သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကင္းမရြာ ဖ်က္ဆီးခံရမႈ မ်က္ျမင္သက္ေသတဦး ေျပာျပခ်က္


ကင္းမရြာ ဘုန္းႀကီးေက်ာင္းဝင္း တခုအတြင္း မီးရႈိ႕ဖ်က္ဆီးခံရ။

[ Zawgyi ]

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္၊ ကင္းမေက်းရြာမွာ စစ္ေဘး ဒုကၡသည္ေတြအတြက္ လွဴဒါန္းထားတဲ့ ဆန္နဲ႔ လူသံုးကုန္ ပစၥည္းတခ်ိဳ႕ကို စက္တင္ဘာ(၁)ရက္ေန႔မွာ စစ္ေကာင္စီတပ္က မီးရွုိ႕႔ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္လို႔ ကိုယ္တိုင္ ျမင္ေတြ႕ခဲ့ရတဲ့ ရြာသားတဦးရဲ႕ ေျပာျပခ်က္ေတြကို နားဆင္ႏိုင္ပါတယ္။


ေမး ။ ။ ဒီေန႔ ကင္းမ ဘုန္းႀကီးေက်ာင္းထဲက ရိကၡာေတြကို စစ္တပ္က မီးရႈိ႕တယ္ဆိုတာ အကိုတို႔က ဘယ္လိုပုံစံမ်ဳိးနဲ႔ သိတာလဲ။ ဘယ္လိုပုံစံမ်ဳိးနဲ႔ အတည္ျပဳလို႔ ရမလဲဗ်။

ရြာခံ ။ ။ က်ေနာ္တို႔က သူတို႔ကို လွမ္းျမင္ေနရတယ္။ ဘုန္းႀကီးေက်ာင္းကို လွမ္းၾကည့္တဲ့အခါက်ေတာ့ ဘုန္းႀကီးေက်ာင္းေပၚမွာရွိတဲ့ လာလွဴထားတဲ့ ေထာက္ပံ့ထားတဲ့ ပစၥည္းေတြ အကုန္လုံးကို မီးေတြ ရႈိ႕သြားတယ္။ ပစၥည္းေတြလည္း ဘာမွ မက်န္ေတာ့ဘူး။ ျပန္ရစရာလည္း ဘာမွ မရွိေတာ့ဘူးေပါ့။ ေတာ္ေတာ္မ်ားမ်ားကို မီးရႈိ႕ဖ်က္ဆီးသြားတယ္ဗ်။

ေမး ။ ။ ဟုတ္ကဲ့ ၊ ဒီ မီးရႈိ႕သြားတဲ့ ပစၥည္းေတြက ဘယ္လိုေၾကာင့္ ဒီဘုန္းႀကီးေက်ာင္းမွာ စုထားတယ္လဲ။ ၿပီးေတာ့ ဒီရြာထဲမွာ လူေတြကေရာ မရွိၾကေတာ့ဘူးလား၊ မရွိဘူးဆိုရင္ ဘယ္လိုေၾကာင့္ မရွိေတာ့ တာလဲဗ်။

ရြာခံ ။ ။ ဟုတ္ကဲ့ ဗ်၊ သူတို႔ စစ္ေကာင္စီက က်ေနာ္တို႔ ကင္းမရြာသားေတြကို တေယာက္မက်န္ သတ္မယ္ဆိုတဲ့ သတင္းၾကားရေတာ့ ကၽြန္ေတာ္တို႔ ကင္းမရြာျပည္သူေတြက မေနရဲၾကေတာ့ဘူးေပါ့ အကိုရယ္။ သူတို႔ လာတာနဲ႔ ရြာထဲကို လက္နက္ႀကီးေတြနဲ႔ ၉ ခ်က္၊ ၁၀ ခ်က္ေလာက္ ထုၿပီးခါက်မွ ဝင္လာတဲ့အခါက်ေတာ့ ရြာထဲမွာလည္း ျပည္သူ တေယာက္မွ မေနရဲေတာ့ဘူး။ အရင္ တခ်ီကလည္း မီးရႈိ႕ခံထားရတယ္။ မီးရႈိ ႔ခဲ့လို႔ အိမ္မွာ ထားစရာ မရွိတဲ့အတြက္ က်ေနာ္တို႔က ... ေထာက္ပံ့လာတဲ့ ပစၥည္းေလးေတြကို လတ္တေလာ အေျခအေနအရ ထားစရာ မရွိတဲ့အတြက္ ဘုန္းႀကီးေက်ာင္းထဲက အရိပ္ရွိမယ့္ ေနရာမွာ က်ေနာ္တို႔ရထားတဲ့ ရိကၡာ - ဆန္ေလးေတြ၊ ဆီေလးေတြ၊ ဒန္အိုးဒန္ခြက္ေတြ၊ ေဝ မေပးရေသးတဲ့ ပစၥည္းေတြ အေတာ္မ်ားမ်ားတာေပါ့ဗ်ာ။ အဲဒါေတြကို သူတို႔က ဖ်က္ဆီးၿပီး အကုန္မီးရႈိ႕သြားတာဗ်။

ေမး ။ ။ ဟုတ္ကဲ့ ၊ အခု က်ေနာ္ အတည္ျပဳခ်က္ ထပ္ယူခ်င္တာေပါ့ေနာ္။ အဲဒီေတာ့ စစ္တပ္က မီးရႈိ႕သြားတဲ့ အေၾကာင္းအရာကို ဘယ္လို တိတိက်က် ေျပာႏိုင္မလဲ၊ အဲဒီမွာ အေျခအေနေတြက ရႈပ္ရႈပ္ေထြးေထြး ျဖစ္ေနတာ ဆိုေတာ့ေလ။ က်ေနာ္တို႔က အတည္ျပဳခ်က္ လိုခ်င္တာေပါ့။

ရြာခံ ။ ။ သူတို႔ကို က်ေနာ္တို႔ဆီက ဒိန္းငဲြရဲ႕ အေရွ႕ဖက္မွာ ဒိန္းငိုး ဆိုတဲ့ရြာရွိတယ္။ အဲဒီကေန သူတို႔ဝင္လာတယ္။ သူတို႔က ဒီနားက က်ေနာ္တို႔ရြာ အနီးနားက ကုန္းေပၚကို ေရာက္တယ္လို႔ က်ေနာ္တို႔ သတင္းၾကားရတယ္။ က်ေနာ္တို႔ ေခ်ာင္းထဲကို ဆင္းေနတဲ့အခ်ိန္မွာ သူတို႔က ရြာထဲကို လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္တယ္။ ပစ္တဲ့အခါက်ေတာ့ အဲဒီေန႔တုန္းက ဘာမွ မလုပ္ေသးဘူး။ ေနာက္ေန႔ ျပန္မယ့္ေန႔ ဒီေန႔က်မွ ေန႔လည္ (၁၂)ခဲြေလာက္မွာ သူတို႔က အဲဒီစားနပ္ရိကၡာပစၥည္း သူတို႔ ခ်က္ျပဳတ္စားေသာက္ၿပီး ပိုတဲ့ဟာေတြကို မီးရႈိ႕ ဖ်က္ဆီးသြားတယ္ဗ်။

ေမး ။ ။ ဟုတ္ကဲ့ ၊ အဲဒါက အကိုကိုယ္တိုင္ မ်က္ျမင္လား ၊ ဘယ္လိုမ်ဳိးလဲ။

ရြာခံ ။ ။ ဟုတ္ကဲ့ဗ်။ သူတို႔ စစ္ေကာင္စီကလူေတြ ျပန္သြားတာေတြကို က်ေနာ္တို႔ မ်က္စိကေတာ့ ျမင္ရတယ္ေပါ့ဗ်ာ၊ ဒါေပမဲ့ က်ေနာ္တို႔ လက္ထဲမွာ ကင္မရာ မပါေတာ့ က်ေနာ္တို႔ မွတ္တမ္း မတင္လိုက္ႏိုင္ဘူးဗ်။

ေမး ။ ။ ဟုတ္ကဲ့ ဓါတ္ပုံေတြေရာ ရွိလားဗ်။

ရြာခံ ။ ။ ဟုတ္ကဲ့ .. သူတို႔ ျပန္သြားၿပီးေတာ့ ၊ သူတို႔ ဖ်က္ဆီးထားခဲ့တဲ့ ပုံေတြေပါ့ ... အေလာင္း တေလာင္းနဲ႔ ဆိုင္ကယ္တစီး မီးရႈိ႕ထားခဲ့တဲ့ ပုံေတြ က်ေနာ့္မွာ ရွိတယ္။ သူတို႔ ျပန္သြားၿပီးခ်ိန္က်ေတာ့ က်ေနာ့္ဖုန္း ဟမ္းဆက္ေလးနဲ႔ မွတ္တမ္းတင္ ဓါတ္ပုံ႐ိုက္ထားတာ ရွိတယ္ဗ်။

ေမး ။ ။ အေလာင္း တေလာင္းဆိုတာက ဘယ္တုန္းက ေသဆုံးထားတဲ့ အေလာင္းလဲဗ် ။

ရြာခံ ။ ။ အဲဒါက သူတို႔ ျပန္ၿပီးမွ ထြက္သြားၿပီးတဲ့ အခ်ိန္က်မွ မီးရႈိ႕ပစ္ခဲ့တာ အဲဒီအေလာင္းကို ။

ေမး ။ ။ ဘယ္တုန္းက ေသဆုံးတဲ့ အေလာင္းကို ေျပာတာပါလဲ။

ရြာခံ ။ ။ ဒီေန႔မွ ေသတာလို႔ ေျပာလို႔ ရႏိုင္ပါတယ္။ ဒီ ေသသြားတဲ့လူကေတာ့ သူတို႔လူလား က်ေနာ္တို႔လူလား ဆိုတာကေတာ့ ဂဃနဏ ႐ုပ္ေဖၚလို႔ သတင္းလိုက္လို႔ေတာ့ မရေသးဘူးဗ်။ က်ေနာ္တို႔ အတည္ျပဳလို႔ မရေသးဘူးေပါ့ဗ်ာ။

ေမး ။ ။ ဟုတ္ကဲ့ခင္ဗ် အကိုတို႔က သူတို႔ေတြ မီးရႈိ႕တာေတြ မ်က္ျမင္ေတြ႕တယ္ဆိုေတာ့ေလ ၊ ဒါ ေသခ်ာေအာင္ က်ေနာ္ ျဖတ္ၿပီးေမးၾကည့္တာပါ .. အကိုတို႔က ဘယ္လိုေၾကာင့္ ဒီျမင္ကြင္းကို ေတြ႕တာလဲ ။

ရြာခံ ။ ။ ဟုတ္ .. က်ေနာ္တို႔က သူတို႔လာေနၿပီ ၊ သူတို႔ ရြာထဲ ဝင္ၿပီဆိုေတာ့ သူတို႔နဲ႔ မလွမ္းမကမ္း အႏၲရာယ္ကင္းႏိုင္ေလာက္တဲ့ ကုန္းေပၚကေပါ့ ကုန္း႐ိုးေပၚကေန က်ေနာ္တို႔ လွမ္းၿပီးမွ ၾကည့္ေနရတာေပါ့ဗ်ာ။

ေမး ။ ။ ဟုတ္ကဲ့ ၊ သူတို႔နဲ႔ မလွမ္းမကမ္းက ၾကည့္ရင္းနဲ႔ ေတြ႕ခဲ့ရတာေပါ့ေနာ္။

ရြာခံ ။ ။ ဟုတ္ကဲ့။

========================

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ကင်းမရွာ ဖျက်ဆီးခံရမှု မျက်မြင်သက်သေတဦး ပြောပြချက်

မကွေးတိုင်း ပေါက်မြို့နယ်၊ ကင်းမကျေးရွာမှာ စစ်ဘေး ဒုက္ခသည်တွေအတွက် လှူဒါန်းထားတဲ့ ဆန်နဲ့ လူသုံးကုန် ပစ္စည်းတချို့ကို စက်တင်ဘာ(၁)ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ရွာသားတဦးရဲ့ ပြောပြချက်တွေကို နားဆင်နိုင်ပါတယ်။

မေး ။ ။ ဒီနေ့ ကင်းမ ဘုန်းကြီးကျောင်းထဲက ရိက္ခာတွေကို စစ်တပ်က မီးရှို့တယ်ဆိုတာ အကိုတို့က ဘယ်လိုပုံစံမျိုးနဲ့ သိတာလဲ။ ဘယ်လိုပုံစံမျိုးနဲ့ အတည်ပြုလို့ ရမလဲဗျ။

ရွာခံ ။ ။ ကျနော်တို့က သူတို့ကို လှမ်းမြင်နေရတယ်။ ဘုန်းကြီးကျောင်းကို လှမ်းကြည့်တဲ့အခါကျတော့ ဘုန်းကြီးကျောင်းပေါ်မှာရှိတဲ့ လာလှူထားတဲ့ ထောက်ပံ့ထားတဲ့ ပစ္စည်းတွေ အကုန်လုံးကို မီးတွေ ရှို့သွားတယ်။ ပစ္စည်းတွေလည်း ဘာမှ မကျန်တော့ဘူး ပြန်ရစရာလည်း ဘာမှ မရှိတော့ဘူးပေါ့။ တော်တော်များများကို မီးရှို့ဖျက်စီး သွားတယ်ဗျ။

မေး ။ ။ ဟုတ်ကဲ့ ၊ ဒီ မီးရှို့သွားတဲ့ ပစ္စည်းတွေက ဘယ်လိုကြောင့် ဒီဘုန်းကြီးကျောင်းမှာ စုထားတယ်လဲ။ ပြီးတော့ ဒီရွာထဲမှာ လူတွေကရော မရှိကြတော့ဘူးလား ၊ မရှိဘူးဆိုရင် ဘယ်လိုကြောင့် မရှိတော့ တာလဲဗျ။

ရွာခံ ။ ။ ဟုတ်ကဲ့ ဗျ၊ သူတို့ စစ်ကောင်စီက ကျနော်တို့ ကင်းမရွာသားတွေကို တယောက်မကျန် သတ်မယ်ဆိုတဲ့ သတင်းကြားရတော့ ကျွန်တော်တို့ ကင်းမရွာပြည်သူတွေက မနေရဲကြတော့ဘူးပေါ့ အကိုရယ်။ သူတို့ လာတာနဲ့ ရွာထဲကို လက်နက်ကြီးတွေနဲ့ ၉ ချက် ၁၀ ချက်လောက် ထုပြီးခါကျမှ ဝင်လာတဲ့အခါကျတော့ ရွာထဲမှာလည်း ပြည်သူ တယောက်မှ မနေရဲတော့ဘူး။ အရင် တချီကလည်း မီးရှို့ခံထားရတယ်။ မီးရှို့ခဲ့လို့ အိမ်မှာ ထားစရာ မရှိတဲ့အတွက် ကျနော်တို့က ... ထောက်ပံ့လာတဲ့ ပစ္စည်းလေးတွေကို လတ်တလော အခြေအနေအရ ထားစရာ မရှိတဲ့အတွက် ဘုန်းကြီးကျောင်းထဲက အရိပ်ရှိမယ့် နေရာမှာ ကျနော်တို့ရထားတဲ့ ရိက္ခာ - ဆန်လေးတွေ ၊ ဆီလေးတွေ၊ ဒန်အိုးဒန်ခွက်တွေ ၊ ဝေ မပေးရသေးတဲ့ ပစ္စည်းတွေ အတော်များများတာပေါ့ဗျာ။ အဲဒါတွေကို သူတို့က ဖျက်ဆီးပြီး အကုန်မီးရှို့သွားတာဗျ။

မေး ။ ။ ဟုတ်ကဲ့ ၊ အခု ကျနော် အတည်ပြုချက် ထပ်ယူချင်တာပေါ့နော်။ အဲဒီတော့ စစ်တပ်က မီးရှို့သွားတဲ့ အကြောင်းအရာကို ဘယ်လို တိတိကျကျ ပြောနိုင်မလဲ ၊ အဲဒီမှာ အခြေအနေတွေက ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာ ဆိုတော့လေ။ ကျနော်တို့က အတည်ပြုချက် လိုချင်တာပေါ့။

ရွာခံ ။ ။ သူတို့ကို ကျနော်တို့ဆီက ဒိန်းငွဲရဲ့ အရှေ့ဖက်မှာ ဒိန်းငိုး ဆိုတဲ့ရွာရှိတယ်။ အဲဒီကနေ သူတို့ဝင်လာတယ်။ သူတို့က ဒီနားက ကျနော်တို့ရွာ အနီးနားက ကုန်းပေါ်ကို ရောက်တယ်လို့ ကျနော်တို့ သတင်းကြားရတယ်။ ကျနော်တို့ ချောင်းထဲကို ဆင်းနေတဲ့အချိန်မှာ သူတို့က ရွာထဲကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ပစ်တဲ့အခါကျတော့ အဲဒီနေ့တုန်းက ဘာမှ မလုပ်သေးဘူး။ နောက်နေ့ ပြန်မယ့်နေ့ ဒီနေ့ကျမှ နေ့လည် (၁၂)ခွဲလောက်မှာ သူတို့က အဲဒီစားနပ်ရိက္ခာပစ္စည်း သူတို့ ချက်ပြုတ်စားသောက်ပြီး ပိုတဲ့ဟာတွေကို မီးရှို့ ဖျက်ဆီးသွားတယ်ဗျ။

မေး ။ ။ ဟုတ်ကဲ့ ၊ အဲဒါက အကိုကိုယ်တိုင် မျက်မြင်လား ၊ ဘယ်လိုမျိုးလဲ။

ရွာခံ ။ ။ ဟုတ်ကဲ့ဗျ သူတို့ စစ်ကောင်စီကလူတွေ ပြန်သွားတာတွေကို ကျနော်တို့ မျက်စိကတော့ မြင်ရတယ်ပေါ့ဗျာ ၊ ဒါပေမဲ့ ကျနော်တို့ လက်ထဲမှာ ကင်မရာ မပါတော့ ကျနော်တို့ မှတ်တမ်း မတင်လိုက်နိုင်ဘူးဗျ။

မေး ။ ။ ဟုတ်ကဲ့ ဓါတ်ပုံတွေရော ရှိလားဗျ။

ရွာခံ ။ ။ ဟုတ်ကဲ့ .. သူတို့ ပြန်သွားပြီးတော့ ၊ သူတို့ ဖျက်ဆီးထားခဲ့တဲ့ ပုံတွေပေါ့ ... အလောင်း တလောင်းနဲ့ ဆိုင်ကယ်တစီး မီးရှို့ထားခဲ့တဲ့ ပုံတွေ ကျနော့်မှာ ရှိတယ်။ သူတို့ ပြန်သွားပြီးချိန်ကျတော့ ကျနော့်ဖုန်း ဟမ်းဆက်လေးနဲ့ မှတ်တမ်းတင် ဓါတ်ပုံရိုက်ထားတာ ရှိတယ်ဗျ။

မေး ။ ။ အလောင်း တလောင်းဆိုတာက ဘယ်တုန်းက သေဆုံးထားတဲ့ အလောင်းလဲဗျ ။

ရွာခံ ။ ။ အဲဒါက သူတို့ ပြန်ပြီးမှ ထွက်သွားပြီးတဲ့ အချိန်ကျမှ မီးရှို့ပစ်ခဲ့တာ အဲဒီအလောင်းကို ။

မေး ။ ။ ဘယ်တုန်းက သေဆုံးတဲ့ အလောင်းကို ပြောတာပါလဲ။

ရွာခံ ။ ။ ဒီနေ့မှ သေတာလို့ ပြောလို့ ရနိုင်ပါတယ်။ ဒီ သေသွားတဲ့လူကတော့ သူတို့လူလား ကျနော်တို့လူလား ဆိုတာကတော့ ဂဃနဏ ရုပ်ဖေါ်လို့ သတင်းလိုက်လို့တော့ မရသေးဘူးဗျ။ ကျနော်တို့ အတည်ပြုလို့ မရသေးဘူးပေါ့ဗျာ။

မေး ။ ။ ဟုတ်ကဲ့ခင်ဗျ အကိုတို့က သူတို့တွေ မီးရှို့တာတွေ မျက်မြင်တွေ့တယ်ဆိုတော့လေ ၊ ဒါ သေချာအောင် ကျနော် ဖြတ်ပြီးမေးကြည့်တာပါ .. အကိုတို့က ဘယ်လိုကြောင့် ဒီမြင်ကွင်းကို တွေ့တာလဲ ။

ရွာခံ ။ ။ ဟုတ် .. ကျနော်တို့က သူတို့လာနေပြီ ၊ သူတို့ ရွာထဲ ဝင်ပြီဆိုတော့ သူတို့နဲ့ မလှမ်းမကမ်း အန္တရာယ်ကင်းနိုင်လောက်တဲ့ ကုန်းပေါ်ကပေါ့ ကုန်းရိုးပေါ်ကနေ ကျနော်တို့ လှမ်းပြီးမှ ကြည့်နေရတာပေါ့ဗျာ။

မေး ။ ။ ဟုတ်ကဲ့ ၊ သူတို့နဲ့ မလှမ်းမကမ်းက ကြည့်ရင်းနဲ့ တွေ့ခဲ့ရတာပေါ့နော်။

ရွာခံ ။ ။ ဟုတ်ကဲ့။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG