သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ-ၾသစေၾတးလ် လံုၿခံဳေရး ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္မည္


အိႏိၵယ ႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar. (ဇူလုိင္ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

လံုၿခံဳေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမႇင့္လုပ္သြားမယ္လို႔ အိႏၵိယနဲ႔ ၾသစေၾတးလ်ႏိုင္ငံ ႏွစ္ႏိုင္ငံက ေျပာလိုက္ပါတယ္။ အေမရိကန္ျပည္ေထာင္စု အၾကမ္းဖက္တိုက္ခိုက္မႈ ခံခဲ့ရတဲ့ 9/11 ျဖစ္ရပ္ ႏွစ္၂၀ ၾကာလာတဲ့အခ်ိန္ အထူးသျဖင့္ အာဖဂနစၥတန္မွာ တာလီဘန္ေတြ ျပန္ၿပီး အုပ္စိုးလာတဲ့ေနာက္ အခုလို ေျပာဆိုလာတာပါ။

အိႏၵိယ၊ ၾသစေၾတးလ်ဟာ အေမရိကန္ျပည္ေထာင္စု ဂ်ပန္တို႔နဲ႔အတူ Quad အဖဲြ႔ဆိုတာ ဖြဲ႔ထားၿပီး အင္ဒို-ပစိဖိတ္ေဒသမွာ တ႐ုတ္ၾသဇာ ႀကီးမားလာတာကို တန္ျပန္ဖို႔ စုစည္းခဲ့ၾကတာပါ။

အိႏိၵယနဲ႔ ၾသစေၾတးလ်က ဝန္ႀကီးေတြဟာ နယူးေဒလီမွာ စေနေန႔က ေတြ႔ဆံုေဆြးေႏြးခဲ့ၾကၿပီး တာလီဘန္ေတြ ျပန္အုပ္စိုုးလာတဲ့ အာဖဂန္နစၥတန္ အေရးကိစၥဟာ အဓိကေဆြးေႏြးမႈ ျဖစ္ခဲ့တယ္လို႔ ႐ိုက္တာသတင္းက ေရးပါတယ္။

9/11 ျဖစ္ရပ္ ႏွစ္ ၂ဝ ျပည့္တဲ့ ဒီေန႔မွာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး အေရးပါမႈဟာ သတိထားစရာ ျဖစ္တယ္လို႔ အိႏိၵယ ႏိုင္ငံျခားေရးဝန္ႀကီး S.Jaishankar က ေျပာပါတယ္။ သူဟာ ၾသစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne နဲ႔ ေဆြးေႏြးအၿပီး သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။

အာဖဂန္ဟာ အၾကမ္းဖက္ဝါဒီေတြအတြက္ ခိုေအာင္းရွင္သန္ရာ၊ ေလ့က်င့္ရာေနရာ ထပ္မျဖစ္ေစရဖို႔ အိႏိၵယေရာ ၾသစေၾတးလ်ကပါ လိုလားတယ္လို႔ ၾသစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးေတြအျပင္ ကာကြယ္ေရးဝန္ႀကီးေတြပါ ပါဝင္တဲ့ အိႏၵိယ-ၾသစေၾတးလ် ဝန္ႀကီးမ်ား အစည္းအေဝးအတြင္းမွာ အာဖဂန္ကိစၥအျပင္ ျမန္မာႏိုင္ငံနဲ႔ ႏိုင္ငံတကာ ေရေၾကာင္းပိုင္နက္ အျငင္းပြားမႈ ကိစၥေတြကိုလည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ ႐ိုက္တာက ေရးပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အိန္ဒိယ-သြစတြေးလျ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်သွားမယ်လို့ အိန္ဒိယနဲ့ သြစတြေးလျနိုင်ငံ နှစ်နိုင်ငံက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရတဲ့ 9/11 ဖြစ်ရပ် နှစ်၂၀ ကြာလာတဲ့အချိန် အထူးသဖြင့် အာဖဂနစ္စတန်မှာ တာလီဘန်တွေ ပြန်ပြီး အုပ်စိုးလာတဲ့နောက် အခုလို ပြောဆိုလာတာပါ။

အိန္ဒိယ၊ သြစတြေးလျဟာ အမေရိကန်ပြည်ထောင်စု ဂျပန်တို့နဲ့အတူ Quad အဖွဲ့ဆိုတာ ဖွဲ့ထားပြီး အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်သြဇာ ကြီးမားလာတာကို တန်ပြန်ဖို့ စုစည်းခဲ့ကြတာပါ။

အိန္ဒိယနဲ့ သြစတြေးလျက ဝန်ကြီးတွေဟာ နယူးဒေလီမှာ စနေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တာလီဘန်တွေ ပြန်အုပ်စိုးလာတဲ့ အာဖဂန်နစ္စတန် အရေးကိစ္စဟာ အဓိကဆွေးနွေးမှု ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

9/11 ဖြစ်ရပ် နှစ် ၂ဝ ပြည့်တဲ့ ဒီနေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး အရေးပါမှုဟာ သတိထားစရာ ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S.Jaishankar က ပြောပါတယ်။ သူဟာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne နဲ့ ဆွေးနွေးအပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။

အာဖဂန်ဟာ အကြမ်းဖက်ဝါဒီတွေအတွက် ခိုအောင်းရှင်သန်ရာ၊ လေ့ကျင့်ရာနေရာ ထပ်မဖြစ်စေရဖို့ အိန္ဒိယရော သြစတြေးလျကပါ လိုလားတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးတွေအပြင် ကာကွယ်ရေးဝန်ကြီးတွေပါ ပါဝင်တဲ့ အိန္ဒိယ-သြစတြေးလျ ဝန်ကြီးများ အစည်းအဝေးအတွင်းမှာ အာဖဂန်ကိစ္စအပြင် မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ရေကြောင်းပိုင်နက် အငြင်းပွားမှု ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာက ရေးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG