သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ေရာက္ အေမရိကန္ေတြအားလံုး ေဘးကင္းစြာထြက္ခြာႏိုင္ေရး သမၼတဘိုင္ဒင္ကတိျပဳ


အာဖဂန္မွ ထြက္ခြာလာတဲ့ ဒုကၡသည္မ်ားကို အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု Abdu Dhabi ေလဆိပ္တြင္ ခတၱနေရာခ်ထားစဥ္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

အာဖဂန္နစၥတန္ႏို္င္ငံ ကဘူး ေလဆိပ္မွာ အေျခအေနေတြ တင္းမာေနခ်ိန္မွာပဲ ႏိုင္ငံကထြက္ခြာလိုတဲ့ အေမရိကန္ေတြအားလံုးကို ေဘးကင္းလံုျခံဳရာစီ ေျပာင္းေရႊ႔းေပးသြားမွာျဖစ္ေၾကာင္း ဘို္င္ဒန္အစိုးရက ကတိျပဳ ေျပာဆိုပါတယ္။ ဒါ့အျပင္ အေမရိကန္တပ္ဖြဲ႔၀င္ေတြကို ကူညီခဲ့တဲ့ အာဖဂန္ေတြကိုလည္း ႏိုင္ငံတြင္းကေန ထြက္ခြာဖို႔ အကူအညီေတြ ေပးေနၿပီး ဒီလို ေဆာင္ရြက္ရာမွာ အေမရိကန္ ေလေၾကာင္းလိုင္းေတြအေနနဲ႔လည္း ကူညီၾကဖို႔ ညႊန္ၾကားထားပါတယ္။ VOA သတင္းေထာက္ Arash Arabasadi ေပးပို႔ထားတဲ့ သတင္းကို ကိုေအာင္ေအာင္က တင္ျပေပးထားပါတယ္။

အာဖဂန္နစၥတန္မွာ ေရာက္ေနတဲ့ အေမရိကန္ႏိုင္ငံသားေတြနဲ ့အတူ အေမရိကန္တပ္ေတြကို ကူညီခဲ့တဲ့ အာဖဂန္ မိသားစုေတြ အာဖဂန္နစၥတန္က ထြက္ခြာႏိုင္ေရး အေမရိကန္ တပ္ဖြဲ႔၀င္ေတြက ကဘူးေလဆိပ္မွာ ေလယာဥ္ေပၚ ကူညီ ပို႔ေဆာင္ေပးေနပါတယ္။ ဒီလိုအေရးေပၚ ကယ္ဆယ္ေရး ေဆာင္ရြက္ရာမွာ အေမရိကန္ေလေၾကာင္းလိုင္းေတြအေနနဲ႔လည္း အကူအညီေပးၾကဖို႔ ဘို္င္ဒန္အစိုးရက ညႊန္ၾကားထားၿပီး ဒီလုပ္ငန္းစဥ္ အစဥ္ေျပေခ်ာေမြ႔ဖို႔ လုပ္ဖို႔ လိုအပ္တာ အားလံုး လုပ္သြားမွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ သမၼတ ဂ်ဳိးဘိုင္ဒန္က
အိမ္ျပန္ခ်င္တဲ့ အေမရိကန္ေတြအားလံုး အိမ္ကို ျပန္ရပါေစမယ္။ NATO မဟာမိတ္အဖြဲ႔ ၀င္ နိုင္ငံသားေတြကိုလည္း ႏိုင္ငံက ထြက္ခြာႏိုင္ေအာင္ အကူအညီေပးေနပါတယ္။

အေမရိကန္ေတြနဲ႔အတူ ဂ်ာမဏီတပ္ဖြဲ႔၀င္ေတြလည္း ကဘူးေလဆိပ္ကို ေရာက္လာၿပီး ၿမိဳ႔ေတာ္ကဘူး၀န္းက်င္က ကူညီကယ္ဆယ္ေရး လုပ္ငန္းေတြမွာ ပါ၀င္ေနပါတယ္။ အတိုက္အခံ ရီပတ္ဘလစ္ကန္ေတြကေတာ့ သမၼတ ဘို္င္ဒန္ရဲ႔ ကိုင္တြယ္ေဆာင္ရြက္ပံုေတြနဲ႔ ပတ္သတ္ၿပီး ေ၀ဖန္ပါတယ္။ အထက္လႊတ္ေတာ္အမတ္လည္းျဖစ္ စစ္ျပန္တဦးလည္းျဖစ္တဲ့ Joni Ernst က ABC this week အစီအစဥ္မွာ အခုလို ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သတ္ၿပီး သမၼတ ဘိုင္ဒန္ရဲ႔ ကိုင္တြယ္ပံုေတြဟာ တကယ့္ကို အစီအစဥ္မက်ပါဘူး။ က်မသာ ဒီလိုအေျခအေနမ်ဳိးမွာဆိုရင္ေတာ့ လက္တြြဲေဖၚမဟာမိတ္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္လိုက္ရင္ အမ်ားျကီး အဆင္ေျပေခ်ာေမြ႔မွာပါ။

အေမရိကန္ႏို္င္ငံျခားေရး ၀န္ႀကီး Antony Blinken. ကလည္း မဟာမိတ္ေတြနဲ႔ အတူ လက္တြဲညီညီ ေဆာင္ရြက္ေနေၾကာင္း Fox သတင္းဌာနမွာ တနဂၤေႏြေန႔က ေျပာသြားပါတယ္။ ဒီလို ကယ္ဆယ္ေရးေဆာင္ရြက္ရာမွာ အခက္အခဲေတြ ရွိေပမယ့္လည္း အဆင္ေျပေျပ ေဆာင္ရြက္ႏုိင္ခဲ့သလို ဂ်ာမဏီကို ပို႔ေဆာင္ေပးေနတဲ့ ေလယာဥ္ေပၚမွာဆိုရင္ အာဖဂန္အမ်ဳိးသမီး သမီးငယ္တဦးေမြးဖြားတာကိုလည္း ကူညီေပးႏိုင္ခဲ့ေၾကာင္း စစ္ဖက္အစီရင္ခံစာမွာ ေဖၚျပထားတာပါ။ အေရးေပၚကယ္ဆယ္ေရးေဆာင္ရြက္ရာမွာ သမၼတဘိုင္ဒန္အတြက္ အဆင္ေျပပါတယ္ဆိုတဲ့ လမ္း ေရြးခ်ယ္စရာမရွိဘဲ ရသေလာက္ သတင္းအခ်က္အလက္ေပၚ အေျခခံ ၿပီး အေကာင္း ဆံုး ေဆာင္ရြက္ခဲ့တာျဖစ္ေၾကာင္းလည္း ေထာက္ျပၾကပါတယ္။

အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Lloyd Austin. က က်ေနာ္တို႔ တင္ျပတာေတြကို သမၼတက နားေထာင္ခဲ့ပါတယ္။ ေသခ်ာ စဥ္းစားသံုးသပ္ၿပီးမွသာ သူ ဆံုးျဖတ္ခ်က္ ခ်ခဲ့တာျဖစ္ၿပီး ဒီဆံုးျဖတ္ခ်က္ကို က်ေနာ္ ေထာက္ခံပါတယ။္

တနဂၤေႏြေန႔ CBS face the nation. အစီအစဥ္မွာ ဘလင္ကန္က လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း အာဖဂန္နစၥတန္ကေန လူေပါင္း ၈၀၀၀ ေလာက္ကို ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။ အာဖဂန္နစၥတန္က ေဘးကင္းလံုျခံဳစြာ ထြက္ခြာႏိုင္ဖို႔အတြက္ အေမရိကန္နဲ႔ တာလီဘန္ ေခါင္းေဆာင္တို႔ ဆက္ေဆြးေနတဲ့ တခ်ိန္တည္းမွာပဲ ဒီကယ္ဆယ္ေရးအစီအစဥ္ေတြအေပၚ IS အစြန္းေရာက္ေတြရဲ႔ အႏၱရာယ္လည္း ရင္ဆိုင္လာရနုိင္ပါတယ္ခင္ဗ်ာ။

................................................................................

တိုက္႐ိုက္ လင့္ခ္


အာဖဂန်ရောက် အမေရိကန်တွေအားလုံး ဘေးကင်းစွာထွက်ခွာနိုင်ရေး သမ္မတဘိုင်ဒင်ကတိပြု

(Unicode)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူး လေဆိပ်မှာ အခြေအနေတွေ တင်းမာနေချိန်မှာပဲ နိုင်ငံကထွက်ခွာလိုတဲ့ အမေရိကန်တွေအားလုံးကို ဘေးကင်းလုံခြုံရာစီ ပြောင်းရွှေ့းပေးသွားမှာဖြစ်ကြောင်း ဘိုင်ဒန်အစိုးရက ကတိပြု ပြောဆိုပါတယ်။ ဒါ့အပြင် အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကူညီခဲ့တဲ့ အာဖဂန်တွေကိုလည်း နိုင်ငံတွင်းကနေ ထွက်ခွာဖို့ အကူအညီတွေ ပေးနေပြီး ဒီလို ဆောင်ရွက်ရာမှာ အမေရိကန် လေကြောင်းလိုင်းတွေအနေနဲ့လည်း ကူညီကြဖို့ ညွှန်ကြားထားပါတယ်။ VOA သတင်းထောက် Arash Arabasadi ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

အာဖဂန်နစ္စတန်မှာ ရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့အတူ အမေရိကန်တပ်တွေကို ကူညီခဲ့တဲ့ အာဖဂန် မိသားစုတွေ အာဖဂန်နစ္စတန်က ထွက်ခွာနိုင်ရေး အမေရိကန် တပ်ဖွဲ့ဝင်တွေက ကဘူးလေဆိပ်မှာ လေယာဉ်ပေါ် ကူညီ ပို့ဆောင်ပေးနေပါတယ်။ ဒီလိုအရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်ရာမှာ အမေရိကန်လေကြောင်းလိုင်းတွေအနေနဲ့လည်း အကူအညီပေးကြဖို့ ဘိုင်ဒန်အစိုးရက ညွှန်ကြားထားပြီး ဒီလုပ်ငန်းစဉ် အစဉ်ပြေချောမွေ့ဖို့ လုပ်ဖို့ လိုအပ်တာ အားလုံး လုပ်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်က
အိမ်ပြန်ချင်တဲ့ အမေရိကန်တွေအားလုံး အိမ်ကို ပြန်ရပါစေမယ်။ NATO မဟာမိတ်အဖွဲ့ ဝင် နိုင်ငံသားတွေကိုလည်း နိုင်ငံက ထွက်ခွာနိုင်အောင် အကူအညီပေးနေပါတယ်။

အမေရိကန်တွေနဲ့အတူ ဂျာမဏီတပ်ဖွဲ့ဝင်တွေလည်း ကဘူးလေဆိပ်ကို ရောက်လာပြီး မြို့တော်ကဘူးဝန်းကျင်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေပါတယ်။ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေကတော့ သမ္မတ ဘိုင်ဒန်ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေနဲ့ ပတ်သတ်ပြီး ဝေဖန်ပါတယ်။ အထက်လွှတ်တော်အမတ်လည်းဖြစ် စစ်ပြန်တဦးလည်းဖြစ်တဲ့ Joni Ernst က ABC this week အစီအစဉ်မှာ အခုလို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး သမ္မတ ဘိုင်ဒန်ရဲ့ ကိုင်တွယ်ပုံတွေဟာ တကယ့်ကို အစီအစဉ်မကျပါဘူး။ ကျမသာ ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ လက်တွဲဖေါ်မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်လိုက်ရင် အများကြီး အဆင်ပြေချောမွေ့မှာပါ။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken. ကလည်း မဟာမိတ်တွေနဲ့ အတူ လက်တွဲညီညီ ဆောင်ရွက်နေကြောင်း Fox သတင်းဌာနမှာ တနင်္ဂနွေနေ့က ပြောသွားပါတယ်။ ဒီလို ကယ်ဆယ်ရေးဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိပေမယ့်လည်း အဆင်ပြေပြေ ဆောင်ရွက်နိုင်ခဲ့သလို ဂျာမဏီကို ပို့ဆောင်ပေးနေတဲ့ လေယာဉ်ပေါ်မှာဆိုရင် အာဖဂန်အမျိုးသမီး သမီးငယ်တဦးမွေးဖွားတာကိုလည်း ကူညီပေးနိုင်ခဲ့ကြောင်း စစ်ဖက်အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ရာမှာ သမ္မတဘိုင်ဒန်အတွက် အဆင်ပြေပါတယ်ဆိုတဲ့ လမ်း ရွေးချယ်စရာမရှိဘဲ ရသလောက် သတင်းအချက်အလက်ပေါ် အခြေခံ ပြီး အကောင်း ဆုံး ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းလည်း ထောက်ပြကြပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin. က ကျနော်တို့ တင်ပြတာတွေကို သမ္မတက နားထောင်ခဲ့ပါတယ်။ သေချာ စဉ်းစားသုံးသပ်ပြီးမှသာ သူ ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို ကျနော် ထောက်ခံပါတယ။်

တနင်္ဂနွေနေ့ CBS face the nation. အစီအစဉ်မှာ ဘလင်ကန်က လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အာဖဂန်နစ္စတန်ကနေ လူပေါင်း ၈၀၀၀ လောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ အာဖဂန်နစ္စတန်က ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ဖို့အတွက် အမေရိကန်နဲ့ တာလီဘန် ခေါင်းဆောင်တို့ ဆက်ဆွေးနေတဲ့ တချိန်တည်းမှာပဲ ဒီကယ်ဆယ်ရေးအစီအစဉ်တွေအပေါ် IS အစွန်းရောက်တွေရဲ့ အန္တရာယ်လည်း ရင်ဆိုင်လာရနိုင်ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG