သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့ အမေရိကန်နဲ့ သြစတြေးလျ တောင်းဆို


မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့ အမေရိကန်နဲ့ သြစတြေးလျ တောင်းဆို
မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့ အမေရိကန်နဲ့ သြစတြေးလျ တောင်းဆို

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့ အမေရိကန်နဲ့ သြစတြေးလျ တောင်းဆို

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ အကြမ်းဖက် လုပ်ရပ်တွေကိုရပ်ဖို့နဲ့ ဥပဒေမဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံတို့က တောင်းဆိုလိုက်ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ကာကွယ်ရေးဝန်ကြီး Peter Dutton တို့ ဝါရှင်တန်မှာ တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ လွန်စွာစိုးရိမ်မိကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖေါ်ဆောင်ရေးတွေကို ပြန်လည်လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခမှာ ပတ်သက်နေတဲ့ အင်အားစုအားလုံး ပါဝင်ပြီး၊ ဆွေးနွေးညှိနှိုင်းကြဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကို တားဆီးပိတ်ပင်ခြင်းမပြုဘဲ ချက်ခြင်းလုပ်ဆောင်ခွင့်ပေးဖို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်တာဝန်ပေးခဲ့တာကို အားပေးကြောင်းနဲ့ အာဆီယံအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ခုကို မြန်မာစစ်အာဏာပိုင်တွေ လိုက်နာအကောင်အထည်ဖော်အောင် ကြိုးပမ်းဖို့လည်း တိုက်တွန်းထားပါတယ်။

အမေရိကန်နဲ့ သြစတြေးလျ ဝန်ကြီးအဆင့် တွေ့ဆုံမှုအပြီး ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသား Danny Fenster သြစတြေးလျ နိုင်ငံသား Sean Turnell တို့ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာ တဦးဖြစ်တဲ့ Fenster ကိုတော့ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတျေးလျနိုင်ငံသား Turnell ကိုတော့ နိုင်ငံတော်လုံခြုံရေးဥပေဒ ချိုးဖောက်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

...................................................................

တိုက်ရိုက် လင့်ခ်



{{Unicode}}






XS
SM
MD
LG