သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံအဝွမ္းေပါက္ကြဲမႈမ်ား လူထိခိုက္ဒဏ္ရာရမႈရွိ


လွည္းတန္းတ၀ိုက္က လံုျခံဳေရးတပ္ဖြဲ ့တခ်ိဳ ့ (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ဒီကေန႔ ရန္ကုန္ၿမိဳ႕က ေနရာ ၅ ခုေလာက္မွာ ေပါက္ကြဲမႈေတြ ျဖစ္ခဲ့သလို မႏၲေလးနဲ႔ ၿမိဳ႕နယ္တစ္ခ်ိဳ႕မွာလည္း ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။ ေပါင္းတည္ၿမိဳ႕မွာ မေန႔က ျပည္ခိုင္ၿဖိဳးပါတီရဲ႕ စည္း႐ုံးေရးမႈလည္းျဖစ္တဲ့ ေပါင္းတည္က ရာအိမ္မႈး အိမ္မွာ ေပါက္ကြဲမႈ ျဖစ္ခဲ့တာေၾကာင့္ ၂ေယာက္ေသဆုံးၿပီး ၅ ေယာက္ ဒဏ္ရာရပါတယ္။ ဒီအေၾကာင္းေတြ အပါအဝင္ ႏိုင္ငံတစ္ဝန္းမွာ ျဖစ္ခဲ့တဲ့ ေပါက္ကြဲေတြ အေၾကာင္း ရန္ကုန္က လာတဲ့သတင္း မခင္ျဖဴေထြးေျပာျပပါမယ္။

ဒီကေန႔ ရန္ကုန္ၿမိဳ႕က ၅ ေနရာေလာက္မွာ ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။ မနက္ပိုင္းက ၾကည့္ျမင္တိုင္ၿမိဳ႕နယ္က Asia World ဆိပ္ကမ္းအနီးတို႔မွာ ေပါက္ကြဲမႈေတြ ျဖစ္ခဲ့သလို၊ ေန႔လယ္ပိုင္း မွာလည္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္က ယာဥ္ထိန္းရဲ႐ုံး၊ ေတာင္ဒဂုံက ဧရာခ်မ္းသာ ကြန္ဒိုအနီးနဲ႔ ယာဥ္ထိန္းရဲ႐ုံး စတဲ့ ေနရာေတြမွာ ေပါက္ကြဲမႈေတြ ျဖစ္ခဲ့တာပါ။

ေန႔လယ္ ၂ နာရီ ဝန္းက်င္ေလာက္က မရမ္းကုန္းၿမိဳ႕နယ္က သမိုင္းလမ္းဆုံ ဦးဘဟန္မီးပြိဳင့္က ယာဥ္ထိန္းရဲ႐ုံးမွာ ျဖစ္ခဲ့တဲ့ ေပါက္ကြဲမႈက အသံအေတာ္က်ယ္ေပမယ့္ ထိခိုက္မႈ မရွိခဲ့ဘူးလို႔ အဲ့ဒီ အနီးအနားမွာ ေနထိုင္သူ တစ္ဦးက ေျပာပါတယ္။

“၂ နာရီခြဲေပါ့၊ သမိုင္း ဦးဘဟန္လမ္း မီးပြိဳင့္ အဲ့ဒီထိပ္မွာ ျဖစ္တာ၊ ေမာ္ေတာ္ပီကယ္႐ုံး၊ ေမာ္ေတာ္ပီကယ္႐ုံးမွာ ျဖစ္တာ။ အဲ့နားမွာ ရွင္းလင္းေနတာပဲ ေပါက္တဲ့ အခ်ိန္က။ အသံက ေတာ္ေတာ္က်ယ္သြားတယ္။ ေျမႀကီးေတြပါတုန္သြားတယ္။”

ပဲခူးတိုင္း ေပါင္းတည္ၿမိဳ႕ ကံငယ္႐ြာမွာ မေန႔ညပိုင္းက ရာအိမ္မႈးရဲ႕ ေနအိမ္ကို ဗုံးပစ္ထည့္ခံရၿပီး ေပါက္ကြဲတာေၾကာင့္ လူ ၂ ဦးေသဆုံးၿပီး ၅ ဦး ဒဏ္ရာ ရပါတယ္။ ေပါက္ကြဲမႈျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ကံငယ္႐ြာမွာ ေနထိုင္တဲ့ ေဒသခံတစ္ဦးက VOA ကို ခုလိုေျပာျပပါတယ္။

“ျပည္ခိုင္ၿဖိဳးက စည္း႐ုံးေရးမႈး၊ ရာအိမ္မႈးလည္း ရာအိမ္မႈးေပါ့။ သူက အိမ္မွာ မိသားစုေတြ TV ၾကည့္ေနတာေပါ့ေႏွာ္။ ဇာတ္ကားၾကည့္ေနတုန္း အိမ္ျပတင္းေပါက္ကေနၿပီးေတာ့ ပစ္ထည့္လိုက္တာေပါ့။ အထဲမွာ ဘယ္လိုမွာ မေရွာင္တိမ္းႏိုင္ဘဲနဲ႔ ေပါက္ကြဲသြားတာ။ ထိခိုက္မႈက ၇ ေယာက္ေပါ့။ အိမ္ေပၚမွာ ပြဲခ်င္းၿပီး တစ္ေယာက္ ေသတယ္။ ေပါင္းတည္ေဆး႐ုံကို ၆ ေယာက္ ေရာက္လာၿပီးေတာ့ ေဆး႐ုံမွာ ေနာက္တစ္ေယာက္ ထပ္ေသတယ္ေပါ့ေႏွာ္။ ေသတာက စုစုေပါင္း ၂ ေယာက္ေပါ့။ ၂ ေယာက္လုံးက အမ်ိဳးသမီးေတြခ်ည္းပဲ။ ခုမနက္ က်န္တဲ့ ၅ ေယာက္ကို ကုတင္ ၁၀၀ ကိုေ႐ြ႕ေပးလိုက္တယ္။ ေပါင္းတည္ေဆး႐ုံက ေနၿပီးေတာ့။”

မေႏၲေလး အမွတ္ ၆ ရဲစခန္းမွာလဲ ဒီကေန႔ ေန႔လယ္ပိုင္းက လက္လုပ္ဗုံးေပါက္ကြဲခဲ့ပါတယ္။ မေကြးတိုင္း ေရစႀကိဳၿမိဳ႕ စိုက္ပ်ိဳးေရး႐ုံးမွာေတာ့ ဒီကေန႔ ေန႔လည္က ေပါက္ကြဲမႈ တစ္ခု ျဖစ္ခဲ့ပါတယ္။ မတၱရာၿမိဳ႕မွာလည္း စစ္ေကာင္စီ သတင္းေပးအျဖစ္ ေက်ာ္ေဇာတဲ့ အမ်ိဳးသမီးတစ္ဦး ဒီကေန႔ ေန႔လည္က ပစ္ခတ္ခံရၿပီး ေသဆုံးပါတယ္။

စက္တင္ဘာ ၇ ရက္ မေန႔ညကလည္း စဥ့္ကူးၿမိဳ႕က ေက်း႐ြာတစ္ခုရဲ႕ အုပ္ခ်ဳပ္ေရးမႈးအိမ္အပါအဝင္ ေနရာတစ္ခ်ိဳ႕မွာ ေပါက္ကြဲမႈေတြျဖစ္ခဲ့ပါတယ္။ ေက်ာက္ပန္းေတာင္းနဲ႔ မတၱရာ စတဲ့ ေနရာေတြအျပင္ ႏိုင္ငံတစ္ဝန္းက ၿမိဳ႕တစ္ခ်ိဳ႕မွာလည္း ေပါက္ကြဲမႈေတြ ရွိခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန႔္က်င္ ကန႔္ကြက္သူေတြကို စစ္ေကာင္စီက အၾကမ္းဖက္ သတ္ျဖတ္ ဖမ္းဆီးမႈေတြ ရွိခဲ့ၿပီးတဲ့ေနာက္ ႏိုင္ငံအတြင္းက ေနရာအေတာ္မ်ားမ်ားမွာ ဗုံးေပါက္ကြဲမႈေတြနဲ႔ စစ္ေကာင္စီသတင္းေပးအျဖစ္ သံသယရွိခံရသူေတြ ပစ္ခတ္ သတ္ျဖတ္ခံရတာေတြလည္း မၾကာခနဆိုသလို ျဖစ္ေပၚေနခဲ့တာပါ။ ဒါေပမယ့္ မေန႔ စက္တင္ဘာ ၇ ရက္ေန႔က NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရက ျပည္သူ႔ေတာ္လွန္ေရးေန႔ စတင္ၿပီျဖစ္ေၾကာင္း ေျပာဆိုအၿပီးမွာ ဒီကေန႔ ျဖစ္ေပၚခဲ့တဲ့ ဗုံးေပါက္ကြဲတဲ့ေနရာနဲ႔ အႀကိမ္ေရ အေရအတြက္ဟာ သိသိသာသာ တိုးမ်ားလာတာျဖစ္ပါတယ္။

........................................................................................

တိုက္႐ိုက္ လင့္ခ္


နိုင်ငံအဝှမ်းပေါက်ကွဲမှုများ လူထိခိုက်ဒဏ်ရာရမှုရှိ

(Unicode)

ဒီကနေ့ ရန်ကုန်မြို့က နေရာ ၅ ခုလောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သလို မန္တလေးနဲ့ မြို့နယ်တစ်ချို့မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ပေါင်းတည်မြို့မှာ မနေ့က ပြည်ခိုင်ဖြိုးပါတီရဲ့ စည်းရုံးရေးမှုလည်းဖြစ်တဲ့ ပေါင်းတည်က ရာအိမ်မှုး အိမ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ၂ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရပါတယ်။ ဒီအကြောင်းတွေ အပါအဝင် နိုင်ငံတစ်ဝန်းမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲတွေ အကြောင်း ရန်ကုန်က လာတဲ့သတင်း မခင်ဖြူထွေးပြောပြပါမယ်။

ဒီကနေ့ ရန်ကုန်မြို့က ၅ နေရာလောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ မနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်က Asia World ဆိပ်ကမ်းအနီးတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သလို၊ နေ့လယ်ပိုင်း မှာလည်း ဒဂုံဆိပ်ကမ်းမြို့နယ်က ယာဉ်ထိန်းရဲရုံး၊ တောင်ဒဂုံက ဧရာချမ်းသာ ကွန်ဒိုအနီးနဲ့ ယာဉ်ထိန်းရဲရုံး စတဲ့ နေရာတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။

နေ့လယ် ၂ နာရီ ဝန်းကျင်လောက်က မရမ်းကုန်းမြို့နယ်က သမိုင်းလမ်းဆုံ ဦးဘဟန်မီးပွိုင့်က ယာဉ်ထိန်းရဲရုံးမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုက အသံအတော်ကျယ်ပေမယ့် ထိခိုက်မှု မရှိခဲ့ဘူးလို့ အဲ့ဒီ အနီးအနားမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

“၂ နာရီခွဲပေါ့၊ သမိုင်း ဦးဘဟန်လမ်း မီးပွိုင့် အဲ့ဒီထိပ်မှာ ဖြစ်တာ၊ မော်တော်ပီကယ်ရုံး၊ မော်တော်ပီကယ်ရုံးမှာ ဖြစ်တာ။ အဲ့နားမှာ ရှင်းလင်းနေတာပဲ ပေါက်တဲ့ အချိန်က။ အသံက တော်တော်ကျယ်သွားတယ်။ မြေကြီးတွေပါတုန်သွားတယ်။”

ပဲခူးတိုင်း ပေါင်းတည်မြို့ ကံငယ်ရွာမှာ မနေ့ညပိုင်းက ရာအိမ်မှုးရဲ့ နေအိမ်ကို ဗုံးပစ်ထည့်ခံရပြီး ပေါက်ကွဲတာကြောင့် လူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ကံငယ်ရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက VOA ကို ခုလိုပြောပြပါတယ်။

“ပြည်ခိုင်ဖြိုးက စည်းရုံးရေးမှုး၊ ရာအိမ်မှုးလည်း ရာအိမ်မှုးပေါ့။ သူက အိမ်မှာ မိသားစုတွေ TV ကြည့်နေတာပေါ့နှော်။ ဇာတ်ကားကြည့်နေတုန်း အိမ်ပြတင်းပေါက်ကနေပြီးတော့ ပစ်ထည့်လိုက်တာပေါ့။ အထဲမှာ ဘယ်လိုမှာ မရှောင်တိမ်းနိုင်ဘဲနဲ့ ပေါက်ကွဲသွားတာ။ ထိခိုက်မှုက ၇ ယောက်ပေါ့။ အိမ်ပေါ်မှာ ပွဲချင်းပြီး တစ်ယောက် သေတယ်။ ပေါင်းတည်ဆေးရုံကို ၆ ယောက် ရောက်လာပြီးတော့ ဆေးရုံမှာ နောက်တစ်ယောက် ထပ်သေတယ်ပေါ့နှော်။ သေတာက စုစုပေါင်း ၂ ယောက်ပေါ့။ ၂ ယောက်လုံးက အမျိုးသမီးတွေချည်းပဲ။ ခုမနက် ကျန်တဲ့ ၅ ယောက်ကို ကုတင် ၁၀၀ ကိုရွေ့ပေးလိုက်တယ်။ ပေါင်းတည်ဆေးရုံက နေပြီးတော့။”

မန္တေလေး အမှတ် ၆ ရဲစခန်းမှာလဲ ဒီကနေ့ နေ့လယ်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲခဲ့ပါတယ်။ မကွေးတိုင်း ရေစကြိုမြို့ စိုက်ပျိုးရေးရုံးမှာတော့ ဒီကနေ့ နေ့လည်က ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ မတ္တရာမြို့မှာလည်း စစ်ကောင်စီ သတင်းပေးအဖြစ် ကျော်ဇောတဲ့ အမျိုးသမီးတစ်ဦး ဒီကနေ့ နေ့လည်က ပစ်ခတ်ခံရပြီး သေဆုံးပါတယ်။

စက်တင်ဘာ ၇ ရက် မနေ့ညကလည်း စဉ့်ကူးမြို့က ကျေးရွာတစ်ခုရဲ့ အုပ်ချုပ်ရေးမှုးအိမ်အပါအဝင် နေရာတစ်ချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ ကျောက်ပန်းတောင်းနဲ့ မတ္တရာ စတဲ့ နေရာတွေအပြင် နိုင်ငံတစ်ဝန်းက မြို့တစ်ချို့မှာလည်း ပေါက်ကွဲမှုတွေ ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်သူတွေကို စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးမှုတွေ ရှိခဲ့ပြီးတဲ့နောက် နိုင်ငံအတွင်းက နေရာအတော်များများမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ စစ်ကောင်စီသတင်းပေးအဖြစ် သံသယရှိခံရသူတွေ ပစ်ခတ် သတ်ဖြတ်ခံရတာတွေလည်း မကြာခနဆိုသလို ဖြစ်ပေါ်နေခဲ့တာပါ။ ဒါပေမယ့် မနေ့ စက်တင်ဘာ ၇ ရက်နေ့က NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့တော်လှန်ရေးနေ့ စတင်ပြီဖြစ်ကြောင်း ပြောဆိုအပြီးမှာ ဒီကနေ့ ဖြစ်ပေါ်ခဲ့တဲ့ ဗုံးပေါက်ကွဲတဲ့နေရာနဲ့ အကြိမ်ရေ အရေအတွက်ဟာ သိသိသာသာ တိုးများလာတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG