သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္နဲ႔အၿပိဳင္ အာကာသစစ္ေရးစြမ္းရည္ တိုးျမႇင့္မယ့္ အိႏၵိယ


အိႏၵိယႏုိင္ငံက လႊတ္တင္ခဲ့တဲ့ အာကာသေလ့လာေရးယာဥ္ Chandrayaan-2. (ဇူလုိင္ ၂၂၊ ၂၀၁၉)

(Zawgyi / Unicode)

တ႐ုတ္ရဲ႕ ၿခိမ္းေျခာက္မႈအႏၱရာယ္ သိသိသာသာ တိုးလာေနတဲ့ အိႏၵိယဟာ သူ႔ရဲ႕ ႏုိင္ငံေတာ္လံုၿခံဳေရးကို ပူပန္လာၿပီး အာကာသမွာပါ စစ္ေရးစြမ္းေဆာင္မႈ တိုးလာဖို႔ လုပ္ေနၿပီလို႔ အိႏၵိယ လံုၿခံဳေရး၊ မဟာဗ်ဴဟာနဲ႔ နည္းပညာဌာန အႀကီးအကဲ Rajeswari Pillai Rajagopalan က ဗီြအိုေအကို ေျပာပါတယ္။

လက္ရွိမွာ အိႏၵိယနဲ႔ တ႐ုတ္ ၂ ႏိုင္ငံၾကား နယ္စပ္ေဒသ အျငင္းပြားမႈေတြ မၾကာခဏ ျဖစ္ပြားေနတာေၾကာင့္ ကာကြယ္ေရးက႑ဟာ အေရးပါလာေၾကာင္းနဲ႔ ဒီအထဲမွာ အာကာသဆိုင္ရာမွာပါ ေနာက္က်ေနလို႔ မျဖစ္ဘဲ စစ္ေရးစြမ္းေဆာင္ႏုိင္ဖုိ႔ လုပ္ရမွာျဖစ္ေၾကာင္း ေျပာပါတယ္။

အာကာသထဲက ၿဂိဳဟ္တုကို ပစ္ခ်ဖ်က္ဆီးတဲ့ ASAT (Anti-satellite weapons) စနစ္အတြက္ လြန္ခဲ့တဲ့ ၂ ႏွစ္က ပထမဆံုး အိႏၵိယက စမ္းသပ္ျပသႏိုင္ခဲ့တာေၾကာင့္ အိႏၵိယဟာ အေမရိကန္၊ ႐ုရွားနဲ႔ တ႐ုတ္ၿပီးရင္ စတုတၳေျမာက္ ဒီစနစ္ကိုသံုးႏိုင္တဲ့ႏိုင္ငံ ျဖစ္လာတာပါ။

ဒါေပမယ့္ ဒါဟာ ၂၀၀၇ ခုႏွစ္မွာ ဒီစနစ္ကို သံုးႏိုင္ခဲ့တဲ့ တ႐ုတ္နဲ႔ယွဥ္ရင္ ၁၂ ႏွစ္ေလာက္ ေနာက္က်ေနတာ ျဖစ္ပါတယ္။ အိႏၵိယဟာ ၂၀၁၉ က်မွ အာကာသကာကြယ္ေရးဌာနကို ထူေထာင္ခဲ့ၿပီး နယ္စပ္ေဒသကို အခ်ိန္ျပည့္ ေစာင့္ၾကည့္ႏုိင္မယ့္ ေကာင္းကင္ၿဂိဳဟ္တု လႊတ္တင္တာ အပါအဝင္ အာကာသဆိုင္ရာ မဟာဗ်ဴဟာ တိုးတက္ေအာင္ စတင္လုပ္ေဆာင္ခဲ့ရတာပါ။

အိႏၵိယနဲ႔ တ႐ုတ္တို႔ၾကား ဟိမဝႏၱာနယ္စပ္ေဒသ ျပႆနာအျပင္ တ႐ုတ္က ၾသဇာသက္ေရာက္မႈ တိုးလာေနတဲ့ အိႏၵိယသမုဒၵရာေဒသ အတြက္ပါ အိႏၵိယက ပူပန္ေနရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ စစ္ေရးဘတ္ဂ်က္ေငြ အကန္႔အသတ္ရွိေနတဲ့ အိႏၵိယအတြက္ အာကာသစစ္ေရး စြမ္းေဆာင္မႈကို အခုမွ အစပ်ိဳးေနရတာ ျဖစ္သလို COVID-19 ကပ္ေရာဂါရဲ႕ ႐ုိက္ခတ္မႈ ျပင္းျပင္းထန္ထန္ ခံစားေနရတာေၾကာင့္ အခက္အခဲေတြ ပိုေတြ႔ေနရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

တရုတ်နဲ့အပြိုင် အာကာသစစ်ရေးစွမ်းရည် တိုးမြှင့်မယ့် အိန္ဒိယ

တရုတ်ရဲ့ ခြိမ်းခြောက်မှုအန္တရာယ် သိသိသာသာ တိုးလာနေတဲ့ အိန္ဒိယဟာ သူ့ရဲ့ နိုင်ငံတော်လုံခြုံရေးကို ပူပန်လာပြီး အာကာသမှာပါ စစ်ရေးစွမ်းဆောင်မှု တိုးလာဖို့ လုပ်နေပြီလို့ အိန္ဒိယ လုံခြုံရေး၊ မဟာဗျူဟာနဲ့ နည်းပညာဌာန အကြီးအကဲ Rajeswari Pillai Rajagopalan က ဗွီအိုအေကို ပြောပါတယ်။

လက်ရှိမှာ အိန္ဒိယနဲ့ တရုတ် ၂ နိုင်ငံကြား နယ်စပ်ဒေသ အငြင်းပွားမှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ကာကွယ်ရေးကဏ္ဍဟာ အရေးပါလာကြောင်းနဲ့ ဒီအထဲမှာ အာကာသဆိုင်ရာမှာပါ နောက်ကျနေလို့ မဖြစ်ဘဲ စစ်ရေးစွမ်းဆောင်နိုင်ဖို့ လုပ်ရမှာဖြစ်ကြောင်း ပြောပါတယ်။

အာကာသထဲက ဂြိုဟ်တုကို ပစ်ချဖျက်ဆီးတဲ့ ASAT (Anti-satellite weapons) စနစ်အတွက် လွန်ခဲ့တဲ့ ၂ နှစ်က ပထမဆုံး အိန္ဒိယက စမ်းသပ်ပြသနိုင်ခဲ့တာကြောင့် အိန္ဒိယဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ်ပြီးရင် စတုတ္ထမြောက် ဒီစနစ်ကိုသုံးနိုင်တဲ့နိုင်ငံ ဖြစ်လာတာပါ။

ဒါပေမယ့် ဒါဟာ ၂၀၀၇ ခုနှစ်မှာ ဒီစနစ်ကို သုံးနိုင်ခဲ့တဲ့ တရုတ်နဲ့ယှဉ်ရင် ၁၂ နှစ်လောက် နောက်ကျနေတာ ဖြစ်ပါတယ်။ အိန္ဒိယဟာ ၂၀၁၉ ကျမှ အာကာသကာကွယ်ရေးဌာနကို ထူထောင်ခဲ့ပြီး နယ်စပ်ဒေသကို အချိန်ပြည့် စောင့်ကြည့်နိုင်မယ့် ကောင်းကင်ဂြိုဟ်တု လွှတ်တင်တာ အပါအဝင် အာကာသဆိုင်ရာ မဟာဗျူဟာ တိုးတက်အောင် စတင်လုပ်ဆောင်ခဲ့ရတာပါ။

အိန္ဒိယနဲ့ တရုတ်တို့ကြား ဟိမဝန္တာနယ်စပ်ဒေသ ပြဿနာအပြင် တရုတ်က သြဇာသက်ရောက်မှု တိုးလာနေတဲ့ အိန္ဒိယသမုဒ္ဒရာဒေသ အတွက်ပါ အိန္ဒိယက ပူပန်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ရေးဘတ်ဂျက်ငွေ အကန့်အသတ်ရှိနေတဲ့ အိန္ဒိယအတွက် အာကာသစစ်ရေး စွမ်းဆောင်မှုကို အခုမှ အစပျိုးနေရတာ ဖြစ်သလို COVID-19 ကပ်ရောဂါရဲ့ ရိုက်ခတ်မှု ပြင်းပြင်းထန်ထန် ခံစားနေရတာကြောင့် အခက်အခဲတွေ ပိုတွေ့နေရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG