သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္မွာ အေမရိကန္တပ္ေတြ ႐ုပ္သိမ္းေရး ဆံုးျဖတ္ခ်က္ေပၚ Biden ရပ္တည္


Joe Biden delivers remarks on the crisis in Afghanistan

အာဖဂန္နစၥတန္ကေန အေမရိကန္တပ္ေတြ ႐ုပ္သိမ္းတဲ့ ဆုံးျဖတ္ခ်က္ အေပၚမွာ အတိအလင္း ရပ္တည္ေၾကာင္း အေမရိကန္ သမၼတ Joe Biden က ေျပာပါတယ္။ အာဖဂန္နစၥတန္ ႏိုင္ငံကို တာလီဘန္တို႔ အျပည့္အ၀ ထိန္းခ်ဳပ္ၿပီးေနာက္ ပထမဆုံး လူထုကို ေျပာတဲ့ မိန႔္ခြန္းမွာ အခုလို ထည့္သြင္း ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အာဖဂန္နစၥတန္ဆိုင္ရာ အေမရိကန္ မစ္ရွင္ဟာ ႏိုင္ငံတည္ေဆာက္ေရး အတြက္ မဟုတ္ေၾကာင္း အေမရိကန္ သမၼတ Bidne က အိမ္ျဖဴေတာ္မွာ တနလာေနၤ့က ႐ုပ္သံ မိန႔္ခြန္းမွာ ထည့္သြင္း ေျပာဆိုပါတယ္။ အာဖဂန္နစၥတန္ကို အေမရိကန္ေတြ သြားေရာက္ရတဲ့ အေၾကာင္းရင္း ျဖစ္တဲ့ အၾကမ္းဖက္ ဝါဒစြဲ ၿခိမ္းေျခာက္မႈေတြဟာ အာဖဂန္ကေန တျခားႏိုင္ငံေတြဆီကို ပ်ံ႕ႏွံ႔သြားၿပီလို႔လည္း သမၼတက ေျပာပါတယ္။ အာဖဂန္နစၥတန္ ႏိုင္ငံတဝန္း တာလီဘန္တို႔ ေအာင္ပြဲေတြ ရရွိမႈဟာ မွန္းထားတာထက္ ပိုၿပီး ျမန္ေနတယ္ဆိုတာကိုလည္း သမၼတက အသိအမွတ္ျပဳ ေျပာပါတယ္။

အာဖဂန္နစၥတန္ တပ္ဖြဲ႕ေတြ ပင္လ်င္ မတိုက္ခိုက္လိုတဲ့ အခ်ိန္မွာ အေမရိကန္ တပ္ဖြဲ႕ေတြက တိုက္ခိုက္ဖို႔ ၫႊန္ၾကားရမယ္ဆိုရင္ေတာ့ ဒါဟာ မွားယြင္းတယ္လို႔လည္း သမၼတ Biden က ေျပာပါတယ္။ အာဖဂန္ ၿမိဳ႕ေတာ္ ကာဘူးလ္ကို တာလီဘန္ေတြ ေရာက္လာခ်ိန္ ႏိုင္ငံကေန သမၼတ Ashraf Ghani ထြက္ခြာသြားၿပီး ေနာက္တေန႔ ျဖစ္တဲ့ တနလာေနၤ့မွာဘဲ အေမရိကန္ သမၼတ Biden လည္း Camp David ကေန အိမ္ျဖဴေတာ္ကို ျပန္လာတာ ျဖစ္ပါတယ္။ အာဖဂန္မွာ ရွိတဲ့ အေမရိကန္ တပ္ဖြဲ႕ေတြကို ၾသဂုတ္လ ၃၁ ရက္ေန႔မွာ ႐ုပ္သိမ္းဖို႔ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို သမၼတ Biden က ေတာက္ေလွ်ာက္ ကာကြယ္ေျပာဆိုေနတာပါ။ အာဖဂန္ စစ္တပ္ အေနနဲ႔ သူ႔ႏိုင္ငံကို ကာကြယ္ ထိန္းသိမ္းဖို႔ ဆႏၵမရွိရင္ ဒါမွမဟုတ္လည္း မထိန္းသိမ္းႏိုင္ဘူးဆိုရင္ေတာ့ အေမရိကန္ စစ္တပ္က ၁ ႏွစ္ ဒါမွမဟုတ္လည္း ၅ ႏွစ္ ထပ္ၿပီး ရွိေနရင္လည္း ဘာမွ ထူးျခားလာမွာ မဟုတ္ဘူးလို႔ သမၼတ Biden က စေနေန႔က ထုတ္တဲ့ ေၾကညာခ်က္မွာ ေျပာပါတယ္။ တျခားႏိုင္ငံ တခုရဲ႕ ျပည္တြင္း ပဋိပကၡမွာ အေမရိကန္ ေတြ အဆုံးမရွိ ဆက္ရွိေနဖို႔ဆိုတဲ့ ကိစၥကို သူ လက္မခံႏိုင္ဘူးလို႔လည္း ေျပာပါတယ္။

----------------------------------

အာဖဂန်မှာ အမေရိကန်တပ်တွေရုပ်သိမ်းရေးဆုံးဖြတ်ချက်ပေါ် Biden ရပ်တည်

အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက် အပေါ်မှာ အတိအလင်း ရပ်တည်ကြောင်း အမေရိကန် သမ္မတ Joe Biden က ပြောပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံကို တာလီဘန်တို့ အပြည့်အ၀ ထိန်းချုပ်ပြီးနောက် ပထမဆုံး လူထုကို ပြောတဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် မစ်ရှင်ဟာ နိုင်ငံတည်ဆောက်ရေး အတွက် မဟုတ်ကြောင်း အမေရိကန် သမ္မတ Bidne က အိမ်ဖြူတော်မှာ တနလာင်္နေ့က ရုပ်သံ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။ အာဖဂန်နစ္စတန်ကို အမေရိကန်တွေ သွားရောက်ရတဲ့ အကြောင်းရင်း ဖြစ်တဲ့ အကြမ်းဖက် ဝါဒစွဲ ခြိမ်းခြောက်မှုတွေဟာ အာဖဂန်ကနေ တခြားနိုင်ငံတွေဆီကို ပျံ့နှံ့သွားပြီလို့လည်း သမ္မတက ပြောပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံတဝန်း တာလီဘန်တို့ အောင်ပွဲတွေ ရရှိမှုဟာ မှန်းထားတာထက် ပိုပြီး မြန်နေတယ်ဆိုတာကိုလည်း သမ္မတက အသိအမှတ်ပြု ပြောပါတယ်။ အာဖဂန်နစ္စတန် တပ်ဖွဲ့တွေ ပင်လျင် မတိုက်ခိုက်လိုတဲ့ အချိန်မှာ အမေရိကန် တပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ ညွှန်ကြားရမယ်ဆိုရင်တော့ ဒါဟာ မှားယွင်းတယ်လို့လည်း သမ္မတ Biden က ပြောပါတယ်။ အာဖဂန် မြို့တော် ကာဘူးလ်ကို တာလီဘန်တွေ ရောက်လာချိန် နိုင်ငံကနေ သမ္မတ Ashraf Ghani ထွက်ခွာသွားပြီး နောက်တနေ့ ဖြစ်တဲ့ တနလာင်္နေ့မှာဘဲ အမေရိကန် သမ္မတ Biden လည်း Camp David ကနေ အိမ်ဖြူတော်ကို ပြန်လာတာ ဖြစ်ပါတယ်။

အာဖဂန်မှာ ရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေကို သြဂုတ်လ ၃၁ ရက်နေ့မှာ ရုပ်သိမ်းဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတ Biden က တောက်လျှောက် ကာကွယ်ပြောဆိုနေတာပါ။ အာဖဂန် စစ်တပ် အနေနဲ့ သူ့နိုင်ငံကို ကာကွယ် ထိန်းသိမ်းဖို့ ဆန္ဒမရှိရင် ဒါမှမဟုတ်လည်း မထိန်းသိမ်းနိုင်ဘူးဆိုရင်တော့ အမေရိကန် စစ်တပ်က ၁ နှစ် ဒါမှမဟုတ်လည်း ၅ နှစ် ထပ်ပြီး ရှိနေရင်လည်း ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးလို့ သမ္မတ Biden က စနေနေ့က ထုတ်တဲ့ ကြေညာချက်မှာ ပြောပါတယ်။ တခြားနိုင်ငံ တခုရဲ့ ပြည်တွင်း ပဋိပက္ခမှာ အမေရိကန် တွေ အဆုံးမရှိ ဆက်ရှိနေဖို့ဆိုတဲ့ ကိစ္စကို သူ လက်မခံနိုင်ဘူးလို့လည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG