သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံမဟာဗျူဟာဆက်ဆံရေးခိုင်မာစေမည့် ကန်ဝန်ကြီးရဲ့ အိန္ဒိယခရီးစဉ်


(Zawgyi/ Unicode)

အာဖဂန်နစ္စတန်အပြင် တရုတ်နိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေးနဲ့ ပတ်သက်လို့ စောင့်ကြည့်မှုတွေရှိနေချိန်မှာပဲ အိန္ဒိယနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken လာရောက်ဖို့ရှိပါတယ်။ ဝန်ကြီး Blinken ရဲ့ အလည်အပတ်ခရီးဟာ အမေရိကန်နဲ့အိန္ဒိယကြား မဟာဗျူဟာအရ မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ချက်မှု ပိုပြီးခိုင်မာလာစေမယ့် သဘောလည်းဖြစ်ပါတယ်။ ဝန်ကြီး Blinken လာရောက်တဲ့အခါ အင်ဒို-ပစိဖိတ်ဒေသကိစ္စရပ်တွေအပါအဝင် အာဖဂန်နစ္စတန်နဲ့ Covid-19 ကပ်ရောဂါအရေးကိုပါ အာရုံစိုက် ဆွေးနွေးမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar နဲ့ ဝန်ကြီး Blinken ဗုဒ္ဓဟူနေ့မှာ တွေ့ဆုံပြီးရင် အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့လည်း အမေရိကန်နိုင်ှုံခြားရေးဝန်ကြီး Blinken တွေ့ဆုံဖို့ရှိပါတယ်။အာဖဂန်နစ္စတန်နိုင်ငံကနေ နိုင်ငံခြားတပ်ဖွဲ့တွေရုပ်သိမ်းလိုက်ချိန်မှာ တာလီၤဘန်တို့က နယ်မြေတွေကို အလျင်အမြန်ထိန်းချုပ်လာတာကြောင့် လုံခြုံရေး အခြေအနေဆိုးရွားလာနေတဲ့ကိစ္စနဲ့ပတ်သက်လို့ နှစ်နိုင်ငံစလုံးက အာရုံစိုက်ကြလိမ့်မယ်လို့ အိန္ဒိယသုတေသီတွေက သုံးသပ်ထားကြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံတည်ငြိမ်ရေးအတွက် အိန္ဒိယရဲ့ အားပေးကူညီမှုရအောင် ကြိုးပမ်းသွားမယ်လို့ အမေရိကန်နိုင်ငံဖက်ကလည်းပြောဆိုထားပါတယ်။

နိုင်ငံမဟာဗျူဟာဆက်ဆံရေးခိုင်မာစေမည့် ကန်ဝန်ကြီးရဲ့ အိန္ဒိယခရီးစဉ်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်


(Unicode)



XS
SM
MD
LG