သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအက်ပ္အတည္း ေဆြးေႏြး အေျဖရွာဖို႔ PPST တိုက္တြန္း


PPST အြန္လိုင္းအစည္းအေဝး (ဓာတ္ပံု-NCA S-EAO/fb)

{{Zawgyi/Unicode}}

NCA တႏိုင္ငံလုံး အပစ္ရပ္ေရးစာခ်ဳပ္ လက္မွတ္ထိုးထားတဲ့ လက္နက္ကိုင္အဖြဲ႔ေတြရဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔ PPST အေနနဲ႔ လက္ရွိျမန္မာႏိုင္ငံ အၾကပ္အတည္း ညိွႏိႈင္းေဆြးေႏြးအေျဖရွာၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။ မေန႔ၿပီးခဲ့တဲ့ ေလးရက္ၾကာ PPST ရဲ႕ အင္တာနက္ အြန္လိုင္းအစည္းအေဝးမွာ ယာယီအဖြဲ႔ ေခါင္းေဆာင္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ ႏုတ္ထြက္ၿပီး မြန္ျပည္သစ္ပါတီရဲ႕ ဒုတိယဥကၠဌႏိုင္ေအာင္မင္း ဦးေဆာင္တဲ့ စုေပါင္းေခါင္းေဆာင္မႈအဖြဲ႔ျဖစ္ေပၚလာရာမွာ ဘာေတြထူးျခားမႈရွိပါသလဲ။ ျမန္မာအၾကပ္အတည္းေျဖရွင္းေရးဘာေတြလုပ္ေဆာင္ဖို႔ ရွိၿပီး လက္ရွိ NCA အေနအထားကဘယ္လုိရွိပါသလဲ။ PPST ေျပာခြင့္ရ မြန္ျပည္သစ္ပါတီ ဗဟုိအလုပ္အမႈေဆာင္ အဖြဲ႔ဝင္ အဖြဲ႔ဝင္ ႏိုင္ေအာင္မေငး ကို ကိုဝင္းမင္း က ဆက္သြယ္ေမးျမန္းထားပါတယ္။

ႏိုင္ေအာင္မေငး ။.။ အထူးျခားဆုံးကေတာ့ ႏိုင္ငံေရးျပသာနာကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္ေပးဖို႔ရယ္။ ဒီလုိအင္အားသုံးေျဖရွင္တာကို ေနာက္ဆုံးရလဒ္ေကာင္းမထြက္ရွိဘူးလို႔ သေဘာထားခ်မွတ္တာေပါ့ေနာ္။ ဒါ NCA ရဲ ခ်မွတ္ထားတဲ့ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကို ဆက္လက္စြဲစြဲၿမဲၿမဲဆုပ္ကိုင္သြားမယ္။ ဆက္လက္ၿပီး NCA လက္မွတ္ထုိးထားတုံးက အသိသက္ေသျဖစ္ထားခဲ့ၾကတဲ့ အာဆီယံ၊ ဥေရာပ၊ တရုတ္ စတဲ့ႏိုင္ငံေတြကေန ဆက္ၿပီး အႏွစ္သာရကို ခ်ည္းကပ္သြားမယ္ဆိုတာ က်ေနာ္တို႔လုပ္ေဆာင္ၾကပါတယ္။

ကိုဝင္းမင္း ။.။ ဒီေနရာမွာ လက္ရွိႏိုင္ငံေရးအၾကပ္အတည္းကို ေျပလည္ႏိုင္ေအာင္ NCA ရဲ႕ အႏွစ္သာရကို အေျခခံၿပီး ေဆြးေႏြးေရးကို ဒီႏိုင္ငံတကာ အသိုင္းအဝုိင္းေတြနဲ႔ ပူးေပါင္းၿပီး အႏွစ္သာရကို အေျခခံမယ္ဆိုတာ ဘာကို ေျပာခ်င္တာပါလိမ့္။

ႏိုင္ေအာင္မေငး ။. ။ အႏွစ္သာရကို အေျခခံမယ္ဆိုတာ အင္အားသုံးေျဖရွင္းတာဟာ ရလဒ္ေကာင္မထြက္ဘူး ။ ဝုိင္းဝန္ေျဖရွင္းမွပဲ ရလဒ္ေကာင္းထြက္ႏိုင္မယ္။ ဒါကိုလည္း ဒါကိုလည္း အခုေလာေလာဆယ္အေနနဲ႔က NCA စာခ်ဳပ္ထဲမွာ အခ်က္အလက္ေတြအမ်ားႀကီးရွိတယ္။ ႏိုင္ငံေရးေဆြးေႏြးခ်က္ေတြ၊ စစ္ေရးဆုိင္ရာ ေဆြးေႏြးခ်က္ေတြ ၾကားကာလ ေဆြးေႏြးခ်က္ ဒါကုိလည္း ဆုပ္ကိုင္လုပ္ေဆာင္သြားမယ္။ အခုေလာေလာဆယ္အေနနဲ႔ စစ္ေကာင္စီ အေနနဲ႔ကေတာ့ က်ေနာ္တို႔ PPST အေနနဲ႔ ႏိုင္ငံေရးေဆြးေႏြးမႈမလုပ္ဘူး။ ဆိုင္းငံထားမယ္။ ဒါေပမယ့္ ပါတီတခုခ်င္းအေနနဲ႔ သူပါတီရဲ႕ လိုအပ္ခ်က္အရ Bilateral ေဆြးေနြးပြဲလုပ္ခ်င္ရင္လည္း လုပ္ႏိုင္တယ္ဆိုတာ သေဘာထားမွတ္ခ်က္ရွိပါတယ္။

ကိုဝင္းမင္း ။ ။ ဒီေနရာမွာ အဓိကကေတာ့ ေတြ႔ဆုံေဆြးေႏြးေရး နဲ႔ လက္ရွိအၾကပ္အတည္းကို ေျဖရွင္းဖို႔ေပါ့ေနာ္။ ဘယ္လိုမ်ိုး ေရာက္လာေအာင္လုပ္ဖို႔ ျပင္ဆင္ထားလဲ။

ႏိုင္ေအာင္မေငး ။. ။ အခုနက က်ေနာ္ေျပာထားသလိုပဲေပါ့ေနာ္။ က်ေနာ္တို႔ လက္မွတ္ေရးထုိးထားတုံးက အသိသက္ေသ ႏိုင္ငံေတြအမ်ားႀကီးရွိပါတယ္။ အဲဒါကို ခ်ည္းကပ္ၿပီးေတာ့ က်ေနာ္္္တို႔ ၂ဖက္ေပါ့။ အျမင္ေတြတူညီရေအာင္ ႏိုင္ငံေရးျပသာနာကို ႏိုင္ငံေရးအရ ေဆြးေႏြးဖို႔ ၂ ဖက္လုံးကို ခ်ည္းကပ္ၾကမယ္။

ကိုဝင္းမင္း ။.။ ၂ ဖက္ကို ခ်ည္းကပ္မယ္ဆိုတာ

ႏိုင္ေအာင္မေငး ။. ။ စစ္ေကာင္စီ နဲ႔ NUG အစိုးရေပါ့ေနာ္။

ကိုဝင္းမင္း ။.။ အဲေတာ့ တိုက္ပြဲတခ်ဳိ႕ကလည္း ေဒသတခ်ုိ႕မွာေပါ့ေနာ္။ NCA အေနအထားကို ဘယ္လိုသတ္မွတ္ထားတာရွိလဲ။

ႏိုင္ေအာင္မေငး ။.။ ဒါက အေျခခံတခုမွာေတာ့ တခ်ိန္မွာ ရုပ္လုံးေပၚလာမွာပါ။

ကိုဝင္းမင္း ။. ။ ဒီေနရာမွာ ေနာက္တခုက NUG အမ်ဳိးသားညီညြတ္ေရးအစိုးရေပါ့။ ဘုံသေဘာထားရပ္တည္ခ်က္မ်ုိး ထုတ္ျပန္မယ္လို႔ PPST ရဲ႕ ေခါင္းေဆာင္ေဟာင္း ေျပာၾကားခဲ့ပါတယ္။ အဲဒီေဆြးေႏြးမႈအေနအထားေတြကေရာ ဘယ္လိုရွိခဲ့ပါလဲ။

ႏိုင္ေအာင္မေငး. ။. ။ က်ေနာ္တို႔ရဲ NUG ရဲ႕ ေၾကညာစာတမ္းေတြထုတ္တယ္။ ဒီအေပၚမွာ ဒီအေပၚမွာလည္း က်ေနာ္တုိ႔ အျပန္အလွန္သုံးသပ္တယ္။ ႏိုင္ငံေတာ္ကို ဘယ္လိုတည္ေဆာက္လဲ။ ဖက္ဒရယ္ကို ဘယ္လိုတည္ေဆာက္မလဲေပါ့။ အေျခခံမူသေဘာထားအေပၚမွာမ်ားတယ္ေပါ့ေလ။ ဘယ္လုိတည္ေဆာက္မလဲ။ အဲဒီအေပၚမွာေတာ့ က်ေနာ္တို႔နဲ႔ သေဘာတူညီမႈရွိတယ္။ လုပ္ငန္းအေကာင္ထည္ေဖာ္မႈမွာ က်ေနာ္တုိ႔နဲ႔ မတူကြဲျပားမႈရွိတယ္။ CRPH ကေန ဦးစီးဦးေဆာင္မႈလုပ္တာက သိပ္မတူဖူးေပါ့ေနာ္။ က်ေနာ္တို႔ေတြးျမင္တာနဲ႔ မတူေတာ့ က်ေနာ္တို႔ အျပန္လွန္သုံးသပ္ေနတယ္။ က်ေနာ္တို႔ ပါတီတခုခ်င္းစီမွာလည္း ခ်ျပေနတယ္။ NUG လုပ္ရပ္ေပၚမွာ က်ေနာ္တို႔ေလးစားတယ္။ တျခားကိစၥကို ေဆြးေႏြးသြားရအုန္းမွာေပါ့ေနာ္။

ကိုဝင္းမင္း ။.။ ဒီေနရာမွာ စုေပါင္းဦးေဆာင္မႈေနရာမွာ အဓိကအဖြဲ႔အစည္း တခုျဖစ္တဲ့ KNU အဖြဲ႔အစည္း ကိုမေတြ႔ရပါဘူး။ အရင္က KNU က ဦးေဆာင္မႈယူခဲ့ၿပီး ေနာက္ ရွမ္းက ဦးေဆာင္မႈယူခဲ့ရတာေပါ့။ အခု စုေပါင္းဦးေဆာင္မႈမွာ ရွမ္းကေတာ့ ျပန္ပါလာပါတယ္။ ဒါေပမယ့္ ကရင္ကို မေတြ႕ရဘူးေပါ့ေနာ္။ ဘယ္လိုအေနအထားျဖစ္တာပါလိ္မ့္။

ႏိုင္ေအာင္မေငး ။.။ အစတုံးက က်ေနာ္တို႔ PPST စုဖြဲ႔တုံးက KNU ကေန အဖြဲ႔ေခါင္းေဆာင္တာဝန္ယူခဲ့တယ္။ ဒုတိယတခါ RCSS ဆက္လက္တာဝန္ယူခဲ့တယ္။ အခုတခါ မြန္ျပည္သစ္ပါတီ ကို သူတို႔တာဝန္ေပးခ်င္တယ္။ ေနာက္တခုက စုဖြဲ႔မႈပုံစံကို သူတို႔ပါတီထဲမွာ တင္ျပသြားမယ္။ဒါေၾကာင့္မပါဝင္ႏိုင္ေသးတာပါ။

ကိုဝင္းမင္း ။.။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ။

.......................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

NCA တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အနေနဲ့ လက်ရှိမြန်မာနိုင်ငံ အကြပ်အတည်း ညှိနှိုင်းဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မနေ့ပြီးခဲ့တဲ့ လေးရက်ကြာ PPST ရဲ့ အင်တာနက် အွန်လိုင်းအစည်းအဝေးမှာ ယာယီအဖွဲ့ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ် နုတ်ထွက်ပြီးမွန်ပြည်သစ်ပါတီရဲ့ ဒုတိယဥက္ကဌနိုင်အောင်မင်း ဦးဆောင်တဲ့ စုပေါင်းခေါင်းဆောင်မှုအဖွဲ့ဖြစ်ပေါ်လာရာမှာ ဘာတွေထူးခြားမှုရှိပါသလဲ။ မြန်မာအကြပ်အတည်းဖြေရှင်းရေးဘာတွေလုပ်ဆောင်ဖို့ ရှိပြီး လက်ရှိ NCA အနေအထားကဘယ်လိုရှိပါသလဲ။ PPST ပြောခွင့်ရ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်အောင်မငေး ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်အောင်မငေး ။. ။ အထူးခြားဆုံးကတော့ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်ပေးဖို့ရယ်။ ဒီလိုအင်အားသုံးဖြေရှင်တာကို နောက်ဆုံးရလဒ်ကောင်းမထွက်ရှိဘူးလို့ သဘောထားချမှတ်တာပေါ့နော်။ ဒါ NCA ရဲ ချမှတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဆက်လက်စွဲစွဲမြဲမြဲဆုပ်ကိုင်သွားမယ်။ ဆက်လက်ပြီး NCA လက်မှတ်ထိုးထားတုံးက အသိသက်သေဖြစ်ထားခဲ့ကြတဲ့ အာဆီယံ၊ ဥရောပ၊ တရုတ် စတဲ့နိုင်ငံတွေကနေ ဆက်ပြီး အနှစ်သာရကို ချည်းကပ်သွားမယ်ဆိုတာ ကျနော်တို့လုပ်ဆောင်ကြပါတယ်။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ပြေလည်နိုင်အောင် NCA ရဲ့ အနှစ်သာရကို အခြေခံပြီး ဆွေးနွေးရေးကို ဒီနိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းပြီး အနှစ်သာရကို အခြေခံမယ်ဆိုတာ ဘာကို ပြောချင်တာပါလိမ့်။

နိုင်အောင်မငေး ။. ။ အနှစ်သာရကို အခြေခံမယ်ဆိုတာ အင်အားသုံးဖြေရှင်းတာဟာ ရလဒ်ကောင်မထွက်ဘူး ။ ဝိုင်းဝန်ဖြေရှင်းမှပဲ ရလဒ်ကောင်းထွက်နိုင်မယ်။ ဒါကိုလည်း ဒါကိုလည်း အခုလောလောဆယ်အနေနဲ့က NCA စာချုပ်ထဲမှာ အချက်အလက်တွေအများကြီးရှိတယ်။ နိုင်ငံရေးဆွေးနွေးချက်တွေ၊ စစ်ရေးဆိုင်ရာ ဆွေးနွေးချက်တွေ ကြားကာလ ဆွေးနွေးချက် ဒါကိုလည်း ဆုပ်ကိုင်လုပ်ဆောင်သွားမယ်။ အခုလောလောဆယ်အနေနဲ့ စစ်ကောင်စီ အနေနဲ့ကတော့ ကျနော်တို့ PPST အနေနဲ့ နိုင်ငံရေးဆွေးနွေးမှုမလုပ်ဘူး။ ဆိုင်းငံထားမယ်။ ဒါပေမယ့် ပါတီတခုချင်းအနေနဲ့ သူပါတီရဲ့ လိုအပ်ချက်အရ Bilateral ဆွေးနွေးပွဲလုပ်ချင်ရင်လည်း လုပ်နိုင်တယ်ဆိုတာ သဘောထားမှတ်ချက်ရှိပါတယ်။

ကိုဝင်းမင်း ။ ။ ဒီနေရာမှာ အဓိကကတော့ တွေ့ဆုံဆွေးနွေးရေး နဲ့ လက်ရှိအကြပ်အတည်းကို ဖြေရှင်းဖို့ပေါ့နော်။ ဘယ်လိုမျိုး ရောက်လာအောင်လုပ်ဖို့ ပြင်ဆင်ထားလဲ။

နိုင်အောင်မငေး ။. ။ အခုနက ကျနော်ပြောထားသလိုပဲပေါ့နော်။ ကျနော်တို့ လက်မှတ်ရေးထိုးထားတုံးက အသိသက်သေ နိုင်ငံတွေအများကြီးရှိပါတယ်။ အဲဒါကို ချည်းကပ်ပြီးတော့ ကျနော်တို့ ၂ဖက်ပေါ့။ အမြင်တွေတူညီရအောင် နိုင်ငံရေးပြသာနာကို နိုင်ငံရေးအရ ဆွေးနွေးဖို့ ၂ ဖက်လုံးကို ချည်းကပ်ကြမယ်။

ကိုဝင်းမင်း ။. ။ ၂ ဖက်ကို ချည်းကပ်မယ်ဆိုတာ

နိုင်အောင်မငေး ။. ။ စစ်ကောင်စီ နဲ့ NUG အစိုးရပေါ့နော်။

ကိုဝင်းမင်း ။. ။ အဲတော့ တိုက်ပွဲတချို့ကလည်း ဒေသတချို့မှာပေါ့နော်။ NCA အနေအထားကို ဘယ်လိုသတ်မှတ်ထားတာရှိလဲ။

နိုင်အောင်မငေး ။. ။ ဒါက အခြေခံတခုမှာတော့ တချိန်မှာ ရုပ်လုံးပေါ်လာမှာပါ။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ နောက်တခုက NUG အမျိုးသားညီညွတ်ရေးအစိုးရပေါ့။ ဘုံသဘောထားရပ်တည်ချက်မျိုး ထုတ်ပြန်မယ်လို့ PPST ရဲ့ ခေါင်းဆောင်ဟောင်း ပြောကြားခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုအနေအထားတွေကရော ဘယ်လိုရှိခဲ့ပါလဲ။

နိုင်အောင်မငေး. ။. ။ ကျနော်တို့ရဲ NUG ရဲ့ ကြေညာစာတမ်းတွေထုတ်တယ်။ ဒီအပေါ်မှာ ဒီအပေါ်မှာလည်း ကျနော်တို့ အပြန်အလှန်သုံးသပ်တယ်။ နိုင်ငံတော်ကို ဘယ်လိုတည်ဆောက်လဲ။ ဖက်ဒရယ်ကို ဘယ်လိုတည်ဆောက်မလဲပေါ့။ အခြေခံမူသဘောထားအပေါ်မှာများတယ်ပေါ့လေ။ ဘယ်လိုတည်ဆောက်မလဲ။ အဲဒီအပေါ်မှာတော့ ကျနော်တို့နဲ့ သဘောတူညီမှုရှိတယ်။ လုပ်ငန်းအကောင်ထည်ဖော်မှုမှာ ကျနော်တို့နဲ့ မတူကွဲပြားမှုရှိတယ်။ CRPH ကနေ ဦးစီးဦးဆောင်မှုလုပ်တာက သိပ်မတူဖူးပေါ့နော်။ ကျနော်တို့တွေးမြင်တာနဲ့ မတူတော့ ကျနော်တို့ အပြန်လှန်သုံးသပ်နေတယ်။ ကျနော်တို့ ပါတီတခုချင်းစီမှာလည်း ချပြနေတယ်။ NUG လုပ်ရပ်ပေါ်မှာ ကျနော်တို့လေးစားတယ်။ တခြားကိစ္စကို ဆွေးနွေးသွားရအုန်းမှာပေါ့နော်။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ စုပေါင်းဦးဆောင်မှုနေရာမှာ အဓိကအဖွဲ့အစည်း တခုဖြစ်တဲ့ KNU အဖွဲ့အစည်း ကိုမတွေ့ရပါဘူး။ အရင်က KNU က ဦးဆောင်မှုယူခဲ့ပြီး နောက် ရှမ်းက ဦးဆောင်မှုယူခဲ့ရတာပေါ့။ အခု စုပေါင်းဦးဆောင်မှုမှာ ရှမ်းကတော့ ပြန်ပါလာပါတယ်။ ဒါပေမယ့် ကရင်ကို မတွေ့ရဘူးပေါ့နော်။ ဘယ်လိုအနေအထားဖြစ်တာပါလိမ့်။

နိုင်အောင်မငေး ။. ။ အစတုံးက ကျနော်တို့ PPST စုဖွဲ့တုံးက KNU ကနေ အဖွဲ့ခေါင်းဆောင်တာဝန်ယူခဲ့တယ်။ ဒုတိယတခါ RCSS ဆက်လက်တာဝန်ယူခဲ့တယ်။ အခုတခါ မွန်ပြည်သစ်ပါတီ ကို သူတို့တာဝန်ပေးချင်တယ်။ နောက်တခုက စုဖွဲ့မှုပုံစံကို သူတို့ပါတီထဲမှာ တင်ပြသွားမယ်။ဒါကြောင့်မပါဝင်နိုင်သေးတာပါ။

ကိုဝင်းမင်း ။. ။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG