သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံက သက္ဆိုင္သူအားလုံးနဲ႔ ထိေတြ႕ဆက္ဆံဖို႔ အာဆီယံကိုယ္စားလွယ္ကို တ႐ုတ္အႀကံျပဳ


အာဆီယံနိုင္ငံမ်ားအဖြဲ ့နွင့္ တရုတ္နိုင္ငံအလံတော္မ်ား (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ျမန္မာ့အေရး အာဆီယံအထူးကိုယ္စားလွယ္အေနနဲ႔ ျမန္မာႏိုင္ငံတြင္း သက္ဆိုင္သူအားလုံးနဲ႔ ထိေတြ႕ဆက္ဆံၿပီး အားလုံးၾကားမွာ ယုံၾကည္မႈတည္ေဆာက္ေပးဖို႔အပါအဝင္ အခ်က္ေလးခ်က္ကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က အာဆီယံအထူးကိုယ္စားလွယ္ Erywan Yusof ကို အႀကံျပဳခဲ့ပါတယ္။

Wang Yi နဲ႔ Erywan တို႔ မေန႔က တယ္လီဖုန္းဆက္ ေဆြးေႏြးခ်ိန္အတြင္း ဝန္ႀကီး Wang Yi က အဲဒီလို အႀကံျပဳခဲ့တာပါ။
က်န္တဲ့အႀကံျပဳခ်က္ သုံးခ်က္ကေတာ့ ျမန္မာႏိုင္ငံ COVID-19 တိုက္ဖ်က္တာမွာ ကူညီေရး ထိပ္တန္းဦးစားေပးထားဖို႔နဲ႔ အဲဒီလိုအကူအညီကို ရရွိခံစားႏိုင္ေရးနဲ႔ ထိေရာက္မႈရွိေရး ေသခ်ာေစဖို႔၊ စိတ္ရွည္ သည္းခံၿပီး ပိုင္းျဖတ္မႈရွိၿပီးေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို အားေပးေရး လမ္းေၾကာင္းမွာ ရပ္တည္ဖို႔နဲ႔ က်နေသခ်ာတဲ့အစီအစဥ္နဲ႔ အစိုးရကို လူထုလက္ထဲျပန္ေပးၿပီး ဒီမိုကေရစီလုပ္ငန္းစဥ္ ျပန္စတင္ဖို႔၊ ေနာက္ဆုံးအခ်က္အေနနဲ႔ ျမန္မာ့ျပည္တြင္းေရးကို ျပည္ပက ဝင္ေရာက္စြက္ဖက္တာေတြအေပၚ အထူးသတိထားၿပီး ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာပိုင္မႈနဲ႔ လူထုရဲ႕ေ႐ြးခ်ယ္မႈတို႔ကို ေလးစားဖို႔တို႔ျဖစ္ပါတယ္။

ဒီအခ်က္ေတြဟာ ျမန္မာ့အေရးနဲ႔ပတ္သက္ရင္ တ႐ုတ္အစိုးရရဲ႕ ရပ္တည္ခ်က္ေတြျဖစ္ၿပီး ဒါေတြကိုပဲ Erywan ကို အႀကံျပဳေျပာဆိုခဲ့တာပါ။ အာဆီယံ အထူးကိုယ္စားလွယ္ရဲ႕ လုပ္ငန္းတာဝန္ေတြကို တ႐ုတ္ႏိုင္ငံက ေထာက္ခံေၾကာင္းနဲ႔ ျမန္မာ့အေရး ေဆြးေႏြး အေျဖရွာႏိုင္ဖို႔ တ႐ုတ္ဘက္က အျပဳသေဘာ ပူးေပါင္း ေဆာင္႐ြက္မႈေတြ ဆက္ၿပီးလုပ္သြားမယ္ဆိုတာကို ဝန္ႀကီးဝမ္ရီကေျပာဆိုခဲ့ေၾကာင္းလည္း ဆင္ဟြာသတင္းမွာ ေဖာ္ျပထားပါတယ္။

Erywan ကေတာ့ ျမန္မာႏိုင္ငံဟာ အာဆီယံမိသားစုမွာ အေရးႀကီးတဲ့ အဖြဲ႕ဝင္ႏိုင္ငံ ျဖစ္တာနဲ႔အညီ အာဆီယံရဲ႕ အခ်က္ ၅ ခ်က္ပါ သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ တြန္းအားေပး ေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္းနဲ႔ ျမန္မာ့အေရး ေျပလည္မႈရရွိေရး တ႐ုတ္ႏိုင္ငံနဲ႔လည္း ပူးေပါင္း ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

..................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံကိုယ်စားလှယ်ကို တရုတ်အကြံပြု

(Unicode)

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံတွင်း သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး အားလုံးကြားမှာ ယုံကြည်မှုတည်ဆောက်ပေးဖို့အပါအဝင် အချက်လေးချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ကို အကြံပြုခဲ့ပါတယ်။

Wang Yi နဲ့ Erywan တို့ မနေ့က တယ်လီဖုန်းဆက် ဆွေးနွေးချိန်အတွင်း ဝန်ကြီး Wang Yi က အဲဒီလို အကြံပြုခဲ့တာပါ။
ကျန်တဲ့အကြံပြုချက် သုံးချက်ကတော့ မြန်မာနိုင်ငံ COVID-19 တိုက်ဖျက်တာမှာ ကူညီရေး ထိပ်တန်းဦးစားပေးထားဖို့နဲ့ အဲဒီလိုအကူအညီကို ရရှိခံစားနိုင်ရေးနဲ့ ထိရောက်မှုရှိရေး သေချာစေဖို့၊ စိတ်ရှည် သည်းခံပြီး ပိုင်းဖြတ်မှုရှိပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အားပေးရေး လမ်းကြောင်းမှာ ရပ်တည်ဖို့နဲ့ ကျနသေချာတဲ့အစီအစဉ်နဲ့ အစိုးရကို လူထုလက်ထဲပြန်ပေးပြီး ဒီမိုကရေစီလုပ်ငန်းစဉ် ပြန်စတင်ဖို့၊ နောက်ဆုံးအချက်အနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ပြည်ပက ဝင်ရောက်စွက်ဖက်တာတွေအပေါ် အထူးသတိထားပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ လူထုရဲ့ရွေးချယ်မှုတို့ကို လေးစားဖို့တို့ဖြစ်ပါတယ်။

ဒီအချက်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ရင် တရုတ်အစိုးရရဲ့ ရပ်တည်ချက်တွေဖြစ်ပြီး ဒါတွေကိုပဲ Erywan ကို အကြံပြုပြောဆိုခဲ့တာပါ။ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတာဝန်တွေကို တရုတ်နိုင်ငံက ထောက်ခံကြောင်းနဲ့ မြန်မာ့အရေး ဆွေးနွေး အဖြေရှာနိုင်ဖို့ တရုတ်ဘက်က အပြုသဘော ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်ပြီးလုပ်သွားမယ်ဆိုတာကို ဝန်ကြီးဝမ်ရီကပြောဆိုခဲ့ကြောင်းလည်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

Erywan ကတော့ မြန်မာနိုင်ငံဟာ အာဆီယံမိသားစုမှာ အရေးကြီးတဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာ့အရေး ပြေလည်မှုရရှိရေး တရုတ်နိုင်ငံနဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG