သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG ေၾကညာခ်က္ လူထုတုန႔္ျပန္မႈ


ရန္ကုန္က ေစ်း၀ယ္သူတဦး September (7) (ဓာတ္ပံု - AP)

(Zawgyi/Unicode)

စစ္အာဏာရွင္ဆန႔္က်င္ေရး ျပည္သူေတြ ခုခံတြန္းလွန္စစ္ စတင္လိုက္ၿပီလို႔ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က ေၾကညာခဲ့ၿပီးေနာက္မွာ ျပည္သူလူထုၾကား စိုးရိမ္ပူပန္မႈေတြ ေပၚထြက္ခဲ့ပါတယ္။ ကိုဗစ္ကပ္ေရာဂါျဖစ္ေနတဲ့ ကာလမို႔ အစားအေသာက္ ေဆးဝါး စတာေတြကို စုေဆာင္း ဝယ္ယူသူေတြရွိသလို ျဖစ္လာတဲ့ အေျခအေနကို ရင္ဆိုင္ဖို႔ ျပင္ဆင္သူေတြလည္းရွိေနပါတယ္။ ခုခံတြန္းလွန္စစ္ စတင္ေနၿပီဆိုတဲ့အေပၚ ျပည္သူေတြရဲ႕ မတူတဲ့ တုံ႔ျပန္ခ်က္ေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မျမသဇင္ေအာင္ေျပာျပပါမယ္။

ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ယာယီသမၼတ ဒူဝါလရွီးလက စစ္အာဏာရွင္ ဆန႔္က်င္ေရး ျပည္သူ႔ခုခံတြန္းလွန္စစ္နဲ႔ ပတ္သက္လို႔ ေျပာၾကားတဲ့ အေရးေပၚမိန႔္ခြန္းထဲမွာ အၾကမ္းဖက္စစ္အုပ္ခ်ဳပ္ေရးကို တႏိုင္ငံလုံးအတိုင္းအတာနဲ႔ တြန္းလွန္တိုက္ဖ်က္ဖို႔ အဓိကထား တိုက္တြန္းခဲ့ပါတယ္။ သူ႔ရဲ႕ မိန္႔ခြန္းထဲမွာ ျပည္သူေတြအေနနဲ႔ ဒီေန႔ စက္တင္ဘာ ၇ ရက္ေန႔ကစလို႔ မလိုအပ္ဘဲ ခရီးမသြားၾကဖုိ႔နဲ႔ တစ္ဦးခ်င္းရဲ လုံၿခဳံမႈကို အထူးဂ႐ုစိုက္ၾကဖုိ႔၊ လိုအပ္မယ့္ ရိကၡာ၊ ေဆးဝါး စတာေတြကို စုေဆာင္းထားဖုိ႔လည္း တုိက္တြန္းခဲ့ပါတယ္။ ခုလိုတုိက္တြန္းခ်က္ထြက္လာၿပီး မၾကာခင္မွာပဲ ရန္ကုန္ၿမိဳ႕က ေစ်းေတြမွာ ေစ်းဝယ္လာသူေတြ သိသိသာသာမ်ားလာတာ ေတြ ့ရပါတယ္။ အေျခအေနေတြ မၿငိမ္မသက္ျဖစ္မွာစိုးတဲ့ လုပ္ငန္းတခ်ိဳ႕ကလည္း သူတို႔ရဲ႕ဝန္ထမ္းေတြကို ႐ံုးကေန ျပန္လႊတ္ခဲ့ၾကပါတယ္။

မႏၱေလးၿမိဳ႕မွာလည္း ေဆးဆိုင္နဲ႔ ေစ်းေတြမွာ ပုံမွန္ထက္လူမ်ားၿပီး၊ လမ္းေတြလည္း အရင္ကထက္ ပိုပိတ္တယ္လို႔ မႏၲေလးေဒသခံတဦးက ေျပာပါတယ္။

"D Day လို႔ေျပာလိုက္တာနဲ႔ ခ်က္ခ်င္းကို ဒါႀကီးက အေျပာင္းအလဲႀကီးႀကီးမားမား ျဖစ္ေတာ့မွာ၊ စစ္ျဖစ္ေတာ့မွာ အဲလိုေတြးတဲ့လူက မ်ားတယ္။ ႏိုင္ေတာ့မွာလို႔ ေတြးၿပီးေတာ့၊ ဘာျဖစ္ေနလဲ မသိဘူးဆိုၿပီးေတာ့ ရိကၡာ၊ ေဆးဝါး အဲဒါေတြလည္း အလုအယက္ဝယ္ေနၾကတာေပါ့။ အလုအယက္ဝယ္ေတာ့ လမ္းေတြပိတ္တယ္။ ၿပီးေတာ့ တဖက္ကက်ေတာ့လည္း က်ဳံးပတ္လည္၊ မိန္းလမ္းပြိဳင့္ေတြ၊ စစ္ကိုင္း - မႏၲေလးကူးတဲ့ ပတ္လမ္းေတြ အဲဒီဘက္မွာ လုံၿခဳံေရးအင္အားေတြက ပိုၿပီးေတာ့မ်ားလာတယ္။ ဒီဘက္က လူေတြကလည္း ေစ်းဝယ္စရာရွိတာကို ဝယ္ေနတယ္ေပါ့ေနာ္။ က်န္တဲ့လႈပ္ရွားမႈကေတာ့ မရွိဘူး။ ဟိုဘက္ကလည္း လုံၿခဳံေရးအင္အားတိုးတယ္။ ကိုယ့္ဘက္ကလည္း အလုအယက္ေစ်းဝယ္ေနတယ္ေပါ့။"

ေဒသခံ ျပည္သူ႔ကာကြယ္ေရး PDF အဖြဲ႕နဲ႔ စစ္ေကာင္စီတို႔အၾကား မၾကာခဏတိုက္ပြဲျဖစ္ပြားေနတဲ့ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္အတြင္းမွာလည္း စားေသာက္ကုန္အေရာင္းဆိုင္မွာ လူေတြစုၿပဳံ ဝယ္ယူေနၾကတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။ အရင္ထဲက တိုက္ပြဲျဖစ္ေလ့ရွိတဲ့ ေဒသျဖစ္တာေၾကာင့္ စိုးရိမ္ေၾကာက္လန႔္မႈေတြ ပိုျဖစ္လာသလို ျပင္ျပင္ဆင္ဆင္လုပ္ေဆာင္ေနၾကတာလို႔ ကေလးၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

"စိုးရိမ္ခ်က္ကေတာ့ အမ်ားႀကီးရွိၾကတယ္ဗ်။ အစာအစာ၊ ေဆးဝါး ဘာညာစုတယ္။ ေနာက္ၿပီး ျဖစ္လာရင္ ဘယ္လိုလုပ္မလဲေပါ့။ ဥပမာ ေရွာင္ဖို႔တိမ္းဖို႔က အစေပါ့ေလ။ ဒါျပည္သူေတြအေနနဲ႔ကေတာ့ ေရွာင္ရမွာလား၊ မေရွာင္ရဘူးလား၊ ေရွာင္ရင္ေရာ ဘယ္ကိုေရွာင္ရမွာလဲေပါ့။ အဲ့ဒါ စိတ္ထဲမွာ အခုက ပိုဆိုးတာေပါ့ေလ။ အရင္တုန္းကေတာ့ ဒီလိုမတင္မက်ေတြျဖစ္ေနတာ။ အခုလက္ရွိအေျခအေနက အဲ့လိုျဖစ္လိုက္တဲ့ အခါက်ေတာ့ အကုန္လုံးကေတာ့ လႈပ္လႈပ္ရွားရွားေတြျဖစ္ကုန္တယ္။ ေၾကာက္စိတ္ေတြက ရွိၾကတာေပါ့။ ဒါေပမယ့္ ျပင္ျပင္ဆင္ဆင္ေတာ့ လုပ္ၾကတယ္ေပ့ါေလ။ တကယ့္ တကယ္ျဖစ္လာရင္ေတာ့ က်ေနာ္တို႔လည္း ႏိုင္တဲ့ဘက္က ဝိုင္းသြားမွာပဲ။ ဒါျဖစ္လာတဲ့ အေျခအေနေပၚမူတည္ၿပီး က်ေနာ္တို႔ တတ္ႏိုင္တဲ့ အတိုင္းအတာေတာ့ အကုန္ရသေလာက္ေတာ့ လုပ္သြားမွာပဲ။"

စစ္အာဏာ႐ွင္စနစ္ကို မႀကိဳက္တဲ့ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ခံတဦးကေတာ့ ခုလို စစ္ပြဲေၾကညာတဲ့အေပၚ သူ႔ရဲ႕ သေဘာထားကို ခုလုိေျပာပါတယ္။

"ဒီေန႔ျဖစ္လာဖို႔ကို ေမွ်ာ္ေနတာ။ ဒီလိုတရားဝင္ေၾကညာလိုက္တဲ့အတြက္ ေပ်ာက္ေနတဲ့စိတ္ခံစားခ်က္၊ စိတ္ပ်က္ေနတဲ့ ၂၁၉ ရက္မွာ ဒီေန႔ပထမဆုံးပဲ။ ျပည္သူတိုင္းက PDF ျဖစ္မွ ဒီစနစ္ကၿပီးမွာ။ ျပည္သူတိုင္းက ဒီလိုခံယူခ်က္ရွိမွ ဒီစနစ္ကၿပီးသြားမွာ။ ဒီစနစ္ကိုအၿပီးတိုက္ခ်င္တာမို႔လို႔ အစ္မကေတာ့ ပါဝင္မွာ။ လိုအပ္ခ်က္အကုန္လုံး ကူညီဖို႔ကိုလည္း အစကတည္းကေတြးၿပီးသား၊ ျပင္လည္းျပင္ဆင္ထားတယ္။ က်န္တဲ့ ပံ့ပိုးမႈေတြလည္းလုပ္ေနတာ။"

NUG အစိုးရရဲ႕ စစ္အာဏာ႐ွင္အေပၚ ခုခံတြန္းလွန္စစ္ပြဲ စတင္ၿပီဆိုတဲ့ ေၾကညာခ်က္ဟာ စိုးရိမ္စရာ မ႐ွိပါဘူးလို႔ စစ္ေကာင္စီက တံု႔ျပန္ပါတယ္။ ျပည္သူေတြအေနနဲ႔ ေကာလဟာလထုတ္လႊင့္မႈအေပၚ မယုံၾကဖုိ႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလိုေျပာပါတယ္။ "ေကာလဟာလသတင္းမ်ားေတာ့ ခုနလို ထုတ္လႊင့္ေနမွာပဲျဖစ္တယ္။ အရင္တုန္းကလည္း ထုတ္လႊင့္ေနတာပဲျဖစ္တယ္။ ဒီအေပၚမွာလည္း စိုးရိမ္ေၾကာင့္ၾကမႈမရွိဖို႔ ေျပာလိုပါတယ္။ အဲ့ေတာ့ ျပည္သူလူထုကို က်ေနာ္တို႔အေနနဲ႔ ေျပာခ်င္တဲ့ အခ်က္သုံးခ်က္ရွိပါတယ္။ နံပါတ္တစ္အခ်က္ကေတာ့ ဒီ PDF မီဒီယာေတြနဲ႔ ခုနေျပာတဲ့ NUG ၊ CRPH တို႔ အၾကမ္းဖက္အဖြဲ႕ NLD အစြန္းေရာက္ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ဒါခုနေျပာသလိုေပါ့။ သၾကၤန္အေျမႇာက္ပစ္ေဖာက္တဲ့ လုပ္ငန္းေတြတို႔၊ ဒါေလလႈိင္းေပၚကေနၿပီးေတာ့ ဒါ ေကာလဟာလေတြ ထုတ္လႊင့္တဲ့လုပ္ငန္းေတြေပါ့ လုပ္ေဆာင္ေနမွာျဖစ္ပါတယ္။ ဒါေတြကို မယုံၾကည္ၾကဖို႔နဲ႔ စိုးရိမ္ထိတ္လန႔္မရွိၾကဖို႔ ေျပာလိုတယ္။"

NUG အစိုးရကေတာ့ ျပည္သူ႔ေတာ္လွန္ေရး စတင္ေနၿပီျဖစ္လို႔ တပ္မေတာ္သား၊ ျပည္သူ႔ရဲနဲ႔ စစ္ေကာင္စီလက္ေအာက္ခံ ဝန္ထမ္းေတြအားလုံး ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြနဲ႔ ဆက္သြယ္ပူးေပါင္းဖို႔ တုိက္တြန္းပါတယ္။ ဒီကေန႔ကစၿပီး စစ္ေကာင္စီလက္ေအာက္ခံ ဝန္ထမ္းေတြ ႐ုံးမတက္ၾကဖို႔ကိုလည္း သတိေပးထားပါတယ္။ သူတို႔အဆို အခုေတာ္လွန္ေရးဟာ တရားနည္းလမ္းက် တရားမွ်တတဲ့ ေတာ္လွန္ေရးျဖစ္ၿပီး ေရရွည္ၿငိမ္းခ်မ္းတဲ့ ႏိုင္ငံေတာ္တည္ေဆာက္ေရး၊ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး အတြက္ မရွိမျဖစ္လိုအပ္သည့္ ေတာ္လွန္ေရး ျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။

.....................................................................................

NUG ေၾကညာခ်က္ လူထုတုန႔္ျပန္မႈ
please wait

No media source currently available

0:00 0:04:50 0:00
တိုက္႐ိုက္ လင့္ခ္


NUG ကြေညာချက် လူထုတုန့်ပြန်မှု

(Unicode)

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေ ခုခံတွန်းလှန်စစ် စတင်လိုက်ပြီလို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာခဲ့ပြီးနောက်မှာ ပြည်သူလူထုကြား စိုးရိမ်ပူပန်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ ကာလမို့ အစားအသောက် ဆေးဝါး စတာတွေကို စုဆောင်း ဝယ်ယူသူတွေရှိသလို ဖြစ်လာတဲ့ အခြေအနေကို ရင်ဆိုင်ဖို့ ပြင်ဆင်သူတွေလည်းရှိနေပါတယ်။ ခုခံတွန်းလှန်စစ် စတင်နေပြီဆိုတဲ့အပေါ် ပြည်သူတွေရဲ့ မတူတဲ့ တုံ့ပြန်ချက်တွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင်ပြောပြပါမယ်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်နဲ့ ပတ်သက်လို့ ပြောကြားတဲ့ အရေးပေါ်မိန့်ခွန်းထဲမှာ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ တွန်းလှန်တိုက်ဖျက်ဖို့ အဓိကထား တိုက်တွန်းခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြည်သူတွေအနေနဲ့ ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့ကစလို့ မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ တစ်ဦးချင်းရဲ လုံခြုံမှုကို အထူးဂရုစိုက်ကြဖို့၊ လိုအပ်မယ့် ရိက္ခာ၊ ဆေးဝါး စတာတွေကို စုဆောင်းထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ခုလိုတိုက်တွန်းချက်ထွက်လာပြီး မကြာခင်မှာပဲ ရန်ကုန်မြို့က ဈေးတွေမှာ ဈေးဝယ်လာသူတွေ သိသိသာသာများလာတာ တွေ့ရပါတယ်။ အခြေအနေတွေ မငြိမ်မသက်ဖြစ်မှာစိုးတဲ့ လုပ်ငန်းတချို့ကလည်း သူတို့ရဲ့ဝန်ထမ်းတွေကို ရုံးကနေ ပြန်လွှတ်ခဲ့ကြပါတယ်။

မန္တလေးမြို့မှာလည်း ဆေးဆိုင်နဲ့ ဈေးတွေမှာ ပုံမှန်ထက်လူများပြီး၊ လမ်းတွေလည်း အရင်ကထက် ပိုပိတ်တယ်လို့ မန္တလေးဒေသခံတဦးက ပြောပါတယ်။

"D Day လို့ပြောလိုက်တာနဲ့ ချက်ချင်းကို ဒါကြီးက အပြောင်းအလဲကြီးကြီးမားမား ဖြစ်တော့မှာ၊ စစ်ဖြစ်တော့မှာ အဲလိုတွေးတဲ့လူက များတယ်။ နိုင်တော့မှာလို့ တွေးပြီးတော့၊ ဘာဖြစ်နေလဲ မသိဘူးဆိုပြီးတော့ ရိက္ခာ၊ ဆေးဝါး အဲဒါတွေလည်း အလုအယက်ဝယ်နေကြတာပေါ့။ အလုအယက်ဝယ်တော့ လမ်းတွေပိတ်တယ်။ ပြီးတော့ တဖက်ကကျတော့လည်း ကျုံးပတ်လည်၊ မိန်းလမ်းပွိုင့်တွေ၊ စစ်ကိုင်း - မန္တလေးကူးတဲ့ ပတ်လမ်းတွေ အဲဒီဘက်မှာ လုံခြုံရေးအင်အားတွေက ပိုပြီးတော့များလာတယ်။ ဒီဘက်က လူတွေကလည်း ဈေးဝယ်စရာရှိတာကို ဝယ်နေတယ်ပေါ့နော်။ ကျန်တဲ့လှုပ်ရှားမှုကတော့ မရှိဘူး။ ဟိုဘက်ကလည်း လုံခြုံရေးအင်အားတိုးတယ်။ ကိုယ့်ဘက်ကလည်း အလုအယက်ဈေးဝယ်နေတယ်ပေါ့။"

ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှာလည်း စားသောက်ကုန်အရောင်းဆိုင်မှာ လူတွေစုပြုံ ဝယ်ယူနေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အရင်ထဲက တိုက်ပွဲဖြစ်လေ့ရှိတဲ့ ဒေသဖြစ်တာကြောင့် စိုးရိမ်ကြောက်လန့်မှုတွေ ပိုဖြစ်လာသလို ပြင်ပြင်ဆင်ဆင်လုပ်ဆောင်နေကြတာလို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

"စိုးရိမ်ချက်ကတော့ အများကြီးရှိကြတယ်ဗျ။ အစာအစာ၊ ဆေးဝါး ဘာညာစုတယ်။ နောက်ပြီး ဖြစ်လာရင် ဘယ်လိုလုပ်မလဲပေါ့။ ဥပမာ ရှောင်ဖို့တိမ်းဖို့က အစပေါ့လေ။ ဒါပြည်သူတွေအနေနဲ့ကတော့ ရှောင်ရမှာလား၊ မရှောင်ရဘူးလား၊ ရှောင်ရင်ရော ဘယ်ကိုရှောင်ရမှာလဲပေါ့။ အဲ့ဒါ စိတ်ထဲမှာ အခုက ပိုဆိုးတာပေါ့လေ။ အရင်တုန်းကတော့ ဒီလိုမတင်မကျတွေဖြစ်နေတာ။ အခုလက်ရှိအခြေအနေက အဲ့လိုဖြစ်လိုက်တဲ့ အခါကျတော့ အကုန်လုံးကတော့ လှုပ်လှုပ်ရှားရှားတွေဖြစ်ကုန်တယ်။ ကြောက်စိတ်တွေက ရှိကြတာပေါ့။ ဒါပေမယ့် ပြင်ပြင်ဆင်ဆင်တော့ လုပ်ကြတယ်ပေ့ါလေ။ တကယ့် တကယ်ဖြစ်လာရင်တော့ ကျနော်တို့လည်း နိုင်တဲ့ဘက်က ဝိုင်းသွားမှာပဲ။ ဒါဖြစ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး ကျနော်တို့ တတ်နိုင်တဲ့ အတိုင်းအတာတော့ အကုန်ရသလောက်တော့ လုပ်သွားမှာပဲ။"

စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ခံတဦးကတော့ ခုလို စစ်ပွဲကြေညာတဲ့အပေါ် သူ့ရဲ့ သဘောထားကို ခုလိုပြောပါတယ်။

"ဒီနေ့ဖြစ်လာဖို့ကို မျှော်နေတာ။ ဒီလိုတရားဝင်ကြေညာလိုက်တဲ့အတွက် ပျောက်နေတဲ့စိတ်ခံစားချက်၊ စိတ်ပျက်နေတဲ့ ၂၁၉ ရက်မှာ ဒီနေ့ပထမဆုံးပဲ။ ပြည်သူတိုင်းက PDF ဖြစ်မှ ဒီစနစ်ကပြီးမှာ။ ပြည်သူတိုင်းက ဒီလိုခံယူချက်ရှိမှ ဒီစနစ်ကပြီးသွားမှာ။ ဒီစနစ်ကိုအပြီးတိုက်ချင်တာမို့လို့ အစ်မကတော့ ပါဝင်မှာ။ လိုအပ်ချက်အကုန်လုံး ကူညီဖို့ကိုလည်း အစကတည်းကတွေးပြီးသား၊ ပြင်လည်းပြင်ဆင်ထားတယ်။ ကျန်တဲ့ ပံ့ပိုးမှုတွေလည်းလုပ်နေတာ။"

NUG အစိုးရရဲ့ စစ်အာဏာရှင်အပေါ် ခုခံတွန်းလှန်စစ်ပွဲ စတင်ပြီဆိုတဲ့ ကြေညာချက်ဟာ စိုးရိမ်စရာ မရှိပါဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပါတယ်။ ပြည်သူတွေအနေနဲ့ ကောလဟာလထုတ်လွှင့်မှုအပေါ် မယုံကြဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။ "ကောလဟာလသတင်းများတော့ ခုနလို ထုတ်လွှင့်နေမှာပဲဖြစ်တယ်။ အရင်တုန်းကလည်း ထုတ်လွှင့်နေတာပဲဖြစ်တယ်။ ဒီအပေါ်မှာလည်း စိုးရိမ်ကြောင့်ကြမှုမရှိဖို့ ပြောလိုပါတယ်။ အဲ့တော့ ပြည်သူလူထုကို ကျနော်တို့အနေနဲ့ ပြောချင်တဲ့ အချက်သုံးချက်ရှိပါတယ်။ နံပါတ်တစ်အချက်ကတော့ ဒီ PDF မီဒီယာတွေနဲ့ ခုနပြောတဲ့ NUG ၊ CRPH တို့ အကြမ်းဖက်အဖွဲ့ NLD အစွန်းရောက်တွေနဲ့ ပူးပေါင်းပြီးတော့ ဒါခုနပြောသလိုပေါ့။ သင်္ကြန်အမြှောက်ပစ်ဖောက်တဲ့ လုပ်ငန်းတွေတို့၊ ဒါလေလှိုင်းပေါ်ကနေပြီးတော့ ဒါ ကောလဟာလတွေ ထုတ်လွှင့်တဲ့လုပ်ငန်းတွေပေါ့ လုပ်ဆောင်နေမှာဖြစ်ပါတယ်။ ဒါတွေကို မယုံကြည်ကြဖို့နဲ့ စိုးရိမ်ထိတ်လန့်မရှိကြဖို့ ပြောလိုတယ်။"

NUG အစိုးရကတော့ ပြည်သူ့တော်လှန်ရေး စတင်နေပြီဖြစ်လို့ တပ်မတော်သား၊ ပြည်သူ့ရဲနဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအားလုံး ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ဆက်သွယ်ပူးပေါင်းဖို့ တိုက်တွန်းပါတယ်။ ဒီကနေ့ကစပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ ရုံးမတက်ကြဖို့ကိုလည်း သတိပေးထားပါတယ်။ သူတို့အဆို အခုတော်လှန်ရေးဟာ တရားနည်းလမ်းကျ တရားမျှတတဲ့ တော်လှန်ရေးဖြစ်ပြီး ရေရှည်ငြိမ်းချမ်းတဲ့ နိုင်ငံတော်တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် မရှိမဖြစ်လိုအပ်သည့် တော်လှန်ရေး ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG