သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ အထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံကို အျမန္ဆုံး ေစလႊတ္ဖို႔ ကန္ တိုက္တြန္း


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအရ ေဆြးေႏြးညႇိႏႈိင္းႏိုင္ဖို႔ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) အထူးကိုယ္စားလွယ္ကို အျမန္ဆုံး ေစလႊတ္ဖို႔ အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္ Katherine Tai က တိုက္တြန္းလိုက္ပါတယ္။

အာဆီယံ စီးပြားေရး ဝန္ႀကီးေတြနဲ႔ တနလၤာေန႔က အြန္လိုင္း ေတြ႕ဆုံရာမွာ တိုက္တြန္းလိုက္တာျဖစ္ေၾကာင္း အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္႐ုံးက အဂၤါေန႔မွာ သတင္းထုတ္ျပန္ခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြ ေပၚေပါက္ေနတာကို ေျဖရွင္းဖို႔ အာဆီယံ အသင္းက ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof ကို အထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ထားေပမဲ့ ျမန္မာႏိုင္ငံကို အခုအခ်ိန္အထိေတာ့ မသြားရေသးပါဘူး။

အေမရိကန္ ကုန္သြယ္ေရး အထူးကိုယ္စားလွယ္ကေတာ့ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္အေပၚ အေလးအနက္ စိုးရိမ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေျပာဆိုခဲ့တာပါ။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး ျပႆနာေတြနဲ႔ ပဋိပကၡေတြေၾကာင့္ လူေပါင္း ၁ ေထာင္ေက်ာ္ ေသဆုံးၿပီး ေထာင္နဲ႔ခ်ီ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံက အက်ပ္အတည္းေတြကို အာဆီယံက ဦးေဆာင္ေျဖရွင္းဖို႔ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာက တိုက္တြန္းေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ အာဆီယံရဲ႕ ႀကိဳးပမ္းမႈေတြဟာ ထင္သေလာက္ အရာမေရာက္တဲ့အေၾကာင္း အသင္းဝင္ ႏိုင္ငံတခုျဖစ္တဲ့ စကၤာပူႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီး Vivian Balakrishanan ကလည္း မၾကာေသးခင္ကပဲ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အမြန်ဆုံး စေလွှတ်ဖို့ ကန် တိုက်တွန်း

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အထူးကိုယ်စားလှယ်ကို အမြန်ဆုံး စေလွှတ်ဖို့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai က တိုက်တွန်းလိုက်ပါတယ်။

အာဆီယံ စီးပွားရေး ဝန်ကြီးတွေနဲ့ တနင်္လာနေ့က အွန်လိုင်း တွေ့ဆုံရာမှာ တိုက်တွန်းလိုက်တာဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံ အသင်းက ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပေမဲ့ မြန်မာနိုင်ငံကို အခုအချိန်အထိတော့ မသွားရသေးပါဘူး။

အမေရိကန် ကုန်သွယ်ရေး အထူးကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် အလေးအနက် စိုးရိမ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ပြဿနာတွေနဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၁ ထောင်ကျော် သေဆုံးပြီး ထောင်နဲ့ချီ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက အကျပ်အတည်းတွေကို အာဆီယံက ဦးဆောင်ဖြေရှင်းဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေဟာ ထင်သလောက် အရာမရောက်တဲ့အကြောင်း အသင်းဝင် နိုင်ငံတခုဖြစ်တဲ့ စင်္ကာပူနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishanan ကလည်း မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG