သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္-ျမန္မာနယ္စပ္ ႏွစ္ဘက္ေဒသခံေတြၾကား နယ္ေျမအျငင္းပြား


အျငင္းပြားေန ေသာ တရုတ္-ျမန္မာ ျခံစည္းရုိးအား ေဒသခံမ်ားသြားေရာက္ျဖိဳလွဲစဥ္ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

တရုတ္-ျမန္မာနယ္စပ္၊ မံစီၿမိဳ႔နယ္၊ မန္႔၀ိန္းၾကီးေဒသမွာ တရုတ္ႏုိင္ငံဘက္ ေဒသခံေတြက ျမန္မာပိုင္နယ္ေျမအတြင္း ျခံစည္းရိုးခတ္လာတာေၾကာင့္ ႏွစ္ဘက္ေဒသခံေတၾကား အျငင္းပြားေနပါတယ္။ ဒီကိစၥကို ျမန္မာအာဏာပိုင္ေတြအေနနဲ႔ ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းေပးဖုိ႔ မန္႔၀ိန္းၾကီေဒသခံေတြက လိုလားေနၾကပါတယ္။ တရုတ္-ျမန္မာနယ္စပ္ အျငင္းပြားမႈအေျခအေန ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္ႏုိင္က ေျပာျပပါမယ္။

လက္ရိွ နယ္ေျမအျငင္းပြားတဲ့ေနရာက တရုတ္-ျမန္မာနယ္စပ္ နယ္ျခားမွတ္တိုင္အမွတ္ ၅၃/ ၁ နဲ႔ ၂ ၾကားမွာ ျဖစ္ၿပီး ဒီလ ၂၂ ရက္နဲ႔ ၂၃ ရက္မွာ တရုတ္ဘက္က ျမန္မာပိုင္နယ္ေျမထဲ ဧက ၈၀ ေလာက္ထိကို ၀င္ေရာက္ၿခံခတ္လာတာေၾကာင့္ဆိုၿပီး ႏွစ္ႏိုင္ငံ ေဒသခံျပည္သူေတြအၾကား အျငင္းပြားခဲ့တာပါ။

အဓိက အျငင္းပြားရတာကေတာ့ နယ္စပ္ေခ်ာင္းမွာ တရုတ္ႏိုင္ငံဘက္က ေရထိန္းနံရံေတြ တည္ေဆာက္လိုက္တဲ့အခါ ေရစီးေၾကာင္းေျပာင္းသြားၿပီး ျဖစ္ေပၚလာတဲ့ ေျမႏုကြ်န္းေတြကို တရုတ္ေဒသခံေတြက သူတို႔ပိုင္အျဖစ္ ၿခံစည္းရိုးခတ္လာတာေၾကာင့္လို႔ မန္ဝိန္းႀကီးေဒသခံတဦးက VOA ကို ေျပာပါတယ္။

“ဒီျမစ္ေရတိုက္စားေတာ့ ျမန္မာႏိုင္ငံဘက္မွာ ျမစ္ထိန္းနံရံမလုပ္ႏိုင္ဘူး။ သူတုိ႔ကလုပ္ေတာ့ ဒီဘက္ကို ျမစ္ေရတုိက္စားၿပီး ေျမႏုကြ်န္းေတြက ဧက ၈၀ ေလာက္ သူတုိ႔ဘက္ကို ကပ္သြားတာေပါ့ေလ။ ေပၚသြားတာေပါ့။ ျမန္မာႏိုင္ငံဘက္ကိုေတာ့ ေခ်ာင္းက စီးတာေပါ့ေလ။ အဲဒါ နမ့္မြန္းေခ်ာင္း၊ ဆိုေတာ့ အဲဒီေျမႏုကြ်န္းဧက ၈၀ ေလာက္ကို သူက ထပ္လုိခ်င္တဲ့ သေဘာေပါ့ေနာ္။ အဲဒါ ျခံစည္းရိုးလာခတ္တယ္။ ခတ္ေနရင္းတန္းလန္းမွာပဲ က်ေနာ္တုိ႔က သြားတားတယ္။ သြားၿပီးေတာ့မွ ဆဲြႏုတ္ၾကတယ္ေပါ့ဗ်ာ။”

ျခံစည္းရိုးခတ္တာဟာ COVID ေရာဂါေၾကာင့္ လူအ၀င္အထြက္ တားဆီးဖုိ႔လို႔ တ႐ုတ္ဘက္က အေၾကာင္းျပခဲ့ၿပီး ျမန္မာဘက္က ၿခံစည္းရိုး ဖ်က္ဆီးပစ္ခဲ့ၿပီးတဲ့ေနာက္ ၁၀ မိနစ္ေလာက္အၾကာမွာ တရုတ္ႏိုင္ငံဘက္က လံုျခံဳေရးအဖဲြ႔၀င္ေတြ ေရာက္လာေၾကာင္းလည္းေျပာပါတယ္။
“က်ေနာ္တုိ႔ ၿဖိဳဖ်က္ၿပီး ၁၀ မိနစ္ေလာက္ၾကာေတာ့ အဲဒီ လံုၿခံဳေရး စစ္တပ္ေခၚမယ္ေပါ့ သူတုိ႔ လက္နက္အျပည့္အစံုနဲ႔ ေရာက္လာတာရိွတယ္။ အင္အားက ၃- ၄၀ ေလာက္ရိွတာေပါ့။ အဲဒီ ရဲကားနဲ႔ ပိြဳင့္ကားေတြနဲ႔ လာတာ။”
နယ္ျခားမွတ္တိုင္အမွတ္ ၅၃/ ၃ ကေတာ့ ေပ်ာက္ဆံုးေနၿပီျဖစ္သလို ၅၃/၄ ကေတာ့ ျမစ္ကမ္းေပၚကေန ေရထဲ က်လုလုျဖစ္ေနၿပီလို႔ ေျပာပါတယ္။

မန္႔၀ိန္းၾကီးနယ္စပ္ေဒသမွာ ၂၀၁၄ ခုႏွစ္ကလည္း တရုတ္ဘက္က သူတုိ႔ပိုင္နယ္လို႔ သတ္မွတ္တဲ့ေနရာမွာ ေပ ၂၀ အျမင့္ ျမစ္ထိန္းနံရံကို တည္ေဆာက္ခဲ့သလို ၂၀၂၀ မွာ အဲဒီျမစ္ထိန္းနံရံေပၚမွာ ၿခံစည္းရိုး ကာရံခဲ့ပါတယ္။ အဲဒီေနာက္ေျမႏုကြ်န္းေတြ ေပၚလာၿပီး ၂၀၁၉ မွာလည္း ႏွစ္ဘက္ ျပည္သူေတြအၾကား အျငင္းပြားတာေတြ ျဖစ္ခဲ့ေၾကာင္းေဒသခံေတြက ေျပာပါတယ္။
မန္႔၀ိန္းေဒသခံ ရပ္မိရပ္ဖတဦးက ဒီလို အျငင္းပြားတာေတြ မၾကာခနျဖစ္တယ္လို႔ ေျပာပါတယ္။

“အရင္တံုးကလည္း ျဖစ္ဖူးတယ္။ ခန ခန ျဖစ္ဖူးတယ္။ ၃- ၄ ခါေတာ့ ရိွၿပီ။ အရင္ႏွစ္တံုးကဆုိရင္ သူတုိ႔က လက္နက္ကိုင္ၿပီးေတာ့ေတာင္မွ ဒီဘက္ ၀င္လာေသးတယ္။ မႏွစ္တံုးကေပါ့ေလ။ အဲလို ခန ခနလည္း ျဖစ္ဖူးပါတယ္။”
နယ္စပ္အျငင္းပြားမႈေတြ ေရရွည္ဆက္မျဖစ္ေစဖုိ႔ အစိုးရအေနနဲ႔ ၾကပ္ၾကပ္မတ္မတ္ေဆာင္ရြက္ ေပးေစခ်င္ ေၾကာင္းလည္း မန္႔၀ိန္ းၿမိဳ႔မိၿမိဳ႔ဖတဦးက ေတာင္းဆုိထားပါတယ္။

“အစိုးရကေတာ့ လာၿပီးေဆာင္ရြက္ေပးတာေတာ့ မရိွေသးဘူး။ ဘယ္သူမွ လာမရွင္းေပးေတာ့ က်ေနာ္တုိ႔ ရြာသားေတြနဲ႔ပဲ ေျဖရွင္းေနရတာေပ့ါ။ ေျပာမယ္ဆုိရင္ေတာ့ ဒီ Boundary လာၿပီး စိစစ္ေပးဖုိ႔ေပါ့ဗ်ာ။ က်ေနာ္တုိ႔ အဲဒါကိုလည္း စာေတာ္ေတာ္ေလး တင္ခဲ့ၿပီးပါၿပီ။ ၂ ၾကိမ္ရိွပါၿပီ။ ဒါေပမဲ့ ထူးျခားမႈက ဘာမွ မရိွလာဘူး။ အဲဒါ ထိထိေရာက္ေရာက္ ေဆာင္ရြက္ေပးေစခ်င္တယ္။ က်ေနာ္တုိ႔ပိုင္တာ ဘယ္ေလာက္ရိွမယ္ဗ်ာ။ သူတုိ႔ ပိုင္တာ ဘယ္ေလာက္ရိွမယ္ဗ်ာ။ က်ေနာ္တို႔ ေကာင္းေကာင္းမြန္မြန္ လာၿပီးေတာ့ စိစစ္ မေပးဘူးဆုိရင္ေတာ့ ျပႆနာက ေတာက္ေလ်ာက္ ၿပီးသြားမွာ မဟုတ္ဘူးဗ်။ အဲဒါေၾကာင့္ ျပႆနာ ပိုၾကီးသြားမွာစိုးလို႔ ေပါ့ဗ်ာ။”

ၿပီးခဲ့ႏွစ္အတြင္းက ကိုးကန္႔ေဒသ ေလာက္ကိုင္ၿမိဳ႔အနီး မူဆယ္ခရိုင္၊ မန္ဟီးရိုးၿမိဳ႔နယ္အတြင္းမွာ တရုတ္ႏို္င္ငံဘက္က ျခံစည္းရိုးခတ္တာရိွခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံဘက္က ကန္႔ကြက္တာေတြ ရိွခဲ့ဖူးသလို ၂၀၁၉ ခုႏွစ္ကလည္း ခ်င္းေရႊေဟာ္နဲ႔ နမ့္ခမ္းၿမိဳ႕နယ္ဘက္ေတြမွာ နယ္စပ္အေရး အျငင္းပြားတာေတြ ျဖစ္ခဲ့ပါတယ္။

တရုတ္နဲ႔ ျမန္မာ ႏွစ္ႏိုင္ငံထိစပ္ေနတဲ့ နယ္ျခားမ်ဥ္းဟာ မိုင္ေပါင္း ၁,၃၅၀ နီးပါး ရွည္လ်ားၿပီး ႏွစ္ႏိုင္ငံ နယ္နိမိတ္စာခ်ဳပ္ကိုေတာ့ ၁၉၆၀ ခုႏွစ္မွာ လက္မွတ္ ေရးထုိးခဲ့ၾကတာျဖစ္ပါတယ္။
တရုတ္-ျမန္မာ နယ္စပ္သေဘာတူစာခ်ဳပ္အရ ၅ ႏွစ္တၾကိမ္ နယ္နိမိတ္ ပူးတဲြစစ္ေဆးရမွာျဖစ္ေပမဲ့ ၁၉၉၅ ကတည္းက မစစ္ေဆးႏုိင္တာ ၂၄ ႏွစ္ ၾကာခဲ့ပါတယ္။
၂၀၁၈ -၂၀၁၉ ခုႏွစ္ေတြအတြင္း နယ္ေျမအျငင္းပြားတာေတြ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ ၂၀၁၉ ခုႏွစ္မွာ ႏွစ္ႏိုင္ငံ နယ္နိမိတ္ပူးတဲြစစ္ေဆးမႈေတြ ျပန္လည္ စတင္ခဲ့ပါတယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


တရုတ်-မြန်မာနယ်စပ် နှစ်ဘက်ဒေသခံတွေကြား နယ်မြေအငြင်းပွား

(Unicode)

တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးဒေသမှာ တရုတ်နိုင်ငံဘက် ဒေသခံတွေက မြန်မာပိုင်နယ်မြေအတွင်း ခြံစည်းရိုးခတ်လာတာကြောင့် နှစ်ဘက်ဒေသခံတေကြား အငြင်းပွားနေပါတယ်။ ဒီကိစ္စကို မြန်မာအာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ မန့်ဝိန်းကြီဒေသခံတွေက လိုလားနေကြပါတယ်။ တရုတ်-မြန်မာနယ်စပ် အငြင်းပွားမှုအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က ပြောပြပါမယ်။

လက်ရှိ နယ်မြေအငြင်းပွားတဲ့နေရာက တရုတ်-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင်အမှတ် ၅၃/ ၁ နဲ့ ၂ ကြားမှာ ဖြစ်ပြီး ဒီလ ၂၂ ရက်နဲ့ ၂၃ ရက်မှာ တရုတ်ဘက်က မြန်မာပိုင်နယ်မြေထဲ ဧက ၈၀ လောက်ထိကို ဝင်ရောက်ခြံခတ်လာတာကြောင့်ဆိုပြီး နှစ်နိုင်ငံ ဒေသခံပြည်သူတွေအကြား အငြင်းပွားခဲ့တာပါ။

အဓိက အငြင်းပွားရတာကတော့ နယ်စပ်ချောင်းမှာ တရုတ်နိုင်ငံဘက်က ရေထိန်းနံရံတွေ တည်ဆောက်လိုက်တဲ့အခါ ရေစီးကြောင်းပြောင်းသွားပြီး ဖြစ်ပေါ်လာတဲ့ မြေနုကျွန်းတွေကို တရုတ်ဒေသခံတွေက သူတို့ပိုင်အဖြစ် ခြံစည်းရိုးခတ်လာတာကြောင့်လို့ မန်ဝိန်းကြီးဒေသခံတဦးက VOA ကို ပြောပါတယ်။

“ဒီမြစ်ရေတိုက်စားတော့ မြန်မာနိုင်ငံဘက်မှာ မြစ်ထိန်းနံရံမလုပ်နိုင်ဘူး။ သူတို့ကလုပ်တော့ ဒီဘက်ကို မြစ်ရေတိုက်စားပြီး မြေနုကျွန်းတွေက ဧက ၈၀ လောက် သူတို့ဘက်ကို ကပ်သွားတာပေါ့လေ။ ပေါ်သွားတာပေါ့။ မြန်မာနိုင်ငံဘက်ကိုတော့ ချောင်းက စီးတာပေါ့လေ။ အဲဒါ နမ့်မွန်းချောင်း၊ ဆိုတော့ အဲဒီမြေနုကျွန်းဧက ၈၀ လောက်ကို သူက ထပ်လိုချင်တဲ့ သဘောပေါ့နော်။ အဲဒါ ခြံစည်းရိုးလာခတ်တယ်။ ခတ်နေရင်းတန်းလန်းမှာပဲ ကျနော်တို့က သွားတားတယ်။ သွားပြီးတော့မှ ဆွဲနုတ်ကြတယ်ပေါ့ဗျာ။”

ခြံစည်းရိုးခတ်တာဟာ COVID ရောဂါကြောင့် လူအဝင်အထွက် တားဆီးဖို့လို့ တရုတ်ဘက်က အကြောင်းပြခဲ့ပြီး မြန်မာဘက်က ခြံစည်းရိုး ဖျက်ဆီးပစ်ခဲ့ပြီးတဲ့နောက် ၁၀ မိနစ်လောက်အကြာမှာ တရုတ်နိုင်ငံဘက်က လုံခြုံရေးအဖွဲ့ဝင်တွေ ရောက်လာကြောင်းလည်းပြောပါတယ်။
“ကျနော်တို့ ဖြိုဖျက်ပြီး ၁၀ မိနစ်လောက်ကြာတော့ အဲဒီ လုံခြုံရေး စစ်တပ်ခေါ်မယ်ပေါ့ သူတို့ လက်နက်အပြည့်အစုံနဲ့ ရောက်လာတာရှိတယ်။ အင်အားက ၃- ၄၀ လောက်ရှိတာပေါ့။ အဲဒီ ရဲကားနဲ့ ပွိုင့်ကားတွေနဲ့ လာတာ။”
နယ်ခြားမှတ်တိုင်အမှတ် ၅၃/ ၃ ကတော့ ပျောက်ဆုံးနေပြီဖြစ်သလို ၅၃/၄ ကတော့ မြစ်ကမ်းပေါ်ကနေ ရေထဲ ကျလုလုဖြစ်နေပြီလို့ ပြောပါတယ်။

မန့်ဝိန်းကြီးနယ်စပ်ဒေသမှာ ၂၀၁၄ ခုနှစ်ကလည်း တရုတ်ဘက်က သူတို့ပိုင်နယ်လို့ သတ်မှတ်တဲ့နေရာမှာ ပေ ၂၀ အမြင့် မြစ်ထိန်းနံရံကို တည်ဆောက်ခဲ့သလို ၂၀၂၀ မှာ အဲဒီမြစ်ထိန်းနံရံပေါ်မှာ ခြံစည်းရိုး ကာရံခဲ့ပါတယ်။ အဲဒီနောက်မြေနုကျွန်းတွေ ပေါ်လာပြီး ၂၀၁၉ မှာလည်း နှစ်ဘက် ပြည်သူတွေအကြား အငြင်းပွားတာတွေ ဖြစ်ခဲ့ကြောင်းဒေသခံတွေက ပြောပါတယ်။
မန့်ဝိန်းဒေသခံ ရပ်မိရပ်ဖတဦးက ဒီလို အငြင်းပွားတာတွေ မကြာခနဖြစ်တယ်လို့ ပြောပါတယ်။

“အရင်တုံးကလည်း ဖြစ်ဖူးတယ်။ ခန ခန ဖြစ်ဖူးတယ်။ ၃- ၄ ခါတော့ ရှိပြီ။ အရင်နှစ်တုံးကဆိုရင် သူတို့က လက်နက်ကိုင်ပြီးတော့တောင်မှ ဒီဘက် ဝင်လာသေးတယ်။ မနှစ်တုံးကပေါ့လေ။ အဲလို ခန ခနလည်း ဖြစ်ဖူးပါတယ်။”
နယ်စပ်အငြင်းပွားမှုတွေ ရေရှည်ဆက်မဖြစ်စေဖို့ အစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ်ဆောင်ရွက် ပေးစေချင် ကြောင်းလည်း မန့်ဝိန် းမြို့မိမြို့ဖတဦးက တောင်းဆိုထားပါတယ်။

“အစိုးရကတော့ လာပြီးဆောင်ရွက်ပေးတာတော့ မရှိသေးဘူး။ ဘယ်သူမှ လာမရှင်းပေးတော့ ကျနော်တို့ ရွာသားတွေနဲ့ပဲ ဖြေရှင်းနေရတာပေ့ါ။ ပြောမယ်ဆိုရင်တော့ ဒီ Boundary လာပြီး စိစစ်ပေးဖို့ပေါ့ဗျာ။ ကျနော်တို့ အဲဒါကိုလည်း စာတော်တော်လေး တင်ခဲ့ပြီးပါပြီ။ ၂ ကြိမ်ရှိပါပြီ။ ဒါပေမဲ့ ထူးခြားမှုက ဘာမှ မရှိလာဘူး။ အဲဒါ ထိထိရောက်ရောက် ဆောင်ရွက်ပေးစေချင်တယ်။ ကျနော်တို့ပိုင်တာ ဘယ်လောက်ရှိမယ်ဗျာ။ သူတို့ ပိုင်တာ ဘယ်လောက်ရှိမယ်ဗျာ။ ကျနော်တို့ ကောင်းကောင်းမွန်မွန် လာပြီးတော့ စိစစ် မပေးဘူးဆိုရင်တော့ ပြဿနာက တောက်လျောက် ပြီးသွားမှာ မဟုတ်ဘူးဗျ။ အဲဒါကြောင့် ပြဿနာ ပိုကြီးသွားမှာစိုးလို့ ပေါ့ဗျာ။”

ပြီးခဲ့နှစ်အတွင်းက ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီး မူဆယ်ခရိုင်၊ မန်ဟီးရိုးမြို့နယ်အတွင်းမှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုးခတ်တာရှိခဲ့တာကြောင့် မြန်မာနိုင်ငံဘက်က ကန့်ကွက်တာတွေ ရှိခဲ့ဖူးသလို ၂၀၁၉ ခုနှစ်ကလည်း ချင်းရွှေဟော်နဲ့ နမ့်ခမ်းမြို့နယ်ဘက်တွေမှာ နယ်စပ်အရေး အငြင်းပွားတာတွေ ဖြစ်ခဲ့ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံထိစပ်နေတဲ့ နယ်ခြားမျဉ်းဟာ မိုင်ပေါင်း ၁,၃၅၀ နီးပါး ရှည်လျားပြီး နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ကိုတော့ ၁၉၆၀ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
တရုတ်-မြန်မာ နယ်စပ်သဘောတူစာချုပ်အရ ၅ နှစ်တကြိမ် နယ်နိမိတ် ပူးတွဲစစ်ဆေးရမှာဖြစ်ပေမဲ့ ၁၉၉၅ ကတည်းက မစစ်ဆေးနိုင်တာ ၂၄ နှစ် ကြာခဲ့ပါတယ်။
၂၀၁၈ -၂၀၁၉ ခုနှစ်တွေအတွင်း နယ်မြေအငြင်းပွားတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ၂၀၁၉ ခုနှစ်မှာ နှစ်နိုင်ငံ နယ်နိမိတ်ပူးတွဲစစ်ဆေးမှုတွေ ပြန်လည် စတင်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG