သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ေနရာတခ်ဳိ႕မွာ ေပါက္ကြဲမႈေတြျဖစ္


လံုျခံဳေရးတိုးျမွင့္ခ်ထားတဲ့ ရန္ကုန္ (April 6, 2021) (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ရန္ကုန္ၿမိဳ႕ထဲက စမ္းေခ်ာင္းၿမိဳ႕နယ္နဲ႔ ဗိုလ္တေထာင္ၿမိဳ႕နယ္ေတြအပါအဝင္ ေနရာတခ်ဳိ႕မွာ ေပါက္ကြဲမႈ ၅ ခုထက္မနည္းျဖစ္ခဲ့ပါတယ္။ စမ္းေခ်ာင္းၿမိဳ႕နယ္ထဲက ေပါက္ကြဲမႈမွာ ဒဏ္ရာရသူ ႏွစ္ေယာက္ အနည္းဆံုး႐ွိတယ္လို႔ မ်က္ျမင္ေတ႔ြသူေတြက ေျပာပါတယ္။ မံု႐ြာၿမိဳ႕မွာလည္း စစ္တပ္ လံုၿခံဳေရးစစ္ေဆးေနတဲ့ ေနရာမွာ ဗံုးေပါက္လို႔ ေသဆံုးမႈ႐ွိတယ္လို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။ ခုလို ေပါက္ကဲြမႈေတြအျပင္ ၿမိဳ႕တခ်ဳိ႕မွာ ေဒသခံအုပ္ခ်ဳပ္ေရးမွဴးတခ်ဳိ႕ ပစ္သတ္ခံရပါတယ္။ ဒီအေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မခင္ျဖဴေထြး က ေျပာျပပါမယ္။

ဒီေန႔ စက္တင္ဘာ ၉ ရက္ ၾကာသပေတးေန႔မွာ ရန္ကုန္ၿမိဳ႕က ဗိုလ္တေထာင္၊ ၾကည့္ျမင္တုိင္၊ စမ္းေခ်ာင္း၊ ေျမာက္ဒဂံု၊ ဒဂံုဆိပ္ကမ္းနဲ႔ ေတာင္ဒဂံုၿမိဳ႕နယ္ေတြမွာ ဗံုးေပါက္ကဲြမႈေတြျဖစ္ခဲ့ပါတယ္။ ေန႔လည္ပိုင္းက စမ္းေခ်ာင္းၿမိဳ႕နယ္ ဗဟိုလမ္းနဲ႔ ဗားကရာလမ္းဆုံနားမွာ ေပါက္ကြဲမႈတခုျဖစ္ပါတယ္။ ကင္းလွည့္ေနတဲ့ စစ္ကားတစ္စီး ဗုံးပစ္ခံရတာလို႔ ျပည္တြင္းကလာတဲ့သတင္းတခ်ဳိ႕က ေဖာ္ျပပါတယ္။

ေပါက္ကြဲမႈေၾကာင့္ အနည္းဆံုး ၂ ေယာက္ ထိခိုက္ဒဏ္ရာရသြားၿပီး ေဆး႐ံုကားေတြေပၚ တင္သြားတယ္လို႔ မ်က္ျမင္ေတ႔ြသူေတြက ေျပာျပပါတယ္။ ဒဏ္ရာရသြားသူေတြဟာ စစ္သားေတြျဖစ္ၿပီး ေသဆုံးသြားၿပီလို႔ ျပည္တြင္းသတင္းတခ်ဳိ႕က ေဖာ္ျပေပမဲ့ ဗီအိုေအကေတာ့ သီးျခားအတည္ မျပဳႏိုင္ေသးပါဘူး။

စမ္းေခ်ာင္းမွာ ဗံုးေပါက္ကြဲၿပီးတဲ့ေနာက္ စစ္သားေတြေရာက္လာၿပီး အနားကလမ္းေတြထဲ တလမ္းဝင္ တလမ္းထြက္ ေျခာက္လွန္႔ ပစ္ခတ္သလို ေအာ္ဟစ္ႀကိမ္းေမာင္း ဆဲဆိုတယ္လို႔ ျမင္ရ ၾကားရသူက ဗီြအိုေအကုိ ေျပာျပပါတယ္။

ဒဂုံၿမိဳ႕သစ္ ဆိပ္ကမ္းၿမိဳ႕နယ္နဲ႔ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းတို႔မွာ ဒီကေန႔ မနက္ပိုင္းက ေပါက္ကြဲမႈေတြ ျဖစ္ခဲ့သလို ပစ္ခတ္မႈတခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ ဒဂုံၿမိဳ႕သစ္ ဆိပ္ကမ္းၿမိဳ႕နယ္က စည္ပင္႐ုံးမွာ ႏွစ္ႀကိမ္ဆက္တိုက္ေပါက္ကြဲမႈျဖစ္ပြားၿပီး လူအထိအခိုက္ေတာ့ မသိရေသးဘူးလို႔ အနီးအနားမွာ ေနထိုင္သူတဦးက ေျပာပါတယ္။

“ခုနကေတာ့ ေပါက္ကြဲသံႏွစ္ခ်က္ေတာ့ ၾကားလိုက္တယ္ ႏွစ္ခ်က္ဆက္တိုက္ေပါက္တာေပါ့ေနာ္၊ အဲ့ႏွစ္ခ်က္ပဲ ဟိုအေရွ႕က ဟိုေတာင္ဒဂုံ အဲ့ဟိုကင္းသဲအနားမွာ ပစ္ခတ္တာဘာေတြေတာ့ မၾကားမိဘူး။ အသံမၾကားရတာကို ေျပာတာေနာ္၊ ပစ္ခတ္မႈျဖစ္တာက ဟုတ္တယ္ေပါ့ ဒါေပမယ့္ အသံေတာ့ က်ေနာ္တို႔ဆီကမၾကားဘူး၊ အဲ့ေပါက္ကြဲမႈကေတာ့ ႏွစ္ခ်က္ဆက္တိုက္ ဟိုဟာေလာက္က ၃ နာရီဝန္း က်င္ေလာက္က ၾကားလိုက္ရတယ္ အုန္းအုန္းဆိုၿပီး ႏွစ္ခ်က္ဆက္တိုက္ေပါက္သြားတယ္၊ ေပါက္ကြဲသံ ၾကားၿပီးေတာ့ စစ္ေနၾကတယ္လို႔ေတာ့ ေျပာတယ္ လမ္းသြားလမ္းလာေတြကိုေပါ့ေနာ္ ဒါေပမယ့္ ရပ္ကြက္ထဲဝင္ၿပီးေတာ့ အဲ့လိုသြားတာေတြဘာေတြမရွိဘူး။”

ေပါက္ကြဲမႈျဖစ္အၿပီး လမ္းသြားလမ္းလာေတြကို စစ္ေဆးေနတယ္လို႔လည္း ေဒသခံေတြက ေျပာျပပါတယ္။ ရန္ကုန္က ေပါက္ကြဲမႈေတြနဲ႔ ပတ္သက္လို႔ အခုသတင္းေရးခ်ိန္ စစ္ေကာင္စီဘက္က တစံုတရာ မထုတ္ျပန္ေသးပါဘူး။ ရန္ကုန္တိုင္းထဲက ေပါက္ကဲြမႈေတြဟာ ဘယ္သူ႔လက္ခ်က္လဲဆိုတာလည္း အတိအက် မသိရေသးပါဘူး။

NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရက ျပည္သူ႔ေတာ္လွန္ေရးေန႔ စတင္ၿပီျဖစ္ေၾကာင္း ေျပာဆိုၿပီး စစ္ေကာင္စီတပ္ေတြနဲ႔ သက္ဆိုင္တဲ့ နီးကပ္တဲ့ ေနရာေတြကို အတတ္ႏိုင္ဆုံး ေရွာင္ရွားၾကဖို႔ ျပည္သူေတြကို စက္တင္ဘာ ၇ ရက္ေန႔က တိုက္တြန္းထားပါတယ္။
ရန္ကုန္တုိင္း တြံေတးၿမိဳ႕မွာေတာ့ ကံဘဲေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴး မနက္အေစာပိုင္းက ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရပါတယ္။ စစ္ေကာင္စီ သတင္းေပးဆိုသူေတြအေပၚ တိုက္ခိုက္မႈေတြ႐ွိတယ္လို႔ တြံေတးေဒသခံက ခုလိုေျပာျပပါတယ္။

“မနက္ ၄ နာရီေလာက္က တြံေတး အိုဘိုရပ္ကြက္က သာယာကုန္းရပ္ကြက္က ဒလန္လို႔ နာမည္ႀကီးေန တဲ့ သူရဲ႕ အိမ္မွာ ေပါက္ကြဲမႈျဖစ္တယ္။ အထိအခိုက္မရွိဘူးလို႔ သိရပါတယ္။ မနက္ ၈ နာရီ ၄၅ ေလာက္က ကံဘဲ့ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႈး ဒလန္ေက်ာ္လွကို ေသနတ္နဲ႔ ၆ ခ်က္ အေသပစ္ခတ္ခဲ့တယ္ေပါ့။”

ပစ္ခတ္မႈဟာ သူတို႔လက္ခ်က္ျဖစ္တယ္လို႔ တြံေတး PDF အဖြဲ႕က သူတို႔ရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။ အိုးဘိုရပ္ကြက္က စစ္တပ္သတင္းေပးလို႔ စြပ္စြဲခံရသူအိမ္မွာ မေန႔ညက ေပါက္ကြဲမႈျဖစ္တာေၾကာင့္ စစ္တပ္က အိမ္ေတြမွာ ဧည့္စာရင္းစစ္ၿပီး ၅ ဦးကို ဖမ္းဆီးသြားတယ္လို႔ တြံေတးေဒသခံတဦးက VOA ကိုေျပာျပပါတယ္။

မံု႐ြာၿမိဳ႕မွာလည္း မုံ႐ြာၿမိဳ႕အဝင္က ဘိုးဘြားရိပ္သာ အဝိုင္းနား စစ္သားေတြ စစ္ေဆးေရးလုပ္တဲ့ ေနရာမွာ ဒီေန႔အေစာပိုင္းက ေပါက္ကြဲမႈတခု ျဖစ္ခဲ့ပါတယ္။ ေပါက္ကဲြမႈမွာ ထိခိုက္ဒဏ္ရာရသူတခ်ဳိ႕႐ွိတယ္လို႔ မုံ႐ြာကိုယ္စားျပဳ MPDF - သံမဏိအဖြဲ႕က ခြန္ဆာက VOA ကိုေျပာေပမယ့္ သီးျခားအတည္မျပႏုိင္ပါဘူး။

ကေလးၿမိဳ႕ေျမာက္ပိုင္းက ပ်ဥ္းခုံႀကီး႐ြာနဲ႔ ေမာစီေက်း႐ြာတို႔က အုပ္ခ်ဳပ္ေရးမွဴးေတြအျပင္ ရာဇၿဂိဳလ္ေက်း႐ြာက စစ္ေကာင္စီသတင္းေပးဆိုသူ တဦးတုိ႔လည္း ပစ္သတ္ခံရတယ္လို႔ ကေလးၿမိဳ႕ ေဒသခံတဦးက ေျပာပါတယ္။

“အေနာက္ေျမာက္ဘက္မွာ ရွိတာေပါ့၊ အဲ့ဒီ႐ြာေတြကေလ။ အဲ့မွာ အုပ္ခ်ဳပ္ေရးမႈး ၂ ေယာက္ တစ္ၿပိဳင္တည္းလိုလိုပဲ ဘယ္အဖြဲ႕ကမွန္းမသိဘဲ သတ္ခံရတယ္။ အဲ့တာက သတ္သတ္ေပါ့။ ေနာက္ထပ္က ကေလးၿမိဳ႕ ရာဇၿဂိဳလ္ဆည္ေရွ႕က ရာဇၿဂိဳလ္႐ြာမွာ ဒီမနက္ ဒလန္တစ္ေယာက္ သတ္ခံရတယ္။ ေတာင္ပိုင္းမွာ စစ္ကား မိုင္းဆြဲခံရတာကေတာ့ ၂၀ ေလာက္က်တယ္တဲ့ ျပည္သူဘက္က ၂ ေယာက္က်တယ္။”

ေပါက္ကြဲမႈေတြ ပစ္ခတ္မႈေတြ႐ွိေနခ်ိန္မွာပဲ ရန္ကုန္မွာ ဒီကေန႔ ဆႏၵျပမႈတခ်ိဳ႕ ရွိခဲ့သလို ရန္ကုန္က လမ္းမႀကီး တခ်ိဳ႕မွာ ‘လူထုအားလုံးလြတ္ေျမာက္ဖို႔ ေတာ္လွန္စစ္ကို ဆင္ႏႊဲစို႔’ ဆိုတဲ့ စာတန္းေတြခ်ိတ္ဆြဲခဲ့ၾကပါတယ္။ ပုဇြန္ေတာင္ၿမိဳ႕နယ္ထဲက ေရေက်ာ္လမ္းမႀကီးေပၚမွာလည္း ‘ဖက္ဆစ္ေတြအေလာင္း ပုဇြန္ေတာင္ေခ်ာင္းမွာ ေမွ်ာမယ္’ ဆိုတဲ့ စာတန္းေတြ ခ်ိတ္ဆြဲခဲ့ၾကပါတယ္။

မႏၲေလး၊ ကေလး၊ မုံ႐ြာ၊ ေရႊဘို၊ ေလာင္းလုံ၊ ယင္းမာပင္နဲ႔ ဆားလင္းႀကီးက ေက်း႐ြာေတြ စုေပါင္းထားတဲ့ ႐ြာေပါင္းစုံသပိတ္စစ္ေၾကာင္းေတြကလည္း ဒီကေန႔မွာ စစ္အာဏာရွင္ ဆန္႔က်င္ေရး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

...........................................................................

ရန္ကုန္ေနရာတခ်ဳိ႕မွာ ေပါက္ကြဲမႈေတြျဖစ္
please wait

No media source currently available

0:00 0:04:36 0:00
တိုက္႐ိုက္ လင့္ခ္


ရန်ကုန်နေရာတချို့မှာ ပေါက်ကွဲမှုတွေဖြစ်

(Unicode)

ရန်ကုန်မြို့ထဲက စမ်းချောင်းမြို့နယ်နဲ့ ဗိုလ်တထောင်မြို့နယ်တွေအပါအဝင် နေရာတချို့မှာ ပေါက်ကွဲမှု ၅ ခုထက်မနည်းဖြစ်ခဲ့ပါတယ်။ စမ်းချောင်းမြို့နယ်ထဲက ပေါက်ကွဲမှုမှာ ဒဏ်ရာရသူ နှစ်ယောက် အနည်းဆုံးရှိတယ်လို့ မျက်မြင်တေ့ွသူတွေက ပြောပါတယ်။ မုံရွာမြို့မှာလည်း စစ်တပ် လုံခြုံရေးစစ်ဆေးနေတဲ့ နေရာမှာ ဗုံးပေါက်လို့ သေဆုံးမှုရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။ ခုလို ပေါက်ကွဲမှုတွေအပြင် မြို့တချို့မှာ ဒေသခံအုပ်ချုပ်ရေးမှူးတချို့ ပစ်သတ်ခံရပါတယ်။ ဒီအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေး က ပြောပြပါမယ်။

ဒီနေ့ စက်တင်ဘာ ၉ ရက် ကြာသပတေးနေ့မှာ ရန်ကုန်မြို့က ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ နေ့လည်ပိုင်းက စမ်းချောင်းမြို့နယ် ဗဟိုလမ်းနဲ့ ဗားကရာလမ်းဆုံနားမှာ ပေါက်ကွဲမှုတခုဖြစ်ပါတယ်။ ကင်းလှည့်နေတဲ့ စစ်ကားတစ်စီး ဗုံးပစ်ခံရတာလို့ ပြည်တွင်းကလာတဲ့သတင်းတချို့က ဖော်ပြပါတယ်။

ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂ ယောက် ထိခိုက်ဒဏ်ရာရသွားပြီး ဆေးရုံကားတွေပေါ် တင်သွားတယ်လို့ မျက်မြင်တေ့ွသူတွေက ပြောပြပါတယ်။ ဒဏ်ရာရသွားသူတွေဟာ စစ်သားတွေဖြစ်ပြီး သေဆုံးသွားပြီလို့ ပြည်တွင်းသတင်းတချို့က ဖော်ပြပေမဲ့ ဗီအိုအေကတော့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

စမ်းချောင်းမှာ ဗုံးပေါက်ကွဲပြီးတဲ့နောက် စစ်သားတွေရောက်လာပြီး အနားကလမ်းတွေထဲ တလမ်းဝင် တလမ်းထွက် ခြောက်လှန့် ပစ်ခတ်သလို အော်ဟစ်ကြိမ်းမောင်း ဆဲဆိုတယ်လို့ မြင်ရ ကြားရသူက ဗွီအိုအေကို ပြောပြပါတယ်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းတို့မှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သလို ပစ်ခတ်မှုတချို့လည်း ရှိခဲ့ပါတယ်။ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က စည်ပင်ရုံးမှာ နှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားပြီး လူအထိအခိုက်တော့ မသိရသေးဘူးလို့ အနီးအနားမှာ နေထိုင်သူတဦးက ပြောပါတယ်။

“ခုနကတော့ ပေါက်ကွဲသံနှစ်ချက်တော့ ကြားလိုက်တယ် နှစ်ချက်ဆက်တိုက်ပေါက်တာပေါ့နော်၊ အဲ့နှစ်ချက်ပဲ ဟိုအရှေ့က ဟိုတောင်ဒဂုံ အဲ့ဟိုကင်းသဲအနားမှာ ပစ်ခတ်တာဘာတွေတော့ မကြားမိဘူး။ အသံမကြားရတာကို ပြောတာနော်၊ ပစ်ခတ်မှုဖြစ်တာက ဟုတ်တယ်ပေါ့ ဒါပေမယ့် အသံတော့ ကျနော်တို့ဆီကမကြားဘူး၊ အဲ့ပေါက်ကွဲမှုကတော့ နှစ်ချက်ဆက်တိုက် ဟိုဟာလောက်က ၃ နာရီဝန်း ကျင်လောက်က ကြားလိုက်ရတယ် အုန်းအုန်းဆိုပြီး နှစ်ချက်ဆက်တိုက်ပေါက်သွားတယ်၊ ပေါက်ကွဲသံ ကြားပြီးတော့ စစ်နေကြတယ်လို့တော့ ပြောတယ် လမ်းသွားလမ်းလာတွေကိုပေါ့နော် ဒါပေမယ့် ရပ်ကွက်ထဲဝင်ပြီးတော့ အဲ့လိုသွားတာတွေဘာတွေမရှိဘူး။”

ပေါက်ကွဲမှုဖြစ်အပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပြပါတယ်။ ရန်ကုန်က ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ အခုသတင်းရေးချိန် စစ်ကောင်စီဘက်က တစုံတရာ မထုတ်ပြန်သေးပါဘူး။ ရန်ကုန်တိုင်းထဲက ပေါက်ကွဲမှုတွေဟာ ဘယ်သူ့လက်ချက်လဲဆိုတာလည်း အတိအကျ မသိရသေးပါဘူး။

NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့တော်လှန်ရေးနေ့ စတင်ပြီဖြစ်ကြောင်း ပြောဆိုပြီး စစ်ကောင်စီတပ်တွေနဲ့ သက်ဆိုင်တဲ့ နီးကပ်တဲ့ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ ပြည်သူတွေကို စက်တင်ဘာ ၇ ရက်နေ့က တိုက်တွန်းထားပါတယ်။
ရန်ကုန်တိုင်း တွံတေးမြို့မှာတော့ ကံဘဲကျေးရွာ အုပ်ချုပ်ရေးမှူး မနက်အစောပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ စစ်ကောင်စီ သတင်းပေးဆိုသူတွေအပေါ် တိုက်ခိုက်မှုတွေရှိတယ်လို့ တွံတေးဒေသခံက ခုလိုပြောပြပါတယ်။

“မနက် ၄ နာရီလောက်က တွံတေး အိုဘိုရပ်ကွက်က သာယာကုန်းရပ်ကွက်က ဒလန်လို့ နာမည်ကြီးနေ တဲ့ သူရဲ့ အိမ်မှာ ပေါက်ကွဲမှုဖြစ်တယ်။ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။ မနက် ၈ နာရီ ၄၅ လောက်က ကံဘဲ့ကျေးရွာ အုပ်ချုပ်ရေးမှုး ဒလန်ကျော်လှကို သေနတ်နဲ့ ၆ ချက် အသေပစ်ခတ်ခဲ့တယ်ပေါ့။”

ပစ်ခတ်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ တွံတေး PDF အဖွဲ့က သူတို့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ အိုးဘိုရပ်ကွက်က စစ်တပ်သတင်းပေးလို့ စွပ်စွဲခံရသူအိမ်မှာ မနေ့ညက ပေါက်ကွဲမှုဖြစ်တာကြောင့် စစ်တပ်က အိမ်တွေမှာ ဧည့်စာရင်းစစ်ပြီး ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ တွံတေးဒေသခံတဦးက VOA ကိုပြောပြပါတယ်။

မုံရွာမြို့မှာလည်း မုံရွာမြို့အဝင်က ဘိုးဘွားရိပ်သာ အဝိုင်းနား စစ်သားတွေ စစ်ဆေးရေးလုပ်တဲ့ နေရာမှာ ဒီနေ့အစောပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ မုံရွာကိုယ်စားပြု MPDF - သံမဏိအဖွဲ့က ခွန်ဆာက VOA ကိုပြောပေမယ့် သီးခြားအတည်မပြနိုင်ပါဘူး။

ကလေးမြို့မြောက်ပိုင်းက ပျဉ်းခုံကြီးရွာနဲ့ မောစီကျေးရွာတို့က အုပ်ချုပ်ရေးမှူးတွေအပြင် ရာဇဂြိုလ်ကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူ တဦးတို့လည်း ပစ်သတ်ခံရတယ်လို့ ကလေးမြို့ ဒေသခံတဦးက ပြောပါတယ်။

“အနောက်မြောက်ဘက်မှာ ရှိတာပေါ့၊ အဲ့ဒီရွာတွေကလေ။ အဲ့မှာ အုပ်ချုပ်ရေးမှုး ၂ ယောက် တစ်ပြိုင်တည်းလိုလိုပဲ ဘယ်အဖွဲ့ကမှန်းမသိဘဲ သတ်ခံရတယ်။ အဲ့တာက သတ်သတ်ပေါ့။ နောက်ထပ်က ကလေးမြို့ ရာဇဂြိုလ်ဆည်ရှေ့က ရာဇဂြိုလ်ရွာမှာ ဒီမနက် ဒလန်တစ်ယောက် သတ်ခံရတယ်။ တောင်ပိုင်းမှာ စစ်ကား မိုင်းဆွဲခံရတာကတော့ ၂၀ လောက်ကျတယ်တဲ့ ပြည်သူဘက်က ၂ ယောက်ကျတယ်။”

ပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေရှိနေချိန်မှာပဲ ရန်ကုန်မှာ ဒီကနေ့ ဆန္ဒပြမှုတချို့ ရှိခဲ့သလို ရန်ကုန်က လမ်းမကြီး တချို့မှာ ‘လူထုအားလုံးလွတ်မြောက်ဖို့ တော်လှန်စစ်ကို ဆင်နွှဲစို့’ ဆိုတဲ့ စာတန်းတွေချိတ်ဆွဲခဲ့ကြပါတယ်။ ပုဇွန်တောင်မြို့နယ်ထဲက ရေကျော်လမ်းမကြီးပေါ်မှာလည်း ‘ဖက်ဆစ်တွေအလောင်း ပုဇွန်တောင်ချောင်းမှာ မျှောမယ်’ ဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲခဲ့ကြပါတယ်။

မန္တလေး၊ ကလေး၊ မုံရွာ၊ ရွှေဘို၊ လောင်းလုံ၊ ယင်းမာပင်နဲ့ ဆားလင်းကြီးက ကျေးရွာတွေ စုပေါင်းထားတဲ့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းတွေကလည်း ဒီကနေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG