သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH ဖယ္ဒရယ္ပဋိညာဥ္ ေၾကညာစာတမ္း ထုတ္ျပန္


Committee Representing Pyidaungsu Hluttaw - CRPH

(Zawgyi/Unicode)

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က မတ္လ ၃၁ ရက္ေန႔စြဲနဲ႔ ဖယ္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္စာတမ္းကို ထုတ္ျပန္လိုက္ပါတယ္။ CRPH ရဲ ႔ ေၾကညာခ်က္အမွတ္ (၁၉ /၂၀၂၁) အရ ျပည္ေထာင္စုအတြင္း ေပၚေပါက္ေနတဲ့ အရင္းခံျပႆနာေတြ အၿပီးသတ္ ခ်ဳပ္ၿငိမ္းၿပီး တုိင္းရင္းသားျပည္သူတရပ္လုံး ပါ၀င္ႏိုင္မယ့္ ဖယ္ဒရယ္ဒီမိုကေရစီစနစ္ ထူေထာင္ႏုိင္ေရးအတြက္ ဖယ္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္ကို ထုတ္ျပန္ေၾကညာေၾကာင္းေဖာ္ျပထားပါတယ္။

တန္းတူေရးနဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ကိုအာမခံတဲ့ ဖယ္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို တည္ေထာင္ဖို႔၊ လူမ်ိဳးအားလုံး၊ နုိင္ငံသားအားလုံး လြတ္လပ္မႈ၊ တရားမ ွ်တမႈ၊ တန္းတူညီမ ွ်မႈေတြကို အေျခခံၿပီး အျပန္အလွန္ေလးစားမႈနဲ႔ ေသြးစည္းညီညႊတ္စြာ အတူလက္တြဲေနထုိင္ႏုိ္င္ဖို႔ ဆိုတဲ့ သႏၷိ႒ာန္နဲ႔ ပဋိညာဥ္စာတမ္းကို ထုတ္ျပန္ေၾကညာပါတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲမွာ ျပည္သူေတြကေရြးခ်ယ္အပ္ႏွင္းထားတဲ့ အာဏာကို ကုိင္စြဲၿပီး ၂၀၂၁ ခုႏွစ္၊ ဧၿပီလ ပထမအပတ္မွာ အမ်ိဳးသားညီညႊတ္ေရးအစိုးရတရပ္ကို ဖြဲ႔စည္းထူေထာင္သြားမယ္လို႔လည္း ေဖာ္ျပထားတာပါ။ အဲဒီ အမ်ိဳးသားညီညႊတ္ေရးအစိုးရနဲ႔ ဖယ္ဒရယ္ ဒီမိုကေရစီေရး အင္အားစုေတြ အတူလက္တြဲၿပီး ပဋိညာဥ္ပါ ဦးတည္ခ်က္၊ ရည္ရြယ္ခ်က္ေတြနဲ႔ႏုိင္ငံေရး လမ္းျမေျမပုံအဆင့္ဆင့္ကို စုေပါင္းေခါင္းေဆာင္မႈနဲ႔ လက္ေတြ႔အေကာင္အထည္ေဖာ္သြားမယ္ လို႔လည္း CRPH ရဲ ႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ပဋိညာဥ္စာတမ္းကို ေရြးေကာက္ခံလႊတ္ေတာ္အမတ္ေတြ၊ ႏုိင္ငံေရးပါတီေတြ၊ CDM လႈပ္ရွားမႈေခါင္းေဆာင္ေတြ၊ အေထြေထြသပိတ္အုပ္စုေတြ၊ အမ်ိဳးသမီး နဲ႔လူငယ္အင္အားစုေတြ၊ အရပ္ဖက္လူမႈအဖြဲ႔အစည္းေတြ၊ တုိင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္ေတြနဲ႔ စုေပါင္းေဆြးေႏြးသေဘာတူ ဆုံးျဖတ္ထားတာျဖစ္တယ္လို႔လည္း စာတမ္းရဲ ႔ ပထမဆုံး စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

CRPH ဖယ္ဒရယ္ပဋိညာဥ္ ေၾကညာစာတမ္း ထုတ္ျပန္
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္


...........

CRPH ဖယ်ဒရယ်ပဋိညာဉ် ကြေညာစာတမ်း ထုတ်ပြန်

(Unicode)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မတ်လ ၃၁ ရက်နေ့စွဲနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။ CRPH ရဲ့ ကြေညာချက်အမှတ် (၁၉ /၂၀၂၁) အရ ပြည်ထောင်စုအတွင်း ပေါ်ပေါက်နေတဲ့ အရင်းခံပြဿနာတွေ အပြီးသတ် ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူတရပ်လုံး ပါဝင်နိုင်မယ့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ထုတ်ပြန်ကြေညာကြောင်းဖော်ပြထားပါတယ်။

တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ဖို့၊ လူမျိုးအားလုံး၊ နိုင်ငံသားအားလုံး လွတ်လပ်မှု၊ တရားမ ျှတမှု၊ တန်းတူညီမ ျှမှုတွေကို အခြေခံပြီး အပြန်အလှန်လေးစားမှုနဲ့ သွေးစည်းညီညွှတ်စွာ အတူလက်တွဲနေထိုင်နိုင်ဖို့ ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ပဋိညာဉ်စာတမ်းကို ထုတ်ပြန်ကြေညာပါတယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေကရွေးချယ်အပ်နှင်းထားတဲ့ အာဏာကို ကိုင်စွဲပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ပထမအပတ်မှာ အမျိုးသားညီညွှတ်ရေးအစိုးရတရပ်ကို ဖွဲ့စည်းထူထောင်သွားမယ်လို့လည်း ဖော်ပြထားတာပါ။ အဲဒီ အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ ဖယ်ဒရယ် ဒီမိုကရေစီရေး အင်အားစုတွေ အတူလက်တွဲပြီး ပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေနဲ့နိုင်ငံရေး လမ်းမြမြေပုံအဆင့်ဆင့်ကို စုပေါင်းခေါင်းဆောင်မှုနဲ့ လက်တွေ့အကောင်အထည်ဖော်သွားမယ် လို့လည်း CRPH ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ပဋိညာဉ်စာတမ်းကို ရွေးကောက်ခံလွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ CDM လှုပ်ရှားမှုခေါင်းဆောင်တွေ၊ အထွေထွေသပိတ်အုပ်စုတွေ၊ အမျိုးသမီး နဲ့လူငယ်အင်အားစုတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်တွေနဲ့ စုပေါင်းဆွေးနွေးသဘောတူ ဆုံးဖြတ်ထားတာဖြစ်တယ်လို့လည်း စာတမ်းရဲ့ ပထမဆုံး စာမျက်နှာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG