေးရုံမှာ လာယူဖို့ မိသားစုကို အကြောင်းကြားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာတော့ နေအိမ်အတွင်း သီချင်းနားထောင်နေသူ အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦး စစ်ကောင်စီက ပစ်လိုက်တဲ့ သေနတ်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီ သတင်းပေးအဖြစ် သံသယရှိခံရသူ ကျုံထူးကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့မနက် ၁၀ နာရီလောက်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တဖက်မှာ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အခုချိန်ထိ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

မန္တလေး သံဃသမဂ္ဂ ဆရာတော်တွေ ဦးဆောင်ပြီး NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ကုလသမဂ္ဂမှာ တရားဝင် အသိအမှတ်ပြုရေး လမ်းမတွေပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမှာပဲ ဒီကနေ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဘာသာပေါင်းစုံ ဆန္ဒပြပွဲ၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ NUG ထောက်ခံပွဲတို့အပြင် စစ်ကိုင်းတိုင်းအတွင်းက တန့်ဆည်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ရွှေဘိုမြို့တို့အပြင် တနင်္သာရီတိုင်း၊ လောင်းလုံမြို့နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တွေ အတွင်းမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့နဲ့ နတ်မောက်မြို့နယ် အတွင်းမှာရှိတဲ့ စစ်တပ်ပိုင် Mytel တာဝါတိုင် ၂ ခုကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း လူမှုကွန်ရက်တွေမှာ ဗွီဒီယိုမှတ်တမ်းတွေနဲ့တကွ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း Mytel တာဝါတိုင် တော်တော်များများ တိုက်ခိုက် ဖျက်ဆီးခံနေရတာပါ။

စက်တင်ဘာ ၁၂ ရက်မှာပဲ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးရဲ့ ဦးဆောင်မှုနဲ့ အမေရိကန်တဝန်းလုံးမှာရှိတဲ့ မြန်မာလူမျိုးတွေ နယူးယောက်က ကုလသမဂ္ဂရုံးရှေ့မှာ စုဝေးပြီး “Save Myanmar” United Nations Credential Campaign အနေနဲ့ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG