သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyan Jaishenkar နဲ့ဘရူနိုင်း၊ ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yosuf
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyan Jaishenkar နဲ့ဘရူနိုင်း၊ ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yosuf

Zawgyi/Unicode

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yosuf နဲ့ မြန်မာနိုင်ငံအရေး စနေနေ့ ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyan Jaishenkar က ပြောပါတယ်။
မြန်မာနိုင်ငံအရေးကိစ္စအတွက် အပြန်အလှန် နှီးနှောဖလှယ်ဖို့ အာဆီယံအထူးကိုယ်စားလှယ် Erywan က သူ့ကိုခေါ်ဆိုတဲ့အပေါ် ကျေးဇူးတင်ကြောင်း၊ မြန်မာ့အရေး အာဆီယံက ဦးစီး ဆောင်ရွက်နေတဲ့အပေါ် အိန္ဒိယအစိုးရက အပြည့်အဝ ထောက်ခံပါကြောင်း - ဝန်ကြီး Jaishenkar က Twitter လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။
ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ရွေးချယ်ခန့်အပ်မှုအတွက် အိန္ဒိယအစိုးရက အစောပိုင်းမှာ ထောက်ခံထားပြီးဖြစ်သလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းရေး လုပ်ဆောင်မှုတွေကို ထောက်ခံသွားမှာဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် Erywan ဟာ မြန်မာနိုင်ငံကို သွားရောက်မလည်ပတ်ခင် ဒေသတွင်းနိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေ အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ဆက်သွယ် ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခပြေလည် ကြားဝင် ဆောင်ရွက်ပေးမယ့် သူ့အနေနဲ့ မြန်မာနိုင်ငံကိုမသွားခင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဆွေးနွေးတာအပြင် မြန်မာနိုင်ငံကို သွားတဲ့အခါမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား သက်ဆိုင်သူအားလုံးကို တွေ့ဆုံခွင့်ရသင့်ကြောင်း တိုက်တွန်း ပြောဆိုမှုတွေ ရှိနေပါတယ်။

VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ်၁၅၊၂၀၂၁)
please wait

No media source currently available

0:00 1:00:00 0:00
တိုက်ရိုက် လင့်ခ်


======

Unicode



#ASEANenvoyMyanmar #ASEANMyanmar #MyanmarIndia #VOABurmese

This item is part of
XS
SM
MD
LG