သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂန့်ဂေါနယ် တဝန်း တိုက်ပွဲတွေအတွင်း သေဆုံး၊ ထွက်ပြေးရမှု အခြေအနေ 


ဓာတ်ပုံ- Citizen Journalist (Source: ဂန့်ဂေါ Facebook)
ဓာတ်ပုံ- Citizen Journalist (Source: ဂန့်ဂေါ Facebook)

(Zawgyi/ Unicode)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျေးရွာတွေဘက် စစ်ကောင်စီက ဝင်ရောက်စီးနင်းလို့ ပြီးခဲ့တဲ့ရက်တွေက ဒေသခံ ကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် မြင်သားရွာ၊ နှမ်းခါးရွာ အပါအဝင် ကျေးရွာ ၁၃ ရွာလောက်က ကျေးရွာသားတွေ ဒီနေ့အထိ ထွက်ပြေးနေရပါတယ်။ တိုက်ပွဲတွေဖြစ်ပြီး နောက်ပိုင်းမှာလည်း ရွာ ၃ ရွာက နေအိမ် ၅၀ ကျော် မီးရှို့ခံရသလို၊ ဒေသခံလူငယ်တချို့ ပစ်ခတ်သတ်ဖြတ်ခံ ရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောကြပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားရွာ၊ ကုန်းရွာ၊ အလယ်ရွာ၊ ရွာမရွာ၊ သာလင်းရွာ၊ နှမ်းခါးရွာ၊ မွှေ့လယ်ရွာ၊ ရဲလှရွာ၊ ရေရှင်မရွာ၊ ချောင်းကောက်ရွာ၊ သာစည်ရွာ၊ တောဝင်ရွာနဲ့ တောင်ခရမ်းရွာတို့ အပါအဝင် ရွာ ၁၃ ရွာမှာ စစ်တပ်က စီးနင်းဝင်ရောက်လို့ ဒေသခံတွေဟာ တောတောင်ထဲမှာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေ ဗွီအိုအေကို ပြောကြပါတယ်။

ဒေသခံတွေက တောတောင်ထဲမှာ မိုးကာတဲလေးနဲ့ မြေကြီးပေါ်မှာ ဖြစ်သလို နေထိုင်နေကြရပါတယ်။ ဒီအတွက် မကျန်းမမာဖြစ်နေကြသလို ဆေးဝါးနဲ့ အစားသောက် အခက်အခဲလည်း ဖြစ်နေတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မြင်သားကျေးရွာသား တဦးက ဗွီအိုအေကို ပြောပါတယ်။

“တဲလေးတွေ ထိုးပြီးမှ မိုးရွာထဲမှာ ရှိတဲ့ ပလပ်စတစ်လေးတွေနဲ့ နေကြရပါတယ်။ ဒါပေမယ့် ကလေးသူငယ်တွေ ထုံစံအတိုင်းပေါ့ဗျာ။ ကလေးသူငယ်တွေ ခြင်ကိုက် ဖြုတ်ကိုက် နောက် ပိုးကောင်တွေ ဘာတွေနဲ့ဆိုတော့ ရွာမှာ လေကကြမ်း၊ နောက်ပြီး ရာသီဥတုက ကြမ်း၊ တောထဲတောင်ထဲဆိုတော့လေ အဆင်မပြေတာတွေရော၊ နောက်ပြီးမှ ရိက္ခာအခက်အခဲဖြစ်တာပေ့ါဗျာ။ ရွာထဲမပြန်ရဲကြတော့ ရွာထဲမှာ ကျန်တဲ့ ရိက္ခာကို သွားပြန်ယူဖို့ အခက်အခဲဖြစ်။ နောက်ပြီး တချို့အိမ်တွေကလည်း မီးရှို့ခံထားရတယ်ဆိုတော့ အဲ့အိမ်ကလည်း တချို့ဆို အဝတ်တထည်၊ ကိုယ်တခုနဲ့ ပြေးခဲ့ရ။ အဲ့ဒါမျိုးဆိုတော့ ကျနော်တို့ မိသားစုတွေမှာ ရှိတဲ့လူတွေလည်း ဒုက္ခရောက်၊ မရှိတဲ့လူတွေလည်း ဒုက္ခရောက်။ အဲ့ဒါမျှပြီးမှ ကိုယ့်အချင်းချင်းမျှပြီးမှ စားသောက်နေထိုင်ရတာပေ့ါဗျာ အဲ့လိုမျိုးတွေ အခြေအနေပါ။”

စစ်တပ်က ရွာတွေကို ဝင်ရောက်ပစ်ခတ်မှုရှိတာကြောင့် စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းကတည်းက စတင်ထွက်ပြေးနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီနောက် ဒေသခံကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က မြင်သားကျေးရွာက နေအိမ်တချို့ မီးရှို့ခံရပြီး မြင်သားရွာသား ၁၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း အဲ့ဒီမြင်သားကျေးရွာသားက ဆက်ပြောပါတယ်။

“မြင်သားရွာကတော့ ၁၄ အိမ် ၁၅ အိမ်လောက် မီးရှို့ခံရတယ်။ အိမ်ကြီးအိမ်ကောင်းတွေထဲကလည်း ပါသွားတယ်။ ယူချင်တာယူ ပြီးမှ အဲ့ဒါမျိုးတွေ သိမှာစိုးလို့လာမသိ ရွာထဲနေတဲ့လူလည်း နှိပ်စက်တာပဲဗျ။ အသက်ကြီးရွယ်အိုတွေလည်း ကျနော်တို့ ၇၀ ကျော် ၈၀ ကျော် ဒါတွေကအစ ဒါ သေနတ်နဲ့ ပစ်လို့ သတ်လို့ ကြိုးနဲ့တုတ်လို့ ရိုက်လို့နှက်လို့ ဒါသေတဲ့အထိကို ရိုက်နှက်ခဲ့ကြတယ်ဆိုတော့ ဒါနဲ့ မနေရဲကြဘူးဗျ။ အသက်ကြီးရွယ်အိုတွေ ထမ်းပိုးပြီးမှ တောထဲပို့ဆိုတော့ တော်တော်စိတ်ဆင်းရဲစရာကောင်းပါတယ်ဗျာ။ ဒါလေဖြတ်တဲ့လူကအစ အလွတ်မပေးဘူး။ ကြိုးနဲ့တုတ် ရိုက်သတ်တယ်ဆိုတော့ တော်တော်ကို လူမဆန်ပါဘူး။ မြင်သားရွာက နည်းနည်း ကျနော်တို့ မနေ့က ၁၄ ယောက်ပေါ့နော်။ ၁၄ ယောက် ၁၆ ယောက်လောက်။ ကျနော်တို့ သက်ကြီးရွယ်အို အကုန်ပါရင် ကလေးသူငယ်တွေရောပါရင် ၁၆ ယောက်လောက် ကျနော်တို့ သေဆုံးသွားတယ်ဗျ။”

မြင်သားရွာနဲ့ တလမ်းခြားဖြစ်တဲ့ ကုန်းရွာမှာလည်း ဒီကနေ့အထိ ဒဏ်ရာနဲ့ကြိုးတုတ်ထားတဲ့ အလောင်း ၃ လောင်းတွေ့ရှိရပြီး

လက်နက်ကြီးကျည် ထိမှန်ထားသူက ၃ ဦးရှိတယ်လို့ ကုန်းရွာသားတဦးက VOA ကို ပြောပါတယ်။ တောတောင်ထဲမှာ ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာလည်း အစားအသောက်ကို ဝေငှ မျှစား နေကြရတယ်လို့ အဲ့ဒီကုန်းရွာသားက ပြောပါတယ်။

“စားနပ်ရိက္ခာတွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ ရှိတဲ့လူကနေ ဝေငှာပြီး စားရတဲ့ အတိုင်းအတာရောက်နေပါတယ်။ တချို့ကလည်း တောထဲမှာ ငတ်ငတ်ပြတ်ပြတ်နဲ့ နေနေကြတဲ့ တဲပျက်ကလေးမှာ တော်တော်လေးဒုက္ခရောက်တယ်ဗျ။ ၉ ရက်နေ့က မနက်ပိုင်းထဲက မနက်အစော ၉ နာရီလောက်အချိန်ကတည်းက ထွက်ပြေးရတာပါဗျ၊ ကျနော်တို့ သေဆုံးမှုနဲ့ ဒဏ်ရာရတာတွေ ရှိပါတယ်ဗျ။ အပြစ်မဲ့သတ်တာပေါ့ဗျာ။ တိုက်ပွဲဝင်တာမဟုတ်ပါဘူး။ အဖိုးကြီးအိုကြီး အသက် ၇၀ ကျော်အဖိုးအိုကြီးရယ်၊ ဘယ်လိုပြောရမလဲ ကျန်းမာရေးမကောင်းတဲ့ လူတွေ အရက်သောက်ပြီးမှတော့ သူဟာသူကောင်းကောင်းမွန်မွန်နေတဲ့ ဦးနှောက်ဉာဏ်မမီတဲ့လူတွေပေါ့။ အဲ့ဒါတွေရော ကြိုးနဲ့တုတ်ထားတယ်။ ဒါပြီးတော့ မှ အသက် ၇၀ အဖိုးကြီးတွေလည်း မှန်မိတာတွေရှိပါတယ်ဗျ။ လက်နက်ကြီးတွေ ထိမိတာတွေ၊ အခုတော့ အတိအကျမပြောနိုင်သေးဘူးဗျ။ လက်ရှိကျနော်တို့ အလောင်တွေ့ထားတာ သုံးလောင်နဲ့ ဒဏ်ရာရထားတာ သုံးယောက်ရှိပါတယ်။”

နှမ်းခါးကျေးရွာမှာလည်း နေအိမ်တွေ ဆန်စက်၊ ဂိုဒေါင်ကအစ ၄၀ လောက် မီးရှို့ခံထားရပါတယ်။ သာလင်းရွာမှာလည်း နေအိမ်တွေ မီးရှို့ခံရပါတယ်။ နှမ်းခါးရွာနဲ့ အနီးတဝိုက်ကျေးရွာမှာလည်း အခုချိန်ထိ ရွာကိုမပြန်ရဲကြသေးပါဘူး။ တောတောင်ထဲမှာ မိုးရွာနေလို့ သွားရေးလာရေးကအစ အခက်အခဲဖြစ်တယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ နှမ်းခါးရွာသားတဦးက ပြောပါတယ်။

“နှမ်းခါးကျေးရွာကဆိုရင်တော့ ကျနော်တို့ နှမ်းခါးရယ်၊ မွှေ့လယ်၊ ရဲလှ၊ အခုတော့ရင်ရှင်မ အဲ့လောက်ထိပြေးရတယ် အဲ့လိုရွာတွေ

ပြေးရတယ်ဗျ။ အခက်အခဲကတော့ တော်တော်လေးဖြစ်ကြတယ်။ ကျန်းမာရေးကအစ တောထဲတောင်ထဲဆိုတော့ အသက်ကြီးတဲ့သူတွေ တော်တော်လေး ဒုက္ခရောက်ကြပါတယ်ဗျ။ သွားရေးလာရေး မိုးကရွာဆိုတော့ သွားရေးလာရေး တအားခက်ခဲတယ်ဆိုတော့လေ။

အိမ်ခြေရွာက မီးရှို့ခံရတဲ့ အိမ်ခြေ ၄၀ လောက်ပေါ့။ အရှို့ခံရတာ။ ဟုတ်တယ်ဗျ နှစ်လုံးတွဲအိမ်၊ နံရံကပ်တိုက်တွေ အစားစားပေါ့။ တချို့ဂိုဒေါင်တွေ ဆန်စက်တွေ အဲ့ဒီလိုမျိုးပေါ့။”

စက်တင်ဘာ ၉ ရက် စစ်တပ်က နယ်မြေတည်ငြိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေချိန် မြင်သားကျေးရွာအဝင်မှာ PDF ၅၀ ခန့်က လက်နက်ငယ် တူမီးသေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည်ပစ်ခတ်ခဲ့ချိန် PDFေတွေက အရှေ့ဘက်ကို ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး လက်နက်တွေ သိမ်းဆည်း ရမိတယ်လို့ စစ်ကောင်စီ က သတင်းထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းထဲမှာ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်တပ်တို့ကြား မေလကစလို့ တိုက်ပွဲတွေ မကြာ မကြာဖြစ်ပြီးတဲ့နောက် စစ်တပ်က ဂန့်ဂေါခရိုင်ထဲက ကျေးရွာတွေကို မကြာခဏဆိုသလို ဝင်ရောက် ရှာဖွေ ရှင်းလင်း ဖမ်းဆီးမှုတွေ လုပ်နေကြပါတယ်။ တိုက်ပွဲကြောင့် ကျေးရွာသား သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)














ပွေးရတယျဗြ။ အခကျအခဲကတော့ တောျတောျလေးဖွဈကွတယျ။ ကနြျးမာရေးကအစ တောထဲတောငျထဲဆိုတော့ အသကျကွီးတဲ့သူတှေ တောျတောျလေး ဒုက်ခရောကျကွပါတယျဗြ။ သှားရေးလာရေး မိုးကရှာဆိုတော့ သှားရေးလာရေး တအားခကျခဲတယျဆိုတော့လေ။




XS
SM
MD
LG