သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသားညီညြတ္ေရးအစိုးရဖြဲ႕စည္းျခင္းအေပၚ ဝမ္းေျမာက္ဟု PPST ေခါင္းေဆာင္မွေျပာၾကား 


Yawd Serk

{{Zawgyi/Unicode}}
အပစ္ရပ္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းေတြရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္ အဖြဲ႕ (PPST) ရဲ႕ ဒီကေန႕ က်င္းပတဲ့အစည္းအေဝးမွာ အမ်ိဳးသားညီညြတ္ေရး အစိုးရ (NUG) တရားဝင္ ဖြဲ႕စည္းတဲ့ အေပၚ ဝမ္းသာတယ္လို႔ အဖြဲ႕ေခါင္းေဆာင္က ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ NUG ကို တရားဝင္ အသိအမွတ္ ျပဳေၾကာင္း မေျပာသလို ပူးေပါင္းေဆာင္႐ြက္မယ္လို႔လည္း မေျပာတဲ့အတြက္ (PPST) ရဲ႕ ရပ္တည္ခ်က္နဲ႕ လုပ္ေဆာင္ခ်က္ဟာ ေယဘူယ်ဆန္တယ္လို႔ နိုင္ငံေရးအကဲခတ္ေတြကသုံးသပ္ထားပါတယ္။ ဗီြအိုေအသတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ကို တရားဝင္ဖြဲ႕စည္းနိုင္ျခင္းဟာ အာဏာရွင္စနစ္ အၿပီးသတ္ခ်ဳပ္ၿငိမ္းေရးနဲ႕ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ အေရးႀကီးတဲ့ ေျခလွမ္းတလွမ္းကို လွမ္းလိုက္တာ ျဖစ္သလို ဒီလိုဖြဲ႕စည္းတဲ့အေပၚ PPST အေနနဲ႕ ဝမ္းေျမာက္တယ္လို႕ တိုင္းရင္းသားအပစ္ရပ္အဖြဲ႕ (၁၀) ဖြဲ႔ရဲ႕ PPST ယာယီ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ ကေျပာဆိုလိုက္တာပါ။

အပစ္ရပ္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းေတြရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္ အဖြဲ႕ (PPST) က ဒီေန႔ ဧၿပီ ၂၆ ရက္မွာ အြန္လိုင္းေပၚက က်င္းပတဲ့ အစည္းအေဝးအတြင္း အဖြင့္မိန္႔ခြန္းထဲမွာ သူကေျပာခ့ဲတာပါ။

ဒါေပမဲ့ NUG ကို တရားဝင္အစိုးရအျဖစ္လက္ခံေၾကာင္း ပူးေပါင္းေဆာင္႐ြက္မယ့္အေၾကာင္းေတြ မေျပာတဲ့အတြက္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ရဲ႕ေျပာဆိုခ်က္ဟာ နိုင္ငံေရးအရ သံတမန္ေရးရာဆန္ေျပာဆိုတာလို႕ နိုင္ငံေရးေရးေလ့လာ သုံးသပ္သူ သီေပါၿမိဳ႕နယ္ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းဦးရဲထြန္းကသုံးသပ္ပါတယ္။

“နဲနဲ သံတမန္ေရးဆန္တာေပါ့ေနာ္။ NUG အစိုးရဖြဲ႕တဲ့အေပၚမွာ ေထာက္ခံတယ္ဆိုတာကေတာ့ နဲနဲသူတို႕ဘက္က ျငိမ္းခ်မ္းေရးေဆြးေႏြးလိုတဲ့ျဖစ္စဥ္ကို ထိခိုက္နိုင္တာေပါ့ေနာ္။ သို႕ေသာ္လည္းဘဲ အဲဒီ NUGထဲမွာ မပါဘူးဆိုလို႕ ရွိရင္ေတာ့ ဟိုဘက္က(စစ္တပ္ဘက္က) ခြင့္လႊတ္နိုင္ေသးတာေပါ့။ NUG မွာပါမယ္ေနာက္သူတို႕ဖြဲ႕စည္းမဲ့ ျပည္သူ႕ ကာကြယ္ေရး တပ္မေတာ္ေတြမွာလဲ တက္တက္ၾကြၾကြပါမယ္ဆိုရင္ေတာ့ ျပႆနာရွိၿပီးလို႕ေျပာနုိင္တယ္ေပါ့။ အဓိကေတာ့ သံတမန္ေရးအရေျပာတဲ့သေဘာပါဘဲ။ အာဏာသိမ္းတာကိုလဲေထာက္ခံရာမေရာက္ဘူးေပါ့။ အာဏာသိမ္းတာကို ဆန္႕က်င္ၿပီးေတာ့ ျပန္တိုက္မယ္ဆိုတဲ့ဟာကိုလဲ အားေပးအားေျမာက္ရာ ပူးေပါင္းရာလဲမေရာက္ဘူးေပါ့။”

စစ္တပ္အာဏာသိမ္းမႈကို ဆန႔္က်င္ရင္းေပၚေပါက္လာေသာ ေႏြဦးေတာ္လွန္ေရးအတြင္း စစ္တပ္ရဲ႕ ပစ္ခတ္ မႈေတြေၾကာင့္ ေသဆုံးခဲ့တဲ့ အရပ္သား ၇၅၀ ေက်ာ္အတြက္ စစ္ေကာင္စီေခါင္းေဆာင္ေတြက တာဝန္ယူရမယ္လို႕ေတာ့ ႐ွမ္းျပည္ေတာင္ပိုင္း တပ္မေတာ္ RCSS/ SSA South ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာၾကားခဲ့ပါတယ္။

ျပီးခဲ့တဲ့ရက္က အင္ဒိုနီးရွားနိုင္ငံဂ်ာကာတာၿမိဳ႕မွာက်င္းပခဲ့တဲ့ အာဆီယံထိပ္သီးအစည္းအေဝးသေဘာတူညီခ်က္ ေတြျဖစ္တဲ့ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္တန႔္ေရး၊ သက္ဆိုင္ရာအဖြဲ႕အစည္းအားလုံး ေတြ႕ဆုံေဆြးေႏြးေရး၊ ေတြ႕ဆုံေဆြးေႏြးေရးကို အာဆီယံအထူးကိုယ္စားလွယ္က ၾကားဝင္ေစ့စပ္ေပးေရး၊ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပး ေရး နဲ႕အာဆီယံ အထူးကိုယ္စားလွယ္ ျမန္မာျပည္အတြင္းကို ဝင္ေရာက္ၿပီး သက္ဆိုင္ရာအဖြဲ႕ အစည္းေတြနဲ႕ ေတြ႕ဆုံခြင့္ ရေရး စတဲ့အခ်က္ေတြကို ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕(PPST) အေနနဲ႕ ပူးေပါင္းေဆာင္ရြက္သြား မယ္လို႕ လည္း ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

ဒီအေပၚနိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္းကအခုလိုေျပာပါတယ္။

“အခုလို အာစီယံတို႕ဘာတို႕ရဲ႕ ဆုံးျဖတ္ခ်က္ကို ပူးေပါင္းသြားမယ္တို႕ဘာတို႕ဆိုတာေတြကေတာ့ နိုင္ငံေရးသေဘာ ေဆာင္တာေပါ့ေနာ္။ နိုင္ငံေရးအရ ဘာဘဲျဖစ္ျဖစ္အျပဳသေဘာနဲ႕ ျပႆနာေတြကို အျပဳသေဘာနဲ႕ ေျဖရွင္းသြားဖို႕ဆိုတဲ့ သေဘာေဆာင္တာေပါ့။ အာဆီယံဆုံးျဖတ္ခ်က္က ျမန္မာနိုင္ငံကသြားၿပီးတက္တဲ့ကိုယ္စားလွယ္ ကာကြယ္ေရးဦးစီးခ်ဳပ္ မင္းေအာင္လွိဳင္ရဲ႕ သေဘာတူညီခ်က္နဲ႕ ခ်မွတ္တယ္လို႕ကြ်န္ေတာ္ကယူဆတယ္။ ဘာေၾကာင့္လဲဆိုသူတို႕က ဆုံးျဖတ္ခ်က္တခုကို တနိုင္ငံကသေဘာမတူရင္ခ်လို႕မရဘူးေလ။ ဒီလိုသေဘာတူနိုင္ေအာင္တခ်ိဳ႕အခ်က္ကိုျဖဳတ္ေပးရတယ္။ ဥပမာအားျဖင့္အထိန္းသိမ္းခံ အဖမ္းဆီးခံထားရတဲ့ပုဂၢိဳလ္ေတြ အားလုံးျပန္လႊတ္ေပးဖို႕အခ်က္မ်ိဳး မပါတာေပါ့။ ကာကြယ္ေရးဦးစီးခ်ဳပ္ကလဲသေဘာတူညီခဲ့တဲ့ ဆုံးျဖတ္ခ်က္ယူဆရတာေပါ့ေနာ္။ အဲတာကိုPPSTကေထာက္ခံတယ္ ပူးေပါင္းေဆာင္ရြက္မယ္ဆိုေတာ့ ဒါကေတာ့ျပႆနာမရွိေလာက္ဘူး။”

ဧၿပီ(၁၆) ရက္မွာ အမ်ိဳးသားညီညြတ္ေရး အစိုးရ (NUG) ကို တရားဝင္ဖြဲ႕စည္းေၾကာင္း ျပည္သူ႕လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မီတီ CRPHကေန ေၾကညာခဲ့ရာမွာ PPST ထဲမွာပါတဲ့ ခ်င္းအမ်ိဳးသားတပ္ဦး (CNF) အဖြဲ႕ထဲက ေဒါက္ တာဆလိုင္းလ်န္မႈန္းဆာေခါင္ကလည္း NUG အစုိးရအဖဲြ႔ထဲ ပါဝင္လာတာ ေတ႔ြရပါတယ္။

မြန္ျပည္သစ္ပါတီဗဟိုအလုပ္အမွဳေဆာင္ေကာ္မတီ၀င္ နိုင္ေအာင္မေငးကေတာ့ လက္ရွိနိုင္ငံေရးအခင္းအက်င္းမွာ သတိၾကီးၾကီးထား လုပ္ေဆာင္သြားရမယ္လို႕သူ႕ရဲ႕အျမင္ကို မြန္ဘာသာနဲ႕အခုလိုေျပာပါတယ္။

“အခုအလိုအေျခအေနမ်ိဳးမွာ သတိႀကီးႀကီးထားရပါမယ္။ မိတ္ဖက္ဆက္စပ္မႈေတြဟာ အႏၲရာယ္ ၂ ဘက္စလုံးရွိ တတ္ပါတယ္။ အႏၲရယ္ႀကီးႀကီး ေသးေသး ၂ ဖက္စလုံးမွာရွိေနပါတယ္ ဒါေၾကာင့္ က်ေနာ္တို႔အေနနဲ႔ မွန္ကန္စြာ သုံးသပ္ဆုံးျဖတ္တတ္ဖို႔လိုပါတယ္။ ဆုံးျဖတ္ခ်က္ေတြမွားတာနဲ႔ မိမိတစ္ဦးတည္းအတြက္သာမက တစ္မ်ိဳးသားလုံး အတြက္ပါ အႏၲရယ္ေတြနဲ႔ ထိပ္တိုက္တိုးရင္ဆိုင္ရပါလိမ့္မယ္။ ”

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕(PPST) အစည္းအေဝးကို မနက္ဖန္ဧျပီလ(၂၇)ရက္ေန႕အထိ Video Conferencing ျဖင့္ က်င္းပေနၿပီး ဘာေတြအေသးစိတ္ ေဆြးေႏြးေနသလဲဆိုတာေတာ့ မသိရေသးပါဘူး။

ဒီအစည္းေ၀းမွာ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU)၊ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ/ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ (RCSS/ SSA)၊ မြန္ျပည္သစ္ပါတီ (NMSP)၊ ျမန္မာနိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားဒီမိုကရက္ တစ္တပ္ဦး (ABSDF)၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP)၊ ခ်င္းအမ်ိဳးသားတပ္ဦး (CNF)၊ ဒီမိုကေရစီ အက်ိဳးျပဳ ကရင္တပ္မေတာ္ (DKBA)စတဲ့အဖြဲ႕(၁၀)ဖြဲ႕ေခါင္းေဆာင္ေတြေဆြးေႏြးေနတာလဲျဖစ္ပါတယ္။

ျပီးခဲ့တဲ့ဧျပီလ(၅)ရက္ေန႕မွာက်င္းပၿပီးစည္းခဲ့တဲ့(PPST) အစည္းအေဝးတုန္းကေတာ့ စစ္ေကာင္စီတပ္ကေန လက္္နက္မဲ့ ျပည္သူေတြကုိအၾကမ္းဖက္သတ္ျဖတ္ႏွိမ္ႏွင္းမွဳကိုရပ္တန္႕ဖို႕ ဖမ္းဆီးထိန္းသိမ္းထားတဲ့ သူေတြကိုအျမန္ဆုံး လႊတ္ေပးဖို႕ ျပည္သူေတြဆင္ႏႊဲေနတဲ့ ေႏြဦးေတာ္လွန္ေရးနဲ႕CDMလွဳပ္ရွားမွဳေတြကို ဆက္လက္ကူညီသြားမယ္ဆိုတာနဲ႕ CRPHရဲ႕၂၀၀၈ဖြဲ႕စည္းပုံဥပေဒကိုဖ်က္သိမ္းေၾကာင္း ဖက္ဒရယ္ဒီမိုကေရစီပဋိညဥ္ေၾကညာခ်က္ကိုၾကိဳဆိုေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) ရဲ့ ဒီကနေ့ ကျင်းပတဲ့အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တရားဝင် ဖွဲ့စည်းတဲ့ အပေါ် ဝမ်းသာတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ NUG ကို တရားဝင် အသိအမှတ် ပြုကြောင်း မပြောသလို ပူးပေါင်းဆောင်ရွက်မယ်လို့လည်း မပြောတဲ့အတွက် (PPST) ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်ဟာ ယေဘူယျဆန်တယ်လို့ နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ထားပါတယ်။ ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်ဖွဲ့စည်းနိုင်ခြင်းဟာ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတလှမ်းကို လှမ်းလိုက်တာ ဖြစ်သလို ဒီလိုဖွဲ့စည်းတဲ့အပေါ် PPST အနေနဲ့ ဝမ်းမြောက်တယ်လို့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့ (၁၀) ဖွဲ့ရဲ့ PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကပြောဆိုလိုက်တာပါ။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) က ဒီနေ့ ဧပြီ ၂၆ ရက်မှာ အွန်လိုင်းပေါ်က ကျင်းပတဲ့ အစည်းအဝေးအတွင်း အဖွင့်မိန့်ခွန်းထဲမှာ သူကပြောခဲ့တာပါ။

ဒါပေမဲ့ NUG ကို တရားဝင်အစိုးရအဖြစ်လက်ခံကြောင်း ပူးပေါင်းဆောင်ရွက်မယ့်အကြောင်းတွေ မပြောတဲ့အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ပြောဆိုချက်ဟာ နိုင်ငံရေးအရ သံတမန်ရေးရာဆန်ပြောဆိုတာလို့ နိုင်ငံရေးရေးလေ့လာ သုံးသပ်သူ သီပေါမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းကသုံးသပ်ပါတယ်။

“နဲနဲ သံတမန်ရေးဆန်တာပေါ့နော်။ NUG အစိုးရဖွဲ့တဲ့အပေါ်မှာ ထောက်ခံတယ်ဆိုတာကတော့ နဲနဲသူတို့ဘက်က ငြိမ်းချမ်းရေးဆွေးနွေးလိုတဲ့ဖြစ်စဉ်ကို ထိခိုက်နိုင်တာပေါ့နော်။ သို့သော်လည်းဘဲ အဲဒီ NUGထဲမှာ မပါဘူးဆိုလို့ ရှိရင်တော့ ဟိုဘက်က(စစ်တပ်ဘက်က) ခွင့်လွှတ်နိုင်သေးတာပေါ့။ NUG မှာပါမယ်နောက်သူတို့ဖွဲ့စည်းမဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော်တွေမှာလဲ တက်တက်ကြွကြွပါမယ်ဆိုရင်တော့ ပြဿနာရှိပြီးလို့ပြောနိုင်တယ်ပေါ့။ အဓိကတော့ သံတမန်ရေးအရပြောတဲ့သဘောပါဘဲ။ အာဏာသိမ်းတာကိုလဲထောက်ခံရာမရောက်ဘူးပေါ့။ အာဏာသိမ်းတာကို ဆန့်ကျင်ပြီးတော့ ပြန်တိုက်မယ်ဆိုတဲ့ဟာကိုလဲ အားပေးအားမြောက်ရာ ပူးပေါင်းရာလဲမရောက်ဘူးပေါ့။”

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်းပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးအတွင်း စစ်တပ်ရဲ့ ပစ်ခတ် မှုတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၇၅၀ ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်တွေက တာဝန်ယူရမယ်လို့တော့ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/ SSA South ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်က အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးသဘောတူညီချက် တွေဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေးကို အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေး ရေး နဲ့အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်အတွင်းကို ဝင်ရောက်ပြီး သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံခွင့် ရရေး စတဲ့အချက်တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အနေနဲ့ ပူးပေါင်းဆောင်ရွက်သွား မယ်လို့ လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီအပေါ်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကအခုလိုပြောပါတယ်။

“အခုလို အာစီယံတို့ဘာတို့ရဲ့ ဆုံးဖြတ်ချက်ကို ပူးပေါင်းသွားမယ်တို့ဘာတို့ဆိုတာတွေကတော့ နိုင်ငံရေးသဘော ဆောင်တာပေါ့နော်။ နိုင်ငံရေးအရ ဘာဘဲဖြစ်ဖြစ်အပြုသဘောနဲ့ ပြဿနာတွေကို အပြုသဘောနဲ့ ဖြေရှင်းသွားဖို့ဆိုတဲ့ သဘောဆောင်တာပေါ့။ အာဆီယံဆုံးဖြတ်ချက်က မြန်မာနိုင်ငံကသွားပြီးတက်တဲ့ကိုယ်စားလှယ် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ သဘောတူညီချက်နဲ့ ချမှတ်တယ်လို့ကျွန်တော်ကယူဆတယ်။ ဘာကြောင့်လဲဆိုသူတို့က ဆုံးဖြတ်ချက်တခုကို တနိုင်ငံကသဘောမတူရင်ချလို့မရဘူးလေ။ ဒီလိုသဘောတူနိုင်အောင်တချို့အချက်ကိုဖြုတ်ပေးရတယ်။ ဥပမာအားဖြင့်အထိန်းသိမ်းခံ အဖမ်းဆီးခံထားရတဲ့ပုဂ္ဂိုလ်တွေ အားလုံးပြန်လွှတ်ပေးဖို့အချက်မျိုး မပါတာပေါ့။ ကာကွယ်ရေးဦးစီးချုပ်ကလဲသဘောတူညီခဲ့တဲ့ ဆုံးဖြတ်ချက်ယူဆရတာပေါ့နော်။ အဲတာကိုPPSTကထောက်ခံတယ် ပူးပေါင်းဆောင်ရွက်မယ်ဆိုတော့ ဒါကတော့ပြဿနာမရှိလောက်ဘူး။”

ဧပြီ(၁၆) ရက်မှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင်ဖွဲ့စည်းကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ CRPHကနေ ကြေညာခဲ့ရာမှာ PPST ထဲမှာပါတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့ထဲက ဒေါက် တာဆလိုင်းလျန်မှုန်းဆာခေါင်ကလည်း NUG အစိုးရအဖွဲ့ထဲ ပါဝင်လာတာ တေ့ွရပါတယ်။

မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ သတိကြီးကြီးထား လုပ်ဆောင်သွားရမယ်လို့သူ့ရဲ့အမြင်ကို မွန်ဘာသာနဲ့အခုလိုပြောပါတယ်။

“အခုအလိုအခြေအနေမျိုးမှာ သတိကြီးကြီးထားရပါမယ်။ မိတ်ဖက်ဆက်စပ်မှုတွေဟာ အန္တရာယ် ၂ ဘက်စလုံးရှိ တတ်ပါတယ်။ အန္တရယ်ကြီးကြီး သေးသေး ၂ ဖက်စလုံးမှာရှိနေပါတယ် ဒါကြောင့် ကျနော်တို့အနေနဲ့ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်တတ်ဖို့လိုပါတယ်။ ဆုံးဖြတ်ချက်တွေမှားတာနဲ့ မိမိတစ်ဦးတည်းအတွက်သာမက တစ်မျိုးသားလုံး အတွက်ပါ အန္တရယ်တွေနဲ့ ထိပ်တိုက်တိုးရင်ဆိုင်ရပါလိမ့်မယ်။ ”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကို မနက်ဖန်ဧပြီလ(၂၇)ရက်နေ့အထိ Video Conferencing ဖြင့် ကျင်းပနေပြီး ဘာတွေအသေးစိတ် ဆွေးနွေးနေသလဲဆိုတာတော့ မသိရသေးပါဘူး။

ဒီအစည်းဝေးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)စတဲ့အဖွဲ့(၁၀)ဖွဲ့ခေါင်းဆောင်တွေဆွေးနွေးနေတာလဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ(၅)ရက်နေ့မှာကျင်းပပြီးစည်းခဲ့တဲ့(PPST) အစည်းအဝေးတုန်းကတော့ စစ်ကောင်စီတပ်ကနေ လက်နက်မဲ့ ပြည်သူတွေကိုအကြမ်းဖက်သတ်ဖြတ်နှိမ်နှင်းမှုကိုရပ်တန့်ဖို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကိုအမြန်ဆုံး လွှတ်ပေးဖို့ ပြည်သူတွေဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးနဲ့CDMလှုပ်ရှားမှုတွေကို ဆက်လက်ကူညီသွားမယ်ဆိုတာနဲ့ CRPHရဲ့၂၀၀၈ဖွဲ့စည်းပုံဥပဒေကိုဖျက်သိမ်းကြောင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညဉ်ကြေညာချက်ကိုကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။



၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG