သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG ရဲ႕အေရးေပၚေၾကညာခ်က္ အေပၚ အျမင္တခ်ိဳ႕


NUG ရဲ႕အေရးေပၚေၾကညာခ်က္ အေပၚ အျမင္တခ်ိဳ႕

NUG ရဲ႕အေရးေပၚေၾကညာခ်က္ အေပၚ အျမင္တခ်ိဳ႕

{{Zawgyi/Unicode}}

အမ်ဳိးသားညီညြတ္ေရးအစိုးရ NUG က တတိုင္းျပည္လုံးကို အေရးေပၚအေျခအေနေၾကညာကာ အုံႀကြခုခံစစ္စတင္ၾကဖို႔ မေန႔ အဂၤါေန႔က တိုက္တြန္းခဲ့ၿပီးေနာက္ ေဒသအေတာ္မ်ားမ်ားမွာ ျပည္သူ ကာကြယ္ေရးတပ္ဖြဲ႔ PDFေတြရဲ႕ လႈပ္ရွားမႈေတြလည္းေပၚထြက္လာၾကပါတယ္။ တၿပိဳင္တည္းမွာပဲ စစ္ေကာင္စီကလည္း အခါတိုင္းထက္ပိုၿပီး လုံၿခဳံေရးေတြကို တင္းၾကပ္ထားလိုက္ၾကပါတယ္။ အဲဒီလိုအေနအထားေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြႀကဳံေတြလာႏိုင္လာႏိုင္တာနဲ႔ ျဖစ္ေပၚလာမယ့္ ႏိုင္ငံေရး အေျခအေနေတြကို အေမရိကန္ ျပည္ေထာင္စုမွာ ေနထိုင္ေနၾကတဲ့ ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ေဒါက္တာတင့္ေဆြ နဲ႔ ရွမ္းစာေပနဲ႔ ယဥ္ေက်းမႈအသင္းရဲ႕ ဥကၠဌ ေဒါက္တာစိုင္းေထြးေမာင္ တို႔ရဲ႕ အျမင္သေဘာထားကို ေမးျမန္းၿပီး ကိုခင္ေမာင္စိုးမင္း က စုစည္းတင္ျပ ထားပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ အေမရိကန္ ျပည္ေထာင္စုမွာ ေနထိုင္တဲ့ ရွမ္းစာေပ နဲ႔ ယဥ္ေက်းမႈအသင္း ရဲ႕ဥကၠဌ ေဒါက္တာ စိုင္းေထြးေမာင္ ရဲ႕ အျမင္ကေတာ့ ျပည္သူလူထုမွာ လက္ရွိဒုကၡထက္ ပိုဆိုးစရာ မရွိဘူးလို႔ေျပာျပပါတယ္။

" ဒါကေတာ့ အနည္းနဲ႔အမ်ားေတာ့ ျပည္သူေတြကိုထိမွာပဲ။ ဒါေပမယ့္ ျပည္သူေတြရဲ႕ ဒုကၡဆင္းရဲဟာ ခုလည္းတပ္မေတာ္ကေန ဖမ္းဆီးတာေတြ၊ သတ္ျဖတ္တာေတြ တခ်ိန္လုံးလုပ္ေနေတာ့ ထပ္ၿပီးေတာ့ ဒီထက္ေတာ့ မဆိုးႏိုင္ပါဘူး။ ျပည္သူတရပ္လုံးပါဝင္ၿပီးေတာ့မွ အခုနကေျပာတဲ့ PDF အဖြဲ႔ေရာ တိုင္းရင္းသားအဖြဲ႔ေရာ အကုန္လုံးစုစည္းၿပီးေတာ့မွ တၿပိဳင္တည္း ေတာ္လွန္မယ္ဆိုလို႔ရွိရင္ေတာ့ ေတြ႔ႀကဳံရမယ့္ အခက္အခဲ ျပသာနာေတြက ခနတျဖဳတ္ပဲလို႔ က်ေနာ္ျမင္တယ္"

လြန္ခဲ့တဲ့ ၁၉ ၉ ဝ ခုႏွစ္ ေရြးေကာက္ပြဲအႏိုင္ရ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ရဲ႕ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းလည္းျဖစ္ ၊ အခုအခါ အေမရိကန္ျပည္ေထာင္စု မွာေနထိုင္ေနတဲ့ ေဒါက္တာတင့္ေဆြ ကလည္း ျပည္သူလူထု႔ထိခုိက္မႈအနည္းဆုံးနည္းေတြကို လုပ္ေဆာင္သင့္တယ္လို႔ေျပာပါတယ္။

" ျပည္သူလူထုဖက္က ဒုကၡေရာက္တာေတြရွိႏိုင္တယ္။ ေသေပ်ာက္တာေတြရွိႏိုင္တယ္။ ဖမ္းဆီးခံရတာရွိႏိုင္တယ္။ အဲဒါေတြကို အနည္းဆုံးထိခိုက္မႈ ျဖစ္ေအာင္ အႀကံေပးပရေစ"

စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ အမ်ဳိးသားညီညြတ္ေရးအစိုးရ NUG ရဲ႕ ေၾကညာခ်က္ဟာ ကုလသမဂၢအေထြေထြညီလာခံက်င္းပမယ့္ အခ်ိန္ကိုက္ၿပီး ႏိုင္ငံတကာအာရုံစိုက္မႈ ရေအာင္လုပ္ေဆာင္တာပဲျဖစ္တယ္လို႔ ေျပာထားတာေတြ႔ရပါတယ္။

မၾကာခင္ ကမၻာ့ကုလသမဂၢမွာ ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ေနရာကို အမ်ဳိးသား ညီညြတ္ေရးအစိုးရ NUG ကို ကိုယ္စားျပု႕တဲ့သူနဲ႔ စစ္ေကာင္စီကို ကုိယ္စားျပဳသူ ဆိုၿပီး (၂)ဦးထဲက တဦးဦး ေရြးခ်ယ္ရေတာ့မွာျဖစ္ပါတယ္။ အဲဒီအတြက္ အခု အမ်ဳိးသား ညီညြတ္ေရးအစိုးရ NUG က ေၾကညာခ်က္ဟာ စစ္ေကာင္စီအတြက္ အႏုတ္လကၡဏာလို႔ ေဒါက္တာတင့္ေဆြ ကေတာ့ ေျပာပါတယ္။

"လက္ရွိစစ္ေကာင္စီဟာ အာဏာသိမ္းၿပီးကတည္းက တိုင္းျပည္ကို တုိးတက္ေအာင္မေျပာနဲ႔ တည္ၿငိမ္ေအာင္ေတာင္ မအုပ္ခ်ဳပ္ႏိုင္ဘူးဆိုတဲ့ လကၡဏာေတြ၊ သတင္းေတြ၊ တကယ့္အျဖစ္အပ်က္ေတြဟာ တေန႔ထက္ တေန႔ပိုသာလာတယ္ ျပည္သူလူထုက ရတဲ့နည္းနဲ႔ ေဆာင္ရြက္ၾကမယ္ဆိုရင္ စစ္ေကာင္စီဟာ တုိင္းျပည္ကို လက္နက္ေတြဘယ္ေလာက္သုံးသုံး လူေတြဘယ္ေလာက္သတ္သတ္ အာဏာသိမ္းအစိုးရလို႔ ႏိုင္ငံတကာက ျမင္ၾကပါလိမ့္မယ္။ ဒီအတြက္ ဒီစက္တင္ဘာကစမယ့္ ကုလသမဂၢေနရာမွာ မဲေပးမယ့္ႏိုင္ငံေတြက ဒီအခ်က္ကိုပါထဲ့သြင္းစဥ္းစားၾကလိမ့္မယ္လို႔ ယူဆၾကတဲ့အတြက္ တိုင္းျပည္မၿငိမ္သက္ေလေလ အုပ္ခ်ဳပ္တဲ့ စစ္ေကာင္စီက ရက္စက္မႈေတြျပေလေလ စစ္ေကာင္စီအတြက္ကေတာ့ အႏုတ္သေဘာသာ သက္ေရာက္လိမ့္မယ္လို႔ ျမင္ပါတယ္ခင္ဗ်ာ့"

ဒါအျပင္ မၾကာခင္ရက္ပိုင္းက ျမန္မာႏိုင္ငံဆိုင္ရာ အာစီယံအထူးကိုယ္စားလွယ္ Erywan Yusof က စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ နဲ႔ အြန္လုိင္းက ေတြ႔ဆုံစဥ္မွာ လူသားခ်င္း စာနာမႈဆိုင္ရာ အကူအညီေတြေပးႏိုင္ဖို႔အတြက္ ေလးလၾကာအပစ္အခတ္ရပ္စဲေပးဖို ႔ေတာင္းဆိုခဲ့တာ ကို စစ္ေကာင္စီက သေဘာတူတယ္လို႔ေျပာပါတယ္။ ဆက္လက္ၿပီး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔တခ်ဳိ႕ကလည္း လက္ခံၾကပါတယ္။ ဒါေပမယ့္ အခု အမ်ဳိးသား ညီညြတ္ေရးအစိုးရ NUG ရဲ႕တတိုင္းျပည္လုံး ခုခံစစ္ ေၾကညာခ်က္ဟာ အဲဒါေတြနဲ႔ ဆန္႔က်င္ေနပါတယ္။ ရွမ္းစာေပနဲ႔ ယဥ္ေက်းမႈ ဥကၠဌ ေဒါက္တာ စိုင္းေထြးေမာင္ ကေတာ့ အာစီယံအဆိုျပဳခ်က္ဟာ စစ္ေကာင္စီ အတြက္ပဲ အက်ဳိးရွိႏိုင္တယ္လို႔ ေျပာပါတယ္။

"အပစ္ရပ္ ေလးလလုပ္တာဟာ တပ္မေတာ္ကပဲ သူတို႔အတြက္ အက်ဳိးအျမတ္ရမယ္လို႔ထင္တယ္။ အဲဒီ NUG က ဦးေဆာင္ေနတဲ့ လက္နက္ကိုင္ေတာ္လွန္ေရးက အရွိန္ရေနတယ္။ ေတာ္ေတာ္ေလးကို ေအာင္ျမင္ေနတယ္ေျပာရမယ္။ တပ္မေတာ္က အဲဒီေလးလကို အခြင့္အေရးယူၿပီးေတာ့မွ တျခားနည္းနဲ႔ ျပင္ဆင္မလားဆိုတာ ေတြးစရာအေၾကာင္းရွိပါတယ္"

အခုဆုိရင္ ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးေတြနဲ႔ နယ္ၿမိဳ႕တခ်ုိ႕ လူအမ်ားအျပားက စာေရရိကၡာေတြ ဝယ္ယူစုေဆာင္းတာေတြလည္း လုပ္ေဆာင္ၾကပါတယ္။ အရင္က တိုင္းရင္းသား ေဒသနယ္စပ္ေတြမွာ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ တပ္မေတာ္တို႔ ရဲ႕ စစ္ပြဲေတြေၾကာင့္ တိုင္းရင္းသား အမ်ားအျပားဟာ စစ္ေရွာင္ဒုကၡသည္ေတြအေနနဲ႔ အိမ္နီးခ်င္းႏိုင္ငံ ေတြမွာ ခိုလႈံေနရသလို တခ်ုိ႕ကလည္း ျပည္တြင္း စစ္ေရွာင္စခန္းေတြမွာ ေနေနၾကရပါတယ္။

စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္း ေျမျပန္႔ေဒသေတြမွာပါ ေဒသအလိုက္ဖြဲ႔စည္းထားၾကတဲ့ ျပည္သူ ကာကြယ္ေရးတပ္ဖြဲ ႔ PDF ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ေတြ အၾကားတိုက္ပြဲေတြျဖစ္္ပြား လာတဲ့ အတြက္ ေက်းရြာအေတာ္မ်ားမ်ားက လူေတြဟာ စစ္ေရွာင္ဒုကၡသည္ေတြအျဖစ္ ေျပးလႊားေနၾကရပါတယ္။

..................................................

NUG ရဲ႕အေရးေပၚေၾကညာခ်က္ အေပၚ အျမင္တခ်ိဳ႕
please wait

No media source currently available

0:00 0:03:57 0:00
တိုက္႐ိုက္ လင့္ခ္

NUG ရဲ့အရေးပေါ်ကြေညာချက် အပေါ် အမြင်တချို့

{{Unicode}}

အမျိုးသားညီညွတ်ရေးအစိုးရ NUG က တတိုင်းပြည်လုံးကို အရေးပေါ်အခြေအနေကြေညာကာ အုံကြွခုခံစစ်စတင်ကြဖို့ မနေ့ အင်္ဂါနေ့က တိုက်တွန်းခဲ့ပြီးနောက် ဒေသအတော်များများမှာ ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့ PDFတွေရဲ့ လှုပ်ရှားမှုတွေလည်းပေါ်ထွက်လာကြပါတယ်။ တပြိုင်တည်းမှာပဲ စစ်ကောင်စီကလည်း အခါတိုင်းထက်ပိုပြီး လုံခြုံရေးတွေကို တင်းကြပ်ထားလိုက်ကြပါတယ်။ အဲဒီလိုအနေအထားတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကြုံတွေလာနိုင်လာနိုင်တာနဲ့ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခြေအနေတွေကို အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေ နဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ ဥက္ကဌ ဒေါက်တာစိုင်းထွေးမောင် တို့ရဲ့ အမြင်သဘောထားကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြ ထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ရှမ်းစာပေ နဲ့ ယဉ်ကျေးမှုအသင်း ရဲ့ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင် ရဲ့ အမြင်ကတော့ ပြည်သူလူထုမှာ လက်ရှိဒုက္ခထက် ပိုဆိုးစရာ မရှိဘူးလို့ပြောပြပါတယ်။

" ဒါကတော့ အနည်းနဲ့အများတော့ ပြည်သူတွေကိုထိမှာပဲ။ ဒါပေမယ့် ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲဟာ ခုလည်းတပ်မတော်ကနေ ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေ တချိန်လုံးလုပ်နေတော့ ထပ်ပြီးတော့ ဒီထက်တော့ မဆိုးနိုင်ပါဘူး။ ပြည်သူတရပ်လုံးပါဝင်ပြီးတော့မှ အခုနကပြောတဲ့ PDF အဖွဲ့ရော တိုင်းရင်းသားအဖွဲ့ရော အကုန်လုံးစုစည်းပြီးတော့မှ တပြိုင်တည်း တော်လှန်မယ်ဆိုလို့ရှိရင်တော့ တွေ့ကြုံရမယ့် အခက်အခဲ ပြသာနာတွေက ခနတဖြုတ်ပဲလို့ ကျနော်မြင်တယ်"

လွန်ခဲ့တဲ့ ၁၉ ၉ ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ၊ အခုအခါ အမေရိကန်ပြည်ထောင်စု မှာနေထိုင်နေတဲ့ ဒေါက်တာတင့်ဆွေ ကလည်း ပြည်သူလူထု့ထိခိုက်မှုအနည်းဆုံးနည်းတွေကို လုပ်ဆောင်သင့်တယ်လို့ပြောပါတယ်။

" ပြည်သူလူထုဖက်က ဒုက္ခရောက်တာတွေရှိနိုင်တယ်။ သေပျောက်တာတွေရှိနိုင်တယ်။ ဖမ်းဆီးခံရတာရှိနိုင်တယ်။ အဲဒါတွေကို အနည်းဆုံးထိခိုက်မှု ဖြစ်အောင် အကြံပေးပရစေ"

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြေညာချက်ဟာ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပမယ့် အချိန်ကိုက်ပြီး နိုင်ငံတကာအာရုံစိုက်မှု ရအောင်လုပ်ဆောင်တာပဲဖြစ်တယ်လို့ ပြောထားတာတွေ့ရပါတယ်။

မကြာခင် ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နေရာကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို ကိုယ်စားပြု့တဲ့သူနဲ့ စစ်ကောင်စီကို ကိုယ်စားပြုသူ ဆိုပြီး (၂)ဦးထဲက တဦးဦး ရွေးချယ်ရတော့မှာဖြစ်ပါတယ်။ အဲဒီအတွက် အခု အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ကြေညာချက်ဟာ စစ်ကောင်စီအတွက် အနုတ်လက္ခဏာလို့ ဒေါက်တာတင့်ဆွေ ကတော့ ပြောပါတယ်။

"လက်ရှိစစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ကို တိုးတက်အောင်မပြောနဲ့ တည်ငြိမ်အောင်တောင် မအုပ်ချုပ်နိုင်ဘူးဆိုတဲ့ လက္ခဏာတွေ၊ သတင်းတွေ၊ တကယ့်အဖြစ်အပျက်တွေဟာ တနေ့ထက် တနေ့ပိုသာလာတယ် ပြည်သူလူထုက ရတဲ့နည်းနဲ့ ဆောင်ရွက်ကြမယ်ဆိုရင် စစ်ကောင်စီဟာ တိုင်းပြည်ကို လက်နက်တွေဘယ်လောက်သုံးသုံး လူတွေဘယ်လောက်သတ်သတ် အာဏာသိမ်းအစိုးရလို့ နိုင်ငံတကာက မြင်ကြပါလိမ့်မယ်။ ဒီအတွက် ဒီစက်တင်ဘာကစမယ့် ကုလသမဂ္ဂနေရာမှာ မဲပေးမယ့်နိုင်ငံတွေက ဒီအချက်ကိုပါထဲ့သွင်းစဉ်းစားကြလိမ့်မယ်လို့ ယူဆကြတဲ့အတွက် တိုင်းပြည်မငြိမ်သက်လေလေ အုပ်ချုပ်တဲ့ စစ်ကောင်စီက ရက်စက်မှုတွေပြလေလေ စစ်ကောင်စီအတွက်ကတော့ အနုတ်သဘောသာ သက်ရောက်လိမ့်မယ်လို့ မြင်ပါတယ်ခင်ဗျာ့"

ဒါအပြင် မကြာခင်ရက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အာစီယံအထူးကိုယ်စားလှယ် Erywan Yusof က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ အွန်လိုင်းက တွေ့ဆုံစဉ်မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့အတွက် လေးလကြာအပစ်အခတ်ရပ်စဲပေးဖို့တောင်းဆိုခဲ့တာ ကို စစ်ကောင်စီက သဘောတူတယ်လို့ပြောပါတယ်။ ဆက်လက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကလည်း လက်ခံကြပါတယ်။ ဒါပေမယ့် အခု အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့တတိုင်းပြည်လုံး ခုခံစစ် ကြေညာချက်ဟာ အဲဒါတွေနဲ့ ဆန့်ကျင်နေပါတယ်။ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင် ကတော့ အာစီယံအဆိုပြုချက်ဟာ စစ်ကောင်စီ အတွက်ပဲ အကျိုးရှိနိုင်တယ်လို့ ပြောပါတယ်။

"အပစ်ရပ် လေးလလုပ်တာဟာ တပ်မတော်ကပဲ သူတို့အတွက် အကျိုးအမြတ်ရမယ်လို့ထင်တယ်။ အဲဒီ NUG က ဦးဆောင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးက အရှိန်ရနေတယ်။ တော်တော်လေးကို အောင်မြင်နေတယ်ပြောရမယ်။ တပ်မတော်က အဲဒီလေးလကို အခွင့်အရေးယူပြီးတော့မှ တခြားနည်းနဲ့ ပြင်ဆင်မလားဆိုတာ တွေးစရာအကြောင်းရှိပါတယ်"

အခုဆိုရင် ရန်ကုန်အပါအဝင် မြို့ကြီးတွေနဲ့ နယ်မြို့တချို့ လူအများအပြားက စာရေရိက္ခာတွေ ဝယ်ယူစုဆောင်းတာတွေလည်း လုပ်ဆောင်ကြပါတယ်။ အရင်က တိုင်းရင်းသား ဒေသနယ်စပ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့ ရဲ့ စစ်ပွဲတွေကြောင့် တိုင်းရင်းသား အများအပြားဟာ စစ်ရှောင်ဒုက္ခသည်တွေအနေနဲ့ အိမ်နီးချင်းနိုင်ငံ တွေမှာ ခိုလှုံနေရသလို တချို့ကလည်း ပြည်တွင်း စစ်ရှောင်စခန်းတွေမှာ နေနေကြရပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြေပြန့်ဒေသတွေမှာပါ ဒေသအလိုက်ဖွဲ့စည်းထားကြတဲ့ ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အကြားတိုက်ပွဲတွေဖြစ်ပွား လာတဲ့ အတွက် ကျေးရွာအတော်များများက လူတွေဟာ စစ်ရှောင်ဒုက္ခသည်တွေအဖြစ် ပြေးလွှားနေကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG