သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ် အောင်မြင်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးသစ်မျှော်လင့်


မြန်မာဆန္ဒပြသူတချို့ အာဆီယံအလံအား မီးရှို့ဆန္ဒပြနစေဉ် ( ဓာတ်ပုံ - AFP)
မြန်မာဆန္ဒပြသူတချို့ အာဆီယံအလံအား မီးရှို့ဆန္ဒပြနစေဉ် ( ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ သူ့ရည်ရွယ်ချက်အတိုင်း ပေါက်မြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ မေ ျှာ်လင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးသစ်ကပြောပါတယ်။ ရာထူးတာဝန်ယူပြီး ပထမဆုံးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က အဲဒီလိုပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုရှိရေး ဘက်ပေါင်းစုံပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာနိုင်မယ်လို့ မေ ျှာ်လင့်ပါတယ်လို့လည်း ပြောပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရွေးချယ်ခန့်ထားရေးကိစ္စမှာ မလေးရှားနိုင်ငံက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်တယ်လို့လည်း ဝန်ကြီး Abdullah ကပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့လုပ်ငန်းတာဝန်တွေကို ဆက်ပြီးအကောင်အထည်ဖော်တဲ့အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တတ်နိုင်သမ ျှ အစောဆုံးတွေ့ဆုံပြီး အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်တွေ ထွက်လာအောင် အားပေးကူညီသွားမယ်လို့လည်းပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေး ဝိုင်းဝန်းဖြေရှင်းပေးနိုင်ဖို့ အာဆီယံအသင်းကြီးက ဧပြီလနှောင်းပိုင်းမှာ အစည်းအဝေးလုပ်ပြီး မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်ထားရေးအပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကိုချမှတ်ခဲ့ကြပါတယ်။

မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အာဆီယံအသင်းကြီးက ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အထူးကိုယ်စားလှယ်အဖြစ် သြဂုတ်လမှာ ရွေးချယ်နိုင်ခဲ့ကြပါတယ်။ မစ္စတာ Yusof အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးအပ်ရေးနဲ့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုရပ်တန့်ရေး ဆောင်ရွက်ရမှာဖြစ်သလို စစ်ကောင်စီနဲ့ အတိုက်အခံတွေကြား တွေ့ဆုံဆွေးနွေးနိုင်အောင် ကျိုးပမ်းရမှာလ ည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆီယံအထူးကိုယ်စားလှယ် Mr. Yusof အနေနဲ့ မြန်မာနိုင်ငံထဲ ခုချိန်ထိ သွားရောက်နိုင်ခြင်းမရှိသေးပါဘူး။

...........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG