သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်က တပ်တွေရုပ်သိမ်းရေး ဆုံးဖြတ်ချက် သမ္မတဘိုင်ဒင်ကာကွယ်


조 바이든 미국 대통령이 31일 백악관에서 아프가니스탄 종전에 관해 연설했다.
조 바이든 미국 대통령이 31일 백악관에서 아프가니스탄 종전에 관해 연설했다.

{{Zawgyi/Unicode}}

နှစ်ပေါင်း ၂၀ ကြာ အာဖဂန်နစ္စတန်စစ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်အပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က ထပ်မံကာကွယ် ပြောဆိုလိုက်ပါတယ်။

“အမေရိကန်သမိုင်းမှာ အရှည်ကြာဆုံးဖြစ်ခဲ့တဲ့ အာဖဂန်စစ်ပွဲကို နှစ်ပေါင်း ၂၀ အကြာ မနေ့ညက အဆုံးသတ်လိုက်ပါပြီ။” လို့ သမ္မတဘိုင်ဒင် အိမ်ဖြူတော်ကနေ မနေ့ အင်္ဂါနေ့က ကြေညာသွားတာပါ။

အမေရိကန်နဲ့ အာဖဂန် ၁ သိန်း ၂ သောင်းကျော်ကိုလည်း သမိုင်းဝင်လောက်အောင် အများဆုံးအဖြစ် ကယ်ထုတ်နိုင်ခဲ့ပြီး၊ ဒီလိုကယ်ဆယ်ရေး လုပ်ငန်းမျိုး ဘယ်နိုင်ငံမှ မလုပ်နိုင်ဘူးဖူးလို့လည်း ပြောပါတယ်။

သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေကြား တပ်ရုပ်သိမ်းရေး အစီအစဉ်နဲ့ ပတ်သက်လို့ သီတင်းပတ်နဲ့ချီ ဆွေးနွေးမှုတွေလည်း ရှိခဲ့ပါတယ်။

တပ်တွေ ဆက်ထားဖို့ ဖြစ်နိုင်ခြေ အလားအလာ၊ လုံခြုံရေးအတွက် စိန်ခေါ်မှုတွေကြားမှာ အမေရိကန်နဲ့ အာဖဂန်တွေကို ကယ်ထုတ်ရာမှာ စိန်ခေါ်မှုတွေနဲ့ အကျိုးရလဒ်တွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတာပါ။

အမေရိကန် တပ်ဖွဲ့တွေကို အကာအကွယ်ပေးဖို့နဲ့ တပ်တွေ ရုပ်သိမ်းပြီးနောက်ပိုင်း အာဖဂန်နစ္စတန်ကနေ ထွက်ခွာချင်တဲ့သူတွေ ထွက်ခွာနိုင်မယ့် အခြေအနေတွေ ပေါ်ပေါက်လာဖို့ အမေရိကန်ကစစ်ရေး လုပ်ငန်းတွေ အဆုံးသတ်တာဟာ အကောင်းဆုံးဖြစ်မယ်လို့ အမေရိကန်တပ်မှူးတွေကလည်း သဘောထား ပေးခဲ့ကြကြောင်း သမ္မတ ဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

အန္တရာယ်ကင်းကင်း ထွက်ခွာနိုင်မှာဖြစ်ကြောင်း တာလီဘန်တွေ ကတိပြုထားပြီး၊ ကတိအတိုင်း ဖြစ်မဖြစ်ဆိုတာကိုလည်း ကမ္ဘာကြီးက စောင့်ကြည့်နေမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

..................................................

အာဖဂန်နစ္စတန်က တပ်တွေရုပ်သိမ်းရေး ဆုံးဖြတ်ချက် သမ္မတဘိုင်ဒင်ကာကွယ်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်


{{Unicode}}








XS
SM
MD
LG