သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕နယ္တြင္း ေက်း႐ြာတခ်ိဳ႕ေနအိမ္မ်ား မီးရႈိဖ်က္ဆီးခံရ


ကလေးျမိဳ ့တင္သားရြာက မီးရွုိ ့ခံရတဲ့ နေအိမ္တလံုး (ဓာတ္ပံု- ေလာကနယ္ေျမ)

(Zawgyi/Unicode)

ကေလးၿမိဳ႕နယ္တြင္း ေက်း႐ြာတခ်ိဳ႕ေနအိမ္မ်ား မီးရႈိဖ်က္ဆီးခံရ

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ေက်း႐ြာတခ်ိဳ႕က ေနအိမ္ေတြကို စစ္တပ္က မီးရႈိ႕ ဖ်က္ဆီးခဲ့ၿပီး အရပ္သားျပည္သူ ၇ ဦးကိုလည္း ဖမ္းဆီး ေခၚေဆာင္သြားတယ္လို႔ ေဒသခံ မ်က္ျမင္သက္ေသေတြက ဗြီအိုေအကို ေျပာပါတယ္။ စစ္တပ္က အဲ့ဒီေဒသတစ္ဝိုက္မွာ တစ္႐ြာဝင္တစ္႐ြာထြက္ ဝင္ေရာက္ေမႊေႏွာက္ေနလို႔ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ေဘးလြတ္ရာ ေျပးထြက္ေနရဆဲပဲလို႔ ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္း မဆုမြန္ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္း တင္သားရြာမွာ တပ္စြဲထားတဲ့ စစ္သားေတြ ဒီကေန႔ စက္တင္ဘာ ၈ ရက္ေန႔မွာ ရြာကေနျပန္ထြက္သြားခ်ိန္ ေနအိမ္ ၅ အိမ္ကုိ မီး႐ိႈ႕ဖ်က္ဆီးၿပီး အိမ္ေတာ္ေတာ္မ်ားမ်ား ၀င္ေရာက္ ရွာေဖြ ဖ်က္ဆီးခံခဲ့ရပါတယ္။ ဒါ့အျပင္ ရြာက ဘုန္းႀကီးေက်ာင္းမွာ ေရွာင္ပုန္းေနတဲ့ အမ်ဳိးသား ၇ ဦးကိုလည္း ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ မ်က္ျမင္ သံဃာေတာ္တစ္ပါးက ဗီြအိုေအကို
မိန္႔ၾကားပါတယ္။

မီးေလာင္းသြားတဲ့ အိမ္ေတြကို ကိုယ္တိုင္း ပါ၀င္ မီးၿငိမ္းေပးခဲ့တဲ့ လုံၿခံဳေရးအရဘြဲ႔နာမည္ မေဖာ္ျပလိုတဲ့ သံဃာေတာ္တစ္ပါးက အခုလို
မိန္႔ပါတယ္။

“ ၅လံုးမီးေလာင္းတယ္၊ ဦးဇင္းတို႔သြားၿငိမ္းတယ္။ အဲ့ဒါ မီးက မီးျမန္ျမန္ခ်ဳိးၿပီးေတာ့ ေဘးအိမ္မကူးေလာက္တဲ့ အေျခအေနေရာက္ေတာ့ ဦးဇင္းတို႔ အဲ့ဒီအိမ္ကို ထားခဲ့ၿပီးေတာ့မွ ေနာက္တစ္အိမ္ေလာင္တာနဲ႔ ေနာက္တစ္အိမ္ကို ျပန္သြားၿငိမ္းတယ္။ အကုန္လံုးျပာက်သြားတာ ၃ အိမ္။ တစ္အိမ္ကေတာ့ နည္းနည္းပဲေလာင္တာ။ အဲ့ဒါ မီးၿငိမ္းခင္လိုက္တယ္။ အဲဒါ ရြာအထြက္က ကင္းတဲကို မီးေတ့ထားခဲ့တယ္။ ဟုတ္တယ္ (စစ္ေကာင္စီ)သူတို႔ အထြက္မွာ မီး႐ိႈ႕သြားတာ ရြာကေနအထြက္မွာေလ။ ရြာကေန ဒီ သူတို႔ပဲ ဘယ္လိုေျပာမလဲ ေနရာေရႊ႕တဲ့အခ်ိန္မွာ ဒီရြာကေနထြက္ခြာတဲ့ အခ်ိန္မွာ မီး႐ိႈ႕သြားတာ။”

ဒါအျပင္ ဒီကေန႔ ႀကံသာရြာမွာလည္း ေနအိမ္ ၇ လံုး မီး႐ိႈ႕သြားတယ္လုိ႔ ၾကားရေၾကာင္း အဲ့ဒီသံဃာေတာ္က ဆက္မိန္႔ပါတယ္။

လြန္ခဲ့တဲ့ ၾသဂုတ္ ၂၇ ရက္ေန႔ေလာက္က တင္သားရြာကို စီးနင္းရွာေဖြတုန္းက ေဒသခံ ၈ ဦးဖမ္းခံရၿပီး ျပန္မလြတ္လာေသးသလို အခုတစ္ခါလည္း ေနာက္ထပ္ အရပ္သားျပည္သူ ၇ ဦးကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ အဲဒီသံဃာေတာ္က ဆက္လက္မိန္႔ပါတယ္။

“ဒီဖမ္းသြားတာေတာ့ ၁၀ ေယာက္၊ မိန္းကေလး ၂ေယာက္နဲ႔ ေယာက်ာ္ေလး ၈ ေယာက္။ အဲ့မိန္းကေလး ၂ ေယာက္လြတ္တယ္။ ေယာက်ာ္ေလး ၁ ေယာက္လြတ္တယ္။ သူတို႔ကို ေမးၾကည့္ေတာ့ ဒီဘယ္လိုေျပာရမလဲ (စစ္ေကာင္စီက) သူတို႔ လိုခ်င္တဲ့ အခ်က္အလက္
ေမးတယ္ေပါ့ေလ။ အဲ့ဒါၿပီးမွ ျပန္လြတ္လိုက္တာတဲ့။ ဟိုဟာေတြကေတာ့ နည္းနည္း ဘယ္လိုေျပာမလဲ၊ သူတို႔နဲ႔ ျငိစြန္းလို႔ ေခၚသြားတယ္လို႔ ဖမ္းသြားတယ္လို႔ပဲထင္တာေပါ့။”

တင္သားရြာ ဘုန္းႀကီးေက်ာင္းမွာ တိမ္းေရွာင္ေနတဲ့ လူစာရင္းအေရအတြက္ကို စစ္တပ္က ေကာက္ခံသြားတဲ့ အေၾကာင္း လူမႈကြန္ရက္အြန္လိုင္းမ်က္ႏွာမွာ တင္လိုက္ၾကလို႔ တယ္လီဖုန္းေတြ သိမ္းယူၿပီး လာဖမ္းသြားတယ္လို႔ ေျပာပါတယ္။

ဒီကေန႔ ႀကံသာရြာမွာ မီး႐ႈိ႕ခံရတဲ့ အေျခအေနကို မလွမ္းမကမ္းကေန ေတြ႔ျမင္ရေပမယ့္ အဖက္ဖက္ကို ထိတ္လန္႔ေၾကာက္ရြံ႕ေနရလုိ႔ ထုတ္မေျပာရဲဘူးလုိ႔ ႀကံသာေဒသခံတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“မီးေတြေတာ့ မီးခိုးေငြ႕ေလးေတြထေနတာ ေတြ႔တယ္ဗ်။ဟိုဟာ အဲ့လိုေလးေတြ ျမင္ရတယ္ဗ်။ အရမ္းမေျပာရဲဘူးဗ်။ ဟိုဖက္ဒီဖက္ ပတ္ခ်ာလည္ေအာင္ေၾကာက္ေနရတာက်ေနာ္တို႔ အရပ္သားေတြကေလ။ ဘာေၾကာင့္လဲဆိုေတာ့ ဘာမွမလုပ္တဲ့လူလည္း လန္႔ေနရတာ အမ်ဳိးစံုဆုိေတာ့ေလ။”

အဲ့ဒီေဒသတစ္ဝိုက္မွာ စစ္တပ္က ဝင္ေရာက္တပ္စြဲ ေမႊေႏွာက္စီးနင္းေနတာ ခပ္စိပ္စိပ္ျဖစ္လာတယ္လို႔ ေဒသခံ ေျပာပါတယ္။ ေဒသခံေတြ ထြက္ေျပးေနခ်ိန္ တရြာ၀င္ တရြာထြက္ ေနအိမ္ေတြကုိ မီးရႈိ႕တာေတြ လုပ္ေနတဲ့အတြက္ ေဘးလြတ္ရာကုိ ထြတ္ေျပးေနရတယ္လုိ႔ တင္သားေဒသခံ တစ္ဦးက ေျပာပါတယ္။

“မေန႔က႐ႈိ႕တာ ဒိုးႏြယ္ရြာထိတယ္။ ဒိုးႏြယ္ရြာမွာ ၂ အိမ္ ႐ိိႈ႕တယ္။ ဒီေန႔က က်ေနာ္တုိ႔ တင္သားရြာမွာ ဒီေန႔ ၃ အိမ္႐ိႈ႕တယ္၊ ၄ အိမ္႐ႈိ႕တာ တစ္အိမ္ကေတာ့ (မီးၿငိမ္းႏိုင္ခဲ့) သတ္ခံတယ္။ သံဃာေတာ္ေတြသြားၿပီးမွ မီးၿငိမ္းလို႔ ၿငိမ္းသြားတယ္။ ၃ အိမ္ကေတာ့
ျပားက်သြားၿပီ။ အခုက ႀကံသာမွာ ႐ႈိ႕ေနတယ္ အခုေလာင္းေနၿပီ။ တစ္ရြာဝင္တစ္ရြာထြက္ပဲ အိမ္ေတြကိုလိုက္ၿပီးမွမီးနဲ႔ ႐ိႈ႕တယ္ လူေတြကို
ဖမ္းတယ္။”

စစ္သားေတြ ဝင္လာလို႔ ေဒသခံထြက္ေျပးေနခ်ိန္ စက္တင္ဘာ ၇ ရက္ မေန႔ မနက္ပိုင္းက ဒိုးႏြယ္ရြာမွာ အိမ္ ၂ လံုး မီး႐ိႈ႕ခံရတယ္လို႔
ေျပာပါတယ္။

မေန႔က ေန႔လယ္ ၁၂ နာရီေလာက္မွာ ေက်ာက္ဖူးရြာနဲ႔ ဒိုးႏြယ္ရြာ အၾကား ဝင္ေရာက္လာတဲ့ စစ္ေကာင္စီစစ္ေၾကာင္းကို မိုင္းဆြဲတိုက္ခဲ့တယ္လို႔ ကေလး PDF အဖြဲ႔က ထုတ္ျပန္ထားပါတယ္။ မိုင္းဆြဲတိုက္ခုိက္မႈေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႔ ၄ ဦးထက္မနည္း ေသဆံုးၿပီး ၁၀ ဦးေက်ာ္ ဒဏ္ရာရရွိတဲ့အေၾကာင္း ေျပာထားပါတယ္။ ဒီထုတ္ျပန္ခ်က္ထဲက ထိခိုက္ေသဆံုးမႈစာရင္းကိုေတာ့ ဗီအိုေအက သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။

..........................................................................................

တိုက္႐ိုက္ လင့္ခ္


ကလေးမြို့နယ်တွင်း ကျေးရွာတချို့နေအိမ်များ မီးရှိုဖျက်ဆီးခံရ

(Unicode)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့က နေအိမ်တွေကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံ မျက်မြင်သက်သေတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်တပ်က အဲ့ဒီဒေသတစ်ဝိုက်မှာ တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်မွှေနှောက်နေလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ပြေးထွက်နေရဆဲပဲလို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း မဆုမွန်ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ ရွာကနေပြန်ထွက်သွားချိန် နေအိမ် ၅ အိမ်ကို မီးရှို့ဖျက်ဆီးပြီး အိမ်တော်တော်များများ ဝင်ရောက် ရှာဖွေ ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် ရွာက ဘုန်းကြီးကျောင်းမှာ ရှောင်ပုန်းနေတဲ့ အမျိုးသား ၇ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင် သံဃာတော်တစ်ပါးက ဗွီအိုအေကို
မိန့်ကြားပါတယ်။

မီးလောင်းသွားတဲ့ အိမ်တွေကို ကိုယ်တိုင်း ပါဝင် မီးငြိမ်းပေးခဲ့တဲ့ လုံခြုံရေးအရဘွဲ့နာမည် မဖော်ပြလိုတဲ့ သံဃာတော်တစ်ပါးက အခုလို
မိန့်ပါတယ်။

“ ၅လုံးမီးလောင်းတယ်၊ ဦးဇင်းတို့သွားငြိမ်းတယ်။ အဲ့ဒါ မီးက မီးမြန်မြန်ချိုးပြီးတော့ ဘေးအိမ်မကူးလောက်တဲ့ အခြေအနေရောက်တော့ ဦးဇင်းတို့ အဲ့ဒီအိမ်ကို ထားခဲ့ပြီးတော့မှ နောက်တစ်အိမ်လောင်တာနဲ့ နောက်တစ်အိမ်ကို ပြန်သွားငြိမ်းတယ်။ အကုန်လုံးပြာကျသွားတာ ၃ အိမ်။ တစ်အိမ်ကတော့ နည်းနည်းပဲလောင်တာ။ အဲ့ဒါ မီးငြိမ်းခင်လိုက်တယ်။ အဲဒါ ရွာအထွက်က ကင်းတဲကို မီးတေ့ထားခဲ့တယ်။ ဟုတ်တယ် (စစ်ကောင်စီ)သူတို့ အထွက်မှာ မီးရှို့သွားတာ ရွာကနေအထွက်မှာလေ။ ရွာကနေ ဒီ သူတို့ပဲ ဘယ်လိုပြောမလဲ နေရာရွှေ့တဲ့အချိန်မှာ ဒီရွာကနေထွက်ခွာတဲ့ အချိန်မှာ မီးရှို့သွားတာ။”

ဒါအပြင် ဒီကနေ့ ကြံသာရွာမှာလည်း နေအိမ် ၇ လုံး မီးရှို့သွားတယ်လို့ ကြားရကြောင်း အဲ့ဒီသံဃာတော်က ဆက်မိန့်ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့လောက်က တင်သားရွာကို စီးနင်းရှာဖွေတုန်းက ဒေသခံ ၈ ဦးဖမ်းခံရပြီး ပြန်မလွတ်လာသေးသလို အခုတစ်ခါလည်း နောက်ထပ် အရပ်သားပြည်သူ ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီသံဃာတော်က ဆက်လက်မိန့်ပါတယ်။

“ဒီဖမ်းသွားတာတော့ ၁၀ ယောက်၊ မိန်းကလေး ၂ယောက်နဲ့ ယောကျာ်လေး ၈ ယောက်။ အဲ့မိန်းကလေး ၂ ယောက်လွတ်တယ်။ ယောကျာ်လေး ၁ ယောက်လွတ်တယ်။ သူတို့ကို မေးကြည့်တော့ ဒီဘယ်လိုပြောရမလဲ (စစ်ကောင်စီက) သူတို့ လိုချင်တဲ့ အချက်အလက်
မေးတယ်ပေါ့လေ။ အဲ့ဒါပြီးမှ ပြန်လွတ်လိုက်တာတဲ့။ ဟိုဟာတွေကတော့ နည်းနည်း ဘယ်လိုပြောမလဲ၊ သူတို့နဲ့ ငြိစွန်းလို့ ခေါ်သွားတယ်လို့ ဖမ်းသွားတယ်လို့ပဲထင်တာပေါ့။”

တင်သားရွာ ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေတဲ့ လူစာရင်းအရေအတွက်ကို စစ်တပ်က ကောက်ခံသွားတဲ့ အကြောင်း လူမှုကွန်ရက်အွန်လိုင်းမျက်နှာမှာ တင်လိုက်ကြလို့ တယ်လီဖုန်းတွေ သိမ်းယူပြီး လာဖမ်းသွားတယ်လို့ ပြောပါတယ်။

ဒီကနေ့ ကြံသာရွာမှာ မီးရှို့ခံရတဲ့ အခြေအနေကို မလှမ်းမကမ်းကနေ တွေ့မြင်ရပေမယ့် အဖက်ဖက်ကို ထိတ်လန့်ကြောက်ရွံ့နေရလို့ ထုတ်မပြောရဲဘူးလို့ ကြံသာဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“မီးတွေတော့ မီးခိုးငွေ့လေးတွေထနေတာ တွေ့တယ်ဗျ။ဟိုဟာ အဲ့လိုလေးတွေ မြင်ရတယ်ဗျ။ အရမ်းမပြောရဲဘူးဗျ။ ဟိုဖက်ဒီဖက် ပတ်ချာလည်အောင်ကြောက်နေရတာကျနော်တို့ အရပ်သားတွေကလေ။ ဘာကြောင့်လဲဆိုတော့ ဘာမှမလုပ်တဲ့လူလည်း လန့်နေရတာ အမျိုးစုံဆိုတော့လေ။”

အဲ့ဒီဒေသတစ်ဝိုက်မှာ စစ်တပ်က ဝင်ရောက်တပ်စွဲ မွှေနှောက်စီးနင်းနေတာ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသခံ ပြောပါတယ်။ ဒေသခံတွေ ထွက်ပြေးနေချိန် တရွာဝင် တရွာထွက် နေအိမ်တွေကို မီးရှို့တာတွေ လုပ်နေတဲ့အတွက် ဘေးလွတ်ရာကို ထွတ်ပြေးနေရတယ်လို့ တင်သားဒေသခံ တစ်ဦးက ပြောပါတယ်။

“မနေ့ကရှို့တာ ဒိုးနွယ်ရွာထိတယ်။ ဒိုးနွယ်ရွာမှာ ၂ အိမ် ရှို့တယ်။ ဒီနေ့က ကျနော်တို့ တင်သားရွာမှာ ဒီနေ့ ၃ အိမ်ရှို့တယ်၊ ၄ အိမ်ရှို့တာ တစ်အိမ်ကတော့ (မီးငြိမ်းနိုင်ခဲ့) သတ်ခံတယ်။ သံဃာတော်တွေသွားပြီးမှ မီးငြိမ်းလို့ ငြိမ်းသွားတယ်။ ၃ အိမ်ကတော့
ပြားကျသွားပြီ။ အခုက ကြံသာမှာ ရှို့နေတယ် အခုလောင်းနေပြီ။ တစ်ရွာဝင်တစ်ရွာထွက်ပဲ အိမ်တွေကိုလိုက်ပြီးမှမီးနဲ့ ရှို့တယ် လူတွေကို
ဖမ်းတယ်။”

စစ်သားတွေ ဝင်လာလို့ ဒေသခံထွက်ပြေးနေချိန် စက်တင်ဘာ ၇ ရက် မနေ့ မနက်ပိုင်းက ဒိုးနွယ်ရွာမှာ အိမ် ၂ လုံး မီးရှို့ခံရတယ်လို့
ပြောပါတယ်။

မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ ကျောက်ဖူးရွာနဲ့ ဒိုးနွယ်ရွာ အကြား ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခဲ့တယ်လို့ ကလေး PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၄ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိတဲ့အကြောင်း ပြောထားပါတယ်။ ဒီထုတ်ပြန်ချက်ထဲက ထိခိုက်သေဆုံးမှုစာရင်းကိုတော့ ဗီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG