သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္ျပင္မထြက္ရကန႔္သတ္ခ်က္ၾကား ရန္ကုန္နဲ႔ေဒသတခ်ိဳ႕ ဆႏၵျပမႈဆက္ရွိ


ႏိုင္ငံေရးအက်ဥ္းသားေတြလႊတ္ေပးေရးနဲ႔ စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး ကေလးၿမိဳ႕ ဆႏၵျပပြဲ။ (ဇူလိုင္ ၂၄၊ ၂၀၂၁)

Zawgyi/Unicode

COVID-19 ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ဖို႔အတြက္ဆိုၿပီး ဇူလိုင္လ ၁၇ ရက္ ေန႔ကေန ၾသဂုတ္လ ၁ ရက္ေန႔အထိ မလိုအပ္ဘဲ အျပင္မထြက္ဖို႔နဲ႔ မလိုက္နာရင္ အေရးယူမယ္လုိ႔ စစ္ေကာင္စီက ေၾကညာထားတဲ့ၾကားမွာပဲ ရန္ကုန္အပါအဝင္ ေဒသတခ်ဳိ႕မွာေတာ့ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြ ဆက္ရွိေနပါတယ္။

ရန္ကုန္၊ စမ္းေခ်ာင္းအရပ္မွာ လူငယ္ေတြစုေဝးၿပီး ဒီကေန႔ ေႂကြးေက်ာ္ ဆႏၵျပခဲ့ၾကပါတယ္။

စစ္ကိုင္းတိုင္းထဲက ေန႔စဥ္လုိ ဆႏၵျပပြဲေတြရွိေနတဲ့ ကေလးၿမိဳ႕နယ္၊ ဆားလင္းႀကီး၊ ယင္းမာပင္အေရွ႕ပိုင္း စတဲ့အရပ္ေတြမွာ ဒီကေန႔လည္း ဆႏၵျပပြဲေတြရွိခဲ့ပါတယ္။

ေန႔စဥ္မျပတ္ တနည္းမဟုတ္တနည္းနဲ႔ ဆႏၵျပေနၾကတဲ့ မႏၲေလးနဲ႔ မံုရြာတို႔မွာလည္း သပိတ္စစ္ေၾကာင္း အသီးသီးထြက္ခဲ့ၾကပါတယ္။

စစ္တပ္က အၾကမ္းဖက္ ပစ္ခတ္ ၿဖိုခြဲ ဖမ္းဆီးတာေတြေၾကာင့္ ည ၈ နာရီမွာ သံပံုး အိုးခြက္ေတြတီးၿပီး အာဏာသိမ္းမႈကို ဆန္႔က်င္ေၾကာင္း ျပသတာေတြ မၾကာေသးခင္က အရွိန္ေလ်ာ့သြားခဲ့ေပမယ့္ မေန႔က အင္းစိန္ေထာင္တြင္း ဆႏၵျပပြဲျဖစ္ခဲ့ၿပီးတဲ့ေနာက္ ညဘက္မွာ ရန္ကုန္ၿမိဳ႕အႏွံ႔ သံပံုး အိုးခြက္ တီးသံေတြ ျပန္ၾကားခဲ့ရတယ္လို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းခဲ့ခ်ိန္ကေန ဇူလိုင္လ ၂၃ ရက္ေန႔ အထိဆိုရင္ စစ္တပ္နဲ႔ရဲက ပစ္ခတ္ အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲ ဖမ္းဆီးတာေၾကာင့္ ေသဆံုးသူ ၉၃၁ ေယာက္ ရွိၿပီျဖစ္ၿပီး အဖမ္းခံထားရသူေပါင္းက ၅,၃၆၀ နီးပါး ရွိတယ္လို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ (AAPP) က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


-----------

Unicode

အိမ်ပြင်မထွက်ရကန့်သတ်ချက်ကြား ရန်ကုန်နဲ့ဒေသတချို့ ဆန္ဒပြမှုဆက်ရှိ

COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ဖို့အတွက်ဆိုပြီး ဇူလိုင်လ ၁၇ ရက် နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ကြားမှာပဲ ရန်ကုန်အပါအဝင် ဒေသတချို့မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။

ရန်ကုန်၊ စမ်းချောင်းအရပ်မှာ လူငယ်တွေစုဝေးပြီး ဒီကနေ့ ကြွေးကျော် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းထဲက နေ့စဉ်လို ဆန္ဒပြပွဲတွေရှိနေတဲ့ ကလေးမြို့နယ်၊ ဆားလင်းကြီး၊ ယင်းမာပင်အရှေ့ပိုင်း စတဲ့အရပ်တွေမှာ ဒီကနေ့လည်း ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။

နေ့စဉ်မပြတ် တနည်းမဟုတ်တနည်းနဲ့ ဆန္ဒပြနေကြတဲ့ မန္တလေးနဲ့ မုံရွာတို့မှာလည်း သပိတ်စစ်ကြောင်း အသီးသီးထွက်ခဲ့ကြပါတယ်။

စစ်တပ်က အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးတာတွေကြောင့် ည ၈ နာရီမှာ သံပုံး အိုးခွက်တွေတီးပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသတာတွေ မကြာသေးခင်က အရှိန်လျော့သွားခဲ့ပေမယ့် မနေ့က အင်းစိန်ထောင်တွင်း ဆန္ဒပြပွဲဖြစ်ခဲ့ပြီးတဲ့နောက် ညဘက်မှာ ရန်ကုန်မြို့အနှံ့ သံပုံး အိုးခွက် တီးသံတွေ ပြန်ကြားခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ချိန်ကနေ ဇူလိုင်လ ၂၃ ရက်နေ့ အထိဆိုရင် စစ်တပ်နဲ့ရဲက ပစ်ခတ် အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးတာကြောင့် သေဆုံးသူ ၉၃၁ ယောက် ရှိပြီဖြစ်ပြီး အဖမ်းခံထားရသူပေါင်းက ၅,၃၆၀ နီးပါး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #Covid19 #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG