သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တာလီဘန္ထိန္းခ်ဳပ္မႈေအာက္၊ အာဖဂန္အမ်ိဳးသမီးအခြင့္အေရးနဲ႔ ဘဝေရွ႕ေရး ရတက္မေအး


အာဖဂန္အမ်ိဴးသမီးမ်ားအရေးအတြက္ အင္ဒိုနီးရွားေရာက္ အာဖဂန္အမ်ိဴးသမီးမ်ား ဆႏၵျပၾကစဥ္ (ဓာတ္ပံု - VOA)

(Zawgyi/Unicode)

အာဖဂန္နစၥတန္ကို ထိန္းခ်ဳပ္လိုက္တဲ့ တာလီဘန္ေတြက အာဖဂန္ အမ်ဳိးသမီးအခြင့္အေရးေတြကို ေလးစားပါ့မယ္လို႔ ကတိေပးေနေပမယ့္လည္း အမ်ဳိးသမီးေတြကေတာ့ တာလီဘန္ေတြ လက္ထဲက် ေရာက္မယ့္ သူတို႔ဘဝေရွ႕ေရးအတြက္ ရတက္မေအးျဖစ္ေနၾကပါတယ္။ တာလီဘန္ေတြအေနနဲ႔ ႏိုင္ငံ တကာ အသိအမွတ္ျပဳခံခ်င္တယ္၊ အကူအညီေတြလည္း ရခ်င္တယ္ဆိုရင္ေတာ့ အာဖဂန္ အမ်ဳိးသမီး ေတြနဲ႔မိန္းကေလးငယ္ေတြအေပၚမွာ သူတို႔ ဘယ္လိုျပဳမူဆက္ဆံသလဲဆိုတဲ့အေပၚ မူတည္ လိမ့္မယ္ လို႔ ၿပီးခဲ့တဲ့သီတင္းပတ္ေႏွာင္းပိုင္းကပဲ သမၼတဂ်ဳိးဘုိင္ဒန္က ေျပာခဲ့တာပါ။ ဒီ အေၾကာင္း ဗီြအိုေအ သံတမန္ေရးရာ အႀကီးတန္း သတင္းေထာက္ Cindy Saine ရဲ႕သတင္းေပးပို႔ ခ်က္ကို မခြါညိဳက ေျပာျပေပးပါမယ္။

တာလီဘန္ေတြအာဏာျပန္ရသြားတာဟာ သူ႔တုိ႔အတြက္ေတာ့ တြင္းနက္ႀကီးထဲက်သြားသလိုပါပဲ လို႔ အာဖဂန္အမ်ဳိးသမီးတခ်ဳိ႕က ေျပာၾကပါတယ္။ အာဖဂန္ထဲမွာ အေမရိကန္ရွိေနခဲ့တဲ့ ႏွစ္ေပါင္း ၂၀ အတြင္း တာလီဘန္ေတြအုပ္စုိးစဥ္ကပိတ္ပင္ထားခဲ့တဲ့ မိန္းကေလးေတြ ေက်ာင္းတက္ခြင့္၊ အမ်ဳိးသမီးေတြ အလုပ္လုပ္ခြင့္ေတြကို သူတို႔ရခဲ့ၾကၿပီး အခု အဲဒီအခြင့္အေရးေတြ ဆံုး႐ံႈးရမွာကို သူတို႔စုိးရိမ္ေနၾကတာျဖစ္ပါတယ္။

တာလီဘန္ေတြအေနနဲ႔ ႏိုင္ငံတကာက အသိအမွတ္ျပဳတာခံခ်င္ရင္၊ အကူအညီေတြရယူခ်င္ရင္ အာဖဂန္ အမ်ဳိးသမီးေတြနဲ႔မိန္းကေလးေတြကို ဘယ္လို ျပဳမူဆက္ဆံသလဲဆိုတဲ့အေပၚ မူတည္လိမ့္မယ္လို႔ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ ေသာၾကာေန႔က ေျပာပါတယ္။

“သူတို႔က တရား၀င္အသိအမွတ္ျပဳမႈကို ရခ်င္ေနၾကပါတယ္။ ဒီတုိင္းျပည္ကို ဘယ္လို အုပ္ခ်ဳပ္ ထိန္းသိမ္းမလဲဆိုတာ ၾကည့္ရမွာပါ။ ခက္ခဲတဲ့အေျခအေနေတြကိုလည္း ေတြ႔ရပါလိမ့္မယ္။ တာလီဘန္ေတြအေနနဲ႔ အမ်ဳိးသမီးနဲ႔ မိန္းကေလးငယ္ေတြကို ဘယ္လို ဆက္ဆံသလဲ၊ ႏိုင္ငံသားေတြအေပၚ ဘယ္လိုဆက္ဆံသလဲဆိုတဲ့အေပၚမူတည္ၿပီး ႏုိင္ငံတကာရဲ႕ကူညီေထာက္ပံ့မႈရမရဆို က်ေနာ္တို႔က အဲဒီအေျခအေနေတြေပၚ မူတည္ၿပီး က်ေနာ္တို႔ဘက္က ဆုံးျဖတ္သြားမွာပါ။

အာဖဂန္-အေမရိကန္ကျပား နာဇီလာ ဂ်မ္ရွဒ္ဒီ က အာဖဂန္အမ်ဳိးသမီးေတြနဲ႔ မိန္းကေလးေတြအ တြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ဗီြအိုေအကို ေျပာပါတယ္။

“၂၀၀၁ ခုႏွစ္ေနာက္ပိုင္း ေမြးဖြားလာသူေတြကို က်မတို႔က လူ႔အခြင့္အေရးေတြအေၾကာင္း၊ လူ႔ဂုဏ္ သိကၡာ အေၾကာင္း၊ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ေတြအေၾကာင္း သင္ေပးခဲ့ၾကတယ္။ သူတို႔ကို က်မတို႔က ေမွ်ာ္လင့္ခ်က္ေတြ ေပးခဲ့ၾကတယ္။ အာဖဂန္ႏိုင္ငံေတာ္သစ္တရပ္ကို တည္ေထာင္ၾက မယ္ လို႔လည္း ေျပာခဲ့ၾကတယ္။ အခုေတာ့ ႏွစ္ေပါင္း ၂၀ ႀကိဳးစားခဲ့သမွ် ၂ လအတြင္းမွာ အကုန္လံုး သဲထဲ ေရသြန္ျဖစ္သြားခဲ့ရတယ္။”

အမ်ဳိးသမီးနဲ႔မိန္းကေလးေတြဟာ ေဘးဒုကၡအေရာက္ႏိုင္ဆုံး အႏၲရာယ္ကို ခါးဆီးခ့ရႏိုင္သူေတြလို႔ ကိုလံဘီယာတကၠသိုလ္ လူ႔အခြင့္ အေရး ဆုိင္ရာဌာန ဒါ႐ုိက္တာ David Phillips က ေျပာပါတယ္။ သူက သမၼတ ကလင္တန္၊ ဘုရွ္နဲ႔ အိုဘားမား စတဲ့ သမၼတသံုးဆက္တုိင္ေအာင္လည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ အႀကီးတန္း အႀကံေပးအျဖစ္ တာဝန္ထမ္းခဲ့သူပါ။

“တာလီဘန္ေတြက မိန္းကေလးေတြကို ေခၚသြားၿပီး သူတို႔နဲ႔ အတင္းအၾကပ္အိမ္ေထာင္ျပဳခိုင္းၾကလိမ့္မယ္။ အာဖဂန္လူ႔အဖြဲ႔အစည္းနဲ႔ လြတ္လပ္တဲ့သတင္းမီဒီယာေတြရဲ႕ ေရွ႕ေရးကေတာ့ ရင္ေလးစရာပါပဲ။”

တာလီဘန္ေတြက အမ်ဳိးသမီးေတြနဲ႔မိန္းကေလးေတြအခြင့္အေရးကို အစၥလာမ္ထံုးတမ္းစဥ္လာနဲ႔အညီေလးစားပါ့မယ္လို႔ ပထမဆံုးသတင္းစာရွင္းလင္းပြဲမွာ ကတိေပးထားပါတယ္။ ဒါေပမယ့္ အခု တာလီဘန္ေတြ ထိန္းခ်ဳပ္လာတဲ့ ႏွစ္လ အတြင္း လုပ္ေဆာင္ခ်က္ေတြကိုၾကည့္ရတာ ေျပာင္းလဲလာမယ္ဆိုတဲ့ ေမွ်ာလင့္စရာ သိပ္မေတြ႕ရတဲ့အေၾကာင္း နယူးေယာက္ တကၠသိုလ္က ညွိႏႈိင္းေဆာင္ရြက္ေရးကၽြမ္းက်င္သူ Rina Amir က ဗီြအိုေအကို ေျပာပါတယ္။

“နယ္ေျမေတြ သိမ္းပိုက္ခဲ့ၿပီးေနာက္ အမ်ဳိးသမီးေတြနဲ႔ လူမႈအသိုင္းအဝုိင္းထဲက လူေတြကို ဖမ္းဆီး စစ္ေဆးတာေတြ လုပ္ေနပါတယ္။ အေၾကာက္တရားလႊမ္းတဲ့ ယဥ္ေက်းမႈကို ဖန္တီးေနၾကတယ္။ တာလီဘန္ေတြဟာ သူတို႔ စာရင္းမွတ္ထားသမွ် နာမည္ရွိတဲ့ အိမ္ေတြကို သြားတယ္။ ဆဲလ္ဖံုးေတြကို စစ္ေဆးတယ္။ ဒါမ်ဳိးေတြ အရင္ကတည္းကလည္းလုပ္ခဲ့တယ္။ အခုပိုၿပီးေတာ့ စနစ္တက်နဲ႔ တိုးၿပီး လုပ္လာတယ္။ တခ်ိန္ တည္းမွာေတာ့ အျပဳသေဘာေဆာင္တဲ့စကားေတြေတာ့လည္း ေျပာေနတယ္။ တကယ့္လက္ေတြ႔နဲ႔က တျခားစီပါ။

ဒုတိယႏုိင္ငံျခားေရးဝန္ႀကီး Wendy Sherman က ၁၉၉၇ ခုႏွစ္၊ အဲဒီအခ်ိန္က ႏိုင္ငံျခားေရးဝန္ႀကီး ျဖစ္ခဲ့သူူ Madeleine Albright အတူ ပါကစၥတနန္က ပက္ရွ္ဝါဒုကၡသည္စခန္းထဲသြားခ်ိန္မွာ သိခဲ့၊ ေတြ႔ခဲ့ရတဲ့ အာဖဂန္အမ်ဳိးသမီးေတြနဲ႔မိန္းကေလးေတြအေၾကာင္း ဒီသီတင္းပတ္အတြင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွာ ေျပာဆိုပါတယ္။ သူ႔အေနနဲ႔ အာဖဂန္ အမ်ဳိးသမီးေတြေရးအေရးကို သူ႔ရဲ႕ ကိုယ္ေရးကိုယ္တာကိစၥတခုလို အေလးအနက္ထားတယ္လို႔ ေျပာပါတယ္။

“လြန္ခဲ့တဲ့ ႏွစ္ ၂၀ အတြင္း အာဖဂန္အမ်ဳိးသမီးေတြနဲ႔မိန္းကေလးေတြဟာ လြတ္လပ္ခြင့္ ရခဲ့ၾကတယ္။ သန္းနဲ႔ခ်ီၿပီးေတာ့ ေက်ာင္းတက္ႏုိင္ခဲ့ၾကတယ္။ သူတို႔ဟာ ဆရာဝန္ေတြ၊ ေရွ႕ေနေတြ၊ သတင္း ေထာက္ေတြ၊ လႊတ္ေတာ္အမတ္ေတြနဲ႔ စီးပြါးေရးလုပ္ငန္းရွင္ေတြျဖစ္လာၾကတယ္။ ဝန္ႀကီး ေအာဘ႐ိုက္က အားေပးကူညီခဲ့မႈနဲ႔ ႏွစ္ေပါင္းမ်ားစြာ ရွိခဲ့တဲ့ သူတို႔ရဲ႕စိတ္ကူးအိပ္မက္ေတြ အေကာင္အထည္ေပၚလာတဲ့အထိ သူတို႔ကိုယ္သူတို႔ တည္ေဆာက္ႏုိင္ခဲ့ၾကတယ္။”

ကာဘူးၿမိဳ႕မွာရွိတဲ့ ဟာမစ္ခါဇိုင္းႏိုင္ငံတကာေလဆိပ္ကေန အေမရိကန္ေတြနဲ႔ အာဖဂန္ျပည္သူေတြကို တိုးၿပီး ကယ္ထုတ္ေပးေနတဲ့အေၾကာင္း Sherman က ေျပာပါတယ္။ တာလီဘန္ေတြဘက္က သူတို႔ ေျပာစကားကို သူတို႔တာဝန္ယူ လုပ္ေဆာင္လာေအာင္ အေမရိကန္ျပည္ေထာင္စုဘက္က စီးပြါးေရး နည္းလမ္းေပါင္းစံု၊ သံတမန္ေရးႏိုင္ငံေရး နည္းလမ္း အားလံုးကို သံုး ဖိအားေပးသြားမယ့္အေၾကာင္းလည္း သူက ေျပာပါတယ္ရွင္။

.....................................................................................

တာလီဘန်ထိန်းချုပ်မှုအောက်၊ အာဖဂန်အမျိုးသမီးအခွင့်အရေးနဲ့ ဘဝရှေ့ရေး ရတက်မအေး

(Unicode)

အာဖဂန်နစ္စတန်ကို ထိန်းချုပ်လိုက်တဲ့ တာလီဘန်တွေက အာဖဂန် အမျိုးသမီးအခွင့်အရေးတွေကို လေးစားပါ့မယ်လို့ ကတိပေးနေပေမယ့်လည်း အမျိုးသမီးတွေကတော့ တာလီဘန်တွေ လက်ထဲကျ ရောက်မယ့် သူတို့ဘဝရှေ့ရေးအတွက် ရတက်မအေးဖြစ်နေကြပါတယ်။ တာလီဘန်တွေအနေနဲ့ နိုင်ငံ တကာ အသိအမှတ်ပြုခံချင်တယ်၊ အကူအညီတွေလည်း ရချင်တယ်ဆိုရင်တော့ အာဖဂန် အမျိုးသမီး တွေနဲ့မိန်းကလေးငယ်တွေအပေါ်မှာ သူတို့ ဘယ်လိုပြုမူဆက်ဆံသလဲဆိုတဲ့အပေါ် မူတည် လိမ့်မယ် လို့ ပြီးခဲ့တဲ့သီတင်းပတ်နှောင်းပိုင်းကပဲ သမ္မတဂျိုးဘိုင်ဒန်က ပြောခဲ့တာပါ။ ဒီ အကြောင်း ဗွီအိုအေ သံတမန်ရေးရာ အကြီးတန်း သတင်းထောက် Cindy Saine ရဲ့သတင်းပေးပို့ ချက်ကို မခွါညိုက ပြောပြပေးပါမယ်။

တာလီဘန်တွေအာဏာပြန်ရသွားတာဟာ သူ့တို့အတွက်တော့ တွင်းနက်ကြီးထဲကျသွားသလိုပါပဲ လို့ အာဖဂန်အမျိုးသမီးတချို့က ပြောကြပါတယ်။ အာဖဂန်ထဲမှာ အမေရိကန်ရှိနေခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း တာလီဘန်တွေအုပ်စိုးစဉ်ကပိတ်ပင်ထားခဲ့တဲ့ မိန်းကလေးတွေ ကျောင်းတက်ခွင့်၊ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်တွေကို သူတို့ရခဲ့ကြပြီး အခု အဲဒီအခွင့်အရေးတွေ ဆုံးရှုံးရမှာကို သူတို့စိုးရိမ်နေကြတာဖြစ်ပါတယ်။

တာလီဘန်တွေအနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုတာခံချင်ရင်၊ အကူအညီတွေရယူချင်ရင် အာဖဂန် အမျိုးသမီးတွေနဲ့မိန်းကလေးတွေကို ဘယ်လို ပြုမူဆက်ဆံသလဲဆိုတဲ့အပေါ် မူတည်လိမ့်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် သောကြာနေ့က ပြောပါတယ်။

“သူတို့က တရားဝင်အသိအမှတ်ပြုမှုကို ရချင်နေကြပါတယ်။ ဒီတိုင်းပြည်ကို ဘယ်လို အုပ်ချုပ် ထိန်းသိမ်းမလဲဆိုတာ ကြည့်ရမှာပါ။ ခက်ခဲတဲ့အခြေအနေတွေကိုလည်း တွေ့ရပါလိမ့်မယ်။ တာလီဘန်တွေအနေနဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ဘယ်လို ဆက်ဆံသလဲ၊ နိုင်ငံသားတွေအပေါ် ဘယ်လိုဆက်ဆံသလဲဆိုတဲ့အပေါ်မူတည်ပြီး နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုရမရဆို ကျနော်တို့က အဲဒီအခြေအနေတွေပေါ် မူတည်ပြီး ကျနော်တို့ဘက်က ဆုံးဖြတ်သွားမှာပါ။

အာဖဂန်-အမေရိကန်ကပြား နာဇီလာ ဂျမ်ရှဒ်ဒီ က အာဖဂန်အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအ တွက် စိတ်မကောင်းဖြစ်ရကြောင်း ဗွီအိုအေကို ပြောပါတယ်။

“၂၀၀၁ ခုနှစ်နောက်ပိုင်း မွေးဖွားလာသူတွေကို ကျမတို့က လူ့အခွင့်အရေးတွေအကြောင်း၊ လူ့ဂုဏ် သိက္ခာ အကြောင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေအကြောင်း သင်ပေးခဲ့ကြတယ်။ သူတို့ကို ကျမတို့က မျှော်လင့်ချက်တွေ ပေးခဲ့ကြတယ်။ အာဖဂန်နိုင်ငံတော်သစ်တရပ်ကို တည်ထောင်ကြ မယ် လို့လည်း ပြောခဲ့ကြတယ်။ အခုတော့ နှစ်ပေါင်း ၂၀ ကြိုးစားခဲ့သမျှ ၂ လအတွင်းမှာ အကုန်လုံး သဲထဲ ရေသွန်ဖြစ်သွားခဲ့ရတယ်။”

အမျိုးသမီးနဲ့မိန်းကလေးတွေဟာ ဘေးဒုက္ခအရောက်နိုင်ဆုံး အန္တရာယ်ကို ခါးဆီးခ့ရနိုင်သူတွေလို့ ကိုလံဘီယာတက္ကသိုလ် လူ့အခွင့် အရေး ဆိုင်ရာဌာန ဒါရိုက်တာ David Phillips က ပြောပါတယ်။ သူက သမ္မတ ကလင်တန်၊ ဘုရှ်နဲ့ အိုဘားမား စတဲ့ သမ္မတသုံးဆက်တိုင်အောင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အကြီးတန်း အကြံပေးအဖြစ် တာဝန်ထမ်းခဲ့သူပါ။

“တာလီဘန်တွေက မိန်းကလေးတွေကို ခေါ်သွားပြီး သူတို့နဲ့ အတင်းအကြပ်အိမ်ထောင်ပြုခိုင်းကြလိမ့်မယ်။ အာဖဂန်လူ့အဖွဲ့အစည်းနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ရှေ့ရေးကတော့ ရင်လေးစရာပါပဲ။”

တာလီဘန်တွေက အမျိုးသမီးတွေနဲ့မိန်းကလေးတွေအခွင့်အရေးကို အစ္စလာမ်ထုံးတမ်းစဉ်လာနဲ့အညီလေးစားပါ့မယ်လို့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ကတိပေးထားပါတယ်။ ဒါပေမယ့် အခု တာလီဘန်တွေ ထိန်းချုပ်လာတဲ့ နှစ်လ အတွင်း လုပ်ဆောင်ချက်တွေကိုကြည့်ရတာ ပြောင်းလဲလာမယ်ဆိုတဲ့ မျှောလင့်စရာ သိပ်မတွေ့ရတဲ့အကြောင်း နယူးယောက် တက္ကသိုလ်က ညှိနှိုင်းဆောင်ရွက်ရေးကျွမ်းကျင်သူ Rina Amir က ဗွီအိုအေကို ပြောပါတယ်။

“နယ်မြေတွေ သိမ်းပိုက်ခဲ့ပြီးနောက် အမျိုးသမီးတွေနဲ့ လူမှုအသိုင်းအဝိုင်းထဲက လူတွေကို ဖမ်းဆီး စစ်ဆေးတာတွေ လုပ်နေပါတယ်။ အကြောက်တရားလွှမ်းတဲ့ ယဉ်ကျေးမှုကို ဖန်တီးနေကြတယ်။ တာလီဘန်တွေဟာ သူတို့ စာရင်းမှတ်ထားသမျှ နာမည်ရှိတဲ့ အိမ်တွေကို သွားတယ်။ ဆဲလ်ဖုံးတွေကို စစ်ဆေးတယ်။ ဒါမျိုးတွေ အရင်ကတည်းကလည်းလုပ်ခဲ့တယ်။ အခုပိုပြီးတော့ စနစ်တကျနဲ့ တိုးပြီး လုပ်လာတယ်။ တချိန် တည်းမှာတော့ အပြုသဘောဆောင်တဲ့စကားတွေတော့လည်း ပြောနေတယ်။ တကယ့်လက်တွေ့နဲ့က တခြားစီပါ။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ၁၉၉၇ ခုနှစ်၊ အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သူူ Madeleine Albright အတူ ပါကစ္စတနန်က ပက်ရှ်ဝါဒုက္ခသည်စခန်းထဲသွားချိန်မှာ သိခဲ့၊ တွေ့ခဲ့ရတဲ့ အာဖဂန်အမျိုးသမီးတွေနဲ့မိန်းကလေးတွေအကြောင်း ဒီသီတင်းပတ်အတွင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ပြောဆိုပါတယ်။ သူ့အနေနဲ့ အာဖဂန် အမျိုးသမီးတွေရေးအရေးကို သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတခုလို အလေးအနက်ထားတယ်လို့ ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အာဖဂန်အမျိုးသမီးတွေနဲ့မိန်းကလေးတွေဟာ လွတ်လပ်ခွင့် ရခဲ့ကြတယ်။ သန်းနဲ့ချီပြီးတော့ ကျောင်းတက်နိုင်ခဲ့ကြတယ်။ သူတို့ဟာ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ သတင်း ထောက်တွေ၊ လွှတ်တော်အမတ်တွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေဖြစ်လာကြတယ်။ ဝန်ကြီး အောဘရိုက်က အားပေးကူညီခဲ့မှုနဲ့ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ သူတို့ရဲ့စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လာတဲ့အထိ သူတို့ကိုယ်သူတို့ တည်ဆောက်နိုင်ခဲ့ကြတယ်။”

ကာဘူးမြို့မှာရှိတဲ့ ဟာမစ်ခါဇိုင်းနိုင်ငံတကာလေဆိပ်ကနေ အမေရိကန်တွေနဲ့ အာဖဂန်ပြည်သူတွေကို တိုးပြီး ကယ်ထုတ်ပေးနေတဲ့အကြောင်း Sherman က ပြောပါတယ်။ တာလီဘန်တွေဘက်က သူတို့ ပြောစကားကို သူတို့တာဝန်ယူ လုပ်ဆောင်လာအောင် အမေရိကန်ပြည်ထောင်စုဘက်က စီးပွါးရေး နည်းလမ်းပေါင်းစုံ၊ သံတမန်ရေးနိုင်ငံရေး နည်းလမ်း အားလုံးကို သုံး ဖိအားပေးသွားမယ့်အကြောင်းလည်း သူက ပြောပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG