သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾသစေၾတးလ် ႏ်ဴစြမ္းအင္သံုး ေရငုပ္သေဘၤာေဆာက္ဖို႔ ကန္နဲ႔ၿဗိတိန္ကူညီမယ္


အမေရိကန္သမၼတ ဂ်ိဴးဘိုင္ဒန္

(Zawgyi/Unicode)

ၾသစေတးလ်မွာ န်ဴကလီးယားစြမ္းအင္သံုး ေရငုပ္သေဘၤာေဆာက္ႏိုင္ေအာင္ အေမရိကန္နဲ႔ ၿဗိတိန္က ကူညီမယ္လို႔ အေမရိကန္သမၼတက ေျပာလိုက္ပါတယ္။

သမၼတ Joe Biden အေနနဲ႔ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ Scott Morrison ၊ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson တို႔နဲ႔ အြန္လိုင္းမွာ ေတြ႔ဆံုေဆြးေႏြးၿပီးတဲ့ေနာက္ သူကေျပာဆိုရာမွာ “ဒီေန႔ပဲ ကၽြန္ေတာ္တို႔ သုံးႏိုင္ငံအၾကား ပူးေပါင္းေဆာင္႐ြက္ေရး တရားဝင္ႁမွင့္တင္ဖို႔ သမိုင္းဝင္ေနာက္ထပ္ေျခလွမ္း လွမ္းလိုက္တာပါ။ အေၾကာင္းက ေရရွည္မွာ အင္ဒို-ပစိဖိတ္ေဒသ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္းေရးအတြက္ အာမခံႏိုင္ဖို႔ အေရးႀကီးတယ္ဆိုတာကို အသိအမွတ္ျပဳထားလို႔ပါ" လို႔ မေန႔က ေျပာခဲ့တာပါ။

ဒီေဒသတြင္း တ႐ုတ္အင္အားႀကီးလာတာကို ထိန္းညိႈတဲ့သေဘာနဲ႔ျဖစ္လာတာလို႔ သံုးသပ္သူေတြေျပာေနခ်ိန္မွာ ဒီေခါင္းေဆာင္ သံုးဦး တြဲၿပီး AUKUS လို႔ အတိုေကာက္ေခၚတဲ့ အင္ဒို-ပစိဖိတ္ေဒသဆိုင္ရာ လုံၿခဳံေရးပူးေပါင္းေဆာင္ရြက္ေရး သုံးႏိုင္ငံ သေဘာတူညီခ်က္အသစ္ကိုလည္း ေၾကညာလိုက္ပါတယ္။

သမၼတ Biden က ဆက္ၿပီး ဒီေဒသတြင္း လက္ရွိနဲ႔ေနာက္ျဖစ္လာမဲ့ မဟာဗ်ဴဟာအခင္းအက်င္းကို ကိုင္တြယ္ႏိုင္ဖို႔လိုတယ္၊ အေၾကာင္းက သုံးႏိုင္ငံစလုံးရဲ႕ အနာဂတ္နဲ႔ ကမာၻႀကီးတခုလုံးရဲ႕ ေရွ႕ေရးဟာ လာမယ့္ဆယ္စုႏွစ္ေတြအတြင္း၊ ဒီ အင္ဒို-ပစိဖိတ္ေဒသထဲ လြတ္လပ္ပြင့္လင္းမူအေပၚမူတည္ေနတာေၾကာင့္ပါလို႔ ဆက္ေျပာခဲ့ပါတယ္။

အသစ္တည္ေဆာက္မယ့္ ၾသစေတးလ်ႏိုင္ငံရဲ႕ န်ဳကလီးယားစြမ္းအင္သုံး ေရငုတ္သေဘာၤမွာ န်ဳကလီးယားလက္နက္ တပ္ဆင္မွာေတာ့ မဟုတ္ဘူးလို႔ ဒီ သုံးႏိုင္ငံ ေခါင္းေဆာင္စလုံးက အခိုင္အမာ ေျပာဆိုပါတယ္။

ၾသစေတးလ် ဝန္ႀကီးခ်ဳပ္ Scott Morrison ကလည္း၊ န်ဳကလီးယားစြမ္းအင္ ႀကီးၾကပ္မႈဆိုင္ရာ တာဝန္ယူမႈနဲ႔ စစ္ေဆးမႈေတြ အထူး အာ႐ုံစိုက္လုပ္ေဆာင္ၿပီး အေမရိကန္ နဲ႔ ၿဗိတိန္ ႏွစ္ႏိုင္ငံရဲ႕ အကူအညီရယူမွာျဖစ္တဲ့အေၾကာင္း ေျပာခဲ့ပါတယ္။

.....................................................................................

တိုက္႐ိုက္ လင့္ခ္


သြစတြေးလျ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောဆောက်ဖို့ ကန်နဲ့ဗြိတိန်ကူညီမယ်

(Unicode)

သြစတေးလျမှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဆောက်နိုင်အောင် အမေရိကန်နဲ့ ဗြိတိန်က ကူညီမယ်လို့ အမေရိကန်သမ္မတက ပြောလိုက်ပါတယ်။

သမ္မတ Joe Biden အနေနဲ့ သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison ၊ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson တို့နဲ့ အွန်လိုင်းမှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် သူကပြောဆိုရာမှာ “ဒီနေ့ပဲ ကျွန်တော်တို့ သုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး တရားဝင်မြှင့်တင်ဖို့ သမိုင်းဝင်နောက်ထပ်ခြေလှမ်း လှမ်းလိုက်တာပါ။ အကြောင်းက ရေရှည်မှာ အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးအတွက် အာမခံနိုင်ဖို့ အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြုထားလို့ပါ" လို့ မနေ့က ပြောခဲ့တာပါ။

ဒီဒေသတွင်း တရုတ်အင်အားကြီးလာတာကို ထိန်းညှိုတဲ့သဘောနဲ့ဖြစ်လာတာလို့ သုံးသပ်သူတွေပြောနေချိန်မှာ ဒီခေါင်းဆောင် သုံးဦး တွဲပြီး AUKUS လို့ အတိုကောက်ခေါ်တဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး သုံးနိုင်ငံ သဘောတူညီချက်အသစ်ကိုလည်း ကြေညာလိုက်ပါတယ်။

သမ္မတ Biden က ဆက်ပြီး ဒီဒေသတွင်း လက်ရှိနဲ့နောက်ဖြစ်လာမဲ့ မဟာဗျူဟာအခင်းအကျင်းကို ကိုင်တွယ်နိုင်ဖို့လိုတယ်၊ အကြောင်းက သုံးနိုင်ငံစလုံးရဲ့ အနာဂတ်နဲ့ ကမ္ဘာကြီးတခုလုံးရဲ့ ရှေ့ရေးဟာ လာမယ့်ဆယ်စုနှစ်တွေအတွင်း၊ ဒီ အင်ဒို-ပစိဖိတ်ဒေသထဲ လွတ်လပ်ပွင့်လင်းမူအပေါ်မူတည်နေတာကြောင့်ပါလို့ ဆက်ပြောခဲ့ပါတယ်။

အသစ်တည်ဆောက်မယ့် သြစတေးလျနိုင်ငံရဲ့ နျုကလီးယားစွမ်းအင်သုံး ရေငုတ်သဘောၤမှာ နျုကလီးယားလက်နက် တပ်ဆင်မှာတော့ မဟုတ်ဘူးလို့ ဒီ သုံးနိုင်ငံ ခေါင်းဆောင်စလုံးက အခိုင်အမာ ပြောဆိုပါတယ်။

သြစတေးလျ ဝန်ကြီးချုပ် Scott Morrison ကလည်း၊ နျုကလီးယားစွမ်းအင် ကြီးကြပ်မှုဆိုင်ရာ တာဝန်ယူမှုနဲ့ စစ်ဆေးမှုတွေ အထူး အာရုံစိုက်လုပ်ဆောင်ပြီး အမေရိကန် နဲ့ ဗြိတိန် နှစ်နိုင်ငံရဲ့ အကူအညီရယူမှာဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG