သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာဘူးေလဆိပ္တိုက္ခိုက္မႈ တာလီဘန္ေတြအပါအဝင္ ႏုိင္ငံတကာျပစ္တင္႐ႈတ္ခ်


ကာဘူးေလဆိပ္ ဗံုးခြဲတိုက္ခိုက္ခံရမႈျမင္ကြင္း (ဓာတ္ပံု- AP)

(Zawgyi/Unicode)

အာဖဂန္နစၥတန္ႏိုင္ငံ၊ ကာဘူးလ္ၿမိဳ႕ေတာ္ ေလဆိပ္အျပင္ဘက္မွာ လူအမ်ားအျပား ထိခိုက္ေသေၾကခဲ့တဲ့ တိုက္ခိုက္မႈဟာ “သူရဲေဘာေၾကာင္တဲ့ အၾကမ္းဖက္လုပ္ရပ္” ျဖစ္ေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ႐ႈတ္ခ်လိုက္ပါတယ္။

အာဖဂန္ကို တာလီဘန္ေတြ ထိန္းခ်ဳပ္လိုက္ၿပီးတဲ့ေနာက္ ႏုိင္ငံကေနထြက္ခြါဖို႔ ႀကိဳးပမ္းေနၾကသူေတြ ေလဆိပ္ထဲမွာ ေထာင္နဲ႔ခ်ီၿပီးရွိေနခဲ့တာပါ။ တိုက္ခိုက္မႈေၾကာင့္ အေမရိကန္တပ္ဖြဲ႔၀င္ ၁၃ ေယာက္နဲ႔ အာဖဂန္ႏိုင္ငံသား ၉၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။

ေျမာက္အတၱလန္တိတ္စာခ်ဳပ္ (NATO) မဟာမိတ္အဖြဲ႔ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg ကလည္း တုန္လႈပ္စရာေကာင္းတဲ့ အၾကမ္းဖက္တိုက္ခိုက္မႈကို အျပင္းအထန္႐ႈတ္ခ်ေၾကာင္း Twitter လူမႈ ကြန္ရက္ကေနေျပာပါတယ္။ NATO မဟာမိတ္အဖဲြ႔အေနနဲ႔ တတ္ႏိုင္သေလာက္ အျမန္ဆုံး လူေတြကို ေဘးလြတ္ရာ ကယ္ထုတ္ဖို႔ ရည္ရြယ္ထားေၾကာင္းလည္း ေျပာဆိုပါတယ္။

ဒီတိုက္ခိုက္မႈဟာ လူမဆန္၊ ႐ိုင္းစိုင္းတဲ့လုပ္ရပ္ျဖစ္ၿပီး သမၼတ Joe Biden သတ္မွတ္ထားတဲ့ ၾသဂုတ္လ ၃၁ ရက္၊ ေနာက္ဆုံးရက္မတိုင္ခင္ ကယ္ဆယ္ေရးလုပ္ငန္းေတြ အထိေရာက္ဆုံးနဲ႔ အျမန္ဆုံး ဆက္ၿပီး ေဆာင္ရြက္ဖို႔ လိုေနတယ္ဆိုတာ ျပသလိုက္တာလို႔ ၿဗိတိန္၀န္ႀကီးခ်ဳပ္ Boris Johnson က လည္း ေျပာပါတယ္။

တာလီဘန္အဖဲြ႔ တာ၀န္ရွိသူတဦးျဖစ္တဲ့ Suhail Shaheen ကလည္း အက်ည္းတန္တဲ့လုပ္ရပ္အေပၚ အျပင္းအထန္ ႐ႈတ္ခ်ေၾကာင္းနဲ႔ က်ဳးလြန္သူေတြကို တရားမွ်တမႈရွိရွိ အေရးယူႏိုင္ေအာင္ ႀကိဳးပမ္းမွာျဖစ္တယ္လို႔ ေျပာထားပါတယ္။ မေန႔က တိုက္ခိုက္မႈဟာ သူတို႔လက္ခ်က္ျဖစ္တယ္လို႔ IS အစၥလာမ္ အစြန္းေရာက္အဖြဲ႔က ေၾကညာထားပါတယ္။

............................................................................................

ကာဘူးလေဆိပ်တိုက်ခိုက်မှု တာလီဘန်တွေအပါအဝင် နိုင်ငံတကာပြစ်တင်ရှုတ်ချ

(Unicode)

အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော် လေဆိပ်အပြင်ဘက်မှာ လူအများအပြား ထိခိုက်သေကြေခဲ့တဲ့ တိုက်ခိုက်မှုဟာ “သူရဲဘောကြောင်တဲ့ အကြမ်းဖက်လုပ်ရပ်” ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ရှုတ်ချလိုက်ပါတယ်။

အာဖဂန်ကို တာလီဘန်တွေ ထိန်းချုပ်လိုက်ပြီးတဲ့နောက် နိုင်ငံကနေထွက်ခွါဖို့ ကြိုးပမ်းနေကြသူတွေ လေဆိပ်ထဲမှာ ထောင်နဲ့ချီပြီးရှိနေခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ယောက်နဲ့ အာဖဂန်နိုင်ငံသား ၉၀ ကျော် သေဆုံးခဲ့ပါတယ်။

မြောက်အတ္တလန်တိတ်စာချုပ် (NATO) မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း တုန်လှုပ်စရာကောင်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းအထန်ရှုတ်ချကြောင်း Twitter လူမှု ကွန်ရက်ကနေပြောပါတယ်။ NATO မဟာမိတ်အဖွဲ့အနေနဲ့ တတ်နိုင်သလောက် အမြန်ဆုံး လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ လူမဆန်၊ ရိုင်းစိုင်းတဲ့လုပ်ရပ်ဖြစ်ပြီး သမ္မတ Joe Biden သတ်မှတ်ထားတဲ့ သြဂုတ်လ ၃၁ ရက်၊ နောက်ဆုံးရက်မတိုင်ခင် ကယ်ဆယ်ရေးလုပ်ငန်းတွေ အထိရောက်ဆုံးနဲ့ အမြန်ဆုံး ဆက်ပြီး ဆောင်ရွက်ဖို့ လိုနေတယ်ဆိုတာ ပြသလိုက်တာလို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က လည်း ပြောပါတယ်။

တာလီဘန်အဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ Suhail Shaheen ကလည်း အကျည်းတန်တဲ့လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချကြောင်းနဲ့ ကျုးလွန်သူတွေကို တရားမျှတမှုရှိရှိ အရေးယူနိုင်အောင် ကြိုးပမ်းမှာဖြစ်တယ်လို့ ပြောထားပါတယ်။ မနေ့က တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အစ္စလာမ် အစွန်းရောက်အဖွဲ့က ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG