(Zawgyi / Unicode)
NCA အပစ္ရပ္စာခ်ဳပ္လက္မွတ္ထိုး တုိင္းရင္းသားလက္နက္ကိုင္ ၁၀ ဖဲြ႔ရဲ႕ ထိပ္သီးအစည္းအေဝးဟာ ဒီကေန႔ ၿပီးဆံုးခဲ့ၿပီး CRPH ေခၚ ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီက ထုတ္ျပန္တဲ့ ၂၀၀၈ ဖဲြ႔စည္းပံု ဖ်က္သိမ္းတာနဲ႔ ဖက္ဒရယ္ဒီမုိကေရစီ ပဋိညာဥ္ကုိ ႀကိဳဆုိလုိက္တာအျပင္ CRPH နဲ႔ ပူးေပါင္းေဆာင္ရြက္မယ့္ အလားအလာေတြအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကုိ မဆုမြန္ တင္ျပေပးထားပါတယ္။
NCA မွာ ပါဝင္တဲ့ လက္နက္ကိုင္ ၁၀ ဖဲြ႔ရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ PPST အစည္းအေဝးကို Video Conferencing နဲ႔ ၂ ရက္ၾကာ က်င္းပၿပီးတဲ့ေနာက္မွာ ၂၀၀၈ ဖဲြ႔စည္းပံု ဖ်က္သိမ္းတာနဲ႔ ဖက္ဒရယ္ဒီမုိကေရစီ ပဋိညာဥ္ ထုတ္ျပန္တာကို ေထာက္ခံႀကိဳဆုိေၾကာင္း ဆံုးျဖတ္ခဲ့တာပါ။
ဒီဆံုးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး PPST ယာယီအဖဲြ႔ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ရဲ႕ အစည္းအေဝးအၿပီး အပိတ္မိန္႔ခြန္းမွာ အခုလို ထည့္သြင္း ေျပာဆုိထားပါတယ္။
“ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ရဲ႕ ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒအား အၿပီးသတ္ ဖ်က္သိမ္းေၾကာင္း ေၾကညာခ်က္ႏွင့္ CRPH ထုတ္ျပန္ခဲ့တဲ့ ဖက္ဒရယ္ဒီမုိကေရစီ ပဋိညာဥ္တို႔အား ႀကိဳဆုိပါေၾကာင္း ေျပာၾကားလုိပါတယ္။”
PPST ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔က ဒီေန႔ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာလည္း ဒီအခ်က္ေတြကို ထည့္သြင္းထားပါတယ္။
ဒီလုိ ေထာက္ခံႀကိဳဆုိထားေပမယ့္ CRPH နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အတြက္ကေတာ့ ေဆြးေႏြးေနဆဲရိွေၾကာင္း PPST ရဲ႕ ေျပာေရးဆုိခြင့္ရိွသူ ေဒါက္တာ လ်န္မႈန္းဆာေခါင္းက ဗြီအိုေအကို ေျပာပါတယ္။
“က်ေနာ္တုိ႔ ၁၀ ဖဲြ႔လံုး အေနနဲ႔ေတာ့ ပ့့ံပိုးကူညီမယ္ဆိုတဲ့ အဆင့္မွာ ရိွပါတယ္။ ပူးေပါင္းေဆာင္ရြက္ဖို႔ အဆင့္ၾကေတာ့ က်ေနာ္တုိ႔ တဖြဲ႔ခ်င္းအတြင္းမွာ ျပန္တုိင္ပင္ၿပီးေတာ့ လုိအပ္လုိ႔ရိွရင္ စုေပါင္း ပူးေပါင္းပါဝင္မယ္။ လိုအပ္လုိ႔ရိွရင္ တဖြဲ႔ခ်င္းအေနနဲ႔လည္း ပူးေပါင္းေဆာင္ရြက္ဖုိ႔ ျဖစ္ပါတယ္။ က်ေနာ္တုိ႔ အေနနဲ႔ကေတာ့ အခု ျပည္သူလူထု တရပ္လံုးက ဆင္ႏႊဲေနတာကုိ အားေပးမယ္၊ ေထာက္ခံမယ္၊ ကူညီမယ္။ ဒီထဲမွာ ပူးေပါင္းေဆာင္ရြက္မယ္ ဆုိတာကေတာ့ က႑အရ အမ်ားႀကီးရိွပါတယ္။ သို႔ေသာ္ ပူးေပါင္းေဆာင္ရြက္တဲ့ နည္းလမ္းကေတာ့ က်ေနာ္တုိ႔မွာ ေဆြးေႏြးေနတုန္း ျဖစ္ပါတယ္။”
ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) က ဖဲြ႔စည္းသြားမယ္လုိ႔ ေၾကညာထားတဲ့ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ ကိစၥကိုလည္း တရားဝင္ေဆြးေႏြးထားတာ မရိွေသးေၾကာင္း ေဒါက္တာ လ်န္မႈန္းဆာေခါင္းက ဆက္ေျပာပါတယ္။
“ဖက္ဒရယ္အာမီကိစၥနဲ႔ CRPH နဲ႔ က်ေနာ္တုိ႔ PPST အတြင္းမွာ တရားဝင္ေဆြးေႏြးတဲ့ အဆင့္ေတာင္ မေရာက္ေသးဘူး။ က်ေနာ္တုိ႔ တိုင္ပင္ညႇိႏိႈင္းၿပီးေတာ့မွ ဒါ ဘယ္လုိပူးေပါင္းေဆာင္ရြက္မလဲဆုိတဲ့ အဆင့္က်မွပဲ က်ေနာ္ ဒီကိစၥကို ေျဖၾကားလုိ႔ရမွာ ျဖစ္ပါတယ္။”
တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖဲြ႔အေနနဲ႔ NCA ေခၚ အပစ္ရပ္စာခ်ဳပ္ဟာ ျပည္ေထာင္စုအစိုးရနဲ႔ ခ်ဳပ္ဆုိတဲ့ စာခ်ဳပ္ျဖစ္တာေၾကာင့္ လက္ရိွအေျခအေနမွာ စစ္ေကာင္စီနဲ႔ ႏိုင္ငံေရးေဆြးေႏြးမွာ မဟုတ္ဘဲ ေရြးေကာက္ခံ ျပည္ေထာင္စုအစိုးရ ျပန္လည္ဖဲြ႔စည္းၿပီးမွသာ ႏိုင္ငံေရးေဆြးေႏြးဖုိ႔ ရိွေနတာ ျဖစ္ပါတယ္။
NCA စာခ်ဳပ္အရ ေဆြးေႏြးမႈေတြ ရပ္ဆုိင္းခ်ိန္မွာ NCA လက္မွတ္ေရးထိုးတဲ့ အဖဲြ႔ေတြနဲ႔ မထိုးေသးတဲ့အဖဲြ႔ေတြ စုစည္းၿပီး PPST ေခၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ကို ဖက္ဒရယ္ေကာင္စီအျဖစ္ ဖဲြ႔စည္းသြားဖုိ႔လည္း ျပင္ဆင္ေနေၾကာင္း ေဒါက္တာ လ်န္မႈန္းဆာေခါင္းက ေျပာပါတယ္။
ဒီကေန႔ထုတ္ျပန္တဲ့ PPST ရဲ႕ ေၾကညာခ်က္မွာ အျပစ္မဲ့ျပည္သူေတြကို စစ္ေကာင္စီက အၾကမ္းဖက္သတ္ျဖတ္ ပစ္ခတ္ႏွိမ္နင္းမႈကို ခ်က္ခ်င္းရပ္တန္႔ဖို႔၊ ဖမ္းဆီးထားသူေတြကို ႁခြင္းခ်က္မရိွ အျမန္ဆံုးလႊတ္ေပးဖို႔၊ ျပည္သူလူထု တရပ္လုံးက ဆင္ႏႊဲေနတဲ့ ေႏြဦးေတာ္လွန္ေရး အပါအဝင္ CDM လႈပ္ရွားမႈမ်ားကုိ ဆက္လက္ပံ့ပုိး ကူညီဖုိ႔တုိ႔အျပင္ ၂၀၀၈ ဖြဲ႔စည္းပုံ ဖ်က္သိမ္းေၾကာင္း CRPH ရဲ႕ ေၾကညာခ်က္ကုိ ႀကိဳဆုိေၾကာင္းနဲ႔ CRPH က ထုတ္လုိက္တဲ့ ဖက္ဒရယ္ဒီမုိကေရစီ ပဋိညာဥ္ ေၾကညာခ်က္ကုိ ႀကိဳဆုိေၾကာင္း စတဲ့ အခ်က္ ၅ ခ်က္ကုိ ထည့္သြင္း ေဖာ္ျပထားပါတယ္။
----------------------
(Unicode)
CRPH ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းကြောင်း ကြေညာချက်ကို NCA ၁၀ ဖွဲ့ ကြိုဆို
NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးခဲ့ပြီး CRPH ခေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ပြန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ကြိုဆိုလိုက်တာအပြင် CRPH နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အလားအလာတွေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန် တင်ပြပေးထားပါတယ်။
NCA မှာ ပါဝင်တဲ့ လက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို Video Conferencing နဲ့ ၂ ရက်ကြာ ကျင်းပပြီးတဲ့နောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ထုတ်ပြန်တာကို ထောက်ခံကြိုဆိုကြောင်း ဆုံးဖြတ်ခဲ့တာပါ။
ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ အစည်းအဝေးအပြီး အပိတ်မိန့်ခွန်းမှာ အခုလို ထည့်သွင်း ပြောဆိုထားပါတယ်။
“ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာချက်နှင့် CRPH ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တို့အား ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။”
PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ဒီအချက်တွေကို ထည့်သွင်းထားပါတယ်။
ဒီလို ထောက်ခံကြိုဆိုထားပေမယ့် CRPH နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတွက်ကတော့ ဆွေးနွေးနေဆဲရှိကြောင်း PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ လျန်မှုန်းဆာခေါင်းက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ ၁၀ ဖွဲ့လုံး အနေနဲ့တော့ ပံ့ပိုးကူညီမယ်ဆိုတဲ့ အဆင့်မှာ ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်ကြတော့ ကျနော်တို့ တဖွဲ့ချင်းအတွင်းမှာ ပြန်တိုင်ပင်ပြီးတော့ လိုအပ်လို့ရှိရင် စုပေါင်း ပူးပေါင်းပါဝင်မယ်။ လိုအပ်လို့ရှိရင် တဖွဲ့ချင်းအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ အခု ပြည်သူလူထု တရပ်လုံးက ဆင်နွှဲနေတာကို အားပေးမယ်၊ ထောက်ခံမယ်၊ ကူညီမယ်။ ဒီထဲမှာ ပူးပေါင်းဆောင်ရွက်မယ် ဆိုတာကတော့ ကဏ္ဍအရ အများကြီးရှိပါတယ်။ သို့သော် ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကတော့ ကျနော်တို့မှာ ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။”
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းသွားမယ်လို့ ကြေညာထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ကိစ္စကိုလည်း တရားဝင်ဆွေးနွေးထားတာ မရှိသေးကြောင်း ဒေါက်တာ လျန်မှုန်းဆာခေါင်းက ဆက်ပြောပါတယ်။
“ဖက်ဒရယ်အာမီကိစ္စနဲ့ CRPH နဲ့ ကျနော်တို့ PPST အတွင်းမှာ တရားဝင်ဆွေးနွေးတဲ့ အဆင့်တောင် မရောက်သေးဘူး။ ကျနော်တို့ တိုင်ပင်ညှိနှိုင်းပြီးတော့မှ ဒါ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ အဆင့်ကျမှပဲ ကျနော် ဒီကိစ္စကို ဖြေကြားလို့ရမှာ ဖြစ်ပါတယ်။”
တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနေနဲ့ NCA ခေါ် အပစ်ရပ်စာချုပ်ဟာ ပြည်ထောင်စုအစိုးရနဲ့ ချုပ်ဆိုတဲ့ စာချုပ်ဖြစ်တာကြောင့် လက်ရှိအခြေအနေမှာ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှာ မဟုတ်ဘဲ ရွေးကောက်ခံ ပြည်ထောင်စုအစိုးရ ပြန်လည်ဖွဲ့စည်းပြီးမှသာ နိုင်ငံရေးဆွေးနွေးဖို့ ရှိနေတာ ဖြစ်ပါတယ်။
NCA စာချုပ်အရ ဆွေးနွေးမှုတွေ ရပ်ဆိုင်းချိန်မှာ NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေနဲ့ မထိုးသေးတဲ့အဖွဲ့တွေ စုစည်းပြီး PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ကို ဖက်ဒရယ်ကောင်စီအဖြစ် ဖွဲ့စည်းသွားဖို့လည်း ပြင်ဆင်နေကြောင်း ဒေါက်တာ လျန်မှုန်းဆာခေါင်းက ပြောပါတယ်။
ဒီကနေ့ထုတ်ပြန်တဲ့ PPST ရဲ့ ကြေညာချက်မှာ အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ် ပစ်ခတ်နှိမ်နင်းမှုကို ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့၊ ပြည်သူလူထု တရပ်လုံးက ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး အပါအဝင် CDM လှုပ်ရှားမှုများကို ဆက်လက်ပံ့ပိုး ကူညီဖို့တို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းကြောင်း CRPH ရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်းနဲ့ CRPH က ထုတ်လိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကြေညာချက်ကို ကြိုဆိုကြောင်း စတဲ့ အချက် ၅ ချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။